Normal
0

false
false
false

EN-US
JA
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

လူတစ်ဦးတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပါသလား…

 လတ်တလော တွေ့နေမိတာတော့ အဖွဲ့အစည်း တစ်ခုခု က လူတစ်ယောက် ဟာ မကောင်းတာ တစ်ခုပြုလိုက်ပြီဆိုရင်တော့ အဲ့ဒီလူရဲ့ မကောင်းမှုဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ မကောင်းမှုဖြစ်ပြီးတော့ ၊ အဲဒီလူ ပြုလုပ်လိုက်တဲ့ အမှားအပြစ် ဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အမှားအပြစ် ဖြစ်သွားပါတယ်။

 အကယ်၍များ အဖွဲ့အစည်း တစ်ခုခု က လူတစ်ယောက်ဟာ ကောင်းတဲ့ကိစ္စတစ်ခုခု လုပ်လိုက်တယ်ဆိုပါတော့ …. အဲ့ဒါဟာ အဲ့ဒီလူတစ်ယောက်တည်းနဲ့ပဲဆိုင်ပြီး အဖွဲ့အစည်းကိုယ်စားပြု ကောင်းမှုတစ်ခုဖြစ်မလာပါဘူး။

 ဥပမာဆိုကြပါစို့ ။

ဆရာမတစ်ယောက် ။ သူက ကျူရှင်ပြတယ် ။ ကျူရှင်တက်တဲ့ ကလေးမှ ပိုဂရုစိုက်မယ် ။ ကျူရှင်မတက်နိုင်တဲ့ကလေး ကို ဂရုမစိုက်ဘူး ။အတန်းထဲမှာစေတနာထားမသင်ဘူး ။ ဒီကိစ္စ အွန်လိုင်းပေါ်ရောက်လာတဲ့အခါ ….

“ဆရာမတွေအကုန် ဒီလိုပါပဲ ပြောမနေနဲ့ …ကျူရှင်တက်မှပဲ အရေးလုပ်ချင်တာ”

“ဆရာမတွေများ ကောင်းကိုမကောင်းဘူး ငွေမျက်နှာပဲ ကြည့်တယ်”

“ဆရာမတွေများ ကလေးတွေကို စေတနာကို မရှိတာ”….. စသဖြင့်ပေါ့လေ ။ အားပါးတရကြီး ၀ိုင်းပြောကြတာကို တွေ့ဖူးမှာပါ။

 ဒါဆိုရင် ကိုယ်ငယ်ငယ် သူငယ်တန်းကစပြီး သင်ကြားပေးလာတဲ့ ဆရာ၊ဆရာမတွေအကုန်ဒီလိုပဲဆိုတာ သေချာလို့လား ။ ကိုယ့်တပည့်သားတွေအပေါ်စေတနာထားတဲ့ ၊ စာကိုနားလည်အောင် ဂရုတစိုက်သင်ပေးတဲ့ ဆရာ၊ဆရာမ တွေကို လုံးဝ(လုံးဝ) ကို မတွေ့ခဲ့ဖူးဘူးလား။

 အမှန်တကယ်တော့ ဆရာမတိုင်း ဒီလိုဘယ်ဟုတ်ပ့ါမလဲ ။ ကလေးတွေကို တကယ်ချစ်ပြီး စေတနာပါပါ သင်ကြားပေးနေတဲ့ ဆရာတွေလဲ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ဒီလိုကိစ္စကိုတော့ ဘယ်သူမှ အရေးတယူလုပ်ပြောမနေကြတော့ဘူး ။သူ့တာဝန်သူလုပ်တာပဲ လုပ်ပလေ့စေဆိုတဲ့ သဘောမျိုးလားတော့မသိပါဘူး။

 လတ်တလော ကြားရတဲ့သတင်းထဲ က ဆိုရင်လဲ …

မုံရွာမှာ စစ်သားက ကျောင်းသူအဆောင်ကို ၀င်ခိုးတာ ၊ ကျောင်းသူနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာ ။ ပူတာအို မှာ တပ်ကြပ် က အစိုးရ၀န်ထမ်းကို သေနတ်နဲ့ပစ်လိုက်တာ ။ အစိုးရ ၀န်ထမ်းသေသွားတာ……..

