သက်တမ်းရင် ့ရင်ချင်းဆက်အမွှာ

Ma MaSeptember 2, 20131min15614

 

 

ခုရက်ထဲဖေ့စ်ဘုတ်မှာ သရော်ကာတွန်းလေးတစ်ကွက်တွေ့မိတယ်။

သက်တမ်းရင့်နေတဲ့ ဒီရင်ချင်းဆက်အမွှာကို ခွဲစိတ်ရင် အောင်မြင်နိုင်ပါ့မလား အာစရိ လို့ ခွဲစိတ်ဆရာဝန်ကို မေးနေဟန် ဆွဲထားတဲ့ ကာတွန်းလေးပါ။

ရင်ချင်းဆက်နေတာကတော့ ဒုစရိုက်နဲ့ ပြည်သူ့ရဲ တဲ့။ :loll:

ရင်ချင်းဆက်အမွှာ

 

https://www.facebook.com/photo.php?fbid=272152866243394&set=at.140638446061504.18752.100003460492354.744583013.743098456&type=1&relevant_count=1&ref=nf

 

မျိုးချစ်စိတ်ဓာတ်အပြည့်အဝနဲ့ ခင်ဝင့်ဝါကို အားပေးကြတဲ့ မဟာပုရိသများကို ရိထားတဲ့ ကာတွန်းကတော့ ပျံ့နှံ့နေတာမို့ အထူးမပြောလိုတော့ပါဘူး။ :kwi:

မျိုးချစ်စိတ်ဓာတ်ထက်သန်သူများ :P
မျိုးချစ်စိတ်ဓာတ်ထက်သန်သူများ 😛

 

https://www.facebook.com/photo.php?fbid=10200919671133012&set=p.10200919671133012&type=1

ဒီနေရာမှာ ထိမိတဲ့တစ်ကွက်ကာတွန်းကို ဖန်တီးတဲ့ဆရာများကို ချီးကျူးဂုဏ်ပြုချင်ပါတယ်။

 

တိုင်းပြည်ကို ကောင်းစေလိုတဲ့စိတ်၊ ပြုပြင်စေချင်တဲ့စိတ်နဲ့ရေးတယ်လို့ အကောင်းမြင်စိတ်နဲ့ပဲ မြင်ပါတယ်။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်စေချင်ဆိုပြီး https://myanmargazette.net/184447 မှာ ရွှေမိုးတိမ်ရေးထားသလို ………….

နေရာတိုင်းမှာ လူဆိုး လူကောင်းဆိုတာ ရှိနေမှာပါပဲ။
ငါးခုံးမတွေက အများစုမဖြစ်ဖို့လိုသလို
ပုပ်နေတဲ့ငါးခုံးမကြောင့် တစ်လှေလုံး မပုပ်ရလေအောင်……..

လူတော်လူကောင်းတွေကို နေရာပေးချီးမြှောက်ဖို့၊
လူဆိုးလူညံ့ကိုလည်း သင့်တော်သလို ပြုပြင်ပေးတာ၊ သတိပေးတာ၊ အရေးယူတာတွေ အဆင့်ဆင့်လုပ်ဖို့လိုအပ်ပါတယ်။

 

အသွင်ကူးပြောင်းနေတဲ့ ခုချိန်ကာလမှာ တိုးတက်မှုနှေးကွေးတယ်လို့ ပြောနေကြပေမယ့် တိုးတက်တာလေးတွေ တွေ့မြင်နေကြရတာကိုတော့ မငြင်းနိုင်ပါဘူး။

 

ကိုယ့်ပတ်ဝန်းကျင်မှာ မြင်ရသလောက်ဆိုရင်…..

လမ်းတွေကို အကြီးစားပြုပြင်နေတယ်။

တံတားတွေ အသစ်တိုးချဲ့တည်ဆောက်နေတယ်။

ဌာနဆိုင်ရာတွေမှာလည်း အရင်ကထက်စာရင် ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်။

လျှပ်စစ်မီးနဲ့ ပတ်သက်ရင်လည်း အရင့်အရင်နှစ်တွေကထက် အများကြီး ကောင်းလာတယ်လေ။
ကားကြပ်တာ လမ်းပိတ်ဆို့တာတွေအတွက် လမ်းဆုံလမ်းခွတွေမှာ ယာဉ်ထိန်းရဲတွေပိုမိုချထားပြီး လမ်းရှင်းပေးနေတာတွေကိုလည်း ကြိုဆိုပါတယ်။
ဟိုတလောကတင် ပြည်လမ်းမကြီးပေါ်မှာ အမှိုက်ပုံးကြီးကို အားရပါးရ ရေဆေးနေတာကိုတွေ့လို့ မှတ်ချက်ကလေး ပေးစေချင်ဆိုပြီး https://myanmargazette.net/180882
ဝမ်းသာအားရ ဓာတ်ပုံရိုက်ပြီး ပိုစ့်တင်ထားမိသေးတယ်။

