ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း- ၁-၂ -၃

——————-အခန်း(၁) ———————–

မြန်မာနိုင်ငံမြောက်ပိုင်း။
ဂျပန်များမြန်မာနိုင်ငံကိုအုပ်စိုးနေချိန်။
၁၉၄၄ခုနှစ်။ဒီဇင်ဘာလ ၁၁ ရက်နေ့။
ညအချိန် ၁၁ နာရီဝန်ကျင်ခန့်။
ဗန်မော်မြစ်ဆိပ်ကမ်းမှ ၆ မိုင်ခန့်အကွာ။
လူတစုတစုံတရာအရေးကြီးသည့်အလားတောလမ်း
အတိုင်းခပ်သုတ်သုတ်ခရီးနှင်နေကြသည်။အားလုံးပေါင်း
အမျိူးသားကြီးမျသာဖြစ်လျက်အားလုံးပေါင်းလျှင် ၁၁ ဦး
အတိအကျဖြစ်လေသည်။ဂျပန်စစ်ယူနီဖောင်းဝတ်ဆင်ထား
သူ ရ ဦးဖြစ်ပြီး အရပ်သားဟုယူဆနိုင်သောလူ ၄ ဦး
ဖြစ်သည်။ဤလူဦးဆောင်သူမှာဂျပန်စစ်ဗိုလ်ဟုယူဆနိုင်သော
“ကူရှီးမား”အမည်ရှိ ဂျပန်ဟုဆိုနိုင်သော်လည်းအရပ်မပု
သူတဦးပင်ဖြစ်လေသည်။
ညအချိန်ခါဖြစ်၍လမ်းခရီးကို မှုန်ပြပြကြယ်လေးများ ခပ်ကွေးကွေး
လရောင်ကလေးမှအထူထောက်ပံ့ထားပေးနေသည်။သို့
ပေမဲ့ဤခရီးလမ်းကြောင်းကိုရှေ့ဆုံးမှသွားရန်တာဝန်ကျ
စစ်သည် သုံးဦးကိုအတိအကျပြပြီးသားမို့အခက်အခဲမရှိလှ။
မနက်မိုးမသောက်မှီအရောက် သတ်မှတ်နေရာသို့အချိန်လု
၍ခရီးနှင်နေရသည်။ဤခရီးစဉ်အတွက်အဓိကကျသော
ပစွည်းကိုသယ်ပိုးရန်အထမ်းသမားများကိုငွေကြေးအပို
ပေးလျက်ဌားရမ်းထားသည်မဟုတ်ပါလော။အထမ်းသမား
များကလည်းလိုသည်ထက်ပိုရသည်မို့ သူလိုချင်သည့်
အတိုင်းသယ်ပိုးလျက်မနားတမ်းခရီးဆက်နိုင်ခဲ့သည်။

