မြန်မာ့ခရီးသွား ရီနေဆန်း မားကတ္တင်း နှင့် အွန်လိုင်း ဆက်စပ်မှု

ムラカミAugust 29, 20132min19512

ဒီရက်ပိုင်း မှတ်မှတ်ရရ သတင်း ၃ပုဒ် ဖတ်ရတယ် မြန်မာပြည်နဲ့ ပါတ်သတ်လို့ပါ

တပုဒ်က မြန်မာ ဟင်းလျာတွေအကြောင်း

နောက်တပုဒ်က ရန်ကုန်ဟာ ကမာ္ဘ့ ခရီးသွားတွေကြား ဘာလို့ ဟော့နေသလဲ ဆိုတာရယ်..

နောက်ဆုံးတပုဒ်ကတော့ ကမာ္ဘတန်း လေကြောင်း လိုင်းတခုက ရန်ကုန်အခြေစိုက်

လိုကယ် လေကြောင်းလိုင်းငယ်တခုမှာ ၄၉% ဝင်ရင်းနှီးမြှုပ်နှံမယ် ဆိုတာရယ်ပေါ့

 

http://travel.cnn.com/what-to-do-in-yangon-travel-582536

http://online.wsj.com/article/SB10001424127887324906304579038490761802468.html

http://travel.cnn.com/myanmar-food-669416

 

သေချာတာကတော့ Tourism ဘက်က ဟော့တယ် မင်းလေးက ဟော့တယ်…

အဲ့ဘက်လိုင်း အခြေချ ဖို့က ခနခန စဉ်းစားမိရဲ့ဗျာ..။

တကယ်လည်း ကျနော် စိတ်ဝင်စားတဲ့အပိုင်း ရှိပါရဲ့ …။

ဂုရုတပါး မွက်ကြားခဲ့တာလည်း ရှိတယ် မဟုတ်လား

ဘာတဲ့ ကောင်းကောင်း မွန်မွန် လည်ပတ်နေခြင်းမရှိသော ဈေးကွက်လိုအပ်ချက်မြင့်မားလတ္တံ့သော sector ကိုဝင်နိုင်ရင်

စားရသတဲ့ ဆိုလား .. အတည် နောက်တာ..။

 

သည်တော့ဗျ.. လွန်ခဲ့တဲ့အပါတ်က ရေးခဲ့တဲ့ လူမဖတ်တဲ့ မားကတ္တင်း

ပိုစ့်နဲ့ ဆက်စပ်လို့ ဆက်ဆွဲချင်ရဲ့ဗျာ..။ သည်တော့ ဝိနည်းမဟောခင်

သုတ္တန်လေး အရင် နားထောင်ကြည့်ပါဦး ပိတ်သတ်ကြီးရယ်။

 

ဟိမုရ ဆိုတဲ့ ဂျပန်တယောက်ဗျာ . .. ပင်လယ်ကမ်းစပ်တွေကြိုက်တဲ့

သူ့သူငယ်ချင်း ဝါတနဘဲ့ ဆိုတဲ့ ငတိကို ခရီးသွား သတင်း ဝက်ဘ်ဆိုက်ဒ် တခု

မှာပါတဲ့ အာရှရဲ့ ကမ်းခြေများဆိုတဲ့ ဆောင်းပါး ဖတ်မိလို့

လင့်ခ် လေး လှမ်းရှဲတယ် ဆိုပါတော့…။

 

အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တွေဆိုတာ ကြော်ငြာနဲ့ ရပ်တည်ကြရတာခည..

ဆိုတော့ သူရှဲတဲ့ ဆိုက်ကလေးမှာလည်း အပေါ်နား ဘေးနား အောက်နား လေးတွေမှာ

ဆိုင်ရာ ကြော်ငြာလေးတွေ ပါမပေါ့ဗျာ..

သတင်း ဆောင်းပါးကတော့ ကမ်းခြေ တခုချင်းဆီရဲ့ ကောင်းကွက် ဆိုးကွက် ကို

သတင်းပီပီ မျှမျှတတရေးမပေါ့လေ… ဘာလီက ဘယ်လို ဖူးခက်က ဘယ်သင်း ဂူအမ်က ဘယ်ညာ စသည် စသည်ပေါ့…

အဲ့ ..ကြော်ငြာကတော့ သရို့ ဝန်ဆောင်မှုပေးနိုင်တဲ့ နေရာက

ဘယ်လိုကောင်း ဘယ်လို လှ ဆိုတာ ညွှန်းဆိုရေးဖွဲ့မပေါ့နော..