(တခါတလေမဟုတ်ပဲ ရေရှည်လုပ်ဖို့၊ နေရာတိုင်းက အမှိုက်ပုံးတိုင်းကို ဆေးဖို့၊ တာဝန်ကျေမဟုတ်ပဲ အခုဝန်ထမ်းတွေလို စိတ်ပါလက်ပါ သန့်ရှင်းစေချင်တဲ့ စေတနာလေးထည့်စေချင်ပါတယ်။)

ကိုယ့်သဘောနဲ့သာဆိုရင် အဲဒီစည်ပင်ဝန်ထမ်းမိန်းကလေး၂ဦးကို ယာဉ်ထိန်းရဲ ခင်မောင်မြင့်ကို ဆုပေးသလိုတောင် ပေးလိုက်ချင်ပါတယ်။
(အခုမှ ရေးရင်းပြောရင်း စိတ်ကူးပေါက်လာလို့) 😀
နောက်ဆုံးပြောချင်တာက ကိုယ်နဲ့အနီးစပ်ဆုံး မီးဖိုချောင်က ဂက်စ် တောင် အရင်ကလို မဟုတ်ပဲ မီးအားပြင်းလာတာ သိသိသာသာမို့…..

ဒါဟာလည်း ကောင်းသောတိုးတက်ခြင်းတွေထဲက တစ်ခုပဲလို့ မှတ်တမ်းတင်ချင်ပါတယ်။

 

ကဲ-

ဒါဆို အားလုံးကောင်းနေပြီလား ??????????????????

 

(စာဖတ်သူ/ကြည့်ရှု့သူပရိတ်သတ်အခြေအနေကြည့်ပြီး ရေးတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကို အားကျလု့ိ နောက်ဆက်တွဲရေးဖို့ အခြေအနေကြည့်လိုက်ပါအုံးမယ်။) :loll:

14 comments

  • KZ

    September 2, 2013 at 2:47 pm

    ဟိ
    ဒီလိုပါပဲလေ။
    ပြောမယ်ဆိုရင်လည်း ဘယ်ဘက်မှ မလွတ်သလို မပြောချင်တဲ့ လူအတွက်တော့ ဘာကမှ မထူးဆန်းလှပါဘူးးး
    ကိုယ့် အလုပ်ကို လိပ်ပြာလုံဖို့ကိုပဲ ဂရုစိုက်ပါတော့တယ်။

    တစ်ကွက်ကာတွန်းတွေ ပြောင်မြောက်ချက်ကတော့ တစ်ခွက်တစ်ဖလားလောက် သောက်ချင်စိတ်တွေ ပေါက်လာပါတယ်။ (ရေ)
    😀

    ဘာလို့ မမ ပို့(စ) က ခုမှ ပေါ်လာတာတုန်းဟင်။
    လွန်ခဲ့တဲ့ ၁ဝ နာရီက တင်ပြီးးး

    • Ma Ma

      September 2, 2013 at 5:42 pm

      ဟုတ်ပ့ါ ကေဇီရေ။
      ပိုစ့်ကို ရေးပြီး Schedule နဲ့ ဒီမနက်တင်ဖို့ လုပ်ထားပြီး အေးအေးဆေးဆေးနေနေတာ။
      ဖွင့်ကြည့်မှ မတက်သေးတာနဲ့ Update လုပ်လိုက်ရတယ်။
      ဘယ်လိုဖြစ်တာလဲ မသိဘူး။
      ဒါ့ထက် လွန်ခဲ့တဲ့ ၁ဝနာရီကတည်းက တင်တယ်ဆိုတာကို ဘယ်လိုသိပါလိမ့်။ 🙄

      • KZ

        September 3, 2013 at 8:18 am

        Published posts/All postsမှာ သွားကြည့်ရင် မြင်ရပါတယ် မမရေ။
        ကျနော်က စုစုပေါင်း ပို့(စ) နံပတ်မှာ တစ်ခုတိုးတာမြင်ပြီး မမ ပို့(စ) က အပေါ်ဆုံးမှာ မပေါ်လာပါဘူးးးး
        ကြည့်လိုက်တော့ Published 10 hours ago ဆိုလို့ပါ။
        ကြားထဲမှာလာပေါ်တာပါ။
        🙂

  • ဦးကျောက်ခဲ

    September 2, 2013 at 2:55 pm

    ဟီ ဟိ ကာတွန်းဆြာတွေ ခေတ်ကိုမြင်တတ်ပုံများ ဩချရလောက်တယ်…
    ရှိနေတာလည်းတွေ တိုးတက်ပြီး၊ နောက်ပြန်မဆုတ်ဖို့ အားလုံးဝိုင်းတွန်းရမှာပဲဗျို့…
    😀

    • Ma Ma

      September 2, 2013 at 5:51 pm

      ခုတလော ကောင်းတာတွေတွေ့လိုက်၊ ပြင်မရတာလား မပြုပြင်တာလား မသိတဲ့ အရိုးရင့်တွေတွေ့လိုက်မို့ ပြောချင်တာတွေ များနေတယ်။ 🙁

