“ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး မပုတ်စေချင်”

Normal
0

false
false
false

EN-US
JA
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

လူတစ်ဦးတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုပါသလား…

 လတ်တလော တွေ့နေမိတာတော့ အဖွဲ့အစည်း တစ်ခုခု က လူတစ်ယောက် ဟာ မကောင်းတာ တစ်ခုပြုလိုက်ပြီဆိုရင်တော့ အဲ့ဒီလူရဲ့ မကောင်းမှုဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ မကောင်းမှုဖြစ်ပြီးတော့ ၊ အဲဒီလူ ပြုလုပ်လိုက်တဲ့ အမှားအပြစ် ဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အမှားအပြစ် ဖြစ်သွားပါတယ်။

 အကယ်၍များ အဖွဲ့အစည်း တစ်ခုခု က လူတစ်ယောက်ဟာ ကောင်းတဲ့ကိစ္စတစ်ခုခု လုပ်လိုက်တယ်ဆိုပါတော့ …. အဲ့ဒါဟာ အဲ့ဒီလူတစ်ယောက်တည်းနဲ့ပဲဆိုင်ပြီး အဖွဲ့အစည်းကိုယ်စားပြု ကောင်းမှုတစ်ခုဖြစ်မလာပါဘူး။

 ဥပမာဆိုကြပါစို့ ။

ဆရာမတစ်ယောက် ။ သူက ကျူရှင်ပြတယ် ။ ကျူရှင်တက်တဲ့ ကလေးမှ ပိုဂရုစိုက်မယ် ။ ကျူရှင်မတက်နိုင်တဲ့ကလေး ကို ဂရုမစိုက်ဘူး ။အတန်းထဲမှာစေတနာထားမသင်ဘူး ။ ဒီကိစ္စ အွန်လိုင်းပေါ်ရောက်လာတဲ့အခါ ….

“ဆရာမတွေအကုန် ဒီလိုပါပဲ ပြောမနေနဲ့ …ကျူရှင်တက်မှပဲ အရေးလုပ်ချင်တာ”

“ဆရာမတွေများ ကောင်းကိုမကောင်းဘူး ငွေမျက်နှာပဲ ကြည့်တယ်”

“ဆရာမတွေများ ကလေးတွေကို စေတနာကို မရှိတာ”….. စသဖြင့်ပေ့ါလေ ။ အားပါးတရကြီး ဝိုင်းပြောကြတာကို တွေ့ဖူးမှာပါ။

 ဒါဆိုရင် ကိုယ်ငယ်ငယ် သူငယ်တန်းကစပြီး သင်ကြားပေးလာတဲ့ ဆရာ၊ဆရာမတွေအကုန်ဒီလိုပဲဆိုတာ သေချာလို့လား ။ ကိုယ့်တပည့်သားတွေအပေါ်စေတနာထားတဲ့ ၊ စာကိုနားလည်အောင် ဂရုတစိုက်သင်ပေးတဲ့ ဆရာ၊ဆရာမ တွေကို လုံးဝ(လုံးဝ) ကို မတွေ့ခဲ့ဖူးဘူးလား။

 အမှန်တကယ်တော့ ဆရာမတိုင်း ဒီလိုဘယ်ဟုတ်ပ့ါမလဲ ။ ကလေးတွေကို တကယ်ချစ်ပြီး စေတနာပါပါ သင်ကြားပေးနေတဲ့ ဆရာတွေလဲ ဒုနဲ့ဒေးပါ။ ဒါပေမယ့် ဒီလိုကိစ္စကိုတော့ ဘယ်သူမှ အရေးတယူလုပ်ပြောမနေကြတော့ဘူး ။သူ့တာဝန်သူလုပ်တာပဲ လုပ်ပလေ့စေဆိုတဲ့ သဘောမျိုးလားတော့မသိပါဘူး။

 လတ်တလော ကြားရတဲ့သတင်းထဲ က ဆိုရင်လဲ …

မုံရွာမှာ စစ်သားက ကျောင်းသူအဆောင်ကို ဝင်ခိုးတာ ၊ ကျောင်းသူနှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာ ။ ပူတာအို မှာ တပ်ကြပ် က အစိုးရဝန်ထမ်းကို သေနတ်နဲ့ပစ်လိုက်တာ ။ အစိုးရ ဝန်ထမ်းသေသွားတာ……..

