တစ်ခါကနှင့် တောတန်းထဲက ခေါစာပွဲ

ေမာင္ရိုးAugust 30, 20131min47828

၁၉၉ဝ ​ကျော်​များနှစ်​​တွေဟာကျ​နော့အတွက်​ ထူးခြားတာ​တွေဆုံ​နေခဲ့ပါတယ်​ ။

ပဲခူးရိုးမကိုလည်​း ဝင်​ဖူးခဲ့တယ်​ ဧရာဝတီ​ပေါ်မှာလည်​း စက်​​လှေစီးခဲ့ရတယ်​ အခုလည်​း …..

 

စစ်​​တောင်​းမြစ်​ ~~~

​ရေစီးကကြမ်​းကြမ်​း …. မြစ်​​ကြောင်​းကတိုတို .. ဘာဆိုဘာမှ အလုပ်​မဖြစ်​ဘဲ သစ်​​ဖောင်​​မျှောဖို့​လောက်​ပဲ သုံး​လို့ရတယ်​​လေ ။

အဲဒီ​ကောင်​ ​ဒေါသကြီးလာရင်​​တော့ မြစ်​ကမ်​းပါး​တွေပြိုပါ​လေ​ရော …။

မြစ်​​ကြောင်​းသာတိုတယ်​ ​ပေါ်လာလိုက်​တဲ့ မြစ်​ကျိုးအင်​း​တွေ …

အဲဒီအင်​း​တွေကိုမှ ​လေလံဆွဲပြီး ငါးဖမ်​း ငါးပိလုပ်​ကြနဲ့ သူ့ဟာသူ​တော့ ဟုတ်​​နေတာပါပဲ ….

မြစ်​နားကမ်​းနား​နေတဲ့ ​တောသူ​တောင်​သား​ပေမို့လားမသိဘူး အယူ​တော့ ​အ​တော်​သည်​းသဗျ ။

ဘာတဲ့ .. အင်​း​ဘေးမှာ ငါးချက်​စားရင်​ ငါးကို ဗိုက်​မခွဲရဘူးတဲ ့ … ။

အင်​းကို​လေ​လံ​အောင်​ပြီဆိုတာနဲ့ တင်​လိုက်​ရတဲ့ ​ခေါစာ …​အ​ပေါ်ပွဲ​ရော ​အောက်​ပွဲ​ရော ..

အဲ … သီတင်​း ကျွတ်​​လောက်​မှာ​တော့ အင်​းကိုပိုက်​ဆွဲကြပါပြီ ။ ငါးကြီးလား ငါး​သေးလား ပုဇွန်​​ရော ဘယ်​​လောက်​ပါသလဲ ???

အင်​​းကို ပိုက်​မဆွဲခင်​မှာ​တော့ ထုံးစံအတိုင်​း အ​ပေါ်ပွဲ ​အောက်​ပွဲ​တွေလုပ်​ကြပြန်​သ​ပေါ့ ..။

တချို့က ညဖက်​မှ ပိုက်​ဆွဲကြပါတယ်​ ။ ငါး​တွေ ငြိမ်​တဲ့အချိန်​ဆို ပိုရတတ်​ပါသတဲ့ ။

 

 

ဒီလို​နေ့မျိုးမှာဆိုရင်​ည​နေ​စောင်​းပြီဆိုတာနဲ့ အင်​း​ဘေးမှာ ​ခေါစာ ပွဲ​တွေစီစဉ်​ကြပြန်​တာ​ပေါ့ ။

​မောင်​ဆမိရဲ့ ငယ်​​ပေါင်​းရဲ​ဘော်​ရဲဘက်​တစ်​​ယောက်​က စစ်​​တောင်​းမြစ်​ကမ်​းနားက ရွာတစ်​ရွာကပါ ။

မရိုးဖလာ အင်​း​လေလံအလုပ်​နဲ့ ရှာ​ဖွေလာကြတာ မျိးဆက်​ နှစ်​ဆက်​​ကျော်​ပါပြီ ။ ​ပြောရရင်​​တော့ သူတို့ ​တင်​​မြှောက်​ ပ သ ကြတဲ့ အစိမ်​း​ကောင်​ကြီးကအကျိုး​ပေးတယ်ထင်​ပါ့ ….။

ညည ဆိုရင်​ အဲဒီမြစ်​ကျိုးအင်​းရဲ့ အလယ်​မှာစိုက်​ထားတဲ့ ​ရေလယ်​တိုင်​​ပေါ်မှာ​နေတယ်​ဆိုပဲ။

​မောင်​ဆာမိက​တော့ မယုံပါဘူး ဒါ​ပေမယ်​့လည်​း သူ့အရပ်​သူ့ဇတ်​ဆို​တော့ ​ပြောစရာမရှိပါဘူး​လေ ။ သူတို့ရွာကို အလည်​​ခေါ်​နေတာ​တော့ကြာပါပြီ ။ ​မော်​​တော်​ကား ၊လှည်​း နဲ့ ​လှေပါစီးပြီးသွားရမှာမို့ ​တော်​​တော်​နဲ့မ​ရောက်​ဖြစ်​ခဲ့ပါဘူး ….

