“ငွေအရင်းအနှီး မြေအရင်းအနှီး

IMG_3662 [800x600]

ကျနော်နေ့တိုင်းသောက်နေကျလက်ဖက်ရည်ဆိုင်လေးကိုရောက်တော့

“လေးလေးရေ သမီးတို့ ဒီလကုန်ရင်နေရာပြောင်းပြီ”လို့

ဆိုင်ရှင်ကောင်မလေးကပြောပါတယ်။

“ဆိုင်လခ က လေးသိန်းဖြစ်မယ်တဲ့ အဲတော့သမီးတို့က မလိုက်နိုင်တော့ဘူး

အိမ်ငှားခ ဈေးတက်ပေမယ့် လက်ဖက်ရည်နဲ့မုန့်က ဈေးတက်လို့မရဘူး

သူများ ရောင်းတဲ့အတိုင်းလိုက်ရောင်းရတာ ”

သူ့လေသံမှာ မောသံလေးတွေစွက်နေပါတယ်။

“တစ်လတစ်ခါ လေးသိန်းချပေးဆိုရင် တော်သေးတယ် လေးလေးရေ

တစ်နှစ်စာ ၄၈သိန်း တော့ ပက်ခနဲချမပေးနို်င်ဘူးလေ။

ဈေးသက်သာတဲ့နေရာရွှေ့ရမှာဘဲလေးလေးရေ”လို့စိတ်ဒုန်းဒုန်းချထားတဲ

လေသံနဲ့ဆိုရှာပါတယ်။

မနက်တိုင်း မနက်တိုင်း ဒီဆိုင်လေးမှာ လက်ဖက်ရည်သောက်လာတာ

သုံးနှစ်လောက်ရှိနေပါပြီ။

ဆိုင်ရှင်လင်မယားကလဲ ဖော်ဖော်ရွေရွေ

စားပွဲတိုးလေးတွေကလဲ သွက်သွက်လက်လက် ချက်ချက်ခြာခြာ

ဆိုတော့ ဒီဆိုင်လေးထိုင်ရတာ စိတ်ချမ်းသာပါတယ်။

ကျနော်လက်ဖက်ရည်သောက်ပြီး ထပြန်လာတော့ရင်ထဲမှာမကောင်းပါဘူး။

 

သူုတို့ငှားဖွင့်တဲ့ ဆိုင်လေးက ၃၅ပေXပေ၂ဝအခန်းလေးပါဘဲ။

ဆိုင်လေးက နှစ်ထပ်ဆိုတော့ အပေါ်ထပ်လူနေ။

အောက်ထပ်ကတော့ နေ့ဆိုင်ဖွင့် ပြီး ညပိုင်းရောက်တော့ အလုပ်သမားလေးတွေအိပ်ပေါ့။

ဆိုင်လေးက လမ်းမတန်းမှာရှိနေတဲ့အပြင်ဈေးနဲ့လဲနီးတော့ လူစည်ကားပါတယ်။

အဲတော့ လဲ ဒီနေရာမျိုးကို အလုအယက်ငှားချင်တာမဆန်းပါဘူး၊

 

ဟိုတစ်လောက ၈၅လမ်းမှာ စားဆီ ရောင်းတဲ့မိတ်ဆွေတစ်ယောက်ကလဲ

ဒီနှစ်ကုန်ရင် နေရာပြောင်းတော့မယ်လို့ပြောပါတယ်။

သူလဲဒီနားမှာဆိုင်ဖွင့်လာတာ ၂၀၀၅ခုနှစ်လောက်ကတည်းကပါ။

ဒီဆိုင်လေးဖွင့်စက အိမ်လခ တစ်လ ၂သိန်းနဲ့စခဲ့တာ။

တစ်နှစ်တစ်ခါတိုးရင်း တစတစ တိုးလာလိုက်တာ မနှစ်ကတော့ ခြောက်သိန်းဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့ လဆန်းက အိမ်ရှင်က ဖုန်းဆက်ပါသတဲ့။

