သတိုးကြီးမိုက် နှင့် ပထမ မန်းဂဇက် နိုင်ငံတော်…။

black chawAugust 29, 20131min40048

တစ်ခါသားမှာဖြင့် ပေါ့ကွယ်…။
ဘုန်းလက်ရုန်း တန်ခိုးတော် ကြီးမားတယ်ဆိုတဲ့ တောင်လှေကားမြို့စား ကြီးမိုက်တစ်ယောက်
မန်းဂဇက် နိုင်ငံတော်ကြီးရဲ့ ထီးနန်းကို သိမ်းပိုက်ရရှိတော်မူခဲ့သတဲ့…။
ဒန်…ဒန့်…ဒန်…။
အောင်မယ်…နန်းတက်တော့ ခံယူတဲ့ ဘွဲ့အမည်က သတိုးကြီးမိုက် တဲ့ဗျာ…။ လုပ်ပေါက်ကိုက…။
ဟေးဟေး…ပညာရှိ အမတ်ကြီး ကိုရင်စည်သူ တွက်ချက်ပေးတယ်ပြောတာပါပဲဗျာ…။
သတိုးကြီးမိုက် နန်းတက်တဲ့ အထိမ်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ မာဆတ်ဆိုင်တွေ…၊
ကာရာအိုကေဆိုင်တွေကိုတစ်နေ့တာ ဖရီး ကုသိုလ်ဖြစ် လှူတော်မူစေတယ်တဲ့ ကျောင်းဒကာတို့ရေ…။
အရက်မျိုးစုံကိုလည်း သဒ္ဒါတရားထက်သန်စွာနဲ့ ဖရီးသောက် ခွင့်ပြုခဲ့သတဲ့ဗျာ…။
ပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း…။
ဟယ်…တွေးကြည့်ရုံနဲ့တင် ကြက်သီးမွေးညင်း ထလောက်ပါရဲ့…။
သာဓုပါဗျာ…၊ သာဓု…သာဓု…။
ဘုရင်အသစ်တက်တယ်ဆိုတော့ ထုံးစံအတိုင်း ပုန်ကန်ခြားနားကြသူတွေလည်း ရှိခဲ့တာပေါ့ဗျာ…။
ရမလားလို့ မခန့်လေးစားလုပ်တဲ့ သဘောပေါ့…။
ပုန်ကန်ကြသူတွေထဲ ရဲဘော်ရဲဘက် တေဘော်တေဘက် သောက်ဖေါ်သောက်ဘက်
အုတ်ကျင်းစား ရာဇာဘလက်ချော လည်း ပါနေခဲ့ပါတယ်…။
သတိုးကြီးမိုက် ဟာ ရဲဘော်ရဲဘက်ခြင်း ဆိုတဲ့ စိတ်နဲ့ ရာဇာ ဘလက်ချောကို သိမ်းသွင်းဖို့ ကြိုးစားခဲ့ပါသေးတယ်…။
စစ်ကို ရှောင်လွှဲဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါသေးတယ်…။
မရခဲ့ပါဘူး…။
နောက်ဆုံးမှာတော့ သတိုးကြီးမိုက်ဟာ ရာဇာ ဘလက်ချောရဲ့ တိုက်ချင်ခိုက်ချင်တဲ့ စိတ်ကြောင့်
မလွှဲမရှောင်သာခဲ့ပဲ စစ်ပွဲကိုသာ ရွေးခြယ်လိုက်ရပါသတဲ့…။
သတိုးကြီးမိုက်လည်း ရာဇာ ဘလက်ချော နဲ့ ရင်ဆိုင်ဖို့ ဆင်၊ မြင်း၊ လား အလုံးအရင်းဖြင့် ချီတော်မူပါတယ်…။
စစ်ပွဲမှာ ဆင်တပ် မြင်းတပ် လားတပ် တွေနဲ့ စီးချင်းထိုးကြပြီးသကာလ ရာဇာ ဘလက်ချောကို် လက်ရဖမ်းမိလိုက်သတဲ့…။
သတိုးကြီးမိုက်ဟာ ရာဇာဘလက်ချော ကို စိတ်နာနာနဲ့ စားသောက်စားပွဲထက်မှာ ပက်လက်လှန်စေပါတယ်…။
ပြီးတော့ လူပုံအလယ်မှာပဲ လက်စွဲတော် သံလျက်နဲ့ လည်လှီးပြီးသတ်တော်မူသတဲ့…။
သတ်ပြီးတာနဲ့ ချက်ခြင်းကြီးပဲ ရာဇာဘလက်ချော အလောင်းကောင်ကြီးရဲ့ ရင်ဘတ်ထက်မှာ
Prome စားသောက်ဆိုင်မှ မှာယူထားသောဆတ်သားခြောက်ပန်းကန်ကို တင်တော်မူူ၍
Double Black နှင့် မြည်းတော်မူသတဲ့…။
အော် ရက်စက် ကြမ်းတမ်းလွန်းသော ဘုရင် ပါတကား…ကျောင်းဒကာတို့ရေ…။
အဲဒီလို ရာဇာဘလက်ချော အလောင်းပေါ်မှာ ဆတ်သားခြောက်ပန်းကန်တင်ပြီး အရက်သောက်တာကို မှူးမတ်တွေ
ရဲမက်တွေ မြင်တော့ အလွန်ကြောက်ရွံ့ကြကုန်တယ်လို့ ဆိုပါတယ်ဗျာ…။
အင်း…အကြောက်တရား…၊ အကြောက်တရား…။
ခေတ်အဆက်ဆက် အကြောက်တရားနဲ့ ကို မကင်းနိုင်ခဲ့ကြပါဘူးကွယ်ရို့…။
မိဖုရားကြီးဘက်လှည့်လိုက်ကြဦးစို့ရဲ့…။
ဒီဇာတ်မှာ မိဖုရား က အရေးတော်တော် ကြီးတယ်လေကွယ်…။
သတိုးကြီးမိုက်ကြီးက နန်းတက်တော့ ငယ်ငယ်က လင်မယားလုပ်တမ်း ကစာဖေါ်ကစားဘက် စိုးမြတ်သူဇာ ကို
မိဖုရားကြီးမြှောက်ခဲ့သတဲ့ကွယ်…။
စိုးမြတ်သူဇာ မိဖုရား ကြီးဟာ လုံးကြီးပေါက်လှ ရွှေဘို မင်းကြိုက်စိုးကြိုက်…။
ယောက်ျားတွေအပေါ် စွဲဆောင်နိုင်စွမ်းလို့ ခေါ်တဲ့ Sexy ဖြစ်လွန်းလို့
သတိုးကြီးမိုက် ဘုရင်ကြီးခင်ဗျာ အနားက တစ်ဖုဝါးမှ မခွာနိုင်အောင် ဖြစ်တော်မူသတဲ့ ကျောင်းဒကာတို့ရေ…။
အော် တဏှာရာဂများ…အတော် ရွံစရာကောင်းပါလားကွယ်…။
ထားလိုက်တော့ …အဲဒီ တဏှာကြီးကို…။
ခိုးသူတစ်ယောက် သောင်းကျန်းတဲ့ ဘက်လှည့်ကြဦးစို့…။
ငအံစာပြားဆိုတဲ့ ခိုးသူတစ်ယောက်ဟာ
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတဲ့ မူကို ကိုင်စွဲပြီး…
ခိုးတဲ့ အလုပ်ကို လုပ်တော်မူနေသတဲ့…အဲ…ခိုးနေသတဲ့ကွယ်…။
ဒီ သူခိုးက နည်းနည်းထူးခြားပါတယ်…။
ခရိုနီခေါ်တဲ့ သူဌေးကြီးတွေဆီက ခိုးပြီးတော့ ဆင်းရဲသား လူထုကို ပြန်ဝေငှပေးသတဲ့ကွယ်…။
ပရဟိတ သူခိုးပေါ့ဗျာ…။
ကြောင်ဆေးပဲ ထိုးထားသလိုလို ဘာလိုလို…ဟေးဟေး…။
ဆိုတော့…။
ငအံစာပြားဆိုတဲ့ သူခိုးကို ဆင်းရဲသားကျောမွဲလူတန်းစားတွေက အင်မတန်ချစ်ကြသတဲ့…။
ခရိုနီသူဌေးကြီးတွေက အလွန်မုန်းတည်းပြီး လက်ရဖမ်းဆီးပေးဖို့ ဘုရင်ကြီးသတိုးကြီးမိုက် ထံ
တိုင်ကြားကြတယ်ပေါ့ဗျာ…။
သူခိုး ငအံစာပြား ကလည်း သူ့ကို ပြည်သူလူထုက ချစ်လို့ အကာအကွယ်ပေးထားတယ်ဆိုပြီး
လေကြီးလေကျယ်တွေ ပြောတယ်တဲ့…။

