Normal
0

false
false
false

EN-US
X-NONE
X-NONE

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

map_of_syria

.. လက်တလော မြန်မာပြည် အွန်လိုင်းမှာ အလှမယ် ခင်ဝင့်ဝါ သတင်းတွေ၊ အွန်လိုင်း ဗုတ် တွေ နဲ့ အလုပ်များနေချိန် နိုင်ငံတကာသတင်းတွေမှာတော့ ဟစ် ဖြစ်နေတာက ဆီးရီးယား ကိစ္စ..  အရင် တစ်ပါတ် ဗုဒ္ဓဟူးနေ့လောက်မှာ ဆီးရီးယားအစိုးရက သူ့ပြည်သူတွေကို ဓာတုလက်နက်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ် စွပ်စွဲချက်အပြီးမှာ အမေရိကန်ကနေ စစ်ရေးအရ ဝင်ရောက်အရေးယူမယ် ဆိုတဲ့ အသံတွေစထွက်လာခဲ့ပါတယ်.. အဲ့တော့မှ ကိုယ်လဲ ဘာလဲဟဲ့ ဆီရီးယား ဆိုပြီး စီအန်အန် ကိုစလှန်ကြည့်ရပါတယ်.. ကိုယ်သိတာက ဆီရီးယား ဆိုတာ အရှေ့အလယ်ပိုင်းနားက ဆူညံဆူညံ နိုင်ငံတစ်ခု အဖြစ်သာ သိထားတာရှိတော့ အခုအရေးအကြောင်းဆိုမှ ဆီရီးယား အကြောင်း ABC ကပြန်စလိုက်ရပါတယ်.. အဆင်သင့်တော့ စီအန်အန်က ကိုယ်လိုလူမျိုးအတွက် အလိုက်တသိ quick-read cheat sheet လေးရေးပေးထားတာတွေ့ပါတယ်.. အဲ့ဒါလေး ဖတ်ပြီး ရွာထဲက ကိုယ်နဲ့ဘဝတူ သမားတွေ ရှိလောက်မယ် အထင်နဲ့ ပြန်ရှဲပေးလိုက်ပါတယ်.. ကိုယ့်ပြည်တွင်းရေးနဲ့လည်းခပ်ဆင်ဆင်ရှိတော့ တွေးစရာလေးတွေလည်းရတာပေါ့..

မူရင်းလင့် http://edition.cnn.com/2013/08/28/world/meast/syria-how-did-we-get-here/index.html?hpt=hp_t2 ကို အလျင်းသင့်သလို ဘာသာပြန်ထားပါတယ်.. (အလျင်းသင့် သလိုနော်)

.

.

.

ဆီးရီးယားအစိုးရ ရဲ့ သူ့ပြည်သူတွေ အပေါ် ဓာတုလက်နက်တွေ သုံးပြီး တိုက်ခိုက်မှုအတွက် စစ်ရေးအရအရေးယူ တိုက်ခိုက်မှုတွေလုပ်ဖို့ အသင့်ပဲ လို့ ပင်တဂွန် ကဆိုလိုက်ပါတယ်.. ဆီးရီးယား ဟာ ၂ နှစ်ကျော်လောက် ပြည်တွင်းစစ်ဖြစ်ပွားမှု နဲ့ အခြေအနေရှုပ်ထွေး နေရာကနေ အခု အမေရိကန် အစိုးရ ကိုယ်တိုင်ဝင်ရောက်ပါတ်သက်မှုတွေ လုပ်ရတော့မယ့် ကိန်းအထိ ဆိုက်လာပြီဖြစ်လို့ ဘယ်လိုကနေ ဘယ်လို ဒီအခြေအနေထိ ရောက်လာလဲဆိုတာ အကြမ်းဖြင်း ခြေရာကောက်ကြည့်ရအောင်ပါ..