  • အလင်းဆက်

    September 2, 2013 at 5:55 pm

    ကျွန်တော်လည်း စကားလုံးနည်းနည်းနဲ့ ထိထိမိမိသရော် ပြီး ရေးဆွဲ ပြနိုင်တဲ့
    အဲဒီ ကာတွန်းပညာရှင်တွေ ကို လေးစားမိတယ်

    မြန်မာပြည်က ကာတွန်းပညာရှင်တွေထဲတော့
    ဆရာ အော်ပီကျယ်ရဲ ့ ကာတွန်းဖန်တီးမှုတွေကို သိပ်ကြိုက်

    🙂

  • Mr. MarGa

    September 2, 2013 at 6:15 pm

    စိစစ်ရေး မရှိတဲ့နောက်ပိုင်းမှာ
    ကာတွန်းဆရာတွေဟာ ပိုလို့ လွပ်လပ်လာပါတယ်။
    ဒါကြောင့် ခေတ်ကို သရော်တဲ့ကာတွန်းတွေ၊ ပြင်ဆင်သင့်တာတွေ ပိုလို့ ထွက်လာတယ်။
    အဲဒါကတော့ အကောင်းဘက်က တိုးတက်မှုပေါ့။
    အဆိုးဘက် အနေနဲ့ကတော့ ဒီလောက်အထိ ပြောနေတာတောင်မှ
    ဒုံရင်းပဲ ဖြစ်နေတာတွေက ရှိနေသေးတော့
    ကျွန်တော်ကတော့ အားလုံးကောင်းနေပြီလို့ မထင်……

  • အရီးခင်

    September 3, 2013 at 5:10 am

    မမ မေး = ဒါဆို အားလုံးကောင်းနေပြီလား ??????????????????
    သူကြီးမင်း လက်စွဲ ကြုံသလိုထုတ်ထုတ်ပြတဲ့ ရေ ခွက် ကို သာ ကြည့်လိုက်ပါတော့ ချစ်မမ ရေ။

    မမ ရဲ့ အမွှာ အစ်မဒုံ လဲ စာတွေ နဲ့ နပမ်းသတ်နေတာ နိုင်ပါစေ ဆုတောင်းနေကြောင်းလေး ပြောပေးပါဦး။
    😛

  • Ko chogyi

    September 3, 2013 at 7:25 am

    ကဲ-
    ဒါဆို အားလုံးကောင်းနေပြီလား ??????????????????
    လို့မေးတဲ့ ဒီပို့တောင် ကွန်မကောင်းလို့ မတက်ဘူးပြောတော့
    မေးဖို့လိုသေးလို့လား။

  • Inz@ghi

    September 3, 2013 at 8:20 am

    ဝင့်စ် ကိုပဲခြစ်တယ် ဂီ့စ် ကိုပဲခြစ်ပါ..
    တကယ်ဆိုရင် ဝင့်စ်ပဲလိုဒယ်…

    😛

  • ဦးကြောင်ကြီး

    September 3, 2013 at 8:33 am

    အမ်တီမမဂ နိုင်ငံရေး သမားဂျီးလား… လွှတ်တော်အမတ်ဖြစ်ရင် တူမလေးတယောက်လောက် လာဖန်ပါရစေ… 😳

  • kyeemite

    September 3, 2013 at 9:45 am

    ကဲ-
    ဒါဆို အားလုံးကောင်းနေပြီလား ??????????????????
    မကောင်းသေးပါဘူးလို့ပဲ အားလုံးသိပြီးသားအဖြေကိုပေးပါရစေ
    ကာတွန်းနဲ့ စာပေတွေလွတ်လပ်လာလို့ ရေးကြ၊ ပြောကြ ၊ ထောက်ပြကြတာတွေအလွန်ပဲများ
    လာတာတော့ဝမ်းသာစရာပါ…
    ဒါပေမဲ့ …ဝမ်းနည်းစရာက
    သက်ဆိုင်သူတွေက ဖတ်ရင်းနဲ့ရိုးအီနေပြီး ပြုပြင်တာတော့မတွေ့ရသေးပါဘူး… 🙁

  • မောင် ပေ

    September 3, 2013 at 8:22 pm

    ရဲအုပ် တစ်ယောက်နဲ ့စကားပြောမိရာမှာတော့
    လူငယ်တွေ ရဲ ့ ဒုစရိုက်မှုကျူးလွန်မှုများကို အဖြေရှာရင် ၊ ၁၀ဝ မှာ ၈ဝ ဟာ ဘိန်း ၊ စိတ်ကြွဆေး အစရှိတဲ့ မူးယစ်ဆေးဝါးတွေ ကြောင့်မို ့တဲ့ ။
    မူးယစ် အဖွဲ ့ကလဲ
    စားလို ့ဝါးလို ့ကောင်းတုန်း ဆိုတော့
    ပြည်သူတွေ တရားဥပဒေစိုးမိုးရေး ရဖို ့ဆိုရင်
    တစ်နိုင်ငံလုံး စာတတ်ဖို ့ထက်
    မူးယစ် ကင်းစင်ဖို ့က အရေးပိုကြီး နေတာကလား

Leave a Reply