အဲဒီ​နေ့က​တော့ မိုးပါးစ သီတင်​းကျွတ်​ပြီမို့ အ​ဆွယ်​​ကောင်​းတာနဲ့ လိုက်​သွားဖြစ်​ခဲ့ပါတယ်​ ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဒုတိယကမ္ဘ ာစစ်​ကျန်​ ချက်​ပလက်​ကားကြီး​ပေါ်ကဆင်​းလိုက်​တယ်​ဆိုရင်​ပဲ `ဟင်​း´ကနဲသက်​ပြင်​းချမိတယ်​ဗျို့ ။

လမ်​းကဆိုးဆိုး ဖုန်​ကထူထူ ဆီနံ့ မီးခိုး​တွေမွှန်​ထူ​နေတဲ့ အပြင်​ တဗြီးဗြီးနဲ့ မည်​ဟီး​နေတဲ့ ​မော်​​တော်​ကားစက်​သံ​တွေ​ကြောင်​့ အ​တော်​ကြီးကိုစိတ်​ကျဉ်​းကျပ်​မိတာပဲ ။

သစ်​သားခုံတန်​း​မှာထိုင်​ခဲ့ရလို့ ခါးရိုး​တွေနာ တင်​ပါ​းတွေကျိန်​း နဲ့ ​မြေကြီး​ပေါ်မတ်​တပ်​ရပ်​မှ

သက်​သာတယ်​ထင်​​နေမိတာ ….။ လှည်​းကြုံလာကြိုမယ်​ တဲ့ ။

နံနက်​ခင်​း ၁ဝ နာရီ​နေဟာ အ​တော်​​တော့ ပူ​နေပါပြီ ။ သစ်​ပင်​ရိပ်​မှာနားရင်​း အသင်​့ပါလာတဲ့ ​ဆေး​ပေါ့လိပ်​ကိုဖွာရင်​း စပ်​စပ်​စုစု လုပ်​​နေမိတယ်​ ။ မကြာပါဘူး နွားနှစ်​​ကောင်​ဆွဲတဲ့ လှည်​းတစ်​စီး​ရောက်​လာပြီး ​မောင်​ဆာမိနဲ့ အင်​းသူကြီးသား သူငယ်​ချင်​းကို​ခေါ်တင်​သွား​တော့တာ​ပေါ့ …။

လှည်​းလမ်​း​ကြောင်​းခရီး​တော့ စပါပြီ ။

လှည်​းမစီးဖူး​သေးတဲ့ ​မောင်​ဆာမိတစ်​​ယောက်​ လှည်​း​အိမ်​​နောက်​မှာ ဟန်​ပါပါ​ခြေတွဲ​လောင်​းချထိုင်​… ဆွမ်​းအုပ်​တံဆိပ်​ အိတ်​စ်​ပို့ ဒူးယားကိုဖွာရင်​း ပဲ​ပေးပြီးလိုက်​လာလိုက်​တာ ….

​ဟော … !! ​စ​တွေ့ပါပြီ lesson 1 🙂

လယ်​ကန်​သင်​းလို ကုန်​းရိုးကို​ပြေးအတက်​ လှည်​းကခုန်​​ပေါက်​ပြီး ​ဆောင်​့လိုက်​တာ ​မောင်​ဆာမိလည်​း ​လေးဘက်​​ထောက်​ပြီး လှည်​းလမ်​း​ကြောင်​း​ပေါ် ​မှောက်​လျက်​လဲပါ​လေ​ရောလား ….

 

ရယ်​သံ​တွေ … စိုးရိမ်​တကြီးအာ​မေဋိတ်သံ​တွေကြားထဲ ကုန်​းရုန်​းထပြီး လှည်​​း​ပေါ်ပြန်​တက်​ရပါတယ်​ …..

ဒီတစ်​ခါ​တော့ ​နောင်​ကျဉ်​သွားပါပြီ ။ ဟန်​ပါပါတပ်​ထားတဲ့​နေကမျက်​မှန်​ကိုချွတ်​ပြီး လှည်​းအိမ်​အလယ်​ပိုင်​းက ဝင်​ရိုးအထက်​နားထိုင်​လိုက်​တာ​ပေါ့​လေ …။

ဟုတ်​ကဲ့ …. ဒုတိယမိ သင်​ခန်​းစာ …..

အရင်​လို လယ်​ကန်​သင်​း​ပေါ်​ပြေးတက်​တာ ဘာမှမဖြစ်​​တော့​ပေမယ်​့ လယ်​ကန်​သင်​း​ပေါ်ကလည်​းဆင်​း​ရော ….

“ဝုန်​း” ကနဲ ​မြောက်​တက်​ပြီးပြန်​ကျလိုက်​တာ မြီး​ညှောင်​့ရိုး ကျိုးမတတ်​ ။

ဒါလဲမဟုတ်​​သေးဘူး … ​နေရာမှား​နေ​သေးတယ်​ထင်​့ ။ ဒီတစ်​ခါ​တော့ လှည်​းဆရာက မ​နေနိုင်​​တော့လို့ သူ့အနား​ခေါ်ထိုင်​ခိုင်​းပြီး လက်​ချာ​တွေ​ပေးပါ​တော့တယ်​ ….