 

အဲ့သည်မှာဗျာ ..ဝါတနဘဲ့ က ကြော်ငြာတခုမှာ ကျော်တို့ဆီက ငပလီ ဆိုတဲ့ ကမ်းခြေကို

သွားတွေ့တယ် ဆိုပါတော့ ..ဒန်တန့်တန်…

ဖြူတဲ့သဲ ၊ ကြည်တဲ့ရေ၊ ပြေပြစ်တဲ့ ကမ်း ၊ ရှည်လျားတဲ့သောင်ခုံ၊ အနောက်ဘက်မျက်နှာမူတဲ့ ပင်လယ်

စတဲ့ ကမ်းခြေတခုရဲ့ ကောင်းခြင်းအဖြာဖြာ ပြည့်စုံနေတာကိုတွေ့တော့

သူ စိတ်ဝင်စားပြီး ဝက်ဘ်ဆိုက်တွေကတဆင့် လေ့လာမယ်ပေါ့ဗျာ..

ဝက်ဘ်ဆိုက် ဘက်ကလည်း သူ လှည့်ပတ်ကြည့်ရှုထားတဲ့ topic ခေါင်းစဉ်တွေ ကို သူ့ ရဲ့ အိုင်ပီ နဲ့ ချိတ်ဆက် မှတ်သားထားပြီး

သူသာအဆိုပါဆိုက်ဒ် ကို ထပ်လာလည်မယ်ဆိုရင် ဘာတွေ ထုတ်ပြရမယ် ဒီလူ ဘာတွေ စိတ်ဝင်စားတယ်ဆိုတာ

မှတ်သားသိမ်းဆည်းပြင်ဆင်ထားပါသတဲ့..။

 

http://travel.cnn.com/myanmars-best-beaches-035511

 

အဲ့လိုနဲ့ပေါ့ဗျာ .. Golden week ပိတ်ရက်လို နွေရာသီ အားလပ်ရက်တွေလို

ခြေခင်းလက်သာ ရှိတဲ့ အချိန်မှာ ဝါတနဘဲ့ က မြန်မာပြည်လည်လည် သွားဖို့ အဆိုပါ ဆိုက်ကတဆင့် ရှာပါတော့တယ်..

 

အဲ့လိုနဲ့ လည်လည်လာတယ် စိတ်ကျေနပ်တယ် မြန်မာအကြောင်း

အရင်ကထက် ပိုသိရှိနားလည် သွားတယ် ပေါ့…။

သူအသစ်ထပ်သိသွားတာက မြန်မာပြည် တောင်ဘက်ပိုင်းမှာလည်း

နောက်ထပ်လှတဲ့ ကမ်းခြေတွေ ရှိသေးတယ် ပေါ့…သူသိပ်စိတ်ဝင်စားသွားမယ်..

 

ကာလအနည်းငယ် ကြာတဲ့အခါမှာ နောက်တခါ အတွက် သူပြင်ဆင်ပါတော့တယ်..

ဒီတခါတော့ သူတယောက်တည်း မဟုတ်ဘဲ သူ့ရဲ့ အခြား မိတ်ဆွေ တယောက်ဖြစ်တဲ့

နောက်ထပ် ကမ်းခြေတွေကြိုက်တဲ့ ရှိဘတ ဆိုတဲ့ ငနဲသားကိုပါ..

ဆွဲဆောင် ခေါ်ယူခဲ့ပါတော့တယ်… သူရို့ ဒီတခါရွေးလိုက်တာ

မောင်းမကန် ကမ်းခြေပါ..။

 

အဲ့ .. ရှိဘတ ဆိုတာက ကားတာယာ ထုတ်လုပ်တဲ့ လုပ်ငန်းတခုရဲ့

ကုန်ကြမ်းဂိုထောင်မှူး ဆိုပါတော့ ..အဲ့သည့်မှာ မောင်းမကန်ဒေသ

ဟာ အပူပိုင်း အမြဲစိမ်းသစ်တောတွေ ရှင်သန်ရာနယ်ဖြစ်ပြီး

အဲ့သည့်ဒေသဟာလည်း ရာဘာ စိုက်ပျိုးဖြစ်ထွန်းမှုအားကောင်းတာကို

အမှတ်မထင် တွေ့ရှိခဲ့ပါသတဲ့ …။

 

ဒီနေရာမှာ အမှတ်မထင်လို့ သုံးတာ ဒီလိုရှိသဗျ..ဂျပန်ပြည်မယ်

မြန်မာနိုင်ငံအကြောင်း သိချင်လို့ လေ့လာချင်လို့ စာအုပ်ရှာဖတ်မယ်

ဆိုရင်တောင် ခဲရခဲဆစ် နည်းပါနေသေးတာရယ်…။

ထိုင်းအကြောင်းလား ဗီယက်နမ် အကြောင်းလား အစုံ ရှိတယ်ဗျာ..

အသေးစိတ် .. သီးခြား စီးပွားနယ်ပယ်အလိုက်ပါ စုစည်းတင်ပြထားတာရှိသေး ..tourism သက်သက်သာမဟုတ်..