လာမယ်နှစ်ကို ဆက်ငှားမှာလား မငှားဘူးဆိုရင် တစ်လ ၈သိန်း နဲ့ငှားမယ့်လူရှိပါသတဲ့။

တစ်လ၈သိန်းနဲ့ဆက်ဖွင့်ဘို့ဆိုတာ သူ့အတွက်တော့ ဘယ်လိုတွက်တွက် မဖြစ်နို်င်ဘူးလို့ဘဲ

အဖြေထွက်နေပါသတဲ့။

 

သူရောင်းတဲ့ ပဲဆီနဲ့ စားအုန်းဆီ ဆယ်ပိဿာဝင်တစ်ပုံးကိုအလွန်ဆုံးမြတ်မှ

တစ်ပုံး ၅၀၀။

အများအားဖြင့်က တစ်ပုံးကို ၂၀ဝ မြတ် ၃၀ဝမြတ်နဲ့ကြုံသလိုရောင်းရတာပါ။

ဆီဈေးအတက်အကျမြန်ကမြန်ပါဘိသနဲ့။

ဝယ်ထားတဲ့ပစ္စည်းက တစ်ဝက်မြတ် တစ်ခြမ်းအရင်း တစ်ခြမ်းအရှုံးနဲ့ရောင်းရတဲ့ အခါလဲရှိပါသတဲ့။

အဲတော့ တစ်ပုံးက ၂၀ဝမြတ်တယ်ဆိုရင် အိမ်လခရဘို့ တစ်လကို ပုံး ၄၀၀ဝကုန်မှ

အိမ်လခဘဲရှိပါသေးတယ်။

ဝန်ထမ်းလခ  ကုန်တင်ကုန်ချစရိတ် အခွန်အခ မမြင်နို်င်သောအလှူတော်ငွေ သယ်ယူပို့ဆောင်ရေးစရိတ်ဒါတွေအတွက်ကလဲရှိပါသေးတယ်။

အဲဒီစရိတ်တွေကျေအောင်ရှာနိုင်တယ်ထားအုံး။

တစ်နှစ်စာအိမ်လခသိန်း၁၀ဝနီးပါးထုတ်ပေးလိုက်ရင် လည်ပါတ်ငွေနည်းသွားပါပြီ။

လည်ပါတ်ငွေနည်းရင် ကုန်အဝယ်နည်းမယ်။

ကုန်အဝယ်နည်းရင် အမြတ်ကသေချာပေါက်နည်းပြီပေါ့။

အဲတော့ သူများကိုတော့တစ်လ ၈သိန်းရှာပြီးလုပ်မကြွေးတော့ဘူး

ဈေးသက်သာတဲ့နေရာရှာပြီး အလုပ်လုပ်ဘို့ စိတ်ဆုံးဖြတ်လိုက်ပါသတဲ့။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

လုပ်ငန်းတစ်ခုလုပ်တော့မယ် ဆိုင်ဖွင့်တော့မယ်ဆိုတာနဲ့ ပထမဆုံးရင်ဆိုင်ရတာ

နေရာပါဘဲ။

.လမ်းမတန်း လူစည်တဲ့နေရာမှာ ဆိုင်ခန်းတစ်ခန်းအပိုင်ဝယ်မယ်ဆိုရင်  ကျပ်သိန်းပေါင်းထောင်ဂဏန်းကနေကျပ်သိန်းပေါင်းသောင်းဂဏန်းလောက်ပေးမှရနို်င်ပါတယ်။

ကျနော်မိတ်ဆွေ ပွဲရုံသမားတစ်ယောက်ဆိုရင် သူများအိမ်ကိုငှားပြီးဖွင့်တာ ဆယ်စုနှစ်တစ်ခု

မကတော့ပါဘူး။

သူငှားဖွင့်ထားတဲ့ နေရာက ၂၀၀ဝခုနှစ်တုန်း သိန်းရာကြီးဂဏန်းရှိတဲ့ နေရာဖြစ်ပါသတဲ့။

အဲဒီအချိန်က ငှားခ တစ်လရှစ်သောင်း။

အခု၂၀၁၃မှာတော့ သိန်းသောင်းဂဏန်းဖြစ်သွားပါပြီ။

သိန်းထောင်ဂဏန်းရောက်ချိန်တုံးက သူဝယ်မယ်စဉ်းစားပေမယ့် သိန်းထောင်ဂဏန်းလောက်

ထုတ်ဝယ်လိုက်ရင် သူလှည့်ပါတ်ရင်းနှီးငွေလျော့သွားမှာစိုးလို့ မဝယ်နို်င်ခဲ့ပါဘူး။

တစ်ရာသုံးကျပ်တိုးနူန်းနဲ့တွက်ရင် သိန်းထောင်ဂဏန်းဆိုရင် အတိုးက တစ်လ သိန်းဆယ်ဂဏန်းဖြစ်သွားပါတယ်။