အင်​းးး … အဲဒီ​တော့မှ ​မောင်​ဆာမိလည်​း သက်​​တောင်​့သက်​သာရှိသွားပြီး နွားလှည်​း ​မောင်​းနည်​းသင်​တန်​းပါ တက်​ခဲ့ရပြန်​တာ​ပေါ့ ။

 

​တောအထာ ​တောဓ​လေ့ ​တောရဲ့ ပညက်​​တော်​များ …. ကြားဖူးတာလည်​းရှိရဲ့ မကြားဖူးတာလည်​းရှိရဲ့ …။

ယုံယုံ မယုံယုံ ပြန်​​တော့မငြင်​းခဲ့ဘူး ။

 

 

 

 

သူ​ပြောသမျှ​ခေါင်​းညိမ်​့ပြီး စိတ်​ထဲက​တော့ ပြန်​ငြင်​း​နေမိတာ​ပေါ့ဗျာ ။

ရှူး ​ပေါက်​ရင်​ မတ်​တပ်​ရပ်​မ​ပေါက်​ရတဲ့ ​တောင်​းပန်​ပြီးမှ​ပေါက်​ရမယ်​တဲ့ …. ​မောင်​ဆာမိလည်​း ပြန်​​မေးကြည်​့ပါတယ်​ ။ မတ်​တပ်​ ​ပေါက်​ရင်​ဘာဖြစ်​လည်​းဆို​တော့ ​တောမှားတတ်​လို့တဲ့ …

ကဲ ဟုတ်​ပါပြီ ။ ​တောမှားရင်​ ဘာဖြစ်​တတ်​လည်​းဆို​တော့ … ​တောကိုင်​တတ်​တယ်​ တဲ့

အင်​းး ကိုင်​မယ်​ဆို​တော့လည်​း ​ကြောက်​​ကြောက်​ 🙂

ဒါဆို ဘယ်​လို လုပ်​ရမလဲလို့ ​မေး​တော့ …. ​တော​ကျွေးရမယ်​ ပြီးရင်​ ရွာချ ရမယ်​တယ်​ ။သူ​တို့ စကားနဲ့​​ပြောတာပါ ။

​တော​ကျွေးတယ်​ဆိုတာက ​တောထဲ​ခေါစာပစ်​ပြီး ရွာချတယ်​ဆိုတာက ရွာပြင်​နားမှာ စတုဒီသာဘူ​ဖေး​ကျွေးရတာကို ဆိုလိုတာပါ ။

 

သူ့ဆီက ဓ​လေ့ထုံးစံ​တွေနား​ထောင်​ရင်​း ​လှေဆိပ်​ကိုမ​ရောက်​မှီ ခင်​တန်​း ​(​တောတန်​း) ​လေးတစ်​ခုကို ဖြတ်​ရပါ​တော့တယ်​ ။

လှည်​းဦးဝင်​ပြီဆိုတာနဲ့ သူ့ပါးစပ်​က ပွစိပွစိနဲ့ ​တောင်​းပန်​ပြီး ဝင်​ခွင်​့​တောင်​​း​နေ​သေးတာ​ပေါ့ ။

​မောင်​ဆာမိတို့ကိုလည်​း စကားမမှားဖို့ သတိ​ပေးရင်​း လှည်​းကိုညင်​ညင်​သာသာ ​မောင်​းခဲ့ပါတယ်​ ။

​မောင်​ဆာမိရဲ့​ဘော်​​ဘော်​ အင်​းသဂျီးသားက​တော့ ရှုံ့မဲ့ပြ​ပေမယ်​ သူလည်​း မလိုက်​နာပဲမ​နေရဲပါဘူး ..။

စိမ်​းညို့ညို့​တောတန်​း​လေးဟာ စဝင်​ပြီဆိုကတည်​းက အ​အေးဓတ်​​ပေး​နေပါပြီ ။

​နေပူပူက​နေ ရုတ်​တရက်​ စိမ်​့​တောထဲဝင်​လိုက်​သလိုဆို​တော့ ကြက်​သီး​တော့ ထချင်​သလိုလို …..

ခင်​တန်​း ရဲ့အလယ်​ကို​ရောက်​တဲ့အခါမှာ ရုတ်​တရက်​ လူစုလူ​ဝေးကို ​တွေ့လိုက်​ရပါ​တော့တယ်​ …… လှည်​းဆရာက ​မေး​ငေါ့ပြရင်​း အဲဒါ ​တော​ကျွေး​နေတာ တဲ့ …။

​မောင်​ဆာမိလည်​း စပ်​စုချင်​တာနဲ့ လှည်​းခဏရပ်​ခိုင်​းပြီးသွာကြည်​့တာ​ပေါ့ဗျာ ။

 

မျက်​နှာညှိုး​နေတဲ့ အမျိုးသမီးကြီးနှစ်​ဦးရယ်​ ဦး​ဆောင်​လှုပ်​ရှား​နေတဲ့ ​ယောက်​ကျားကြီးသုံး​ယောက်​ရယ်​ လူငယ်​တစ်​စုရယ်​​ပေါ့ ။ သူ​တို့​ရှေ့​မြေပြင်​​ပေါ်မှာ​တော့ ငှက်​​ပျောရွက်​​တွေခင်​းထားပြီး စတုဒီသာဘူ​ဖေး ခင်​းထားပါ​တယ်​ ။

ခတ်​ညစ်​ညစ်​ဖန်​ပုလင်​းနဲ့ထည်​့ထားတဲ့ ချဉ်​စုတ်​စုတ်​ ​တောအရက်​နှစ်​လုံးးး …….

ဝက်​သား ကိုလက်​​လေးသစ်​​လောက်​တုံးပြီး ချက်​ထားတဲ့ ဝက်​သသားဟင်​းကတစ်​ပုံ….

