တစ်ခါမှမရေးဘူးလို့  .. ဒါကဗျာလို့ဆိုရင် ရမလား

အရူး

အချစ်အတွက် အသက် စွန့်ခဲ့ကြသတဲ့
အချစ်အတွက် ဘ၀ စွန့်ခဲ့ကြသတဲ့
အချစ်ကြောင့် မူးကြသတဲ့
အချစ်ကြောင့် ရူးရသတဲ့
ဒါကို သူတို့ကိုယ် သူတို့ အချစ် သူရဲကောင်းတဲ့
တချိန်က ဟားတိုက်ပြီး ရီခဲ့တယ်.
ကုမရတဲ့ အရူးတွေ ပေါ့
ခုတော့
ငါ အဲဒီ အရူးတစ်ယောက်ဖြစ်ချင်တယ်

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)