 

ကဲဗျာ ..သည်တော့ ဆက်ရရင် သူက အလည်သာ လာခဲ့ပေမယ့်

စီးပွားရေးအရ ဆက်စပ်လို့ရမယ့်အပိုင်း သူတွေ့သွားတယ်ဗျာ

ကုန်ကြမ်းဝယ်မယ်ပေါ့ ..သည့်ထက်ပိုရင်တော့ ကုန်ချောထုတ်စက်ရုံပါ လာတည်ဖို့

အထက်လူကြီးဆီ ရီပို့လုပ်မယ် ပေါ့ဗျာ …

ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့အများ စီးပွားရေးအရ ဆက်ဆံမှုရှိခဲ့မယ် ဆိုပါတော့…

ဒီဘဲ မြန်မာပြည် ကို သွားလိုက်လာလိုက် လုပ်သမျှ ကတော့ တက္ကစီခ ထမင်းဖိုး နဲ့ ဟော်တယ်ခ အပါအဝင်

သောက်တဲ့ မြန်မာဘီယာ တခွက်ဖိုး ပန်းခြံ ဘုရား ဝင်ကြေးအဆုံး ကိုယ့်အိတ်ထဲ ဖိတ်မှာချည်းပဲဗျို့ ..

 

ဒါစိတ်ကူးယဉ်ပြီးရေးထားတာမဟုတ်ပါဘူး တကယ်ပဲ အလားတူဖြစ်ရပ်မှန်တွေ (တခြားနိုင်ငံသားတွေအပါအဝင်ပေါ့လေ)

မရေမတွက်နိုင်အောင် ရှိလာပြီ/ ရှိလာတော့မှာပါဗျာ..။

အဲ့ …၂ခုပဲ.. ပထမတခုက phase 0 လို့ ခေါ်မယ့် မလာခင် သတင်းအချက်အလက် ရှာဖွေစုဆောင်းမှု

နဲ့ phase 1 : first impression (first time trip) သည်အကြောင်းကတော့ tourism ဆြာတွေ ရေးပါလိမ့်မယ် သည်စာစုမှာ

Phase 0 ကိုပဲ ဆွေးနွေးပါမယ်။

Phase 0

အပေါ်က သုတ္တန်မှာ web sites အကြောင်းရေးထားတာ အကြောင်းရှိသဗျ

ဘယ်သူမှ ကိုယ့် အသက်နဲ့ ခန္ဓာကိုယ် ကို ရင်းပြီး တကယ် ငြိမ်းချမ်းရဲ့လား အန္တရာယ်ကင်းရဲ့လား

စမ်းပြီး မလာကြည့်ဘူး .. တီဗီဂိမ်းထဲကလို အသက်အပိုပါ တာမှမဟုတ်တာဗျာ..။

 

ဆိုတော့ဗျာ ..ဝက်ဘ်ဆိုက်တွေ အားကိုးတယ် ..သတင်းဌာနက ကြီးမားရင်ကြီးမားသလိုယုံတယ်ဗျာ

ဥပမာ စီအန်အန် လိုနေရာမျိုးက သတင်း ဆိုရင် အလကားနေအလကား လော်ဘီ လုပ်ပေးမှာ

မဟုတ်ဘူး ဆိုတာ ယုံကြည်ပြီး ဖတ်မယ် မှတ်မယ်ဗျာ ..အဲ့သည့် သတင်းဌာနလိုအဆင့်မျိုးမှာတော့

ကလိန်ခြုံ ခရီးသွားဌာနက တက်မကြော်ငြာလောက်ဘူးလို့ assume လုပ်ပြီး ယုံကြည်စွာ အပ်နှံမယ်ဗျာ..

ဒီသဘောတွေပါ..။

 

ဒီနေရာမှာ မေးစရာရှိတာက ကိုယ်တွေဆီက ခရီးသွားလုပ်ငန်းစုတွေ ဟိုတယ်နဲ့ သယ်ယူပို့ဆောင်ရေးဆြာတွေ

ဒီလိုသတင်းတွေ ဝက်ဘ်ဆိုက်တွေ မှာ ဘယ်လို ကြော်ငြာနေသလဲ ဘာတွေ လှုပ်ရှားနေသလဲ

မေးဖို့ ရှိတာပါ…။ တန်ရုံ မလုပ်နေကြဘူးဆိုတာ စိတ်ပျက်ဝမ်းနည်းဖွယ် တွေ့ရပါတယ်။

အပြင်ထွက်ကြော်ငြာဖို့ ဝေးစွ ကိုယ့် website တောင်ကိုယ် အချိန်နဲ့ တပြေးညီ relavence ဖြစ်အောင် update မလုပ်ကြတာပုံလို့

သည်တော့ ပြောချင်တာက ဂလိုဗျ..။ အော်ဒင်နရီ မာကတ္တာတွေဟာ အိုင်တီနဲ့ နည်းနည်းဝေးတတ်ကြတာပါပဲ။

digital divide ကြောင့် ပျမ်းမျှ အသက်ပို ကြီးရင် ပိုဝေးတတ်ကြရဲ့..။

အိုင်တီပရို ကျပြန်တော့လည်း marketing logic နဲ့ ဝေးတတ်ကြပြန်ရော..။

သီးခြားစီ ဖြစ်နေတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။ (Tier တွေဘက်တော့ ရောက်ကုန်တော့မယ်)