အထုပ်ကိုနောက်မှထမ်းပိုး၍ခပ်သွက်သွက်ခြေလှမ်းနေချိန်
ပင်ကိုဘသိန်းမစဉ်းစားပဲမနေနိုင်။မိမိတို့ကိုအခပေးဌား
ရမ်းသူများကားအခြားမဟုတ် ဤမြေပေါ်တွင်ထင်တိုင်းစိတ်
ကြိုက်မင်းမူနေသောဂျပန်များဖြစ်နေ၍ပင်။ရွာလူကြီးထံမှ
တဆင့်ဌားရမ်းခြင်းမို့မငြင်းနိုင်။သို့သော်တနေ့လျှင်နေ့တွက်
သုံးရာဆိုသောငွေကြေးကအသက်ပင်ကြေကြေပင်ဖြစ်ချင်
ချင်။အိမ်ထောင်မရှိလူလွတ်ချင်းငယ်ပေါင်းဖော်စိန်သောင်း
ကိုပင်အဖော်ထပ်ဌားသဖြင့်အိုကေလိုက်သည့်ဖြစ်ခြင်း။
သို့သော်၎င်းတို့စခန်းအရောက်တွင်အံ့အားသင့်စရာများ
ဆက်တိုက်မြင်ခဲ့တွေ့ခဲ့ရပြန်သည်။သာရေအိပ်စွပ်ထားသော
သေတ္တာတလုံး သိပ်လေးသည့်ဟန်မရှိကို နောက်ထပ်
အထမ်းသမား ရွာသား နှစ်ဦးကိုပါထပ်ခေါ်ထားခြင်းဖြစ်လေ
သည်။မိမိတို့နှစ်ဦးနှင့်ပင်ကမ္ဘာပတ်၍ထမ်းလို့ရနေသည်ကို
နောက်ထပ်နှစ်ယောက်ဆိုတော့။ပို၍ထူးဆန်းသည်မှာ ညနေ
မိုးမှောင်ကျသည်နှင်ခရီးထွက်ခြင်းဖြစ်ပြီး မြစ်ဆိပ်ဘက်ထွက်
လာတော့ သင်္ဘောစီးရမည်ဟုမျော်လင့်မိ၍မစီးဘူးသည်နှင့်
ဝမ်းသာမိသော်လည်းမြစ်ဆိပ်ကိုကျော်လွန်လာခဲ့သည်။
နှစ်နာရီခန့်တောလမ်းတွင်ခရီးဆက်နေခဲ့ပြီးယခုတွင်မိမိ
တို့ထမ်းရမည့်အလှည့်ဖြစ်နေသည်။ ဤသည်ကိုထောက်
ရှု့၍ဤအဖွဲ့၏လုပ်ငန်းသည် အစိုးရနှင့်မပက်သက်နိုင်
ကြောင်းကိုလည်းရှေ့မှစိန်သောင်းလည်းရိပ်မိမည်ထင်သည်။
စစ်သားများသည်အစဉ်အတိုင်းရှေ့တွင်သုံးဦးမိမိတို့အထမ်းဘေး
တွင်နှစ်ဦးနောက်တွင်ဂျပန်ဗိုလ်အနီးတွင်တဦးအစဉ်
အတိုင်းအသင့်အနေအထားဖြင့်ခရီးဆက်နေကြခြင်းဖြစ်
လေသည်။မျက်လုံးများဘေးတဖက်ဆီသို့မမြင်နိုင်သောရန်
သူများကိုရှာဖွေလျက် တစုံတရာကိုကြောက်ရွံ့နေပုံရလေသည်။
ဤကာလတွင်ဘာကိုကြောက်နေရသနည်း။တော်လှန်
ရေးသမားများလား။မဖြစ်နိုင်။တော်လှန်ရေးသမားများဤနယ်
တဝိုက်၌မရှိတော့သည်မှာကြာပြီ။တောလမ်းမို့ သားရဲ
များကိုကြောက်သည်လား။မဖြစ်နိုင်ဤနယ်တဝိုက်ဒေသခံ
မုဆိုးများ စစ်ပွဲများ တော်လှန်ရေးတပ်သားများစသည်
အဆက်ဆက်မင်းမူခဲ့၍ သားယဉ်များတောင်ခပ်ပါးပါးရယ်။
ဒါဆိုဘာကိုစိုးရိမ်နေသနည်း။စဉ်းစားနေရာမှမလေးဘူး
ဆိုသောအရာက အလွန်လေးလှသည်ထင်မိသည်။
ပခုံးပြောင်းမှ-
“ကိုစိန်သောင်းရေပုခုံးပြောင်းစို့”
“အေးကွာငါလည်းပြောင်းချင်ပြီး”
အနီးရှိစစ်သားများကပုခုံးအပြောင်းအလဲမှာအထုပ်ကို
ထိန်းပေးထားကြသည်။သည်လိုသဘောတွေကလည်းကောင်း
နေသည့်ဂျပန်စစ်သားများကိုလည်းအံ့ဖွယ်တပါးအဖြစ်
တွေ့ရသည်။
ပုခုံးပြောင်းလိုက်သည်နှင့်အတန်ငယ်သက်သာရာရသွား
သည်။ဖခုံးတဖတ်မှာမလေးသော်လည်းကြာမြင့်စွာထမ်း
ထားရ၍ထုံကျင်နေသည်။ဆောင်းတွင်းမို့အချမ်းလေးကလည်း
ဖက်နေသည်။မြောက်လေကတချက်တချက်သွေးနေသည်။
ဤသို့ဖြင့်တနာရီးပြီးတနာရီကြာမြင့်လာသလိုခရီးကလည်း
အတော်ပေါက်လာခဲ့သည်။တောကလည်းထူထပ်လာနေ
ပြီး လမ်းကြောင်းများလည်းရှုပ်သထက်ရှုပ်လာခဲ့သည်။
ကိုဘသိန်းတို့ဒေသခံများပင်ဘယ်နေရာကိုရောက်နေသည်ကို
မမှန်းဆနိုင်တော့ပေ။ပခုံးပြောင်းလိုက်။လူပြောင်းလိုက်နှင့်
မိုးလင်းချိန်နီးလာပြီ။
စမ်းချောင်းကလေး။
ဆယ်ပေခန့်သာကျယ်သောစမ်းချောင်းကလေး။
ရေမှာကြည်လင်နေပြီးကျောက်တုံးလေးများဖြင့်လှပနေသော
စမ်းချောင်းကလေးကို့ဖတ်ကျော်ပြီးနောက်တွင်။
တောင်သုံးလုံးကိုလှမ်းမြင်နေရသည်။
စစ်ဗိုလ်ကူရှီးမားရှေ့သို့ထွက်၍ခပ်သွက်သွက်ကလေးပြေး
သည်။အားလုံးလည်းမောဟိုက်နေသည့်ကြားမှယောင်ချာချာ
နှင့်နောက်ကအမှီကလေးပြေးလိုက်ကြသည်။
တောအုပ်ကလေးကိုကျော်ဖြတ်မိပြီးနောက်တောင်သုံးလုံး
မှ နှစ်လုံးသောတောင်ကြာကိုရောက်သည်။
တောကြက်တွန်သံများတချက်တချက်ကြားနေရသည်။
မိုးလင်းစရောင်နီသန်းနေပေပြီး။
တောင်ကြားကိုကျော်ဖြတ်ပြီးကွင်းပြက်ကိုတွေ့ရသည်။
လမ်းသာပြီမို့ပို၍ခရီးတွင်လာသည်။ ကွင်းပြင်အလယ်လောက်တွင်
ခပ်မို့မို့ကျောက်တောင်တလုံးတွေ့ရသည်။
ကူရှီးမားကရှေ့ကမို့ကျောက်တောင်ကို ကျော်သွားသည်။
ကိုဘသိန်းတို့လည်းထိုကျောက်တောင်ကိုကွေ့ပတ်သည်နှင့်
တဖက်တွင်ကူရှီးမားကိုတွေ့ရသည်။
မိုးစင်စင်လင်းနေပေပြီး။သို့သော်နေရောင်ကားဤနေရာသို့
ရောက်ရှိဖို့ရှေ့တွင်ကာဆီးနေသောတောင်တလုံးကြိကျော်ဖြတ်
ရပေအုံးမည်။
ကူရှီးမားညွှန်ပြရာသို့ကြည့်လိုက်တော့ဂူပေါက်တခုတွေ့
ရသည်။ အားလုံးဂူထဲဝင်ကြရသည်။
ကိုဘသိန်းတို့အဖွဲ့ကိုဂူအတွင်းပိုင်တနေရာတွင်နေရာပေး
သည်။ ကူရှီးမားနှင့်တယောက်က အထုပ်ကိုမ၍ ကိုဘသိန်း
တို့ထက်အတွင်းပိုင်းသို့တိုးဝင်သွားကြသည်။ကြည့်နေရင်း
မှ နိမ့်ဆင်းသွားပြီးပျောက်သွားသည်ကို ကိုစိန်သောင်း
အပါအဝင်အားလုံးတွေ့လိုက်ရသည်။ အရေးကြီးအဖိုးတန်
ပစ္စည်းပင်လော။မည်မျှတန်ဖိုးရှိရတနာများလော။
ဂူဝတွင်ကျန်ဂျပန်စစ်သားများကလုံခြုံရေးအသွင်လက်နက်များ
အသင့်အနေအထားနှင့်စောင့်ကြပ်နေကြသည်။
ကိုဘသိန်းတို့အဖွဲ့မှာကားအနှောင်အဖွဲ့ကင်းစွာနဲ့ အိပ်မော
ကျနေကြလေပြီ။ဂူအတွင်းမို့ခပ်နွေးနွေး။