 

၁။ ပြည်တွင်းစစ် အပြဲအကွဲ မတိုင်ခင် ဆီးရီးယား အခြေအနေ

အမှန်တော့ ပြည်တွင်းစစ် မတိုင်ခင်ကတည်းက ဆီးရီးယား ပြည်တွင်းအရေးမငြိမ်းချမ်းတာ နှစ်ပေါင်းကြာပါပြီ.. ၁၉၈၂ သမ္မတ Hafez al-Assad လက်ထက်မှာ Muslim Brotherhood အဖွဲ့ရဲ့ ပုန်ကန်ဆန့်ကျင်မှုတွေကို နှိမ်နင်း ရတယ် (ကိုယ့်ဆီမှာတော့ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ့).. အဲ့လို နှိမ်နင်းရာမှာ လူထောင်ပေါင်းများစွာ သေပါတယ်.. ၂၀၀၀ ခုနှစ်မှာ Hafez သေတော့ သူ့သား Bashar al-Assad တက်လာပါတယ် (ဒါတော့ သူတို့ကသာသွားပြီ).. Bashar တက်လာတော့ ခေတ်မှီ လွတ်လပ်ပွင်လင်းတဲ့ နိုင်ငံတစ်ခုတည်ဆောက်ပါမယ်လို့ ကတိပေးခဲ့ပါတယ် (ဒါလည်းတူတယ်).. သူလည်းသူ့ကတိအတိုင်း reform လုပ်ဖို့ကြိုးစားပေမယ့် ဆီးရီးယားပြည်သူတွေ၊ ပြည်သူ့အရေးလှုပ်ရှားသူတွေ ရဲ့ ကျေနပ်မှုအထိကို မရောက်တဲ့အပြင် အာဏာရှင်စနစ်၊ လက်တစ်ဆုတ်စာ လူတစ်စုကောင်းစားရေးသာ ရှေးရှုတဲ့ အုပ်ချုပ်ရေးလို့ ပြောခံရတဲ့ အပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအားပေးခြင်းခံရပါတယ်.. လူမျိုးကွဲ၊ ဘာသာကွဲအရေး မငြိမ်မသက်ဖြစ်တာကလည်း ဆယ်စုနှစ်တစ်ခုစာရှိနေပါတယ်.. ၂၀၀၀ခုနှစ် ဘာသာရေး ထကြွမှုတွေဖြစ်ပြီး ၂၀၀၄ မှာတော့ Kurdish (လူမျိုး) ပုန်ကန်မှုတွေဖြစ်ပါတယ်..

 

၂။ ပြည်တွင်းစစ် စဖြစ်ပုံ

ဖြစ်ပုံကတော့ ၂၀၁၁ ဖေဖော်ဝါရီ Daraa မြိုမှာ အာဏာပိုင်တွေက ကျောင်းသာ ၁၅ ဦးကို ဖမ်းတာကစပါတယ် (သူတို့ဆီလည်း ကျောင်းသား နဲ့ စညိတာပဲ).. အမှုကတော့ အစိုးဆန့်ကျင်တဲ့ graffiti တွေ ဆွဲလို့ပါတဲ့.. ပြည်သူတွေအနေနဲ့ လက်ရှိအာဏာရှင်စနစ်ကို ဖြုတ်ချချင်နေပြီဆိုတဲ့ အဓိပါယ်ကို graffiti ထဲမှဆွဲသလို ကျောင်းသားတွေကိုယ်တိုင်ကလည်း ဒီသဘောကိုပဲ ခပ်တင်းတင်း ဆိုခဲ့ကြပါတယ် တဲ့..

အဲ့ဒီအတွက် ကျောင်းသားတွေ အကျဉ်းစခန်းမှာ နှိပ်စက်ခံရတယ်လည်း ဆိုရော မကျေနပ်မှုတွေ၊ ပေါက်ကွဲမှုတွေနဲ့ အတူ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုဆိုးသွားခဲ့ပါတယ်.. လုံခြုံရေး အဖွဲတွေရဲ့ ပစ်ခတ်မှုနဲ့ အနည်းဆုံး လူ ၄ဦး သေဆုံးတယ်လို့ဆိုပါတယ်.. အဲ့ဒီနောက်မှာတော့ လူထောင်ပေါင်းများစွာပါတဲ့ လူထု သပိတ်ကြီးအဖြစ် ရက်ပိုင်းအတွင်းပြောင်းလဲသွားပါတယ်..