ဒါတွေဟာ ဖြစ်သင့်သလားဆိုတော့ တကယ်တန်းလဲ မဖြစ်သင့်တဲ့ကိစ္စတွေပါ ။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဒီလို ကြွက်ချေး လို လူတွေ အနည်းနဲ့အများပါနေကြတာပါပဲ။ ဒီ ကြွက်ချေးလို လူတွေကြောင့် သူတို့ပါဝင်တဲ့ အဖွဲ့အစည်းဟာ ကြွက်ချေးနဲ့တသင်းသင်းနဲ့ နာမည်ပျက်စမြဲပါပဲ ။

“စစ်တပ် က လုပ်တာ ၊ စစ်တပ် ကကောင် က ခိုးတာ ၊ စစ်တပ် က ကောင်ကြောင့် ကျောင်းသူတွေ ဒဏ်ရာရတာ ၊ စစ်တပ်က ပစ်လိုက်တာ ၊ စစ်တပ်ကြောင့်…….. “

နဂိုကမှ မကြည်ရင်းစွဲရှိနေကြတာ ဒီလိုမဖြစ်သင့်တဲ့ကိစ္စရပ်တွေကြောင့် ပိုပြီးနာမည်ပျက်စရာဖြစ်လာတာပေါ့။

 စစ်တပ်ထဲမှာ ၊ စစ်သားထဲမှာ ကောင်းတာလုပ်တဲ့လူတစ်ယောက်မှမရှိဘူးလား ဆိုရင်ရော ။ အငတ်ငတ်အပြတ်ပြတ်နဲ့ နယ်စွန်နယ်ဖျား မှာ တာဝန်အရ တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်သားတွေ၊ မိုင်းထိ လို့ ခြေပြတ် လက်ပြတ် ၊ မျက်စိကွယ် ၊ ဒုက္ခိတ ဘ၀ရောက်ရသူတွေ …. ဒါမျိုးတွေ ကျတော့ စာနာသနားမယ့်သူ ၊ ဖေးမကူညီမယ့်သူ ၊  ခမျာများ တိုင်းပြည်အကျိုးသယ်ပိုးရင်း အသက်စွန့်ရရှာတယ် လို့ ဂရုဏာနဲ့ယှဉ်ပြီး တွေးတတ်သူ ရှားပါတယ် ။

 “ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သတဲ့ “

လူတစ်ယောက် မကောင်းမှုပြုရင် သူ့ပတ်ဝန်းကျင်ဟာလဲ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်ကြောင့် အပုတ်နံ့လှိုင်လှိုင်ထွက်သလိုမျိုး ၊

 လူတစ်ယောက် ကောင်းမှုပြုရင် သူ့ရဲ့ ကောင်းမှုကို ၀ိုင်းဝန်းချီးကျူးပြီး ပတ်ဝန်းကျင်ကို မျက်နှာပွင့်လန်းစေရင် အခြားအခြားသော သူတွေဟာလည်း ဒီလူကို အားကျပြီး ကောင်းတဲ့ကိစ္စလေးတွေအတုယူလုပ်လာနိုင်တာမို့  မကောင်းတာလုပ်ရင် ၀ိုင်းဝန်းကဲ့ရဲ့ ပြစ်တင် ရှုံ့ချ ကြသလို ၊ ကောင်းတာ ပြုတဲ့အခါ မှာလဲ ၀ိုင်းဝန်းချီးကျူးအားပေးကြရင် ကောင်းမှာပဲ လို့ ထင်မိတယ်။

 

 

 

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.