“ဒိုင်းးးး ဒိုင်းးးးးး ဝှစ် ! ! ဝှစ် ! ! ”
မည်မျှကြာသွားသည်မသိ။ရုတ်တရက်သေနပ်သံများ။ ဒူလေးမြား
သံများကြောင့်ကိုဘသိန်းတို့လူစုလန့်နိုးလာကြသည်။ တညလုံး
ပင်ပမ်းထားကြသည်မို့ စိတ်အာရုံများမကြည်လင်လှ။
ဂူးအတွင်းနှင့်အပြင်အပြန်အလှန်ပစ်ခတ်နေကြခြင်းပင်။
ဂူရှေ့ရှိကျောက်တုံးများကိုအကွယ်အကာယူထားပုံရလျက်ဂျပန်စစ်သား
များကိုပြင်ပမှပစ်ခတ်နေခြင်းဖြစ်လေသည်။ပြင်ပမှအင်အားများပုံရသည်။
တချက်တချက်ပစ်လွတ်လိုက်သောမြားချက်များမှာဂူဝတခုလုံးနေရာမလပ်
ထိမှန်နေလေသည်။ ခုခံနေရသောဂျပန်တို့မှာမူ နှစ်ယောက်သာ
ကျန်ရှိတော့သည်။ကိုဘသိန်းတို့လူစုဘာလုပ်ရမည်မသိ။အပြင်က
အဖွဲ့ဘက်ကပေါင်းတိုက်ရမလား။ဂျပန်တို့ဘက်ကပေါင်းတိုက်ရမလား
မဝေခွဲနိုင်အား။ မြားချက်များကိုနောက်ကျောခိုင်လျက်ကျောက်တုံးကိုအကွယ်
ပြုရင်းဂျပန်စစ်သားတဦးက အပြင်သို့ထွက်ရန်လက်ဟန်ပြသည်။
“ကျူပ်တို့ကိုထွက်ခိုင်နေပြီ ဘယ်လိုလုပ်မလဲ ကိုဘသိန်း”
“ဆက်နေရင်လဲ ကျူ ပ်တို့ပါအချောင်ပါနေမယ်။ဒီမှာကျူပ်တို့ကကူလီ
တွေပဲ။ထွက်ရင်သူတို့မပစ်လောက်ပါဘူး”
“ဒါဆိုလဲ ထွက်မယ်ဗျာ”
ကျန်ရွာသားနှစ်ဦးကတော့ဘာမှဝင်မပြော။ကိုဘသိန်းတို့နောက်လိုက်မည့်
သဘောဟန်ပြလေသည်။
ဂူဝမှဂျပန်တစ်ဦးထပ်ကျသွားပြန်သည်။
သေနပ်သံ မြားသံရုတ်တရက်တိတ်သွားလေ၏။
“လာ ထွက်ကြစို့” ကိုဘသိန်းရှေ့မှနေ၍လက်မြောက်လျက် အပြင်သို့
ဦးဆောင်ထွက်လေသည်။ပြင်ပ၌ကား ကချင်လူမျိုးတမျိုးဟုယူဆနိုင်သော
လူအုပ်ကြီးကိုတွေ့ရလေသည်။ကိုဘသိန်းတို့မှာကူလီ ဒေသခံများအဖြစ်
တွေ့မြင်ရ၍မပစ်ပဲ ထွက်သွားရန်လက်ဟန်ပြလေသည်။
ကိုဘသိန်းတို့လဲလွတ်ရာကျွတ်ရာအဝေးသို့ပြေးကြလေသည်။
ဂူအတွင်းညာသံပေး၍ဝင်ရောက်သံကိုကြားရသည်။
ကိုဘသိန်းတို့တောင်ကြားအရောက် ဂူဆီမှ ကြီးမားသောပေါက်
ကွဲသံကြားရလေရာပြေးနေသောခြေလှမ်းများရပ်တန့်လျက်ပြိုင်တူနီး
ပါးလှည့်ကြည့်ကြလေသည်။ ဂူဆီဘက်မှမီးခိုးလုံးတလုံတတ်လာသည်
ကိုမြင်ရသည်။ အလုံးစုံပျက်စီးသွားလေမလား။
ကိုဘသိန်းတို့နီးစပ်ရာသစ်ရိပ်အောက် အမောဖြနေကြပြီး
အတွေးများကသေတ္တာကြီးထံရောက်သွားကြသည်။
ရတနာများလား။
မျက်လုံးများအရောင်တောက်လာကြသည်။
လောဘသွေးများမျက်နှာပြင်ဆီသို့တက်လာကြသည်။
သတိ္တသွေးများဆူပွက်လာကြသည်။
ရွာသားနှစ်ဦးပြိုက်တူထရပ်လျက် ကိုဘသိန်းတို့နှစ်ယောက်ထံ
လှည့်ကြည့်သည်။
ကိုဘသိန်းတို့လည်းမနှေင့်မနှေး ရင်ဆိုင်ရန်အသင့်။
တစ်ဦးမျက်လုံးတစ်ဦး စူးစိုက်လျက် –