တကယ်တမ်း ၂ဖက်စလုံး တီးမိခေါက်မိသူ တိုးတက်ပွားများလာမှသာ သည်ဘက်ခေတ်

ပြောင်းလဲလာတဲ့ မားကတ္တင်းပါရာဒိုင်းကို စေ့ငုနိုင်မယ် လို့ ဆိုချင်ပါတယ်..။

 

ပြီးခဲ့တဲ့ marketing ROI မှာ ကျနော် တူးဆွခဲ့တာ ရှိပါတယ် What Stick ဆိုတဲ့ စာအုပ်ထဲမှာ

Marketing အတွက် သုံးငွေရဲ့ ၃၇% ဟာ ဖြုန်းတီးမှု သက်သက် ဖြစ်တယ် ဆိုတာပါ..။

ကိုယ့်ဆြာသမားတွေ လုပ်နေတဲ့ တီဗီ ကြော်ငြာ နဲ့ သတင်းစာ ဂျာနယ် printed media

ပေါ်က ကြော်ငြာ တွေဟာ ၉၈% ကျော်ဖတ်ခံ စာမျက်နှာတွေ ဆိုတာပါပဲ..

(ဂလိုရေးလို့ ဂဇက်သတင်းစာ ကြော်ငြာကျဆင်းလျှော့နည်းသွားရင် တာဝန်မယူပါ)

ကျနော်ရေးတာမဟုတ်ပါ။

၂၀၀၆ ခုနှစ်က ထုတ်ဝေတဲ့ Rob Graham ရဲ့ Fishing From a Barrel ဆိုတဲ့ စာအုပ်က ဆိုခဲ့တာပါ

 

frontcoverweb
Fishing From a Barrel

 

စာအုပ် နာမည်ကိုက ထူးခြား နေတာ တွေ့ရပါလိမ့်မယ် ..စည်ပိုင်းထဲက ငါးကိုမျှားတယ်ဆိုတာ..

သူဆိုလိုချင်တာကတော့ဗျာ ..သတင်းစာတို့ ဂျာနယ်တို့ဆိုတာ .. ဆြာဝန်ဖတ်မယ် အင်ယာဖတ်မယ်

ဂျော်လကီဖတ်မယ် ဆပ်စလူးဖတ်မယ် demographic အရ လူစုံမယ်ပေါ့ လူစုံမယ် ဆိုတာထက်

psycho အရ ပြောရရင် ပိုမှန်မယ် သတင်း လိုတဲ့လူ ကြော်ငြာချင်တဲ့လူ ကျန်းမာရေးဆောင်းပါး စိတ်ဝင်စားသူ

အလှအပရေးရာ ဝါသနာကြီးသူ ဆယ်လစ်ဗရစ်တီအကြောင်း နာကြားချင်သူ လူစုံမယ် ပေါ့…

ဒါကြောင့်မို့ ကြော်ငြာထိရောက်မှု အားနည်းတယ်ပေါ့ … ထိပ်ဆုံးမှာ ရေးခဲ့တဲ့ ဝက်ဘ်ဆိုက်လိုမျိုး

မှာ ကြော်ငြာရင်တော့ဖြင့် .. (အာရှတိုက်က ကမ်းခြေတွေကို စိတ်ဝင်စားတဲ့ ခရီးသွားဧည့်သည်)

သက်သက်သာ ရှာဖတ်မယ့် သတင်းဖြစ်တာမို့ ..ထိရောက်မှုရှိတယ်..ကိုယ့် targeting လုပ်တဲ့

customer စစ်စစ် ဖြစ်နိုင်ခြေရှိသူတွေကိုသာ ထိထိရောက်ရောက် ကြော်ငြာတာဖြစ်လို့

စည်ပိုင်းထဲကငါးကို မျှားရသလိုပဲ သက်ရောက်မှု ပြင်းပြတယ် ဆိုတာပါ…။

 

 

ဒီစာအုပ်ရဲ့ အစမှာ ပါတဲ့ စာရေးသူရဲ့ မှတ်စုလေးကို မျှဝေပါရစေ။

လူတယောက်ဟာ ညဘက် သူ့ခွေးနဲ့အတူ လမ်းလျှောက်ထွက်ပါသတဲ့

အသိမိတ်ဆွေတယောက်ဟာ ဓါတ်မီးတိုင်အောက်မှာ လေးဘက်ထောက်ပီး

တစုံတရာကို အသဲအမဲ ရှာဖွေနေပါတယ် တဲ့…

သူက မေးလိုက်ပါတယ် သူငယ်ချင်း မင်းတခုခု ကျပျောက်သွားလို့လား ဆိုတော့

ဟိုက ဟုတ်တယ် သူ ရွှေနာရီ ကျပျောက်သွားလို့ပါတဲ့ ..။

အဲ့ဒါနဲ့ ကူရှာပေးတယ်ပေါ့လေ… ကူရှာပေးတာမှ စေ့စေ့စပ်စပ်ကို ပိုက်စိတ်တိုက် ကူရှာပေးတာပါ။

ဘယ်လိုမှ ရှာမတွေ့တဲ့အဆုံးမှာ မင်း ဒီနေရာမှာ ကျခဲ့တာ သေချာလို့လား လို့ မေးကြည့်ပါတယ်..