အဲတော့ နေရာအပိုင်မဝယ်တော့ဘဲ  ငှားဖွင့်ပါတော့တယ်။

အခုအချိန်မှာတော့ ငှားခ က တစ်လငါးသိန်း။

တစ်နှစ်တွက် သိန်းခြောက်ဆယ် ကိုသူုထုတ်ပြီး ပေးနိုင်ပေမယ့်

သိန်းထောင်ဂဏန်းဆိုတဲ့ ပမာဏ ကိုတော့ သူ့လုပ်ငန်းထဲကနေဆွဲမထုတ်နို်င်ပါဘူး။

ဆွဲထုတ်နိုင်လောက်တဲ့ ငွေပမာဏလည်းသူ့မှာမရှိပါဘူး။

အဲတော့တစ်နှစ်ကို သိန်းခြောက်ဆယ်အကုန်ခံပြီးဆို်င်ငှားဖွင့်ပါတော့တယ်။

 

အခုခေတ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်

“နေရာ” အတွက် ဦးနှောက်ခြောက်ကြရပါတယ်။

ဆိုင်ဖွင့်ပြီးအပြိုင်အဆိုင်ရောင်းကြမယ်ဆိုရင် နေရာအပို်င်မရှိသူက တစ်ပန်းရှုံးပါတယ်။

မြန်မာပြည်ရဲ့ မြေဈေးနုူန်းက နိုင်ငံတကာကမော့ကြည့်ရလောက်အောင်မြင့်မားပါတယ်။

မြေဈေးနူန်းတက်သွားတဲ့ ပမာဏကလဲ အဆအင်မတန်များတယ်လို့ဆိုနို်င်ပါတယ်။

၁၉၉၅ ခုနှစ်ပါတ်ဝန်းကျင်က မန္တလေး မြို့သစ်၆၅လမ်းမတန်းနေရာက မြေတစ်ကွက်တန်းဘိုးကသိန်းရာဂဏန်းစွန်းစွန်းလေးပါ။

၂၀၀ဝခုနှစ်အလွန်လေးမှာတော့ သိန်းထောင်ဂဏန်းရောက်သွားပါတယ်။

၂၀၁ဝအလွန်မှာတော ့သိန်းသောင်းဂဏန်းဖြစ်သွားပါတယ်။

ဒီလို မြေဈေးမြင့်တက်မူ့က ကမ္ဘာမှာ မြန်မာကပထမလို့တောင်ဆိုနိုင်ပါတယ်။

အစက မြက်ရိုင်းတောသာသာ ရှိတဲ့ နေရာတစ်ခုဟာ စီမံကိန်းဝင်ပြီဆိုတဲ့အသံ

ထွက်လာရင် အဲဒီပါတ်ဝန်းကျင်က မြေဈေးတွေက ဝုန်းကနဲ့ခုန်တက်သွားတတ်ပါတယ်။

အဲလိုတွေဖြစ်လာတာတွေများတော့ သာမန်ဆင်းရဲသားကလဲ တန်တယ်ဆိုပြီးချရောင်းတဲ့

အခါ ရေရှည်မှာ မြေမဲ့အိမ်မဲ့တွေဖြစ်ကုန်ပါတယ်။

သာမန်လူတန်းစားတစ်ယောက်အနေနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းထူထောင်မယ်ဆိုရင်