==================================================================

############################### အခန်း (၂ ) #######################

မြန်မာနိုင်ငံ၌အပြောင်းအလဲများဆက်တိုက်ဖြစ်ပေါ်နေခဲ့သည်။ဂျပန်တို့
ဆုတ်ခွာလျက်အင်္ဂလိပ်တို့ပြန်လည်ဝင်ရောက်လာခဲ့သည်။ လွတ်လပ်
ရေးရရှိရန်မျိုးချစ်စိတ်အပြည့်ဖြင့်ဆက်လက်တောင်းဆိုခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အမျိုးသားခေါင်းဆောင်
ကြီးများလုပ်ကြံခံရသည်။
လွပ်လပ်ရေးရရှိခဲ့သည်။
တဖန်နိုင်ငံအတွင်းခေါင်းဆောင်များ ပါတီအဖွဲ့များသဘောထား
ကွဲလွဲကြလျက်ပြည်တွင်းစစ်မီးတောက်ခဲ့ရပြန်သည်။
အခြေအနေအရပ်ရပ်တို့သည် မဆလ ဟူသောဆိုရှယ်လစ်စနစ်
အောက်အခိုက်အတန့် ငြိမ်သက်သွားလေသည်။

အနှစ်လေးဆယ်ခန့်ကျော်လွန်ခဲ့ပြီးနောက်-

၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့။
မန္တလေးမြို့။ဂေါဝန်ဆိပ်ကမ်း။

“ဘော် !!!!! ဘူးးးးးးးးးးးး ဘော်!!!!!”

အောင်တံခွန်အမည်ရှိမန်း-ဗန်မော်ပြေးဆွဲနေသောရေယဉ်သင်္ဘော
ကမ်းမှထွက်ခွာတော့မည်ဖြစ်ကြောင်းအသိပေးဥဩသံပေးနေခြင်း
ဖြစ်လေသည်။လူအများလည်းလူပ်လူပ်ရွရွဖြစ်လျက်အပြေးအလွှာနေရာ
ယူလျက်ယောက်ယက်ခတ်နေကြလေသည်။သင်္ဘောပေါ်တတ်ရန်
ချပေးထားသော ကုန်ဘောင်ပေါ်၌အလုအယှက်တိုးဝှေ့လျက် တစုံ
တယောက်များခြေချော်၍ကျသွားလေမည်လော စိုးရိမ်စရာဖြစိသော်
လည်း မိမိအရပ် မိမိအထာနှင့်အသားကျလျက် သွားလာနေကြလေသည်။