ကြက်​နှစ်​​ကောင်​ကို ​ခြေမဖြတ်​ ​ခေါင်​းမဖြတ်​ဘဲ ပြုတ်​ထားတဲ့ ကြက်​ပြုတ်​ ….

ကြက်​​သွေးလို့ ထင်​ရတဲ့ နီညို​ရောင်​ခတ်​ပျစ်​ပျစ်​ကတစ်​ခွက်​ ……

ဒူးယားစီးကရက်​က တစ်​ဗူး ……

ကွမ်​းယာတစ်​ထုတ်​ ……

နို့ဆီဗူး ​လေးလုံးချက်​​လောက်​ရှိမယ်​့ ထမ င်​းတစ်​ပုံ ……

 

​မောင်​ဆာမိတို့ ကြည်​​နေတုန်​းမှာပဲ ​ခေါစာပစ်​ပွဲက စတင်​ပါ​တော့တယ်​ ….

အဖွဲ့​ခေါင်​း​ဆောင်​ ​ယောက်​ကျားကြီးတစ်​​ယေက်​က ထမင်​းနဲ့ဟင်​းနဲ့ နယ်​ပြီး နှစ်​ပုံခွဲပြီး ပုံလိုက်​ပါတယ်​ ။

ပြီး​တော့ … ချက်​အရက်​တစ်​လုံးကို​မြေ​ပေါ်​လောင်​းချလိုက်​ပြီး အရပ်​​လေးမျက်​နှာကို အရိုအ​သေ​ပေးပါတယ်​ ။

တစ်​ချိန်​တည်​းမှာပဲ ကာယကရှင်​ မိန်​းမကြီးက ပွစိပွစိနဲ့​တောင်​းပန်​ပြီး လာလမ်​းအတိုင်​း ပြန်​သွားကြပါ​တော့တယ်​ ။

လှည်​းဆရာကလည်​း ​မောင်​ဆာမိတို့ကို လှည်​း​ပေါ်ပြန်​​ခေါ်ပြီး ခတ်​သွက်​သွက်​​မောင်​းထွက်​ခဲ့​တော့တာ​​ပေါ့ ။

​မောင်​ဆာမိအ​နေနဲ့ ဘယ်​လိုဆက်​ဖြစ်​မလဲ ကြည်​့ချင်​​ပေမယ်​့ သူ့ထုံးစံက မကြည်​့ရဘူးတဲ့ ။အရှင်​ကြီးတို့စိတ်​ဆိုးပြီး ခွင်​့မလွှတ်​မှာစိုးလို့တဲ့ …..

 

ဒီလိုနဲ့ပဲ …… စစ်​​တောင်​းမြစ်​​ဘေးက မြစ်​ကျိုးအင်​းတစ်​ခုဆီကို ဆက်​လက်​ခရီးဆန်​့ခဲ့ပြန်​​ပါ​တော့တယ်​ ………..

 

 

( အင်​း​ဖော်​ပွဲ နဲ့ အင်​း​န​ဘေးက ​ခေါစာည ကို ​နောက်​တစ်​ပုဒ်​မှ ​ဆက်​​ရေးပါရ​စေ )

 

​လေးစားလျက်​

​မောင်​ဆာမိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

28 comments

  • ဦးကျောက်ခဲ

    August 30, 2013 at 6:30 pm

    ဟီး ဟီး တောခြောက်တာ၊ တောမှောက်တာတော့ ကိုယ်တွေ့ ကိုရင်ဆာရဲ့…
    ကျောက်စ်တို့ ကျောင်းသားဘဝက မဲနယ်တောင်ပေါ်မှာ လမ်းပျောက်လို့…
    တောထဲမှာ ညအိပ်ခဲ့ရဖူးတယ်… ယုံရခက် မယုံရခက် လူ ၃ဝကျော်ကိုဗျာ…
    🙂

    • surmi

      August 30, 2013 at 7:32 pm

      အစ်​ကို​ကျောက်​​ရေ …
      ရိုးမ ​တောစပ်​မှာ​တော့ အဲသလို​တော​ချောက်​တာမျိုး ကြုံခဲ့ရပါတယ်​
      ငယ်​ငယ်​က​တော့ လက်​​တွေ့ဆန်​ချင်​တာကိုး
      တကယ်​​တော့လည်​း ြပြိတ္တာတို့ အသူရကယ်​တို့ ဆိုတာ​တောထဲ​တောင်​ထဲ ရှိ​နေတတ်​တာကလား
      ဟီုတုန်​းက​တော့ လူကြီး​တွေ​ပြောရင်​ ဟားလျင်​တာက ခတ်​များများ​လေ ……

  • Mr. MarGa

    August 30, 2013 at 7:08 pm

    အင်း…
    ဦးဆာ အခုတော့ လှည်းစီးတတ်ပြီမလား
    ဘယ်တော ဘယ်တောင်မှာမဆို ပိုင်ရာ ဆိုင်ရာ ဆိုတာ ရှိတတ်တာမို့
    (မရှိဘူး မပြောနဲ့ သိကြားမင်း အကုန်သိတယ် 😛 )
    မကိုးကွယ်ချင်နေ မစော်ကားနဲ့ ပေါ့နော
    ဒီတစ်ခါ ဘေးက ကြည့်ရတာမို့ မစုံလင်ဘူး ဆိုတော့
    နောက်ထပ် ဆက်လာမယ့် ကိုယ်တိုင်ကိုယ်ကျ ကြုံရသော ခေါစာည ကို မျှော်နေသဗျ
    :kwi:

  • မောင် ပေ

    August 30, 2013 at 7:28 pm

    ဒီ လို မျိုး မ ကြုံ ဖူး ပေ မယ့်
    တစ် ကျောင်း တစ် ဂါ ထာ ဆို သ လို
    သိ ပ္ပံ နည်း ပ ညာ နဲ ့တိုင်း ထွာ လို ့မ ရ တဲ့
    အ ဖြစ် မျိုး တွေ ရှိ တယ် ဆို တာ
    ကောင်း ကောင်း ယုံ တယ် ဗျို ့
    ကို ဆာ မိ ရဲ ့
    နောက် ပွဲ တွေ ကို ဂေ ဇက် ရောက် တဲ့ အ ခါ တိုင်း
    ဆက် ဖတ် သွား မယ့် အ ကြောင်း
    အဲ ဒါ အဲ ဒါ

    • surmi

      August 30, 2013 at 7:39 pm

      မင်​ဂလာပါကို​ပေ
      ဆက်​ဆက်​​စောင်​့​နေပါဗျို့
      ​ကျေး​ကျေး

  • ခင် ခ

    August 30, 2013 at 8:11 pm

    တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့အရပ်နဲ့ သူ့ဇတ်ဆိုပေမယ့် တစ်ချို့အယူအဆတွေက ခေတ်လွန်တွေမို့ ယုံရခတ်ပေမယ် တစ်ချို့ကိစ္စရပ်တွေကျတော့ တိုက်ဆိုင်တာပါဆိုပေမယ့် တိုက်ပဲတိုက်ဆိုင်လွန်းလောက်အောင် ဖြစ်ခဲ့ကြတော့လည်း ယုံရမလိုလိုတောင် တွေ့ခဲ့တာတွေလည်း ရှိခဲ့ပါသကောဗျာ။
    လူတိုင်းကတော့ အဆင်ပြေချင်ကြတာကတော့ အခြေခံပါဘဲလေ။

    • surmi

      August 30, 2013 at 8:23 pm

      ဦးခ ​ရေ
      တိုက်​ဆိုင်​မှု​တွေက အံ့ဩဖွယ်​ပါ
      ဒီအ​ကြောင်​း​တွေကိုယုံဖို့မယုံဖို့ဆိုတာထက်​ ဓ​လေ့ထုံးစံတစ်​ချို့ကို သိ​စေချင်​ရုံပါ
      ပိုပိုသာသာလုပ်​ထားတဲ့ ထုံးစံ​တွေလည်​း ပါ​နေတာ​ပေါ့​လေ …
      ပြီး​တော့ ……

  • surmi

    August 30, 2013 at 8:12 pm

    ​မောင်​မာဃ​ရေ
    လာ​တော့ လာမယ်​
    ခဏ​တော့ကြာဦးမယ်​​ဟေ့ …
    လှည်​းကစီးတတ်​ရုံမက ​မောင်​းတတ်​သွားပါြပြီ

  • အရီးခင်

    August 31, 2013 at 2:08 am

    ဇရပ် မှာ ဒီညတော့ လူစည်သွားပြီကိုး။
    ခေါစာည ကို မနှေး အမြန်တင်ပါလေ ဗျား။ 😛

    • surmi

      August 31, 2013 at 8:32 am

      အရီးရေ ….
      စောင့်နေရတာ ခွင့်လွှတ်နော
      လာတော့လာပါမယ်ခင် ဗျ : )

  • Ma Ma

    August 31, 2013 at 7:41 am

    ခေါစာပွဲဆိုတာ ကြတ်တွေကို ကျွေးတဲ့ပွဲလား မသိဘူး။
    ဖတ်ဖူးတာ တောထဲသွားရင်း စည်ကားနေတဲ့ရွာကြီးတစ်ရွာကို မထင်မှတ်ပဲတွေ့လိုက်ရတယ်။
    အဲဒီရွာဟာ ကြတ်တွေက မျက်စေ့လှည့်ပြီး အယောင်ပြထားတာဖြစ်ပြီး ရောက်လာတဲ့လူတွေကို လှည့်စားဖမ်းစားတတ်တယ် ဆိုပြီးတော့ရေးထားတာ။
    ကဆာမိရဲ့ ကိုယ်တိုင်ခေါစာပစ်ပွဲကတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းမှာမို့…….
    စောင့်မျှော်ဖတ်ရှု့သူစာရင်းထဲ တစ်ယောက်တိုးပါဗျို့………… 🙂

  • surmi

    August 31, 2013 at 8:41 am

    မင်ဂလာပါ အန်တီမမ
    မ တွေ့တာတောင်ကြာပေါ့ဗျာ
    နေရာဒေသ ကျဉ်းကျဉ်းတစ်ခုရဲ ့ ထုံးစံလေးပါ
    ရေးတော့ရေးပါဦးမယ်
    ဒီအယူသည်းမှုတွေ ပြန့်ပွားဖို့တော့မဟုတ်ဘူး ပေါ ့
    ကြားဖူးကြုံဖူးတာလေးကို အ ပျော်သက်သက်မျှသာ 🙂