အဲ့သည့်အခါ ဘယ်လိုပြန်ဖြေသလဲ ဆိုတော့ ဒီနေရာရဲ့ မြောက်ဘက် ၃ဘလောက် မှာ ကျခဲ့တာပါတဲ့..။

သည်တော့ စိတ်ထွက်လာပြီး ဒါနဲ့များ မင်း ဘာလို့ ဒီနေရာမှာ ရှာနေသေးသတုံးလို့ ထပ်မေးပါတော့တယ်။

ဒီမှာ အလင်းရောင်ပိုကောင်းတယ် ရယ် လေ … လို့ ..ထိုလူက ပြန်ဖြေပါတော့သတဲ့..။

ဒီဟာသဟာ မရှိနိုင်မယ့် မရနိုင်မယ့်နေရာမှာ ရှာဖွေခြင်းဟာ အလဟသတ် ပဲဆိုတာကို ညွှန်းဆိုထားတဲ့ သရော်စာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မာကတ္တာတွေဟာ လူများများမြင်ဖို့ လူများများသိဖို့ အဓိကထား ကြော်ငြာခဲ့ကြပါတယ်။

ဒါဟာ တကယ်တမ်းတော့ စိတ်ဝင်စားသူ စိတ်မဝင်စားသူ target ဟုတ်သူ မဟုတ်သူ ပြောက်သောက် ပါဝင်နေတာမို့

မလိုလားအပ်ဘဲ ငွေကြေးပြုံးတီးမှုတွေ ဖြစ်ခဲ့ကြရပါတယ်။ လူတွေသိလေ ပိုကောင်းလေ စနစ်ဟာ ယနေ့ အွန်လိုင်းသုံးစွဲမှု

မြင့်တက်များပြားလာတဲ့ ခေတ်မှာ အသုံးမဝင်တော့ပါဘူး ။ သုံးစွဲသူ User တွေရဲ့ အမူအကျင့် behavior ကို အကျအန

ခွဲခြမ်းစိတ်ဖြာ analyze လုပ်ပြီးမှ အမှန်တကယ် စိတ်ပါဝင်စားသူကိုသာ လိုအပ်တဲ့ သတင်းအချက်အလက် ဖြည့်ဆည်းပေးခြင်း

အားဖြင့် ကြော်ငြာကြတဲ့ အတွေးအမြင်ဘက်ကို ပြောင်းလဲ လာကြပြီ ဖြစ်ပါတယ် …ဒိစာအုပ်မှာ ဒါတွေ ရေးထားပါတယ်။

 

စာအုပ်ပါ အကြောင်းအရာအသေးစိတ် ကတော့ Targeting ပိုင်းနဲ့ ပါတ်သတ်တဲ့ လော့ဂျစ်တွေ

ဝက်ဘ်ဆိုက်ဒ် ပိုင်းဆိုင်ရာ နဲ့ပါတ်သတ်တဲ့ အခြေခံ ဗဟုသုတနဲ့ မာယာတွေ အကြောင်း ဆိုပါတော့..။

အထက်မှာ မာကတ္တာ က အိုင်တီအားနည်းတတ်ပြီး အိုင်တီသမားက မားကတ္တင်းလော့ဂျစ် မပြည့်ဝတာ ကို

ပေါင်းကူးထောက်ကူပေးမယ့် စာအုပ်လို့ ဆိုချင်ပါတယ်..။ ထပ်ပြီး ညွှန်းရရင်တော့

သည်စာအုပ်ကို ဟားဗတ် တက္ကသီလာ က ၃လကျော်လောက် သင်တဲ့ online advertising course

ကညွှန်းဆိုတဲ့ စာအုပ်စာရင်းကနေ တွေ့လို့ ရှာဖတ်ခဲ့တာပါ။

Course အကြောင်း နည်းနည်း လျှာရှည်ရရင်ဖြင့် ..အထက်က ပြောတဲ့ တဖက် pro ရဲ့ ကိစ္စ တဖက် pro

ကမသိ မတတ် မဖြစ်ရလေအောင် တဖက်ချင်းစီက အခြေခံတွေကို အဖြစ်မနေ basic အဖြစ်တတ်အောင်

ကြိုလုပ်ပေးပြီးမှ သင်တဲ့ course ဖြစ်ပါတယ်…ဆိုလိုသည်မှာ..