“မောင်ဒီတခေါက်ကနောက်ဆုံးဖြစ်ပါစေနော် မေသူ့ကိုကတိပေးကွာ”
“စိတ်ဒုန်းဒုန်းချပါမေသူရယ်။ဟောဒီကမောင်ထွန်းလတ်ကကတိပေးတော်မူ
ပါတယ်ဗျာ”
“မေမေကတော့စိတ်ပူနေတယ်မောင်။မင်္ဂလာပွဲကသိပ်မလိုတော့တာကို
မေသူကတော့မေ့မေ့ကိုမနဲချော့ပေးထားရတယ်”
“အင်းပါမေသူရယ်။မောင်ပြောသလိုပဲဒီအခေါက်ကနောက်ဆုံးခေါက်
ဒီကပြန်လာရင်မေသူနဲ့လက်ထပ်မယ်။ဖေဖေ့ပွဲရုံကိုဆက်ပြီးဦးစီးမယ်။
ကဲဘယ်လောက်အဆင်ပြေလဲ”
“အပြောကတော့ချောနေတာပဲဆရာ။သူ့မှာဖြင့် ပဲခူးကခေါ်ရင် ပျဉ်းမနားဘက်
ကခေါ်ရင်ကိုပြာလို့။မေသူ့ကိုလှည့်တောင်မကြည့်ဘူး”
“မောင်တောင်းပန်ပါတယ်မေသူရယ်။ ဒီတခါ မြသာက အရေးကြီးလို့ပါတဲ့ကွယ်။
ပြီးမောင့်လက်ကိုလည်းယုံလို့ပါကွယ်။သူငယ်ချင်းတွေမို့ကူညီရမဲ့–”
“ကဲကဲဆရာ ဟိုမှာကုန်းဘောင်ဖြုတ်တော့မယ်။ကြွတော့မောင်မင်းကြီးသားရေ
ဒါနဲ့လက်မှတ်ကောပါရဲ့လား? မေ့နေမှဒဏ်ထိနေမယ်”
” ကဲဒါဆိုမောင်သွာမယ်”
” – -”
မေသူသိနေသည်။မောင်မသွားလို့မရမှန်း။ဒါပေမဲ့ ချစ်ရသူမို့ မခွဲချင်။ယခင်ပို့နေကျ
ဖြစ်သော်လဲယခုမူ ။ ပင့်သက်အရှိုက်မှာမျက်ရည်တပွင့်ကျဆင်းသွားရသည်။
မောင်ထွန်းလတ် ကုန်ပတ်ပေါ်မှလက်ဝှေ့ရမ်းသည်။
မေသူငိုနေပါလား။တချက်တော့ရင်ထဲသိမ့်ကနဲ့ဖြစ်သွားရသည်။
ညကအိမ်မက်ကိုမဆီမဆိုင်ပြန်မြင်ယောင်မိသည်။
မိမိအားလူမျိုးစုတစု ပြုံး၍ဆီးကြိုနေကြဟန်။
ထိုနောက်မိမိအား မီးဖြင့်ဝိုင်းရှို့ကြပြန်သည်။
ဘာတွေလည်း။အတိတ်လား?နမိတ်လား?
ဒီခရီးသွားသင့်သလား?
မေသူငိုနေတဲ့မျက်လုံးကိုမြင်ရသည်။
အောင်တံခွန်ကား တရွှေ့ရွှေ့ ဆန်တတ်လျက်။
သင်္ဘောမစီးဘူး၍လော ခေါင်းမူးသလိုလို ဘာလိုလိုဖြစ်လာသည်။
“ဆရာနေရာရှာပေးရမလား”
အခုမှပြန်စစ်ကြည့်တော့မိမိဘယ်မှာထိုင်ရပါလိမ့်။
သင်္ဘောတစီးလုံးနေရာအပြည့်။
“အေးကွာဒီမှာငါ့လက်မှတ် ငါ့နေရာလိုက်ပြပေးကွာ”
“ဟာဆရာကလည်း ဒီလက်မှတ်က ခရီးသည်လက်မှတ်ပဲဟာ
ခုံ နေရာ အခန်းဘာမှမပါဘူး ဒီအတိုင်းဦးရာလူပဲလေ”
“အင်းမတတ်နိုင်ဘူးဖြစ်သလိုပဲစီးရတော့မှာပဲ။အေးရှာပေးကွာ”
“လာကျတော့်နောက်ကလိုက်ခဲ့”
မောင်ထွန်းလတ်သင်္ဘောတပတ်ပတ်မိချိန်တွင်အဒေါ်ကြီးတဦးအနီး
နေရာရသည်။နေရာရှာပေးသောသူအားမုန့်ဖိုးအနည်းငယ်ပေးလိုက်သည်။
ကျောပိုးအိတ်ကိုချလျက်ထိုင်မိသည်နှင့် မေသူ၏မျက်နှာကိုတဖန်ပြန်မြင်ယောင်မိ
ပြန်လေသည်။နီးစပ်ရာဆိပ်ကမ်းကပ်ပါကပြန်ရနိုးနိုး စဉ်းစားမိပြန်လေသည်။
မနက်စာမစားရသေးသည်မို့ဗိုက်ကဆာလာသည်။အနီးအနား၌ဈေးသည်များ
ရှိသော်လည်းသူတို့စားသလိုလူကြားထဲမစားတတ်။ဆိုင်မှာကျကျနနစားချင်သည်။
ဒီပေါ်မှာဆိုင်ရှိသည်ဟု သိထားသည်။ ဘယ်မှာလဲတော့မသိ။အနီးရှိ
အဒေါ်ကြီးအားမေးမည်ကြံလိုက်သည်။
“ဒေါ်ဒေါ်ထမင်းဆိုင်ဘယ်နာမှာရှိလည်း”
အဒေါ်ကြီးပြောင်းဖူးဖတ်ဆေးလိပ်တချက်ဖွာလိုက်သည်။
“အင်းး လူလေးကဒီသင်္ဘောတခါမှမလိုက်ဘူးဖူးထင်တယ်”
“ဟုတ်ပါတယ်ဒေါ်ဒေါ်ဒါကြောင့် ကျတော်ကိုရှေ့လျောက်ကူညီပါအုံး”
“အင်းပါတော် အင်းပါ ဒီလိုပဲပေါ့ ခရီးသွားတွေပဲ ကူညီရတာပေါ့”
ရုတ်တရက်
“ဒုန်း ”
သင်္ဘောခါရမ်းသွားပြီးဘရိတ်အုပ်သလိုရပ်သွားသည်။
“ဘာဖြစ်တာလဲဒေါ်ဒေါ်”
“သောင်တင်တာလေ။ ရေကျချိန်ခရီးသွားရင်ဒီလိုခဏခဏကြုံတတ်ပါတယ်”
သင်္ဘောမှာ ဘယ်ညာယိမ်းနေသည်။လူးရင်းရမ်းရင်း နောက်ကိုပြန်ဆုတ်သည်။
သင်္ဘောသားများရေစူးတိုင်းလိုက်။အော်လိုက်နှငိ့ ခဏနေတော့လွတ်ကင်းသွား
ရလေသည်။ သင်္ဘောမှာဟန်မပျက်ဆက်လက်ထွက်ခွာနေတော့သည်။
“ဟဲ့အထုပ်ကြီးတကားကားနဲ့ ။ထားခဲ့ဒေါ်လေးကြည့်ပေးထား
မယ်”
“ဟုတ်ကဲ့ဒေါ်ဒေါ် ကျေးဇူးပါပဲ”
ဤသို့နှင့်မောင်ထွန်းလတ်မစီးဘူးသောသင်္ဘောကိုစီးလျက်
တခါမှသိကျွမ်းခြင်းမရှိသောအဒေါ်ကြီးအားခင်မင်လျက်စကားတပြော
ပြောနှင့် တခါမျှမရောက်ဘူးသော အရပ်သို့ ခရီးဆက်နေရလေသတည်း