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 9:15 am

    ဥဥဆာ ကားစီးဒါနဲ့ လှည်းစီးဒါဂို ကျိပီး ရွာဂို ဒဒိရတွားဒယ် …
    ရွာပျံရင် …
    တာထိပ် ကနေ ရွာအထိ ကားစီးရဒယ် ….
    ကျောက်ခဲ ငုံတွားရင်တောင် အစာကြေလောက်ဒယ် ….
    လှည်းစီးဒါဂဒေါ့ အမြင်နဲ့ဒါ ကောင်းဒါ ..
    တကယ်စီးရင် သိပ်လွယ်ဘူး …
    ဥဥဆာ ဒီထဲမှာ လှည်းစီးရဒါဒါ ကျိဘေဒေါ့ …

    ခေါစာပွဲ အကြောင်းဂဒေါ့ ဒီထဲ အရိပ်လေးဘဲ မျင်ရဒေးဒယ် ..
    နောက်ပို့စ်ဂျ ကွက်ကွက်ကွင်းကွင်း ဖစ်မယ် ထင်ဒယ် …
    အစိမ်းဂေါင်ဂျီးက ကိုယ်ထင်များ ပြလိုက်လေမလားဘဲ ….

    • ဦးကျောက်ခဲ

      August 31, 2013 at 10:04 am

      လာပြန်ပြီ… ငုံမို့လား..
      😀

      • မဟာရာဇာ အံစာတုံး

        August 31, 2013 at 11:42 am

        အန် …. ဝေါ့ ……
        ကျုပ်ပေါဒဲ့ ကျောက်ခဲ က ခီညား (ဟာ) မီဟုတ်ဝူးးးးး
        ဒဂယ်ထဲ …..
        သူ့မေးဂွန်းဂျီးဂလည်း ကျက်တီးထချရာဂျီးးးး ဟီးးးး
        :mrgreen:

  • Nyo Win

    August 31, 2013 at 9:57 am

    ဟမ်းမရေး…ဦးဆာရယ် ကောင်းခန်းရောက်မှဖြတ်ရသလား…
    ဒီမှာဆန် ့တငံ့ငံ့နဲ ့….

  • kyeemite

    August 31, 2013 at 10:18 am

    သူ့အရပ်နဲ့သူ့ဇတ်ပေါ့နော…
    ဘာမှမဆီမဆိုင် ရေလုပ်ငန်းနဲ့လည်းမပါတ်သက်
    ရန်ကုန်မြို့လယ်ကောင်နေတဲ့လူတွေတောင်
    ရေငံပိုင်ဦးရှင်ကြီးကိုပသ ပူဇော်နေကြတာကလား ကိုရင်ဆာရဲ့
    ကျုပ်ယောက္ခမကြီးအပါအဝင်ပေါ့
    ကျုပ်တို့ကတော့ မုံ့ဆန်းနဲ့ငှက်ပျောသီးစားရလို့ ကောင်းသဗျ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 31, 2013 at 12:15 pm

    ခုခေတ်ကတော့ လူတွေခြောက်လိုက်လို့
    တောလည်းပြေးတာတန်းးးးးးးးးးးနေတာဘဲ
    ဒီကြားထဲ မြေယာပိုင်ဆိုင်မှု့နဲ့
    ဆန္ဒပြကြလို့ အဖမ်းတောင်ခံလိုက်ရသေးတယ်
    ကျုပ်လည်းငယ်ငယ်တုန်းက တောစာကြွေးတာကို ကိုယ်တွေ့ကြုံဘူးသဗျ

  • TNA

    August 31, 2013 at 3:19 pm

    လှည်းစီးတာကတော့ လယ်ကွင်းထဲစီးရင် ကန်သင်းရိုးတွေနဲ့အော်ရပျော်ရနဲ့မို့ ရွာကိုတောင်လွမ်းမိပါတယ်။ သူတို့ဓလေ့တွေကတော့ ဘယ်သူမှဖျောက်လို့မရအောင်အရိုးစွဲနေသမို့ အသာပဲကြည့်နေရတော့တာပါပဲ ကိုဆာမိရေ