ငါ့ကို ဘုရင် ကိုယ်တိုင်ဖမ်းမှ သတ်ခွင့်ရမယ်…။
တခြားသူ ဖမ်းလျှင်တော့ ဘယ်တော့မှ မရဘူးဟေ့…။

လို့ အလုံးကြီးကြီးနဲ့ ထုသတဲ့…။
ဒါနဲ့…။
ဘုရင်လည်း ထောက်လှမ်းရေးဌာနကြီးမှူး အမတ်မင်း ကို ခေါ်ပြီး စကားပြောရတယ်ပေါ့ဗျာ…။
သတိုးကြီးမိုက် ။ ။ ဟယ် အမတ်မင်း…၊
မန်းဂဇက် တစ်ခွင်တွင် ငအံစာပြားဆိုသော ခိုးသူတစ်ယောက်
သောင်းကျန်းနေတဲ့ သတင်း ငါ့ နားထဲအထိရောက်လာပါရောလား…။
နင် ဘာတွေ ထောက်လှမ်းထားပြီးပြီလဲ…၊ ခုချက်ခြင်း လျှောက်တင်စေ…။
အမတ်မင်း။ ။ မှန်လှပါ…၊ ဘုန်းတော်ကြောင့် သူဌေးကြီး ဦးရွှေသွေးနဲ့ သူဌေးကြီး ဦးဈော်ဈော် တို့ အိမ်တွေ
ဖေါက်ထွင်း ခိုးယူခံလိုက်ရကြောင်းပါ…။
သတိုးကြီးမိုက်။ ။ သယ်…။ သူ့ဟာသူ အခိုးခံရတာ ဘယ့်နှယ့်ကြောင့် ငါ့ဘုန်းတော်ကြောင့် ဖြစ်ရသလဲ…။
အမတ်မင်း။ ။ မှန်လှပါ…။ စကားမှားသွားပါတယ် ဘုရား…။ ခွင့်လွှတ်တော်မူပါ…။
သတိုးကြီးမိုက်။ ။ အိမ်း…၊ ငါ့ ဘော်ဘော်တွေ အခိုးခံရတာ ငါအခိုးခံရသလိုပဲ ခံစားရတယ်…။
အမြန်ဖမ်းနိုင်အောင် စုံစမ်းထောက်လှမ်းပါ…။
အမတ်မင်း။ ။ မှန်လှပါ…။ ငအံစာပြားက ကြုံးဝါးထားပါတယ်…။ ဘုရင်မှလွဲ၍ ငါ့ကို မဖမ်းနိုင်…
စွမ်းသူရှိက ဖမ်းကြည့်ကြလို့ ကြုံးဝါးထားကြောင်းပါ…။
သတိုးကြီးမိုက်။ ။ သယ်…၊ ရာရာစစ…၊ တယ်လည်း ဆိုတဲ့ သူခိုးပါလားကွယ့်…။
အမတ်မင်း။ ။ မှန်ပါ…။ ကျွန်တော်မျိုုးကြီးတို့လည်း ဖမ်းဖို့ ကြိုးစားကြပါတယ် ဘုရား…။
ဒင်းကိုက စွမ်းလွန်းနေတာပါ ဘုရား…။
ထောက်လှမ်းရေးဌာနကြီးမှူး အမတ်မင်း ကလည်း သာသာထိုးထိုးလေး လျှောက်တင်တာပေါ့…။
သတိုးကြီးမိုက်။ ။ ဒီသူခိုးနဲ့ ပတ်သက်ပြီး ဘာတွေ ထောက်လှမ်းထားပြီးပြီလဲ…။
အမတ်မင်း။ ။ မှန်ပါ…။ လှည်းတန်းရပ်တွင်နေသော လုံမငယ် တစ်ယောက်နှင့် ချစ်ကြိုက်ရည်ငံနေတယ်လို့
သတင်းအတိအကျရထားကြောင်းပါ…။
သတိုးကြီးမိုက်။ ။ အေး လုံမငယ် နှင့် မျှားရင် ငအံစာပြား ဘာခံနိုင်မတုန်း အမတ်ကြီးရဲ့…။
အမတ်မင်း။ ။ မှန်ပါ…။ ဘုန်းတော်ကြောင့် ခံနိုင်လိမ့်မည် မဟုတ်ကြောင်းပါ…။
အဲဒီလိုနဲ့ ဘုရင် သတိုးကြီးမိုက်နဲ့ ထောက်လှမ်းရေးဌာနအကြီးအဲ အမတ်မင်းတို့ဟာ သူခိုး ငအံစာပြား ဖမ်းမိဖို့
လှည်းတန်းရပ် က လုံမငယ် အိမ်ပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ် စောင့်တော်မူနေရသတဲ့ကွယ်…။
အသေးစိတ်တွေရေးနေရင် ပေရှည်နေမှာစိုးလို့ …
လုံမငယ် နဲ့တွေ့ဖို့လာတဲ့ ငအံစာပြားတစ်ယောက် အဖမ်းခံလိုက်ရတယ်ပေါ့ဗျာ…။
ချစ်သူနဲ့ တွေ့ရတော့မယ်ဆိုပြီး ငံ့လင့်နေတဲ့ လုံမငယ်တစ်ယောက် မျက်ရည်ဝိုင်းရလေသတည်းပေါ့…။