==================================================================

&&&&&&&&&&&&&&&&&&&&& အခန်း (၃ ) &&&&&&&&&&&&&&&&&&&&&&&&&&&&&&&

“လာသူငယ်ချင်းမတွေ့ရတာကြာလို့။ မင်းအသားတွေတောင်မဲလာပါလားကွ”
ရဲအုပ်မြသာ သူငယ်ချင်းဖြစ်သူကိုလာကြိုနေခြင်းဖြစ်လေသည်။
“အေးကွာဒါနဲ့မင်းကောအဆင်ပြေရဲ့နော်”
“ပြေပါတယ်ကွာ။အထုပ်ကိုသူ့ပေးလိုက်” ပါလာသူရဲသားလေးတဦး
မောင်ထွန်းလတ်အထုတ်ကိုယူ၍ဂျစ်ကားတစီးပေါ်တင်နေသည်။
“မင်းတို့မြို့ကလဲ မြို့ရောဟုတ်ကဲ့လား။ခြောက်ကပ်နေတာပဲ”
“ဟားဟား ငါ့လူရေးဒါဗန်မော်မဟုတ်သေးဘူး။သင်္ဘောမဆိုက်နိုင်လို့
ဒီမှာလာကပ်တာ ။မြို့ထဲကိုအတော်သွားရအုံးမယ်ကွ”
“ဟေးဟုတ်လား။မသိပါဘူးကွာ။ဒီဘက်လာရတာအဆန်းကြီးပဲ။
ဒါနဲ့လမ်းမှာလင်းပိုင်တွေမြူးနေတာတွေ့ခဲ့တယ်ကွတယ်ကြည့်ကောင်းတာပဲ”
“အေး ဆန်းသထက်ဆန်းတာတွေရှိလို့မင်းကိုခေါ်လိုက်ရတာပေါ့ကွာ။
အိမ်ရောက်မှအေးဆေးပြောကြတာပေါ့ကွာ။ခုတော့ပါစပ်ပိတ်ထားအုံးဟေ့”
“ဘာဖြစ်လို့တုန်း”
“ဟဲဟဲဖုန်တထောင်းထောင်းထနေတာပါစပ်ထဲဝင်မှာစိုးလို့ဟေ့။ရှင်းပြီလား”
မြသာပြောသည့်အတိုင်းလမ်းတလျောက်ဖုန်အလိမ့်လိမ့်နှင့် ပါစပ်မပြော
နှင့်မျက်စေ့ပါပိတ်ထားရသည်။ အော်ယာယီလမ်းခေါ်နွေရာသီလမ်းကိုး။