  • San Hla Gyi

    August 31, 2013 at 5:05 pm

    ကိုဆာမိရေ
    အဲဒီ ခေါစာကျွေးတယ် ဆိုတာက တကယ်တော့ အရှင်ကြီး အရှင်လေး အဆင့်မရှိတော့ပါဘူးဗျာ။ တကယ်တော့ အဲဒီအဆင့်ဟာ တစ္ဆေသရဲ အဆင့်တွေပါ။ အဆင့်အတန်း အင်မတန် နိမ့်ပါတယ်။ တတ်နိုင်ရင်တော့ အရော မဝင်တာ ပိုကောင်းပါတယ်။ တကယ်တော့ ဖြစ်တာက တောတွေမှာကလည်း ဗုဒ္ဓဘာသာ ကိုးကွယ်တယ်သာ ဆိုတာ အမှန်တော့ ဘုရားတောင် မှန်မှန် မရှိခိုးကြပါဘူး။ အားကိုးရာ အခံလည်း ကောင်းကောင်း မရှိတော့ ကြောက်တာနဲ့ လုပ်ကြတာပါပဲ။
    ရယ်စရာ ပြောရဦးမယ်။ ကျနော့် အဘိုးလေးက ငယ်ငယ်က အရက်သိပ်သောက်တာ။ အဲဒါ သူနဲ့ သောက်ဖော်သောက်ဖက် သူငယ်ချင်းတယောက် ရှိတယ်တဲ့။ နောက် အဲဒီလူက သေပြီးတော့ ကွင်းပိုင် သွားဖြစ်နေတယ်တဲ့။ အဲဒါကလည်း သရဲ အကြီးစားပဲ။ အဲဒါ သူအရက်သောက်တိုင်း ရောက်လာပြီး သူ့သူငယ်ချင်းရဲ့ ငယ်ထိပ်ကို လက်အေးကြီးနဲ့ လာကိုင်တော့တာပဲတဲ့။ တခြားအချိန် လုံးဝ မလာဘူး။ အရက်သောက်တာနဲ့ လာတော့တာပဲတဲ့။ နောက်တော့ အိပ်မက်ပေးတယ်တဲ့။ ဟိုမှာ သူတယောက်တည်း သောက်စရာ အဖော်မရှိလို့ ပျင်းတာနဲ့ အဖော်ရအောင် ငါ့သူငယ်ချင်းကို ခေါ်မယ်လို့ စဉ်းစားနေတယ်လို့ အိပ်မက်ပေးတာနဲ့ ကျနော့် အဘိုးလေး ကြောက်ပြီး အဲဒီကတည်းက အရက်မသောက်ရဲတော့ဘူးတဲ့။ ဒီတခါကျမှ မီလိုက်တဲ့ လူကြီးတွေကို အဲဒီအကြောင်း သေသေချာချာ မေးကြည့်ရဦးမယ်။
    အပေါ့အလေး စွန့်တာကတော့ မတ်တပ်ရပ်ပြီး မပေါက်ပဲနဲ့ တောင်းပန်ပြီးမှ ပေါက်ရမယ် ဆိုတာတော့ မဆိုးပါဘူးဗျာ။ တကယ်တော့ အဲဒါ မမြင်ရတဲ့ အဆင့်နိမ့် သတ္တဝါတွေကို ရှောင်ချိန်ရှားချိန် ပေးတာနဲ့ တူပါတယ်။
    ဘုရားလက်ထက်ကလည်း ရှိဘူးတယ်။ ရဟန်းတပါးက သစ်ပင်ကို ဓားနဲ့ သွားခုတ်တာ အဲဒီသစ်ပင်မှာ နေတဲ့ နတ်သမီးရဲ့ ကလေးလက်ကို ခုတ်မိပြီး ပြတ်သွားလို့ စိတ်ဆိုးပြီး သတ်မယ်ဆိုပြီး လုပ်သေးတယ်ဆိုပဲ။ နောက်တော့မှ မြတ်စွာဘုရား ရှိသေးတာပဲ ဆိုပြီး သွားတိုင်လို့ ဘုရားက သူ့ရဲ့ သိတတ်မှုကို သာဓုခေါ်ပြီး ရဟန်းတွေ သစ်ပင်ပန်းပင် မခုတ်ရဆိုတဲ့ သိက္ခာပုဒ် ပညတ်ပေးရတယ်လို့ ဖတ်ဖူးတယ်။

  • အလင်းဆက်

    August 31, 2013 at 6:00 pm

    အက်သလို အဖြစ်မျိုးတွေ
    မကြုံဖူးတော့
    ကြုံဖူးသူတွေ ပြောပြရင်
    နားထောင်လို ့သိပ်ကောင်းး

    အခုလည်း ရင်သပ်ရှုမော
    နားထောင်သွားပါပြီ

    :kwi:

  • koyinmaung

    August 31, 2013 at 7:44 pm

    ဟုတ်မဟုတ်တော့သိဘူး ကျုပ်လဲ သရဲစာတော့သွားကြွေးဘူးတယ်ဗျို့….
    နောက်မှရေးအုံးမယ်…
    ကိုဆာမိရဲ့နောက်ပို့စ်စောင့်အားပေနေပါတယ်…..

  • Mလုလင်

    September 1, 2013 at 12:36 am

    အဲလို ကိစ္စ တည့်တည့် တော့ မဟုတ်ဘူး . .ကျုပ်ကျတော့ . . . . အောက်လမ်း . . နဲ့ တိုက်တဲ့ . . ကိစ္စ ဒီ 2012 ခုနှစ် မြို ့လယ်ကောင်ကြီးမှာ ကို ကြုံတော့တာ ဗျို ့ . . . . . . . . စိတ်ကူးပေါက်တဲ့ တနေ့ . . . ရေးတင်ပါဦးမယ် ဗျာ . . .။

  • kai

    September 1, 2013 at 4:31 am

    လောလောဆယ်တော့.. မြန်မာ့မြေကသစ်ပင်မခုတ်ရ.. ခုတ်သူ … ခေါစာမကလို့.. ခေါစာရှယ်ရှယ်ဘူဖေးကျွေးလာဘ်ထိုးလည်း.. မရပဲ.. အသေဆိုးနဲ့သေစေအောင်.. ခုတ်သူ၊ယူသူ၊ပတ်သက်သူတွေဖမ်းစားပါလို့.. အဲဒီလာဘ်ပေးလာဘ်ယူ လာဘ်စားသူ..တစ္ဆေ၊သရဲ၊ပြိဿာ၊နတ်စိန်း၊ ရုက္ခစိုးတွေ အမိန့်ပေးချင်နေမိတာပဲ..

