မနက် ၅နာရီ

သူမ အိပ်ယာထတယ်..

 

မနက် ၆နာရီ

သူမဈေးသွားတယ်..

အပါတ်တိုင်း သူမ အုံးစားရတဲ့ကိစ္စက ဒီတပါတ် ကလေးတွေကို ဘာကျွေးမလဲ ဆိုတဲ့ တော့ပစ် ဖြစ်သပေါ့လေ။

s1



s6

မနက် ၇နာရီ

ဒီအချိန်ဆို သူမ ဘုရားကျောင်းမှာ စပြီး ချက်ပြုတ်နေရောပေါ့..

တခါမှ မစားဖူးပေမယ့် သူမ ဟင်းချက်တာ အလွန်ကောင်းတယ် ကြားဖူးရဲ့…

တခါက ဟင်းစပ်ပေးတာတော့ ရေထဲက ကို မတက်ဘူးဗျာ..

ငါးရယ် ဂဏန်းရယ် ပုစွန်ရယ် နဲ့ တာလပေါ ရယ် က ခနခနကြားရနေရဲ့

s8

မနက် ၈နာရီ

သူမ ဆိုင်ကယ် တစီးနဲ့ဖြစ်စေ အသိတယောက်ယောက်ရဲ့ ကားနဲ့ ဖြစ်စေ ကလေးတွေလှည့်ပတ်ကြိုတယ်လေ..

မိုးများလို့ ကလေးတွေ အလာနည်းရင် သူမက ငြီးတွားနေတတ်သေးတာရယ်..

ပင်ပန်းပေမယ့် သူမ ပျော်နေပုံပါ။

s7

မနက်၉နာရီ

ဂုတ်ပိုးပေါ်မယ် ကလေးပေါက်စ တကောင်တင်လို့ အနားမယ် ကလေးဘုစုဂရုတွေ ၀ိုင်းလို့ … သူမကတော့ပြုံးနေဆဲ

ဖုန်းကျကွဲအောင် မျောက်ရှုံးတဲ့ ချာတိတ်တွေကြားမှာ အလှူရှင်ကို ဘုရားသခင် ပိုလို့ကောင်းချီးပေးပါစေ ပြောတတ်သေးရဲ့..

s3
မနက် ၁၁နာရီ

ထမင်းစား ကလေးတွေလည်း ကျွေး အိုးတွေခွက်တွေ သိမ်းဆည်းနဲ့ သူမအလုပ်များချိန်ပေါ့..

တခါတလေလည်း ပေါက်တူးကိုင်လို့ ရေနှုတ်မြောင်းဖော်နေတတ်သေးရဲ့.. အဲ..

တခါမှတော့ ပင်ပန်းတယ် ငြီးသံမကြားရ

s2
နေ့လည် ၁၂နာရီ

ဘုရားဝတ်ပြုဖို့အချိန်ပေါ့..

သူမက သူမကိုယ်သူမ သက်ဝင်ယုံကြည်သူတယောက်ပါ … တဲ့..

s5
နေ့လည် ၂နာရီ

အိမ်ခနပြန်ရေချိုး အနားယူ

နားရတယ် မထင်ပါဘူး ..ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက်ရဲ့ ကလေးကို ခေါ်ထိန်းပေးတတ်နေတာရယ်..

s4

ညနေ ၄နာရီ

ကျေးဇူးတော်ချီးမွမ်းရမယ့်အချိန်လေ

စကားမစပ် သူမ ကျေးဇူးတော်သီချင်းဆိုတာ အရမ်း နားထောင်ကောင်းတာရယ်..

သီချင်းဆုံးသွားတာတောင် ပါဝါတွေ ကာလာတွေ တုန်းတွေ ပစ်ခ်ျတွေ စောကျောဖို့ မေ့မေ့သွားတာ အမြဲဗျ..

 


mountain
sN
ညနေ ၅နာရီ

သူမ ဘာသာစကား သင်သေးတာရယ်

ပြင်သစ်စာပီးရင် အသံထွက်အစုတ်ဆုံးလို့ ကျနော် ယူဆထားတဲ့ ယိုးဒယားစာနဲ့ ကိုရီးယားစာ သူမသင်နေတယ်လေ..

 

s-K

ည ၇နာရီ

ဆြာမတွေနဲ့ စကားစမည်ပြော ပန်းထိုး .. ဝေယျာဝစ္စလုပ်ပေါ့..

ပြီးမှ အစာရှာ ထွက်တာရယ်

တခါတခါလည်း အသီးတမျိုးမျိုးလောက် သာ စားလေ့ရှိပြန်တယ်..

medi

ည ၉နာရီ

သူမအိမ်ပြန်ချိန်လေ..

ရေချိုးပြီးရင်တော့ ဒီနေ့ ဘာတွေလုပ်တယ်မှတ်တမ်းကို တင်ချင်တင်မပေါ့ဗျာ..

 

ည ၁၀နာရီ

မအိပ်ခင် အနည်းဆုံးတော့ .. မောင် ငါ နင့်ကို အရမ်း သတိရတယ် လောက်တော့ ပြောလေ့ ရှိသပေါ့ဗျာ..။

တခါတလေလည်း သီချင်းတွေ နားထောင်ကြတယ်..

မိုးချုပ်သွားတာလည်း ခနခန ပေါ့…

s_g

ည ၁၂နာရီ

Good Night Shee!… I LuV u honey !!..
P.S ဘာရယ်မဟုတ် ဒီနေ့ အလွန် သတိရနေတဲ့ ကျားမေမေရဲ့ ဆန်းဒေး စကတ်ဂျူးလ်ကို ချရေးကြည့်တာပါဗျာ..။

 

 

 

 

 

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011