ဒါတွေဟာ ဖြစ်သင့်သလားဆိုတော့ တကယ်တန်းလဲ မဖြစ်သင့်တဲ့ကိစ္စတွေပါ ။ ဒါပေမယ့် ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဒီလို ကြွက်ချေး လို လူတွေ အနည်းနဲ့အများပါနေကြတာပါပဲ။ ဒီ ကြွက်ချေးလို လူတွေကြောင့် သူတို့ပါဝင်တဲ့ အဖွဲ့အစည်းဟာ ကြွက်ချေးနဲ့တသင်းသင်းနဲ့ နာမည်ပျက်စမြဲပါပဲ ။

“စစ်တပ် က လုပ်တာ ၊ စစ်တပ် ကကောင် က ခိုးတာ ၊ စစ်တပ် က ကောင်ကြောင့် ကျောင်းသူတွေ ဒဏ်ရာရတာ ၊ စစ်တပ်က ပစ်လိုက်တာ ၊ စစ်တပ်ကြောင့်…….. “

နဂိုကမှ မကြည်ရင်းစွဲရှိနေကြတာ ဒီလိုမဖြစ်သင့်တဲ့ကိစ္စရပ်တွေကြောင့် ပိုပြီးနာမည်ပျက်စရာဖြစ်လာတာပေ့ါ။

 စစ်တပ်ထဲမှာ ၊ စစ်သားထဲမှာ ကောင်းတာလုပ်တဲ့လူတစ်ယောက်မှမရှိဘူးလား ဆိုရင်ရော ။ အငတ်ငတ်အပြတ်ပြတ်နဲ့ နယ်စွန်နယ်ဖျား မှာ တာဝန်အရ တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်သားတွေ၊ မိုင်းထိ လို့ ခြေပြတ် လက်ပြတ် ၊ မျက်စိကွယ် ၊ ဒုက္ခိတ ဘဝရောက်ရသူတွေ …. ဒါမျိုးတွေ ကျတော့ စာနာသနားမယ့်သူ ၊ ဖေးမကူညီမယ့်သူ ၊  ခမျာများ တိုင်းပြည်အကျိုးသယ်ပိုးရင်း အသက်စွန့်ရရှာတယ် လို့ ဂရုဏာနဲ့ယှဉ်ပြီး တွေးတတ်သူ ရှားပါတယ် ။

 “ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သတဲ့ “

လူတစ်ယောက် မကောင်းမှုပြုရင် သူ့ပတ်ဝန်းကျင်ဟာလဲ သူ့ရဲ့ မကောင်းတဲ့ လုပ်ရပ်ကြောင့် အပုတ်နံ့လှိုင်လှိုင်ထွက်သလိုမျိုး ၊

 လူတစ်ယောက် ကောင်းမှုပြုရင် သူ့ရဲ့ ကောင်းမှုကို ဝိုင်းဝန်းချိီးကျူးပြီး ပတ်ဝန်းကျင်ကို မျက်နှာပွင့်လန်းစေရင် အခြားအခြားသော သူတွေဟာလည်း ဒီလူကို အားကျပြီး ကောင်းတဲ့ကိစ္စလေးတွေအတုယူလုပ်လာနိုင်တာမို့  မကောင်းတာလုပ်ရင် ဝိုင်းဝန်းကဲ့ရဲ့ ပြစ်တင် ရှုံ့ချ ကြသလို ၊ ကောင်းတာ ပြုတဲ့အခါ မှာလဲ ဝိုင်းဝန်းချီးကျူးအားပေးကြရင် ကောင်းမှာပဲ လို့ ထင်မိတယ်။

 

 

 

11 comments

  • kai

    August 31, 2013 at 12:17 am

    တော်တော်ဂွကျတဲ့ကိစ္စပဲ..
    .. အထူးသဖြင့် စည်းနဲ့ကမ်းနဲ့နေရတဲ့..သေနတ်ကိုင်တွေအဖွဲ့အစည်းဆို.. ပိုလို့သိသာတယ်..။ တာဝန်ယူမှုပိုရှိရတာကိုး..

