လက်တည့်စမ်း တဲ့ ကဗျာ

 

 

 

တစ်ခါမှမရေးဘူးလို့  .. ဒါကဗျာလို့ဆိုရင် ရမလား

အရူး

အချစ်အတွက် အသက် စွန့်ခဲ့ကြသတဲ့
အချစ်အတွက် ဘဝ စွန့်ခဲ့ကြသတဲ့
အချစ်ကြောင့် မူးကြသတဲ့
အချစ်ကြောင့် ရူးရသတဲ့
ဒါကို သူတို့ကိုယ် သူတို့ အချစ် သူရဲကောင်းတဲ့
တချိန်က ဟားတိုက်ပြီး ရီခဲ့တယ်.
ကုမရတဲ့ အရူးတွေ ပေါ့
ခုတော့
ငါ အဲဒီ အရူးတစ်ယောက်ဖြစ်ချင်တယ်

 

 

12 comments

  • Inz@ghi

    August 29, 2013 at 6:35 pm

    နောက်မိန်းမယူတော့မလို့လားဗျာ. မထိတ်သာမလန့်သာ စိထှာ

  • surmi

    August 29, 2013 at 7:34 pm

    အချစ်​ဆို အိုသည်​မရှိ 🙂

  • Ma Ma

    August 30, 2013 at 8:19 am

    ဓာတ်သေဆရာ ကဗျာရေးတော့ ဘာတွေများ ရေးလာမလဲ အောက်မေ့တယ်။
    အရူး ဖြစ်ချင်တယ် ဆိုပါလား။ :loll:

    ကြုံလို့ပြောရအုံးမယ်။
    ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ လူနာတွေများပြီး နိုင်ငံတော်ရဲ့ပံ့ပိုးမှုအနည်းအကျဉ်းနဲ့ အလှူ့ရှင်တွေရဲ့ အထောက်အပံ့ကို အဓိကထားပြီး ရပ်တည်နေရာက ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေတယ်တဲ့။

    အဲဒီအတွက် တတ်နိုင်သလောက် လက်ဆင့်ကမ်းပြီး လက်လှမ်းမီသလောက် ကိုယ့်ပတ်ဝန်းကျင်ကို စည်းရုံးလှုံ့ဆော်ပေးကြရင်ကောင်းမယ်။

    သူငယ်ချင်းတွေစုပြီး အဲဒီမှာ ထမင်းတစ်နပ်သွားကျွေးမလို့ကို ပြီးခဲ့တဲ့အပတ်က ရေတွေကြီးပြီး ကားလမ်းရေကျော်နေလို့ သွားမရသေးဘူးလို့ ပြောသံကြားတယ်။

  • kyeemite

    August 30, 2013 at 9:34 am

    လက်တည့်စမ်းတဲ့ကဗျာ
    ဆိုပါလား..တော်ထှာ 🙂

  • KZ

    August 30, 2013 at 9:36 am

    ဒီ ဆရာ က စွယ်စုံပါလားနော်။
    🙂

  • black chaw

    August 30, 2013 at 9:56 am

    သိတ်ကောင်းတဲ့ ကဗျာပဲ…။
    :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 30, 2013 at 12:28 pm

    ဘာ !!!!
    တော့ … ကိုကိုအုပ် …
    ဒီမှာ ချင့်မိန်းမ တစ်ယောက်လုံး ချိနေဒါ …
    ချင်က ဘာစကား ပေါဒါလဲ ….
    :mrgreen:

  • Mr. MarGa

    August 30, 2013 at 7:04 pm

    ကိုကိုအုပ်
    ကဗျာတွေကို ထပ် လက်တည့်စမ်းချင်ရင် ပြခန်းတစ်ခန်းလုံး စောင့်နေသနော့ :mrgreen:
    မသိသေးရင် ဒီမှာ လာကြည့်
    http://myanmargazette.net/183874

  • ဂန္ဓာရီ ဆြာအုပ်

    August 31, 2013 at 3:24 pm

    ဂီဂီရေ. လုပ်ပါနဲ့ဗျာ တစ်ယောက်နဲ့ တော်တော်
    ဥဆာမိက လက်ကိုင်ထားတဲ့ စကားလား
    အန်တီမမ ..ကိုယ့်အိမ်မှာပဲ စားချင်ပါတယ်ဂျာ
    ကျေးဂျူး ဥမိုက်၊ KZ, ကို Black
    မဟာဘာဂျာ တော့ ဟွန်း
    ကိုမာ ပြောတာမဆိုးဘူးဂျ ဓာတ်ပုံလိုင်းက မစားသာလို့

  • အရီးခင်

    August 31, 2013 at 3:51 pm

    စာအုပ် ရေ
    ပြပွဲဝင်လေ။
    မြစာကလေး ကို ပြိုင်ရဲလား။
    ငင်း ငင်း ငင်း ငင်း ငင်း ငင်း …………….. 😛

  • မောင် ပေ

    August 31, 2013 at 9:23 pm

    လက် တည့် စမ်း
    ရှက် ထည့် ဖြန်း
    ကြက် မဲ့ လမ်း
    ဆက် ခဲ့ ပန်း
    အပ် နဲ ့ရမ်း

Leave a Reply