“ဒါမင်းနေရမဲ့အခန်းပဲ။ရေချိုး အဝတ်အစားလဲ။ပြီးရင် ကချင်ထောင်း
လေးနဲ့ထမင်းစားရအောင်”
“အေးအေးကောင်းသားပဲ”
မောင်ထွန်းလတ်ရေမိုးချိုးသည်။တလမ်းလုံးကျဉ်းကျပ်လာသမျှပြေလျော့သွာရသည်။
သုံးလေးရက်သင်္ဘောစီးရသည့်ဒုက္ခကိုမေ့မရနိုင်ဖြစ်ရသည်။ အပြန်တော့အိပ်
စင်အခန်းနဲ့ပြန်မှ။
ရေချိုးပြီး အဝတ်အစားလဲပြီးဧည့်ခန်းဘက်ထွက်ခဲ့သည်။
“လာသူငယ်ချင်း။မိတ်ဆက်ပေးရအုံးမယ်ဒါငါ့ဇနီး ဂျာနူးတဲ့။တိုင်းရင်းသူပေါ့ကွာ”
“ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်”
“ဟုတ် ကဲ့ ။ အကို က ပြော ပြ လို့ အကို့ အကြောင်း သိ ထား ပါ တယ်”
ဗမာစကားကိုတလုံးချင်းအားယူပြောနေပြီး အသံကဝဲတော့မနဲဖမ်းယူနားထောင်ရသည်။
ထို့နောက်ထမင်းစားကြသည်။ဧည့်သည်လည၍အထူးပြင်ဆင်ထားပုံရလေသည်။
ပန်းဥနှင့်ငြုပ်သီးရောထောင်းထားသည်။ဝက်သားကို အချဉ်အစပ် စပ်၍ချက်ထားသည်။
ကြက်သားကိုနုတ်နုတ်စင်းချက်သည်။အခြားဟင်းများကာဖွယ်ဖွယ်ရာရာ။
အလယ်ကောင်၌ငါးမုန့်ကြော်ပင်ပါသေး။
ထမင်းစားပြီးစကားစမြည်းပြောကြသည်။
“မြသာရေဖုန်းဆက်ချင်တယ်ကွာ။ငါဒီမှာခဏပဲနေမယ်စိတ်ကူးတယ်။ မင်းအတွက်ငါ
လူစားရှာလွတ်ပေးမယ်ကွာ”
“ဟာမင်းကလည်းကွာ ဘယ်လိုဖြစ်ရတာတုန်းကွား”
“အေးကွာဆော်ရီးပါကွာဒီတခေါက်စိတ်ထဲတမျိုးပဲကွာ။အိမ်မက်တွေလံမကောင်း
ဘူးကွ။ပြီးမေသူနဲ့လက်ထပ်ပွဲကလဲသိပ်မလိုတော့ဘုးလေကွာ”
“ဘာအတိတ်တွေလဲကွာ။ဒါတွေမင်းမယုံတတ်တာငါသိပါတယ်ကွာ”
“အော်ဒါကတကယ်မတွေ့ရသေးတော့မယုံနိုင်ဘူးဖြစ်တာကိုး။ငါဒီအလာလမ်း
သင်္ဘောပေါ်မှာအိမ်မက်လိုလိုဘာလိုလိုခဏခဏမက်တယ်ကွ။နိုးလိုက်တိုင်း
ခံစားချက်မကောင်းဘူး။တကယ်ဖြစ်ခဲ့တဲ့အတိုင်းမောမောသွားတယ်ကွ”
“ဆိုပါအုံးမင်းအိမ်မက်ကို”
“အိမ်မက်ထဲမှာငါကလူတယောက်ရဲ့အနောက်။မြင်းပေါ်မှာလိုက်စီးနေတယ်ကွာ။
ငါတို့ပြေးနေကြတာ။ငါတို့နောက်ကိုလိုက်လာတာဘာထင်သလဲ”
ဂျာနုူး လက်ဖက်ပွဲလာချပေးသည်။
“ဘာကလိုက်တာလဲ” မြသာကပြန်မေးသည်။
“ဝက်ဝံကြီး သုံးကောင်ပဲငါ့လူ”
“ဝက် ဝံ ” ဟု အံဩဟန်ရေရွတ်ပြီး ဂျာနုူးး နောက်သို့ဆုတ်လျက်ထိတ်လန့်သွား
လေသည်။

=================================================================

အခန်း ( ၄ ၅ ) ဆက်ပါအုံးမည်။

5 comments

  • Myo Thant

    August 29, 2013 at 4:28 pm

    ( ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့။
    မန္တလေးမြို့။ဂေါဝန်ဆိပ်ကမ်း။

    “ဘော် !!!!! ဘူးးးးးးးးးးးး ဘော်!!!!!”

    အောင်တံခွန်အမည်ရှိမန်း-ဗန်မော်ပြေးဆွဲနေသောရေယဉ်သင်္ဘော )

    မန်း – ဗန်းမော်ကို ပြည်ကြီးတံခွန် ( ၁ ) ၊ ( ၂ ) တို့သွားတယ် ၊ ဒါတောင် နဝတ ခေတ်မှ ၊
    ၁၉၈၄ ဆို ပစောက်နဲ့ စတဲ့ အညာဆန်ကြီးတွေပဲ သွားတာ ၊
    ဥပမာ – ပုံတောင် ပုံညာ ပြည်သူ ပိတောက် ပြဒါးရှင် ပြဒါးပျံ ပေါက်တန်း ပတ္ထမြား ပန်းတော်