Direct Mail ဆိုတာ Marketing logic တခု ဗျာ ..သို့သော် အနှီ မာကတ္တာသည် IT ဘက်က exchange server ဆိုတာဘာ

SMTP mail ဆိုတာဘာ တီးမီခေါက်မိမရှိ မဖြစ်ရလေအောင် traing တဲ့သဘောပါ။ ဒါမှလည်း logic + know how ပေါင်းပြီး

မှန်ကန်သင့်လျှော်တဲ့ Strategy ချမှတ်နိုင်မှာဖြစ်ပါတယ်။

 

နောက်ထပ် အရေးပါတဲ့အပိုင်းကတော့ customer personal information handling နဲ့ security ပိုင်း

ethic နဲ့ ISO လို Privacy Mark လို နိုင်ငံတကာ စံနှုန်းနဲ့ အသိမှတ်ပြု လက်မှတ်တွေ ရယူခြင်း ဆိုင်ရာကိစ္စပါပဲ

ပိတ်သတ်ကြီးလည်း ကြုံဖူးမှာပေါ့ …ဘယ်ကမှန်းမသိတဲ့ ဈေးရောင်းတဲ့ mail တွေ တပြုံတခေါင်း ဝင်ဝင်လာတတ်တာ..

ဒါတွေကို မဝင်အောင် ပိတ်လို့ တားလို့ filter လုပ်လို့ရပါရဲ့ .. လုပ်ခွင့်လည်း ပေးကို ပေးကြရပါတယ်..။

လုပ်နည်းတွေကတော့ အမယ် စုံတာမို့ နောက်များမှ အလျှင်းသင့်ရင်ရေးပါ့မယ်ဗျာ..

 

အော် .. စာအုပ် ကတော့ အမေရိက က မားကတ္တင်း ဝက်ဘ်ဆိုက်တခုမှာ အခမဲ့ ဖတ်ရှုနိုင်အောင် သူရို့ တင်ထားပေးသဗျ…။

file hosting site တခုမဟုတ်တာ user account ခိုးမရောင်းတာနဲ့ education site ဆန်တာမို့ patent ဝယ်ပြီး fair use နဲ့

ပေးဖတ်တယ် လို့ပဲ assume လုပ်လို့ link ညွှန်းလိုက်ပါတယ်။ (ဒေဝေါနဲ့တော့ မငြိဘူး ထင်တာပဲ)

စိတ်ဝင်စားတဲ့လူတွေ သွားဖတ်ကြပါ။

 

Cost ထဲပါတဲ့ နောက် ၆အုပ်ကတော့ နောက်များမှ ထပ် ရှဲပါ့မယ်….။

 

 

P.S အာတီဒုံ ကို ကတိပေးထားတဲ့ CSR ကို မမေ့ပါဘူး ရေးပါဦးမယ် လို့ ..အခုတလောကတော့ Tourism ဘက် အာရုံကျနေလို့ပါ လို့..

 

တော်သေးဘီ ခင်တဲ့

ဂီ

 

Fishing From A Barrel

 

 

 

 

 

 

 

 

12 comments

  • ဦးကျောက်ခဲ

    August 29, 2013 at 11:11 am

    ကျောက်စ်က မြေကြွက်ပညာရှင်ဆိုတော့ တက်က္ကနီကွေးပဲသိတယ်၊ မားကတ္တင်းတော့ မသိဘူး…
    ကမ်းခြေမှာ အပန်းဖြေဖို့ကတော့ လွတ်လပ်ရေးနေ့ပြီးရင် ငပလီမှာ ၄ရက်လောက် သွားနားမယ်…
    မောင်းမကန် စက်စဲကတော့ နောင်ဆို ခဏခဏ ရောက်မှာလေ… အားဟိ
    😀

  • black chaw

    August 29, 2013 at 4:02 pm

    ဖတ်ရှု သင်ယူ သွားကြောင်းပါ မောင်ဂီရေ…။
    😀

  • Zaw Thant

    August 29, 2013 at 4:09 pm

    .. အရင် မားကတ်တင်းပိုစ့်လည်း ဖတ်၊ အခုပိုစ်လည်းဖတ်သွားပါတယ်..

    .. စီပွားရေးလုပ်ချင်တယ်ဗျ.. လုပ်ဖြစ်ရင်တော့ ဂီ့ ဆီက မားကက်တင်း အိုင်ဒီယော်လော်ဂျီတွေ တောင်းပါဦးမယ်..

    .. လောလောဆယ်တော့ idea လည်းမရှိ၊ အရင်းအနှီးလည်းမရှိလို့ လက်လျော့ထားပါတယ်.. အရင်းအနှီးအတွက်တော့ ထီထိုးရကောင်းမလား စဉ်းစားထားပါတယ် (စီးပွားရေး ဦးနှောက်မရှိပုံများ အဲ့ဒါသာကြည့်)..