အခုခေတ်မှာအတော်ခက်သွားပါပြီ။

ရောင်းချမယ့် ကုန်အတွက် ငွေရင်းနိုင်ပေမယ့် ရောင်းချရမယ့်ဆိုင်နေရအတွက်

ရင်းနှီးစရာမြေ အတွက်ငွေကိုတော့ မတတ်နိုင်ကြတာများပါတယ်။

ငှားဖွင့်တယ်ဆိုပြန်ရင်လဲ ငှားခကဈေးကြီးပြန်တော့ တစ်လတစ်လ

အမြတ်အစွန်းရဘို့ထက် အိမ်ငှားခ ရအောင်ပြန်ရှာဘို့တောင်မှ မလွယ်ပါဘူး။

ဒီတော့လဲလုပ်ငန်းအသစ်ထူထောင်ဘို့ဆိုတာ မြေနေရာအပိုင်မရှိရင်

အတော်ခက်ခဲတဲ့ကိစ္စဖြစ်လို့လာပါတယ်။

အဲတော့ အတော်များများက ကိုယ်ပိုင်လုပ်ငန်းမထူထောင်နို်င်တော့ဘဲ

သူများဆီမှာအလုပ်လုပ်ရတဲ့ ဝန်ထမ်းဘဝကိုရောက်သွားကြပါတော့တယ်။

ဖွံ့ဖြိူးဆဲနိုင်ငံဆိုတာ ကိုယ်ပိုင်လုပ်ငန်းအငယ်လေးတွေထွန်းကားအောင်

အားပေးသင့်ပါတယ်။

တစ်နိုင်တစ်ပိုင်လုပ်ငန်းအငယ်လေးတွေများတယ်ဆိုရင်အလုပ်လက်မဲ့

ပြဿနာက အလိုလိုဖြေရှင်းပြီးသားဖြစ်သွားမှာပါ။

နို့မဟုတ်ရင် တစ်ထက်တစ်စ တိုးပွားလာတဲ့ လူငယ်တွေအလုပ်လက်မဲ့မဖြစ်ရေးက

နိုင်ငံတော်အပေါ်မှာဘဲပုံကျသွားနိုင်ပါတယ်။

 

အခုအချိန်မှာနိုင်ငံခြားကနေလာရောက်ပြီးလုပ်ငန်းလုပ်မယ်လို့တာစူနေကြချိန်လဲဖြစ်ပါတယ်။

သူတို့လာတဲ့အချိန်မှာ ပြန်ရောင်းရအောင်ဆိုပြီး မြေကွက်တွေဝယ်ပြီး ဥထားကြတဲ့သူတွေလဲ

ရှိပါတယ်။

မြေကျွမ်းကျင်သူပွဲစားတစ်ယောက်ကတော့ ဒီလိုမှတ်ချက်ချဘူးပါတယ်။

“ သူတို့က မြေသိပ်ဈေးကြီးရင် မဝယ်လောက်ဘူး။

ကျနော်တို့ကသာ မြို့နဲ့ နီးတယ် ဝေးတယ် စဉ်းစားတာကိုးဗျ။

သူတို့ကတော့ အစကတည်းက အဝေးကြီးကလာခဲ့တဲ့ လူတွေဗျာ။

အဲတော့ မြို့နဲ့ဝေးချင်ဝေးပေ့စေ။

မြေဈေးသက်သာတဲ့နေရာမှာဘဲဝယ် လမ်းတွေဖောက် ရေတွင်းတွေတူး။

တန်းလျားဆောက် စက်ရုံဆောက် အဲလို့လုပ်ဘို့များတယ်။

အဲတော့ သူုတို့တွေလာရင် အမြတ်ကြီးကြီးနဲ့ရောင်းရမယ်ဆိုပြီး

မြို့နဲ့နီးတဲ့မြေကွက်ပေါက်စနလေးတွေကို ကိုင်ထားရင်တော့

ပိုက်ဘောမိဘို့များတယ်”

 

အဲတော့ တိုင်းပြည်ကဆင်းရဲနေပေမယ့် ကမ္ဘာနိုင်ငံကြီးတွေထက်တောင်

မြေဈေးတွေကြီးမြင့်နေတာကို မထိန်းချုပ်နို်င်ဘူးဆိုရင်

ပြည်တွင်းလုပ်ငန်းရှင်လေးတွေ ပေါ်ထွက်လာဘို့ကတော့ ခက်တယ်လို့

ထင်မိပါတယ်။

အဲတော့ ………………………………………….

 

ကိုပေါက်(မန္တလး)

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။

30-8-2013 နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၇၂)တွင်ပုံနှိပ်ဖော်ပြပြီးဖြစ်ပါကြောင်း။

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။