    • မင်းခန့်ကျော်

      August 29, 2013 at 4:49 pm

      စိတ်ကူးယဉ်ဇာတ်လမ်းမို့
      မရှိတာတွေ
      မဖြစ်နိုင်တာတွေ
      သဘာဝမကျတာတွေ
      အများကြီးလာပါလိမ့်အုံးမယ်။
      လက်တွေ့ကမ္ဘာက
      စိတ်ကူးယဉ်ကမ္ဘာလောက်
      တခါတရံမကောင်းဘူးဗျ။
      (ရောင်းတမ်းဝင်စာရေးဆရာများကတော့
      ကွင်းဆင်းလေ့လာအကုန်အကျခံပြီးရေးသားနိုင်
      ကြပါသည်။ကျတော်ကတော့ ထိုင်ရာမထ
      စိတ်ကူးယဉ်ပါသည် :mrgreen:)
      ကမ္ဘာကျော် သန်းချီရသောဇာတ်လမ်းများသည်ပင်လျှင်
      အမှားများ အလွဲများရှိပါသည်။
      သတ်ပုံအမှားတော့သီးခံပါဗျိုးး။

  • Ko chogyi

    August 29, 2013 at 8:43 pm

    ကိုမျိုးသန့်ပြောသလိုပါပဲ။ စိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်
    ဒေသနဲ့ ကိုက်ညီအောင်တော့ရေးမှ ဖြစ်မယ်။
    အောင်တံခွန်ရေယာဉ်တွေမှတ်မိနေတယ်ဆိုတော့
    ရခိုင်ပြည်နယ်ကို စိတ်ဆွဲနေပုံရတယ်။
    ငယ်ငယ်က စုလှဖြူရေးတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးတယ်(စာအုပ်နာမည်တော့မမှတ်မိဘူး)
    သူစာအုပ်ထဲမှာ ညောင်ဦးလေဆိပ်ကို လှည်းယဉ်နဲ့လာကြိုတယ်လို့ရေးပြီး
    နောက်အခန်းမှာကြတော့ အရိမဒ္ဒနလှေဆိပ်မှာ ညနေပိုင်းဆုံကြတယ်လို့ ရေးထားတယ်။
    တစ်ကယ်တော့ လှည်းယဉ်နဲ့ကြိုတဲ့ခေတ်မှာ အဲဒီလှေဆိပ် ပြန်မဖော်ရသေးဘူး။
    ခြုံတောကြီးပဲရှိသေးတယ်။ ၁၉၉၁ ခုနှစ် နဝတ လက်ထက်မှ ခြုံတွေရှင်းပြီး ပြန်ဖော်တာ။
    ကာလဒေသအခြေအနေ မကိုက်ညီဘူးဖြစ်သွားတယ်။
    ရုတ်တရက်တော့ မသိသာဘူးပေါ့။ ဒေသခံတွေအနေနဲ့ကြတော့ တစ်မျိုးဖြစ်နေတာပေါ့။

    • မင်းခန့်ကျော်

      August 30, 2013 at 9:03 am

      ဒီလိုရွာထဲမှာပိုစ့်အနေနဲ့တင်ရတာ ကောင်းတဲ့

      အချက်ကိုပြောရ ရင်- စာရေးသူနဲ့ စာဖတ်သူတိုက်

      ရိုက်ပြောလို့ ဝေဖန်ပေးလို့ရတဲ့အချက်ပဲဗျ။

      ဒါကိုကျနော်ကြိုက်တယ်။

      ကျနော် ဝတ္ထုတွေ အများကြီးဖတ်ဖူးတယ်။ ဇာတ်လမ်းတွေ

      အများကြီးကြည့်ဖူးတယ်။ဒါပေမဲ့ ဖန်တီးသူနဲ့ ထိတွေ့ဖို့

      အခွင့်အလမ်းမရှိဘူး။

      ကိုချိုလဲ စုလှဖြူ ရဲ့ဝတ္ထု ကို တိုက်ရိုက်ဝေဖန်ခွင့်ရမယ်မထင်ဘူး။

      နောက် အခန်းတွေမှာ ဒေသခံ တွေသိထားတဲ့ အချက်အလက်တွေ

      ပကတိ အရှိတရားတွေ နဲ့က ဇာတ်လမ်းအတွက် အဆင်မပြေဖြစ်တာမို့

      မရှိတာတွေ ခေတ်မမှီတာတွေ အစရှိသည်ဖြင့် ထည့်သွင်းထား

      ပါသေးကြောင်း။

      မည်သည့် ဝတ္ထုကိုမှ မှီငြမ်းထားခြင်း ဘာသာပြန်ယူခြင်း ကိုးကား

      ထားခြင်း မရှိပဲ မိမိစိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ဖြစ်ပြီး

      ဟောလီးဝုဒ် ဇာတ်ကားများမှ မဖြစ်နိုင် မဖြစ်ဘူး သေးသော

      အကြောင်းဇာတ်လမ်းများ ကဲ့သို့ ဖန်တီးထားမိပါ၍ ဒေသနှင့်

      ကိုက်ညီမူ့စံကိုမူ ဖောက်ထွက်သည်ကို နားလည်ပေးကြပါခင်ဗျာ။

  • Ko chogyi

    August 29, 2013 at 8:45 pm

    ဖုန်တထောင်းထောင်းနဲ့ ခွန်သာလမ်းကိုတော့ လွမ်းမိပါတယ်။

Leave a Reply