 

၃။ ဒီလိုမငြိမ်မသက် ဖြစ်မှုကနေ ပုန်ကန်မှုအဖြစ်ပြောင်းလဲလာပုံ

ဒီလို မငြိမ်မသက်ဆူပူမှုနဲ့ ပါတ်သတ်လို့ al-Assad အစိုးရက ဆူပူသောင်းကြမ်းသူ ပြည်သူတွေကို အပြစ်ဖို့ခဲ့ပါတယ် (ဘစိန်တို့ သတိထားစေဖို့).. ၂၀၁၁ မတ်လ ဥပဒေပြုလွှတ်တော်ရှေ့ မိန့်ခွန်းမှာ ဒီလိုဆူပူမူတွေဟာ သွေးထိုးလှုံဆော်သူတွေ၊ တိုင်းပြည်မငြိမ်မသက်ဖြစ်စေလိုသူတွေ ကြောင့်သာဖြစ်ရတယ်လို့ ဆိုလိုက်ပါတယ်.. ဒီလို ပြောဆိုချက်ရယ်၊ အဲ့ဒါကို လက်ခုပ်တီးအားပေးကြတဲ့ လွှတ်တော်အမတ်တွေရယ်ကြောင့် လူထု မကျေနပ်မှု ပိုဆိုးလာပါတယ်..

နောက် ၂ရက်လောက် အကြာမှာတော့ al-Assad အစိုးရတစ်ခုလုံး ဖြုတ်ချဖို့ လှုပ်ရှားမှုတွေ စဖြစ်လာပြီး လက်ရှိအချိန်မှာတော့ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေဟာ al-Assad အစိုးရကို အပြီးတိုင် ဖယ်ရှားရေးကနေ တပြားသားမှလျော့မယ့်သဘောမရှိတော့ပါဘူး.. အစိုးရဖက်ကလည်း ၄င်းတို့ကို အကြမ်းဖက်အဖွဲ အဖြစ်သဘောထားပြီး အလျော့မပေးတာကြောင့် သူတို့ နှစ်ဖက်ကြားတိုက်ပွဲမှာ သေဆုံးမှုက ၁၀၀၀၀၀ ကျော်လောက်ထိရှိလာပြီဖြစ်ပါတယ်..

 

၎။ အဲ့လိုတွေဖြစ်နေတာ ၂ နှစ်ကျော်လောက်ကြာနေပြီး အခုမှ US ကဘာလို့ဝင်ပါဖို့ စဉ်စားတာလဲဆိုတာ ကြည့်ရအောင်ပါ

ဆီးရီးယားနဲ့ ပါတ်သတ်လို့ မနှစ်က အိုဘားမား ပြောသွားတာလေးရှိပါတယ်.. (အရသာ မပျက်အောင် မူရင်းအတိုင်း ထည့်ပေးလိုက်ပါတယ်)

“a red line for us is, we start seeing a whole bunch of chemical weapons moving around or being utilized.”

အဓိပါယ်က ရှင်းပါတယ်.. ဆီးရီးယားက သူတို့ပြည်တွင်းစစ်မှာ ဓာတုလက်နက်သုံးတယ် ဆိုတာနဲ့ အမေရိကန်တွေ အနေနဲ့ တစ်ခုခုတုံ့ပြန်ရမယ့်သဘောပေါ့..

.. လက်ရှိအခြေအနေမှာ ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေသုံးပြီး သူ့ပြည်သူတွေကို တိုက်ခိုက်တယ်လို့ ယူဆရကြောင်း (တကယ် ဟုတ်မဟုတ်တော့ UN ကသွားစစ်နေပါတယ်၊ စနေနေ့ အဖြေထွက်ပါမယ်) အိမ်ဖြူတော်က ပြောလိုက်ပြီဆိုတော့ အခြေအနေက အလှည့်အပြောင်းတစ်ခုဖြစ်လာပါပြီ..

 

၅။ လူသေတာခြင်းအတူတူ ဘာလို့ ဓာတုလက်နက်ကျမှ သည်းသည်းလှုပ်ဖြစ်ရတာလဲ

တချိုက အဲ့လိုမေးပြီး သိပ်အဓိပါယ်မရှိဘူး ဆိုပါတယ်..

.. ဒါပေမယ့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရသူကတော့ ရှင်းရှင်းပဲဆိုသွားပါတယ်.. အခုလို ဓာတုလက်နက်တွေကို ကျယ်ပြန့်စွာ အသုံးချမှုနဲ့ ဒီလိုလက်နက်တွေ ထပ်မံပျံ့ပွားမယ့် အန္တရာယ် ဟာ အမေရိကန် ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ တကမ္ဘာလုံးအရေးအတွက် ခြမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်ကြောင်း ပြောသွားပါတယ်.. (ကိုယ်ဆီက ဘဘ ကြီးတွေကတော့ နပ်တယ်လို့ ဆိုရမယ်)

 