မေ့မျက်ရည်ဝိုင်း…မေ့မျက်ရည်ဝိုင်း…
တွေးမိလေတိုင်း ငိုချင်တယ်…

အဲဒီသီချင်းကို နောက်ခံထားပြီး လုံမငယ် လွမ်းခန်းပေါ့…။

သတိုးကြီးမိုက်လည်း ငအံစာပြားကို မေးတော်မူတယ်…။
ဟယ် ငအံစာပြား…၊ သင် ဘယ်လက်နက်နဲ့ သေလိုသနည်း…
ငအံစာပြား က ပြန်ဖြေပါတယ်…။
မင်းကြီး ငါ့ကို မိပြီိဆိုတော့ အလိုရှိသလိုသာ သတ်တော်မူပါ…။
ငါ့ဆန္ဒကို မေးရင်တော့ မင်းကြီး မိဖုရား စိုးမြတ်သူဇာ နှင့် တစ်ညလောက် ချစ်ပွဲဝင်ခွင့်ရချင်ပါတယ်…။

ဘုရင်ကြီး သတိုးကြီးမိုက် က တအံ့တဩနဲ့ ပြန်မေးသတဲ့…။
ဟယ် ငအံစာပြား…၊ ငါ့ မိဖုရားကို နင်တမ်းတတယ်…၊ နင်မြင်ဖူး သလား…။

ငအံစာပြားလည်း ဒီလောက်တော့ အပျော့ပေါ့ ဆိုတဲ့ မျက်နှာပေးနဲ့…။

အို…မင်းကြီး၊ ငါအလိုရှိရာနေရာကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်သွားလာနိုင်သောအစွမ်း ငါ့မှာရှိပါတယ်…။
ဒါကြောင့် မင်းကြီးမိဖုရားစောဥမ္မာအိပ်စက်တော်မူသော အခန်းတွင်း ထိ ငါရောက်ခဲ့ဖူးပါတယ်…။
မင်းကြီး မြင်ဖူးသလောက် ငါလည်း မြင်ဖူးသည်ဟု မှတ်ပါ…။

ဗုဒ္ဓေါ…။
အာဂသူခိုးပါတကား…။
ငါ့ မိဖုရားကိုများ ငါမြင်ဘူးသလောက် မြင်ဘူးတယ် ဆိုပဲ…။
ဒင်း တို့ ခြင်း ကင်းကင်းရှင်းရှင်း မှ ရှိပါလေစ…။
ဟယ်…ဘာပဲ ဖြစ်ဖြစ် ဒီလောက်စွမ်းတဲ့ သူခိုး အကြောင်းမဲ့ မသေစေရာ…။
ငါ ခိုးချင်တာရှိ ခိုးခိုင်းရအောင် အသက်ကိုမသတ်ပဲထားဦးမှ တော်မယ် ဆိုတဲ့ အတွေးနဲ့
ငအံစာပြားကို ရွှေတိုက်စိုး ရာထူးခန့်အပ်ပြီး (ဟေးဟေး သူခိုးကို ဘဏ္ဍာတိုက်သော့အပ်ခဲ့တာ ဟိုခေတ်ကတည်းကဗျ…)
သူကောင်းပြုလိုက်သတဲ့ကွယ်…။

48 comments

  • garfield

    August 29, 2013 at 12:12 pm

    မကြီးစိုး ဆိုရင် ကိုယ့်တောင် စိတ်ဝင်စားသေးးးး :mrgreen:

    ရွှေတိုက်စိုး ရာထူးပေးလို့ တိုက်တိုက် ငိုနေပါဦးမယ်။
    ခွိခွိခွိ
    ကလေး ထိန်းနေရလို့ မအားတုန်းလေးးး ရာထူးပျောက်ပြီဆိုပြီးးးး

    အမတ်မင်းတို့ ကင်းပုန်းဝတ်တာ ပုလင်းလေး ပါသေးလားးးးး 😀

  • black chaw

    August 29, 2013 at 1:07 pm

    garfield ဆိုတာကို ကြောင်ဝတုတ်ပဲရယ်လို့…မှတ်ပြီး…
    ကွန်းမန့်တွေပြန်ပြန်ရေးနေခဲ့တာ ၂ ပုဒ် ၃ ပုဒ် ရှိနေခဲ့ပါပြီ…။
    ဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် khaingzw@gmail.com
    ဆိုတာ တွေ့လိုက်မှ မခိုင်ဇာ မှန်း သိသွားတာဗျ…။
    အိုဘယ့် ပြောင်းပဲ ပြောင်းနိုင်လွန်းတဲ့နာမည်တွေကြောင့်…
    မျက်စိလည်သွားရကြောင်းပါ…။
    ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် အထူးကျေးဇူးပါ ဗျာ…။
    :mrgreen:

  • KZ

    August 29, 2013 at 1:18 pm

    ဖစ်ရလေ ကိုဘလက်ရယ်။
    ဓာတ်ပုံပါရဲ့ နဲ့။

    😀

  • Inz@ghi

    August 29, 2013 at 1:26 pm

    အူးလေး အူးလေး မားခိုမ် ကုန်းကုန်း ဖစ်သွားတဲ့ အခန်းကျန်ခဲ့သေးဒယ်

    • black chaw

      August 29, 2013 at 1:36 pm

      @ Inz@ghi ;
      ဦးကုလား မဟာရာဇဝင်ကြီးထဲက သတိုးမင်းဖျား ဘုရင် ခေတ်ကို…
      ကိုယ်လိုရာဆွဲယူပြီးရေးထားတာပါကွယ်…။
      နင့်ကို အားကျလို့…ပြီးတော့ ကိုးရီးယားကားတွေအားကျလို့…
      အခန်းဆက်အနေနဲ့…ရေးမလို့…။
      စိတ်ပါဝင်စားသူများရင်…ဆက်…ရေး…ဦး…မှာ…။
      :mrgreen:

  • Wow

    August 29, 2013 at 1:29 pm

    ပထမ မန်းဂေဇက်နိုင်ငံဒေါ်ဆိုတော့ ဒုတိယ တတိယတွေရှိသေးတယ်ပေါ့… :kwi:

  • Myo Thant

    August 29, 2013 at 1:40 pm

    ( အဲဒီလိုနဲ့ ဘုရင် သတိုးကြီးမိုက်နဲ့ ထောက်လှမ်းရေးဌာနအကြီးအဲ အမတ်မင်းတို့ဟာ သူခိုး ငအံစာပြား ဖမ်းမိဖို့
    လှည်းတန်းရပ် က လုံမငယ် အိမ်ပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ် စောင့်တော်မူနေရသတဲ့ကွယ်…။ )

    ရာရာစစ ကျုပ်တို့လှည်းတန်းက လုံမငယ် ကိုများ ၊
    ဘုရင်သော ဘဏ္ဍာစိုးသော နားမလည်ဘူး ၊
    ကမာရွတ်မြို့စား ကျုပ်ဆီက ခွင့်ပြုချက်မတောင်းပဲ ထပ်ဝင်လာလို့ကတော့
    အောင်မြေသာစည်မှာတင် မထနိူင်အောင် လုပ်ပစ်မယ် ၊

    • black chaw

      August 29, 2013 at 1:47 pm

      @ Myo Thant ;
      စိတ်လျှော့ပါ ကျောင်းဒကာကြီးရေ…။
      ဒါမျိုး ဆိုတာ လုံခြုံအောင် ထုတ်ပိုးထားလို့ ရတာမျိုးမှ မဟုတ်တာနော့်…။
      အော် ဖြစ်…ပျက်…ဖြစ်…ပျက်…။
      :mrgreen:

    • Swal Taw Ywet

      August 30, 2013 at 1:35 pm

      ဘုရင် သတိုးကြီးမိုက် က သူနန်းတက်တာနဲ့ ရွှေနန်းတော်ကို မြကန်သာမှာပြောင်းဆောက်ခဲ့တာခင်ဗျ။
      အောင်မြေသာစည် နဲ့ လမ်းလေးဘဲခြားတဲ့ဟာကို။
      ကင်းပုန်းဝပ်တာက စံရိပ်ငြိမ်က နယူးဝင်း၊ ပစ်ဖမ်းတာက ကြိုးနဲ့ဟုတ်ဘူး Tiger နဲ့။
      သဟာကြောင့်မဟာအံစာ မရှောင်နိုင်ဖြစ်သွားတာ ပါ မြို့စားမင်းဖလားးးးးး။
      With respect,
      Swal Taw Ywet.
      လက်ခုတ်ပင်နယ်မြေ။
      ကမာရွတ်။

      • black chaw

        September 5, 2013 at 9:27 am

        @ Swal Taw Ywet ;
        ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးအထူးပါ ကိုစွယ်တော်ရွက်ကြီးရေ…။
        ဒီနေ့ ကွန်းမန့်တွေ ပြန်ဖတ်ကြည့်မိတော့မှ ကိုစွယ်တော်ရွက် ကို Reply မလုပ်ရသေးတာ
        သွားတွေ့ပါတယ်…။
        နောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ…။
        မဆုံဖြစ်တာ အတော်ကြာသွားပြီနော်…။
        ဆုံကြဦးစို့ဗျာ…။
        လေးစားချစ်ခင်တဲ့…
        ဘလက်ချော…။
        :mrgreen:

  • black chaw

    August 29, 2013 at 1:44 pm

    @ Wow ;
    ကွယ်…ဆက်ရန်ရှိပါသေးတယ်ဆို…။
    :mrgreen:

  • kai

    August 29, 2013 at 2:10 pm

    အင်း…
    ဖွဲ့ရချည်သေးရဲ့..ဖွဲ့ရချည်သေးရဲ့..
    လက်ပြောတာပါ…

    ဆိုတော့.
    မကြီးစိုးအကြောင်းကြားတိုင်း.. မြန်မာအမျိုးသမီးတွေဤမျှကြီးမားထွားကျိုင်းကြသလောလို့ဆိုတတ်တဲ့.. ဂျပန်မိတ်ဆွေဒါရိုက်တာတယောက်ကို သတိရမိတယ်..

    ထွားကျိုင်းကြသလော…
    ♩ ♪ ♬♭♫ သန်မာထွားကျိုင်းတယ်… ♩ ♪ ♬ ♯♭ ကမာ္ဘသူအလယ် လျှောက်သွားမယ်.. အလွန်တင့်တယ် …သုံးတောင်ဝတ်အားမငယ် ♬ ♮ ♯♭♫

    ကွိ.. :mrgreen:

    • black chaw

      August 29, 2013 at 2:56 pm

      @ kai ;
      အော်…သူကြီးရယ်…။
      သိတ်အလွန်အကျူးပြောတတ်တဲ့လူလို့ စွတ်စွဲရင်လည်း ခံလိုက်တော့မယ်…။
      စိုးမြတ်သူဇာ ဆိုတာ
      ကျွန်တော်တို့ အရွယ်တန်း မျိုးဆက်တွေထဲမှာတော့
      အကြီးကျယ်ဆုံး ထွက်ပေါ်လာမှုတစ်ခုလို့ကို
      လွန်လွန်ကျူးကျူးတင်စားလိုက်ပါရစေဗျာ…။
      အင်း…
      အခုမှ နေသာထိုင်သာ ရှိသွားတယ်…။
      :mrgreen:

      • Inz@ghi

        August 29, 2013 at 4:04 pm

        သဂျီး ခင်ဝင့်ဝါလေးမမြင်ဖူးသေးဝူးကိုးးး
        သနားထှာ. သင်ချာကြီး. နဲ့ယုစ့်ကလေးကိုတောင်. စာမဖွဲ့ချင်တော့ဗူး အူးလေးရယ်

    • Mr. MarGa

      August 29, 2013 at 3:52 pm

      ထွာစိုင်လေးသစ် ငယ် လူဗိုလ်ပုံအလည် သူ့ခါးကို လေတိုးရင်တော့ ကျိုးလောက်ဖူးနော့ :kwi:

  • Mr. MarGa

    August 29, 2013 at 2:13 pm

    အဲဒီ ငအံစာပြားဟာလေ
    နာမည်အတိုင်း မျက်နှာတော့ အတော် များသနော်
    လှည်းတန်းရပ်က လုံမငယ် ကိုလည်း ကလီတီတီ လုပ်သေး
    ဘုရင့် မိဖုရားကိုလည်း တောင်းသေး
    သတိုးကြီးမိုက် မို့လို့သာ ဗျ
    သိကြားမာဃ ရဲ့ နတ်ပြည်မှာသာဆိုရင်
    ကျောတစ်ရာ ရင်တစ်ရာ ဝရဇိန်နဲ့ နှက်ပြီး
    အဝီစိကို တိုက်ရိုက်လိုင်းနဲ့ ပို့ပစ်တယ် :mrgreen:

    • black chaw

      August 29, 2013 at 2:59 pm

      @ Mr. MarGa ;
      ကွန်းမန့်လေးအတွက် ကျေးဇူးနော် ကိုမာဃရေ…။
      အံစာတုံးကနေ အံစာပြား ဖြစ်သွားပါပြီဗျာ…။
      ခွင့်လွှတ်လိုက်ပါ…။
      :mrgreen:

  • nozomi

    August 29, 2013 at 2:31 pm

    မှန်ပါ…။ လှည်းတန်းရပ်တွင်နေသော လုံမငယ် တစ်ယောက်နှင့် ချစ်ကြိုက်ရည်ငံနေတယ်လို့
    သတင်းအတိအကျရထားကြောင်းပါ…။

    ဆိုတော့ လှည်းတန်းသူတွေကို ကြိုက်တဲ့ ရွာသားတွေကလဲ အများသား ပဲ

    • black chaw

      August 29, 2013 at 3:03 pm

      @ nozomi ;
      လှည်းတန်းဆိုတာ အရင်တုံးက တစ်ပြည်လုံးရဲ့ လူငယ်တွေရဲ့ အိပ်မက်ပေါ့ ကိုနိုကြီးရယ်…။
      ရန်ကုန်တက်ကသိုလ်ကြီးနဲ့ လှည်းတန်း ဆိုတာ ခွဲခြားလို့ မှ မရတာ…နော့်…။
      နောက်… လှည်းတန်းကို ကျွန်တော် တို့ စွဲလန်းရခြင်း အကြောင်းတွေထဲမှာ
      ကောင်မလေး တွေ လန်းတာလည်း ပါတယ်ဗျ…။
      ကြိုက်တယ်…။
      အရမ်း…။
      :mrgreen:

  • ဦးကျောက်ခဲ

    August 29, 2013 at 2:40 pm

    ဟီ ဟိ ဒဘယ်ဘလက်ဆိုလို့ အမှူတွဲထဲ ကျောက်စ်ပါပြီ မှတ်နေတာ…
    တော်ပါသေးရဲ့… ဒီတခါတော့ လွတ်တယ်…
    😀

    • black chaw

      August 29, 2013 at 3:08 pm

      @ ဦးကျောက်ခဲ ;
      ဇာတ်က ပြီးသေးဘူးလေ…။
      ဒီဇာတ်က ဇာတ်အိမ်ကြီးတယ်ကွယ်…။
      ဇာတ်ကောင်တွေ အများကြီးနဲ့ ရုပ်ရှင်သာ
      ရိုက်ထည့်လိုက်ရရင်…
      လူမင်းရဲ့ ကျန်စစ်မင်းလောက်တော့ သနားသေးတယ်…။
      ဒါ…မဟာရာဇဝင်ကြီးဖတ်ပြီး
      ဒါရိုက်တာလုပ် ရုပ်ရှင်ရိုက်ချင်စိတ် ဖြစ်နေမိတဲ့…
      မြန်မာရာဇဝင်ထဲက အစိတ်အပိုင်းလေး တစ်ခုပါ…။
      ပိုက်ဆံသာ ထုတ်ပေးလို့ကတော့လေ…
      ရိုက်ဖြစ်အောင်…
      ရိုက်…ဦး…မှာ…။
      :mrgreen:

  • ရဲစည်

    August 29, 2013 at 4:29 pm

    ဒါနဲ့ တဆိတ်လောက် မေးပါရစေ စိုးမြတ်သူဈာကနေ စောဥမ္မာပြောင်းလိုက်သလားပေါ့ နောက်တခုက မင်းတြားမိုက် ရာဈဘလက်ချောကို ပက်လက်လှန်ပီး လှီးတဲ့အချိန် သံလျက်ကို ဘယ်ကကိုင်လား ညာကကိုင်လား သိပါရစေ

    • black chaw

      August 30, 2013 at 9:12 am

      @ ရဲစည် ;
      ကွန်းမန့်ရှင်တို့ အလယ်တွင် ကောင်းသတင်းကြွယ်လျက်ရှိသော
      ရဲစည် သည် ရဲစည် သာ ဖြစ်ပါကြောင်း….။
      ကြိုတင်ဝန်ခံထားပါတယ် ငရဲစည် ငယ်…။
      အဲဒီ သမိုင်းကို ပြန်ဖတ်တိုင်း…
      စောဥမ္မာ နေရာရောက်ရင် စိုးမြတ်သူဇာကြီးပဲ
      မြင်မြင်နေတာဗျ…။
      ခွင့်လွှတ်ပါကွယ်…။
      :mrgreen:

  • surmi

    August 29, 2013 at 8:12 pm

    ဒို့ အစ်​ကိုကြီးဘလက်​ ပြန်​လာြပြီ ကွ !!!
    သရဲ​မ​ခြောက်​​တော့ဘူး 🙂
    ကိုင်​းဗျာ … တန်​းလန်​း​တော့မထားနဲ့ ဆက်​ဆက်​​မျှော်​​နေမယ်​​နော

    • black chaw

      August 30, 2013 at 9:20 am

      @ surmi ;
      ဒီပို့စ် က ခင်ဗျားကို ရည်ရွယ်ပါတယ် ကိုဆာမိရေ…။
      သရဲခြောက်တယ်ဆိုလို့ လူသံပေးလိုက်တဲ့ သဘောပါ…။
      ဆိုတော့…
      ဒီပို့စ်မှာ ကိုဆာမိပေးတဲ့ ကွန်းမန့်ကိုပါ ဘီစီရွေးခွင့်ပြုပါဗျာ…။
      :mrgreen:

  • kyeemite

    August 30, 2013 at 8:59 am

    ထောက်လှမ်းရေးဌာနအကြီးအကဲ အမတ်မင်း နဲ့ မနေ့ညက
    သူခိုး ငအံစာပြား ဖမ်းမိဖို့ အရေး
    လှည်းတန်းရပ် က လုံမငယ် အိမ်ပတ်ဝန်းကျင်မှာ
    ကင်းပုန်းဝပ် စောင့်ရင်း တော်တော်များသွားတာမို့(အိပ်ရေးပျက်တာပြောတာ)
    ဒီမနက် ခေါင်းတွေတောင်တစစ်စစ်ကိုက်တော်မူနေတယ်…
    တကယ်တမ်းအဖြစ်မှန်က…
    ရဲဘော်ရဲဘက် တေဘော်တေဘက် သောက်ဖေါ်သောက်ဘက်
    အုတ်ကျင်းစား ရာဇာဘလက်ချော ကျုပ်ကိုတောင်ပုန်ကန်အံတုနေပေမဲ့
    တကယ်မိလာပြန်တော့လည်း မသတ်ရက်ပါဘူး….
    သူနောင်ကျင်သွားအောင် စားပွဲပေါ် ပက်လက်တင်…သံလျှက်နဲ့ လယ်မျိုကိုရွယ်ရုံတင်ရှိသေး
    ရာဇာဘလက်ချော သတိလစ်သွားလို့
    သူ့ဗိုက်ပေါ် အမြည်းပန်းကန်တင်ပြီး သောက်လိုက်တာ
    စားပွဲမှာတင်တခါထဲ မှောက်ပါရောလား…
    မနက်နိုးတော်မူမှကြည့်လိုက်တော့ ဒါဘယ်ဘလက်ပုလင်းလက်ကျန်ရယ်
    မိဘုရားကြီး စိုးရယ်..ရာဇာဘလက်ချော နောက်ပါသွားပါလေရောလား…. 😀

    • black chaw

      August 30, 2013 at 9:29 am

      @ kyeemite ;
      ရူးတယ်လို့ ပြောရင်လည်း ခံရတော့မှာပဲ ကိုမိုက်ရေ…။
      ခပ်ညံ့ညံ့ မြန်မာရုပ်ရှင်တွေ ကြည့်မိတိုင်း
      ငါ သာ ဒါရိုက်တာ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့ စိတ်ကူးထဲမှာ
      ရုပ်ရှင်တွေ ရိုက်ရိုက်နေမိတယ်ဗျ…။
      မြန်မာရာဇဝင်ထဲက သတိုးမင်းဖျား ခေတ်နဲ့ မင်းကြီးစွာစော်ကဲ ခေတ် ကြားက
      တချို့ အဖြစ်အပျက်လေးတွေဟာ
      ရုပ်ရှင် ရိုက်ရင် သိတ်ကောင်းမယ့် အကွက်တွေပေါ့ဗျာ…။
      ဟုတ်မဟုတ် စောင့်သာဖတ်…။
      မကြာမီ…လာမည်…။
      မျှော်…။
      :mrgreen:

  • ရွှေတိုက်စိုး

    August 30, 2013 at 9:11 am

    သတိုးကြီးမိုက် များ အေ… အံ့ပ… ဟိုတခါ ဂျပန်မှာ တောင်မငေးဒွေ ကိုယ်လုံးတီးနဲ့ အစားအစာတွေတင်စားတာ စားကောင်းတယ် ဆိုလို… အုပ်ကျင်းစား ဘလက်ချောကြီး ကိုယ်လုံးပေါ်တင်စားရင်ဖြင့်..ကောင်းမယ်ထင်ပေါင်…….အော့…
    ပြီးတော့ အဲဒီကိုယ်လုံးကြီးပေါ် Prome က ဆတ်သားခြောက် ပန်းကန်ကို ဘယ်နားတင်တာလဲဟင်… ဆတ်သားခြောက်မွကြောက်က အမျှင်သေးလေးတွေ.နဲ.တော့……….. စဉ်းစားသာကြည့်တော………..ခိခိခိခိခိ…

    ဟိုအကောင် သခိုး အံချာဒုံးကို နာသေသေချာချာကျောပါဒယ်… လှည်းတန်းသွားသွားအပွတ်မခံပါနဲ.လို… ဟော အခုတော့ … အံစာတုံးက နေ ပြားသွားပါပေါ့လား…… နာစကားမှ နားမထောင်တာ နဲ.သေး နဲ.တောင်နဲသေး…

    • black chaw

      August 30, 2013 at 9:33 am

      @ ရွှေတိုက်စိုး ;
      အေး…အဲဒီ အံစာပြားက နင့်မိန်းမကလေးမွေးလို့
      ခွင့်ယူထားတဲ့ အချိန်မှာ နင့် ရာထူး ယူသွားပြီ…။
      အော် ရွှေတိုက် ရွှေတိုက်…။
      ဘဏ္ဍာစိုးရာထူးနဲ့ အိုကေမှာ စိုပြေနေတုန်း
      ကိုယ့်နေရာ သူခိုးက လုယူသွားတဲ့အဖြစ်…။
      ဟယ်…ဆိုးလှတဲ့ နင့်ကံ…။
      စောင့်ဖတ်ပေတော့ ကွယ်…။
      (ဤကား ကြော်ငြာထိုးခြင်းဖြစ်ပါသည်…။)
      :mrgreen:

      • ရွှေတိုက်စိုး

        August 30, 2013 at 11:02 am

        စောင့်နေပါတယ်… ဟုတ်ရင်ဟုတ်ပေါ့ဗျာ.. မဟုတ်လို.ကတော့…
        သတိုးမိုက်ထက်ဆိုးတဲ့နည်းနဲ. မသတ်ပဲ…..
        သင်းကွပ်ပြစ်မယ်……………..ဟွန်…

  • Ma Ma

    August 30, 2013 at 9:18 am

    သတိုးကြီးမိုက် နန်းတက်တဲ့ အထိမ်းအမှတ်အတွက် အကြံပေးအမတ်တွေက သမဂ္ဂဝင်တွေဖြစ်မယ်။

    သတိုးကြီးမိုက်ဟာ ဘုရင်ဖြစ်တာနဲ့ ရဲဘော်ရဲဘက် တေဘော်တေဘက် သောက်ဖေါ်သောက်ဘက် ရာဇာဘလက်ချော ကို စိတ်နာနာနဲ့ လုပ်ရက်လိုက်တာနော်။

    ဒီလောက်လုပ်ရက်တယ်ဆိုကတည်းက ရည်းစားလုဖက် ရန်ကြွေးရန်စကြောင့်ပဲ ဖြစ်ရမယ်။ :loll:

    • black chaw

      August 30, 2013 at 9:41 am

      @ Ma Ma ;
      အဲဒါ ပြောတာ…။
      ပညာရှိတွေများ တွေးကြည့်ရင် ပြေးကြည့်သလိုပဲ…။
      သမိုင်းထဲမှာ ပါတဲ့အတိုင်းရေးထားတာ မမရေ…။
      တကယ်ပဲ အလောင်းကောင်ကြီးပေါ်မှာ စားသောက်ပွဲတင်ပြီး
      စားတယ်လို့ ရေးထားတယ်ဗျ…။
      မှူးမတ်ဗိုလ်ပါတွေကလည်း အဲဒါကို ကြည့်ပြီး ကြောက်ရွံ့ကုန်ကြတယ်တဲ့ ဗျ…။
      အဲဒါ…အဲဒါ…။
      :mrgreen:

  • ရက်စက်လိုက်တာ… ရေမြေ့ရှင်ရယ်…
    သများရဲ့ပြားပြား အဖမ်းခံရတာ.. သများ ပယောဂမကင်းဝူးပေါ့… ဟင့်…

    အို..ဒါမယ့်..သူကြင်မှ ကိုယ်ကြင်..သေခါနီးတောင် စိုးစိုး ဆိုပြီး တတဲ့ အဲ့ အံစာပြား… သေချင်သေပေ့စေတော့…
    ချင်ဖျား… အနော့်ကို သနားရင် မိုးယံဇွန်နဲ့ပေးစားတော်မူပါ.. :mrgreen:

    • black chaw

      August 30, 2013 at 9:47 am

      @ လုံမလေး မွန်မွန် ;
      ဟဲ့…ဟဲ့…။
      အသာလုပ်ပါ လုံမရယ်…။
      အင်တာနက်ပေါ်တက်ပြီး မိုးယံဇွန် ကို တမ်းတတတဖြစ်နေရတယ်လို့…။
      မတော် မိုးယံဇွန်တစ်ယောက် မန်းဂဇက်ဖတ်မိပြီး
      လုံမဆီ အရောက်လာနေမှဖြင့်…
      အော်…ဒါလည်း…ရေးတတ်ရင် ရုပ်ရှင်ရိုက်ဖို့
      ဇာတ်တစ်ပုဒ်လောက်တော့ ရနိုင်တယ်…။
      ဟေးဟေး…။
      :mrgreen:

    • မဟာရာဇာ အံစာတုံး

      August 30, 2013 at 12:23 pm

      အော်ရယ် ….
      ဘုရင် ရှိန်အောင် တမင်ဒဂါ လေလုံးရယ် ထွားမိဘာဒယ် …
      ဒီနှမငယ် က မှန်လို ကျင့်ဒေါ့မယ်တဲ့လားကွယ် …
      ရက်စက်ဒေါ် မမူဘာနဲ့ နှမငယ် …
      ပြားပြားရဲ့ အဂျစ်များစွာဟာ လုံမငယ်လေး အတွက်သာရယ်ဘာ …
      မှန်ဒေါစကားဘာ ….
      ဘုရင်ဂျီးက စိုးစိုး ကို ထိုး ပေးစေအုံးဒေါ့ …
      ရွှေတိုက်စိုး က သူ့သမီး ထိုး ပေးစေအုံးဒေါ့ ….
      ဟောဒီဂ သခိုးဂျီး အံအံပြားဂလေ ခေါင်းရယ် တွင်တွင် ခါမိမှာရယ်ဘာ … ဟီးးဟီးးး
      :mrgreen:

      • black chaw

        September 3, 2013 at 4:24 pm

        @ မဟာရာဇာ အံစာတုံး ;
        သူခိုးနေရာ ထား ရေးလိုက်မိပြီးမှ စိတ်မကောင်းဖြစ်တော်မူနေမိတယ်
        အံစာတုံး ရေ…။
        ဘာပဲဖြစ်ဖြစ် မြန်မာရာဇဝင်မှာ နာမည်ကောင်းနဲ့ ကျော်ကြားခဲ့တဲ့
        သူခိုး ဆိုတော့ သူခိုးဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါကွယ်…။
        သူခိုး နဲ့ လုံမ စိတ်ရှိလက်ရှိကြီးကို ညားတော်မူပါစေလို့…
        ဆုတောင်းပေးတော်မူလိုက်ပါတယ်…သူခိုးကြီးရေ…။
        ချစ်ခင်လေးစားတဲ့…
        ဘလက်ချော…။
        :mrgreen:

  • GARFIELD

    August 30, 2013 at 11:15 am

    အကုန်ဖတ်ပြီးကာမှ…တွေးမိတာလေးတစ်ခုရှိသွားသကိုး..

    သူခိုးအံစာပြားကို… ရွှေတိုက်စိုးရာထူးပေးလိုက်တယ်ဆိုတော့…
    တံခါးမရှိ… ဓားမရှိဝင်ထွက်နိုင်တဲ့ အံစာပြားကလဲ… ချစ်သုအုပ်ကို ရွှေတိုက်စိုးမြင်ဖူးသလောက်တော့…
    မြင်ဖူးသွားမလိုလိုပဲ…

    အင်း… ရွှေတိုက်စိုးတစ်ယောက်တော့…
    မြွေပါလဲဆုံး… သမီးလဲဆုံးမယ့်ဘဝပါလား…

    ခင်မင်လျက်-
    ဂါဂါးကြီး

    • black chaw

      September 3, 2013 at 4:30 pm

      @ GARFIELD ;
      နာမည်တွေ အမျိုးမျိုးပြောင်းလှချည်လား ဂါဂါးကြီးရယ်…။
      ဘယ်နှယ့် ချစ်သုအုပ် ကို သွားခလုတ်တိုက်နေရသလဲကွယ်…။
      ုူဒါလေးတစ်ခုတော့ ချမ်းသာပေးလိုက်ပါ ဂါဂါးကြီးရယ်…။
      ခင်မင်လျက်-
      ဘလက်ချော…။
      :mrgreen:

  • cobra

    August 30, 2013 at 4:44 pm

    လေးဘလက် စပြီးရင်တော့ဆုံးအောင်လုပ်နော်(စာရေးတာပြောပါတယ်)
    ရွာထဲကဖူးစာဆိုတာကြားတော့ကြာသား
    လေးဘလက်ပြောမှပဲသိတော့တယ်
    သားကိုလည်းတယောက်လောက် ရှာပေးကြပါလား ဟင်………
    :mrgreen:

    • black chaw

      September 3, 2013 at 4:35 pm

      @ cobra ;
      ညီငယ်လေး ကော်ဘရာ ခုတလော ရွာမှာ ပြန်ပျော်နေလို့..
      အထူးဝမ်းသာရပါ၏…။
      ပို့စ်တွေ ဘာတွေ တောင် တင်လို့…။
      ဝင်တဲ့ အခါ ကြုံပေါ့ ညီလေးရေ…။
      :mrgreen:

  • ကိုရင်စည်သူ

    August 30, 2013 at 5:21 pm

    ပညာရှိဆိုဒါ နှစ်ဖက် အကျိုးကို မျှစားဒတ်ရဒယ်ဒဲ့… ဟီးးး :mrgreen:
    တကယ်တော့ အုတ်ကျင်းစားရာဇာဘလက်ချော မသေပါဘူး..
    ပြင်ညာရှိ ကိုရင်စည် အကြံပေးပြီး ပုံစံတူ တစ်ယောက်ထည့်လိုက်ပါတယ်။
    နန်းဒွင်းရေးတွေက ရှူပ်တယ်… ရာဇာဘချောရဲ့ သလျှိုဖြစ်တဲ့ ညောင်ရမ်းဂီ့တိုကလည်း နန်းတွင်းက သတိုးကြီးမိုက်ရဲ့
    ပတ်ကညော အပျိုတော်လေးတွေကို မိန်းမစိုးယောင်ဟန်ဆောင်ပီးး
    ဖြားယောင်းနေတယ်… ငတက်အံ့နဲ့ ညောင်ရမ်းဂီ့တို တို့မှာ…
    မြို့စားဟောင်းကြီး အုတ်ကျင်စားရာဇာဘလက်ချောနဲ့ ပူပေါင်းပီ…
    သတိုးကြီးမိုက်ရဲ့ ဘန်ဒါတိုက်မှာ နိုင်ငံခြားအရက်ကောင်းများကို ဖောက်ထွင်းဖို့ ကြံနေကြောင်း
    ပြင်ညာရှိ ပီပီ ဒလိပေးပါဂျာ.. :mrgreen:

    • black chaw

      September 3, 2013 at 4:39 pm

      @ ကိုရင်စည်သူ ;
      သမိုင်းဆိုတာ သမိုင်းရေးတဲ့လူ လက်ထဲမှာပဲရှိပါတယ် ကိုကိုစည်သူရယ်…။
      ဘယ်နှယ့် သမိုင်းထဲပါတဲ့ လူက သမိုင်းပြန်ရေးနေတာ မသင့်တော်ပါဘူး…။
      တဆိတ် သည်းခံတော်မူပါ…။ သည်းခံတော်မူပါ…။
      :mrgreen:

  • ဖြူစိုင်း လူ

    August 31, 2013 at 7:00 am

    ပထမ မန်းဂဇက်နိုင်ငံတော်ဆိုပြီး အသံလေးလွှင့်လိုက်တော့ တော်တော်လေးပျောက်နေတဲ့ လူဟောင်းကြီးတွေလဲ ပျော်ပျော်ပါးပါး၊ ဝမ်းသာအားရ မန့်ကြတာ မြင်မိပါတယ်..

    ကျွန်တော်လဲ ပြန်လာတုန်းက နှစ်ခါချိန်းတာ နှစ်ခါလုံးမတွေ့ခဲ့ရတဲ့ ဦးမည်းမည်းသည်းသည်း လှလှကြီး စာပြန်ရေးလို့ ဝမ်းသာသဗျာ..

    သံယောဇဉ်မကုန်သေးလို့ တစ်ချက်ပြန်လာကြည့်တုန်း တွေ့လိုက်ရလို့ မန့်လိုက်ပါကြောင်း..။

    • black chaw

      September 3, 2013 at 4:46 pm

      @ ဖြူစိုင်း လူ ;
      ဒီပို့စ် မှာ ဒီကွန်းမန့်ကို ဖတ်ခွင့်ရတာ ပီတိဖြစ်မိကြောင်းပါ ကိုစိုင်းရေ…။
      ကိုစိုင်း ခေါ်တဲ့ ဦးမည်းမည်းသည်းသည်း လှလှကြီး ဆိုတဲ့ နာမည်ကိုလည်း
      ဝမ်းမြောက်ကျေနပ်စွာ မှတ်သားထားလိုက်ပါတယ်ဗျာ…။
      သံယောဇဉ် မကုန်သေးလို့ တစ်ချက်ပြန်လာကြည့်တယ်ဆိုတာလောက်နဲ့တင်
      မကျေနပ်နိုင်သေးပါဘူးဗျာ…။
      ပို့စ်လေးတစ်ပုဒ်လောက်တော့ဖြင့်…
      အဆင်ပြေရင် ဖတ်ချင်ပါကြောင်း…
      လူသိရှင်ကြား ရိုကြိုးနှိမ်ချစွာ…
      တောင်းပန်လိုက်ပါတယ် ကိုစိုင်းရေ…။
      ချစ်ခင်လေးစားတဲ့…
      ဦးမည်းမည်းသည်းသည်း လှလှကြီး…။
      :mrgreen:

  • အလင်းဆက်

    August 31, 2013 at 9:57 am

    ဖတ်ရတာ အရသာ ရှိချက် လေးလေးရေ

    အံစာကို မသတ်ပဲ ချီးမြှုပ် အဲ ချီးမြှောက်တာတော့ စိုးရိမ်ရသနော

    ဟဲဟဲ

    🙂

    • black chaw

      September 3, 2013 at 4:54 pm

      @ အလင်းဆက် ;
      မည်သို့ပင်ဆိုစေကာမူ ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတဲ့အတွက်
      ကျေးဇူးအထူးပါ ကို အောင်လင်းဆက်ရေ…။
      :mrgreen:

      • အလင်းဆက်

        September 3, 2013 at 7:31 pm

        🙂

        မည်သို ့ပင် ဆိုစေကာမူ…
        သားသားကို.. အောင်လင်းဆက် လို ့ခေါ်လို ့..
        အရမ်းဂျစ်တွားဘီ ဂျာ..။

        ချစ်သုဝေလေးနဲ ့ အညန်ဆုံးနီးစပ်ပါဇေ လို့လည်း.ဆုတောင်းပေးဦးနော် ။

        🙂

  • naywoon ni

    April 5, 2015 at 10:14 pm

    ပထမ​ဂေဇက်​ နိုင်​ဂံ​ဒေါ် ဆို​တော့ ​ဂေဇက်​ကလည်​း ဒုတိယ​တွေ တတိယ​တွေ ရှိ​သေးလား ။ ခုလက်​ရှိ ​ဂေဇက်​က ဘယ်​နှစ်​ကြိမ်​​မြောက်​ပါလိမ်​့လို့ ကပ်​တီးကပ်​ဖဲ့​တွေးရင်​း ………

Leave a Reply