    • KZ

      August 29, 2013 at 4:19 pm

      ဟီးးး
      ကိုယ်တော်တာတွေ အဲ့လိုမဖော်ရဘူးလေ။
      😀
      နာ လည်း ဝင်ဖတ်ပြီး နားမလည်လို့ ငြိမ်နေတာ။
      စဉ်းစားကြည့်တော့ စီးပွါးရေးစလုပ်ဆို အရင်းအနှီး ဘယ်ကရမတုန်းက စ
      အမြတ်ရဖို့ အဆုံး မကြံစည်တတ်လို့။
      ဒီလိုလည်း ရပ်နေလို့မရ။

  • nozomi

    August 29, 2013 at 4:36 pm

    နားတော့ မလည်ဘူး စိတ်ဝင်စားဘို့တော့ ကောင်းတယ်

    ” အော်ဒင်နရီ မာကတ္တာတွေဟာ အိုင်တီနဲ့ နည်းနည်းဝေးတတ်ကြတာပါပဲ။
    digital divide ကြောင့် ပျမ်းမျှ အသက်ပို ကြီးရင် ပိုဝေးတတ်ကြရဲ့..။
    အိုင်တီပရို ကျပြန်တော့လည်း marketing logic နဲ့ ဝေးတတ်ကြပြန်ရော..။
    သီးခြားစီ ဖြစ်နေတယ်လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်။”

    ဆိုတာ ဖတ်မိတော့ ဆရာဂီ့ မျက်နှာ မြင်လာတယ်

    သတင်းစာတွေ ဂျာနယ်တွေက ကြော်ငြာတွေ တစ်ခါမှ မဖတ်မိဘူး
    ဒါပေမဲ့ ကြော်ငြာတဲ့ ကောင်မလေးရဲ့ ရိုးရှင်းတဲ့ ပုံစံလေးကြောင့်လား တော့ မသိ Telenor ကြော်ငြာလေးတွေကိုတော့ သတိထားမိတယ်
    အားနာနာ နဲ့ ပြောရရင် ဒီ ရွာထိပ်မှာ ကြော်ငြာထားတာတွေလဲ ရှောင်ရှောင် သွားနေမိတယ်

  • surmi

    August 29, 2013 at 8:29 pm

    ​မောင်​ဂီ​ရေ ..
    မ​နေ့ကပဲ မားကက်​တာ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ အငြင်​းပွားရ​သေးဗျာ
    ပစ္စည်​းကို နမူနာပြတုန်​းကတစ်​မျိုး တကယ်​လာ​တော့ ထင်​သလိုမဖြစ်​လို့ ​မေးရင်​းနဲ့ အ​ပေါက်​အလမ်​းမတဲ့တာ…
    ​ကော်​မရှင်​ ​လေ ​ကော်​မရှင်​
    အဲသဟာ​တွေ​ကြောင်​့ ​ရောင်​းရဖို့အ​ရေးပဲ​တွေးြပြီး စွတ်​​ပြော​နေတာ ….
    ​အဲဒီအ​ကြောင်​း​ပြော​တော့​ပြောချင်​​သေးတယ်​ကွာ
    စပ်​ဖျင်​းဖျင်​း ဖြစ်​​နေလို့ 🙂

    • Inz@ghi

      August 30, 2013 at 6:48 am

      ဥဥဆာ Sales Executive တယောက်နဲ့တွေ့လာပြီထင်တယ်..

      ကျနော် Mkt အကြောင်းရေးနေဖြစ်တဲ့ အကြောင်းပြချက် တခုပဲဗျ.. ကျနော်တို့ဆီမယ် အမြင်လွဲနေတာ..
      ကျနော်က အဲ့ဒါကို မှန်စေချင်တာ .. ကျနော်တယောက်တည်းမဟုတ်ဘဲ Mkt လောကက လူတိုင်းရဲ့ ဆန္ဒပါဗျာ..

      sales နဲ့ mkt ဘာကွာလဲမေးရင် (ဆြာတယောက်ပြောဖူးတဲ့)အကောင်းဆုံး ဥပမာ တခုက
      mkt ဟာ ထုတ်ကုန်ကို ၂ခါပဲကိုင်တယ်.. ပထမတခါက product launch လုပ်တဲ့အခါ
      ဒုတိယတခါက promotion ပွဲရှိတဲ့အခါ ကျန်တဲ့အချိန်တော့ သူက ထုတ်ကုန်မရောင်းဘူး အိပ်မက်ပဲရောင်းတယ်..
      sales ကတော့ ထုတ်ကုန်ကိုတောက်လျှောက်ကိုင်သလို
      ရောင်းရတဲ့ ငွေကိုပါ တောက်လျောက်ကိုင်တယ် … တဲ့ ..။

      ဝမ်းနည်းစရာ တခုပြောပြပါ့မယ် ကျနော်တို့တိုင်းပြည်မယ်
      တချို့ အထက်လူဂျီး(သာထိန်း) မသိလို့ Sales အတွက် လူခေါ်ရင် Marketing
      ခေါင်းစဉ်နဲ့ခေါ်တယ် .. မသိလို့လုပ်တာ ထားလိုက်အူး
      တချို့ သိသိကြီးနဲ့ သက်သက် sales girl လို့ လူခေါ်ရင် ရပ်ကွက်ထဲ ဈေးလိုက်ရောင်းရမှာ
      သိနေလို့ လူမလာမှာ စိုးလို့ marketing ဘာညာ သကာလောင်းပြီး ခေါ်တယ်… ယုတ်မာတာပါ..။

      ခြံစောင့် ကို ဂုဏ်သရေရှိလူကြီး တယောက်ယောက် လာလည်တဲ့အခါ
      ဒါဟာ ကျနော်တို့ရုံးရဲ့ လုံခြုံရေးမှူးကြီးပါ လို့ မိတ်ဆက်ပေးတဲ့ အပြုအမူမျိုးပါပဲ..
      အဲ့ခြံစောင့်က လူရှေ့အဲ့လိုချီးမြှောက်ခံရတော့ အိပ်ချိန်တောင် ကင်းလှည့်နေသလိုပေါ့ဗျာ..