    • ရွှေမိုးတိမ်

      October 5, 2013 at 12:10 pm

      ဟုတ်ပါတယ် ။ ပြောရခက်ပါတယ် ။ လူအမျိုးမျိုးစိတ်အထွေထွေဆိုတော့လေ ။

  • အရီးခင်

    August 31, 2013 at 2:15 am

    ငါးခုံးမ တစ်ကောင်မက ဖြစ်နေတာ ဆိုတော့ ရေများ ရေနိုင်၊ မီးများ မီးနိုင် လို့ ဆိုရမလားပါဘဲ။
    🙄

  • Foreign Resident

    August 31, 2013 at 5:24 am

    ” ( စစ်တပ် ) တစ်လှေလုံး နီးပါးက ပုပ်နေတော့လည်း ၊
    မပုပ်ရှာတဲ့ တစ်ကောင်စ နှစ်ကောင်စ ငခုံးမ လေးတွေခမျာ ၊
    တစ်လှေလုံး နှင့်ရောပြီး အပြောခံနေရရှာတာ စိတ်မကောင်း ဖြစ်မိပါတယ် “

  • Foreign Resident

    August 31, 2013 at 5:32 am

    ” အငတ်ငတ် အပြတ်ပြတ် နဲ့ နယ်စွန် နယ်ဖျား မှာ ၊
    တာဝန်အရ တိုက်ပွဲဝင်ရင်း အသက်ဆုံးရှုံးသွားခဲ့ရတဲ့ စစ်သားတွေ ၊
    မိုင်းထိ လို့ ခြေပြတ် လက်ပြတ် ၊ မျက်စိကွယ် ၊ ဒုက္ခိတ ဘဝရောက်ရသူတွေ ”

    မသိလို့ မေးပါရစေ ။
    အဲဒီ စစ်သားတွေက ၊ ကျနော်တို့ ရဲ့ ညီနောင်ရင်းချာ တိုင်းရင်းသားတွေကို ၊
    သွားပြီး မုဒိန်းကျင့်ရင်း သတ်ဖြတ်ရင်း ဒါဏ်ရာ အနာတရ ဖြစ်ကြတာဆို ။

    အဲဒါကို ကျနော်တို့က တိုင်းပြည် အကျိုး ၊ ပြည်သူ့ အကျိုး သယ်ပိုးနေတာလို့ ၊
    မြင်ပေးစေချင်တာလားဟင် ။

    • မင်းခန့်ကျော်

      August 31, 2013 at 9:14 am

      ဒီလိုစစ်သားတွေက ပုပ်နေတဲ့သူတွေလေ။

      အမှန်တကယ်စစ်သားစစ်စစ်ကို စာနာမူ့ ထောက်ထားမူ့

      လေးတော့ပေးနိုင်တဲ့စိတ်မွေးနိုင်သင့်ပါပြီ။

      စစ်ဘက်အုပ်ချုပ်မူ့ ကို မုန်းပေမဲ့ စစ်သား စစ်စစ်ကိုတော့ လေးစားပါတယ်။

  • Ma Ma

    August 31, 2013 at 7:16 am

    (ကြွက်ချေးလို လူတွေကြောင့် သူတို့ပါဝင်တဲ့ အဖွဲ့အစည်းဟာ ကြွက်ချေးနဲ့တသင်းသင်းနဲ့ နာမည်ပျက်စမြဲပါပဲ ။ )
    ဘယ်နေရာမှာမဆို လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ကောင်းတာလည်းပါ၊ ဆိုးတာလည်းပါ ရှိနိုင်ပါတယ်။

    ဒါပေမယ့် သဂျီးပြောသလို လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူမှုပိုတာမို့ အမှားမခံနိုင်ပါဘူး။

    သို့သော်လည်း မကောင်းရင် မကောင်းတဲ့လူကို မကောင်းသလို အသိုင်းအဝိုင်းက ထုတ်ပယ်ပစ်နိုင်ဖို့ (သို့) အရေးယူဖို့ သီးသန့်ခွဲထုတ်ဖို့လိုပါတယ်။

    အဲလိုမှမဟုတ်ပဲ အုတ်အရောရော ကျောက်အရောရောနဲ့ဆိုရင်တော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် ပြီး သိမ်းကျုံးအပြောခံကြရမှာပါပဲ။

    အဲ…..
    စကားအတင်းစပ်ပြီးပြောချင်တာက ……
    လူအချင်းချင်း ပြဿနာဖြစ်ကြတာတွေကို ……
    ဘာသာရေး၊ လူမျိုးရေးအရောင်အစွဲတွေထည့်ပြီး……..
    ပြဿနာကို ကြီးမားလာအောင် လုပ်နိုင်/နေ/ကြတာကိုလည်း …..
    ခွဲခွဲခြားခြားသိပြီး သတိရှိကြစေချင်ပါတယ်။

  • surmi

    August 31, 2013 at 8:28 am

    အဟမ်းးး
    ဂဇက် ရွာရဲ့ဒိုင်ယာလော့ !!!
    တစ်သံတည်းထွက်တယ် 🙂

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 9:25 am

    လူဒွေ ချီးကျူးစေချင်ရင်
    အကောင်းဆုံးနည်းက
    မြန်မြန်သေပေးလိုက် …..