    အစိုးရက.. ပြန်တမ်းထုတ်မလား..၊ မဟနက.. အမိန့်ထုတ်မလား.. တခုခုလုပ်သင့်နေပြီ…။
    မလုပ်ရင်ကြံရာပါ… :mrgreen:

  • KZ

    September 1, 2013 at 9:30 am

    ဟိ။
    အရင်ကတည်းက အဲ့ဒီ တောစာ၊ ခေါစာ ဇာတ်လမ်းတွေ ဆို သိပ်စိတ်ဝင်စားတာ။

    ဒါကျတော့ ဒီ ယိုးဒယားတို့ မလေးရှား တို့ အင်ဒိုတို့မှာလည်း ဆင်တူ ဓလေ့တွေရှိတယ် ဆာဆာရေ။

    🙂

  • ဦးကြောင်ကြီး

    September 2, 2013 at 10:47 am

    မရှိ မဟုတ်လို့တော့ ပြောရခက်သဗျ။။ ကျမ်းဂန်တွေမှာတော့ အဲဒါတွေကို မကျွတ်မလွတ် စွဲကပ်မှီတွယ်နေသူများလို့ ကိုစံလှဂျီးပြောသလို ဆိုတယ်။ ပိုအဆင့်မြင့်တဲ့ ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေလည်း ရှိပါမယ်။ ရပ်ကွက်ထဲက လူမိုက်ကို မျက်နှာလုပ်တော့ နေရာရတဲ့ သဘောပါ။ လူဆိုးက ကောင်းကျိုး မပေးပေမဲ့ ဖျက်ဆီးနှောက်ယှက် နိုင်တယ်လေ။ ဒီကြားထဲ ကိုယ်တိုင်က မဟုတ်တာလုပ်၊ ဒါမှမဟုတ် အလွယ်အားကိုး ရှာတဲ့အခါ သူတို့ကို ပူဇော်ဆက်သ ရပါတယ်။ လောကမှာလည်း အားကိုးစရာ လူကောင်း လူဆိုး အမျိုးမျိုး ရှိသလိုပေါ့ဗျာ။ လူဆိုးထဲမှာတောင် မာဖီးယားလို၊ ယာကူဇာလို အဆင့်မြင့် လူဆိုးတွေ ရှိသေးမဟုတ်လား။ စီးပွားရေး လုပ်ရင် သူတို့နဲ့ ကင်းမရသလို ဖြစ်ပါတယ်။ အေးအေး နေသူများကတော့ ဘာသိဘာသာ နေလည်း ကိစ္စမရှိ။
    လူကြမ်းရင် နတ်ကြမ်း မခံနိုင် ဆိုရိုးလို ဘုန်းရှင်ကံရှင် လူဆိုရင် သရဲမပြောနဲ့ နတ်တောင် မတားဆီးနိုင်ဘူး။ ဒီလိုနဲ့ တောကြမ်းပါတယ်ဆိုတဲ့ နယ်တွေမှာ တောင်တွေမှာ ဘာသာခြားတွေ ရအောင် သာသနာပြုသွားကြတာပဲ..။ သရဲမယုံတာ သက်သက်နဲ့ ရသွားတာ မဟုတ်ဘူး… သူတို့ကိုယ်တိုင်က ဘုန်းကံပါလာတယ်.. ယုံကြည်မှုနဲ့ တွဲဖက်လိုက်တော့ အစွမ်းသတ္တိ မြောက်သွားတယ်။
    သဂျီးတို့လို ရေရေရာရာ မသိ လေဖမ်း ဒန်းဆီး ညာသံပေး ခြေအေးဝမ်းယောင်သမားတွေက မမြင်ရတဲ့လောက တကယ်ရှိရင် သစ်တောမပြုန်းအောင် လုပ်ပါလား ဘာညာ ကန်ဒဂေါဇ လျောက်ပြောနေတာ..။ အခုမရ နောင်ရ၊ အယင်ကရ အခုလုပ်မရတာ လူစွမ်းကောင်းတွေ ပေါ်လာမလာနဲ့လည်း ဆိုင်သေးတယ်ဗျို့…။

    သာမီးဒေါ်ဂလေးကို ရအောင်ခိုးမည့် လူဇွမ်းဂေါင်းကြောင်ကြီး 😎

  • Wow

    September 2, 2013 at 11:06 am

    တောဘက်က ခေါစာဘူဖေးတော့မသိဝူး… တရုတ်တစေကြီးပွဲဆိုရင်တော့ လမ်းထောင့်တွေ အိမ်ရှေ့တွေမှာ သတင်းစာစက္ကူလေးတွေခင်းပြီး ပုံထားတာတော့ မြင်ဖူးတာပဲ…
    တောထဲမှာဆိုရင်တော့ ကြက်သီးထစရာနော်… :hee:

  • Shwe Ei

    September 2, 2013 at 3:33 pm

    အိမ်မှာတော့ ၃ရမင်းပွဲတင်ပီးတိုင်း ခေါစာပစ်တယ်..သံပုံးလဲတီးတယ်…

    မကောင်းဆိုးဝါးတွေကို အစာကျွေးပီးရင် သံပုံတီးပီးနှင်ရတယ်တဲ့

    အိမ်မပြန်တာကျာတော့ ကောင်းကောင်းမမှတ်မိတော့ဝူး..

    သို့သော် ခေါစာမပစ်ခင် ကိုအရင်စားရတာဆိုတော့ ကြိုက်တာဘဲသိတယ်…ဟိ

Leave a Reply