      ပွင့်ပွင့်လင်းလင်း ပြောရရင် sales pro တွေကို စော်ကားသလိုတော့ဖြစ်မလားပဲ…
      ဒါပေသိ ဒါဟာအမှန်တရားပါ… sales ထက် mkt က ပိုမြင့်တဲ့နေရာတခုမှာရှိပါတယ်
      sales pro ဟာ mkt pro ဖြစ်ခွင့်ရှိပါတယ်…
      mkt pro ဖြစ်ဖို့ လိုတဲ့ ပညာ ဖြည့်ပါ …လိုတဲ့ အတွေ့အကြုံရှာပါ..
      sales technique တွေကို mkt strategies ဆိုပြီး မဟုတ်တာ လာလာရွှီးရင်တော့ ငြင်းရမှာပဲဗျို့ …
      ရေးပါဦးမယ်ဗျာ.. mkt pro တယောက် ဘဝအကြောင်း။

  • surmi

    August 30, 2013 at 8:30 am

    အမှန်​ပဲ …
    ဒီမှာကလုံးသုပ်​​နေတာ ။
    ဒရိုင်​ဘာနဲ့ sales pro နဲ့​ပေါင်​းြပြီး ခို်​းင်​းတာ​လေ …လစာကျ​တော့ တစ်​​ယောက်​စာပဲ ​ပေးရသ​ပေါ့ အဲဒီလို​တွေလဲရှိ​သေး ….
    ​ရေးပါ ​စောင်​့​နေမယ်​​နော

  • Ma Ma

    August 30, 2013 at 9:26 am

    (အာတီဒုံ ကို ကတိပေးထားတဲ့ CSR ကို မမေ့ပါဘူး ရေးပါဦးမယ် လို့….)

    ဟိုရက်က မောင်ဂီကို CSR ရေးဖို့ ပြောထားတာ ရေးမယ်လို့ ပြောတဲ့အကြောင်း အာတီဒုံကတောင် ပြောနေသေးတယ်။

    အာတီဒုံကလည်း မျှော်နေပါတယ်ဆိုတဲ့အကြောင်း အာတီဒုံကိုယ်စား ဝင်ပြောပေးလိုက်တယ်။ (ပွဲစားလုပ်တာ အကျင့်ပါနေလို့) :hee:

  • kyeemite

    August 30, 2013 at 1:48 pm

    ဒီမှာတော့ sales နဲ့ mkt လူတစ်ယောက်ထဲကပဲ
    အရောရောအထွေးထွေးလုပ်နေကြတာတွေ့ရများတယ် မားဂီ ရေ :hee:

  • nicolus agral

    August 30, 2013 at 4:45 pm

    good
    ဆက်ဆွဲ ဆရာရေ့

  • lele kyi

    August 31, 2013 at 4:39 pm

    ဟုတ်ပါတယ် မားကတ်တင်းတွေက ဈေးမရောင်းဘူး မျက်နှာဖုံးစွပ်ထားတဲ့ အိမ်မက်အတုတွေ ပေးတာ။ နောက်တာပါ။ ကျမတို့ ရုံးက မားကက်တင်းတွေကတော့ ဘယ်လိုညာ ကြသလည်းမသိဘူး ဒီနှစ်တွေမှာ ပရောဂျက်ကြီးကြီးတွေတော်တော်ရတယ်။
    အွန်လိုင်းဈေးကွက် အလီဘာဘာ အကြောင်းဆြာဂီ ရေးတာဖတ်ဖူးတယ်။ တကယ်လည်း အဲ့ဒီ အာလီဘာဘာကဈေးဝယ်တဲ့။ သတင်းအချက်အလက်တွေ ရှာတဲ့ အီတလီယန်း မန်နေဂျာတစ်ယောက်ကိုမြင်ဘူးပါတယ်။ ပြီးတော့ ကျမသူငယ်ချင်း က ဝင်လိုင်းဈေးဝယ်တာတော်တော်ဝါသနာပါတယ်။ ရေခဲမုန့်တောင်အဲ့ဒီကဝယ်တာ ဈေးကတော်တော်ကွာတယ်။ အဲ့လိုပဲ ဝင်လိုင်းမှာဟိုဝင်ဒီဝင်နဲ့ စိတ်ဝင်စားတဲ့ကြော်ငြာတွေ့ရင်လျှောက်ကြည့်နေကြ။

Leave a Reply