  • Zaw Thant

    August 31, 2013 at 9:59 am

    .. ဒီသဘောက အတော်ပြောရခက်တယ်.. ဘယ်နေရာမဆို အကောင်း အဆိုး ရှိနေတာကတော့ အမှန်ပဲ.. နောက်ပြီး အဲ့ဒီ အကောင်း အဆိုးဆိုတာလည်း လူတစ်ဦးချင်း အပြင် သူ့ရဲ့ ပါတ်ဝန်းကျင်၊ စနစ် တို့ရဲ့ လွှမ်းမိုးမှုကလည်းရှိသေးတယ်.. ဆရာဝန်တစ်ယောက် ဒါမှမဟုတ် ရဲ တစ်ယောက် ဒါမှမဟုတ် နိုင်ငံရေးပါတီဝင် တစ်ယောက် တစ်ခုခုအမှား လုပ်လိုက်တယ်ဆိုရင်ပဲ အဲ့ဒီတစ်ယောက်ကိုပဲ အပြစ်တင်မယ့်လူတွေရှိတယ်၊ လူတန်းစားတစ်ခုလုံးကို အပစ်တင်ချင်တဲ့လူတွေလည်းရှိတယ်၊ လူ နဲ့ လူတန်းစားတစ်ခုလုံးကို အပြစ်မတင်ပဲ ဘာကြောင့် ဒီလိုတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းစုံကို ကြည့်တဲ့ လူတွေရှိတယ်..

    .. စစ်သားတွေ ဆိုရင်လည်း ကောင်းတဲ့လူရော ဆိုးတဲ့လူရော အမျိုးမျိုးရှိမှာပဲ (လူ တစ်ဦးချင်းပေါ့).. အဲ့ဒီကနေ စနစ်က ဖျက်၊ အခြေအနေက ပေးလာရင် ဆိုးတဲ့လူတွေအားကောင်းလာတာ၊ ဆိုးတဲ့ စိတ်တွေပို များလာတာရှိမှာပဲ (စနစ်၊ ပါတ်ဝန်းကျင်က လွှမ်းမိုး လာတာ).. အဲ့လိုမျိုးဆိုးတာများလာတဲ့ အခါ ဘေးကလူတွေ အနေနဲ့ ဆိုးတဲ့လူကို တစ်ဦးချင်းသာ အပြစ်မြင်တဲ့လူတွေရှိမယ်၊ စစ်သားဆိုတာမကောင်းပါဘူး လို့ လူတန်းစားတစ်ခုလုံးကို ဆွဲမြင်တာရှိမယ်၊ စစ်သားတွေထဲမှာ မကောင်းတဲ့လူတွေရော ကောင်းတဲ့လူတွေရောရှိမယ် ဒီကြားထဲ စနစ်ကြောင့် ဆင်းရဲကြတာကြောင့် ဆိုတဲ့ တခြားအချက်တွေကို မြင်ပေးနိုင်တဲ့လူတွေရှိမယ်.. အမျိုးမျိုးပေါ့လေ.. အားလုံးသဘောညီမယ့် အမြင်တစ်ခုတော့ မရနိုင်ပါဘူး.. ကိုယ်စီ ကိုယ်စီမှာ ကြုံခဲ့ရတဲ့ အတိတ်ကအတွေ့အကြုံတို့ စဉ်းစားပုံတို့မှ မတူကြပဲ..

  • အလင်းဆက်

    September 1, 2013 at 11:33 am

    အပုပ်နံ ့ကို ခံတာဟာ
    လင်းတ ဆန်ပါတယ်

    (တာရာမင်းဝေ/ယန္တရားအရေခွံနဲ့လူ စာအုပ်မှ စကား)

    ============

    အဖွဲ့အစည်းတစ်ခုထဲက မကောင်းသူတစ်ယောက် ရဲ့ မတော်တရော်လုပ်ရပ် ကြောင့်
    အဖွဲ့အစည်းတစ်ခုလုံး သိက္ခာကျ စိတ်နာရတာတော့
    အင်းးးးး
    ဖြစ်တတ်ပါတယ်လေ

    အတွေးကောင်း အရေးကောင်းလေး ဖတ်ရလို ့
    ကျေးကျေးပါဗျို့

Leave a Reply