၆။ ဒါဖြင့် စောစော ကတည်းက ဘာလို့ အတိုက်အခံတွေကို လက်နက် အကူအညီတွေ မပေးခဲ့တာလဲ

.. ဒီလောက်မရိုးရှင်းပါဘူးတဲ့.. နဂိုကတည်းက မငြိမ်မသက်ဖြစ်တဲ့ ဒေသ၊ ဘာသာရေးအစွန်းရောက်တွေ ရှိတဲ့ ဒေသကို လက်နက်တွေ ထောက်ပံ့ရတာ အန္တရာယ်ကြီးလှပါတယ်.. ဆီးရီးယား အစိုးရကို လက်နက်ကိုင် ပုန်ကန်နေသူ အတိုက်အခံတွေကလည်း အယ်လ်ကိုင်းဒါးတွေနဲ့ ခံယူချက် ယုံကြည်ချက်ခြင်း သဘောဆင်တူတဲ့လူတွေဖြစ်ပါတယ်.. အီရတ် အာဖဂန် တို့မှာရှိတဲ့ အမေရိကန် ရဲ့ ရန်သူတွေ နဲ့ အတူတူလိုပါပဲ..

.. အဲ့တော့ ဆီးရီးယား အတိုက်အခံတွေက လက်နက်တွေ အစွန်းရောက်တွေဆီကို မပျံ့နှံစေရပါဘူးလို့ ကတိပေးလည်း အန္တရာယ်များတဲ့ ကိစ္စမို့လို့ ကန့်ကွက်ကြပါတယ်.. ရုရှသမ္မတ ပူတင်ကလည်း ပြီးခဲ့တဲ့ ဇွန်လ စီးပွားရေး ဖိုရမ်တစ်ခုမှာ လက်နက်ကူညီဖို့ကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်သွားပါတယ်

 

၇။ ဆီးရီးယားနဲ့ ပါတ်သတ်လို့ ရုရှ ရဲ့သဘော

.. ပူတင်ကတော့ ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ.. ဆီးရီးယားနဲ့ ပါတ်သတ်လို့ သူတို့ နဲ့ US အမြင်ခြင်းမတူပါဘူးတဲ့..

.. ရုရှ နဲ့ ဆီးရီးယား ဟာ မိတ်ဖက်နိုင်ငံတွေ ဖြစ်ပြီး ရုရှက ဆီးရီးယားကို၂၀၀၇ နဲ့ ၂၀၁၀ အတွင်း ၅ ဘီလီယံဖိုး လက်နက်ရောင်းထားပါသေးတယ် (သူတို့ကျရောင်းတယ်နော.. ကိုယ့်အိမ်နီးချင်း ပေါက်ဖော်ကြီးတောင် သတိရမိပါသေးတယ်).. ရုရှ ရဲ့ရေတပ် အခြေစိုက်စခန်းကလည်း ဆီးရီးယား ကမ်းခြေမှာ ဆိုတော့ ဆီးရီးယားကို လက်လွတ်လိုက်ရမယ် ဆို ရုရှအတွက် တန်ဖိုးကြီးလှပါတယ်.. ဒီတော့ ရုရှက ဆီးရီးယား အစိုးရကို ဆက်လက် ကျားကန်ပေးလိမ့်မယ်လို့လဲ သံသယ ရှိစရာရှိပါတယ်..

 

၈။ ဘာသာရေး နဲ့ ဆက်နွယ်မှု

အစိုးရ အဖွဲ့အတွင်းမှာ al-Assad မိသားစုဝင်တွေ အများအပြားရှိပြီး သူတို့ဟာ ရှီယိုက် မွတ်စလင်တွေဖြစ်ပါတယ်.. တိုင်းပြည်ရဲ့ လူများစု ၃ပုံ ၄ပုံလောက်က ဆွန်နီ မွတ်စလင်တွေ ဖြစ်ပါတယ်.. ဒီလိုအခြေအနေကြောင့် ဘာသာရေးအဓိကရုဏ်းများ ဖြစ်ခဲ့ရင် အခြေအနေတွေ ပိုဆိုးသွားနိုင်စရာရှိပါတယ်..

 

၉။ အဆိုးဆုံးဖြစ်နိုင်ခြေ

ကျွမ်းကျင်သူတွေ အဆိုအရ ဒီပြဿနာသာ အိမ်နီးချင်းနိုင်ငံတွေကို ပျံ့နှံ့သွားရင် နဂိုကတည်းက ပြဿနာမသေးတဲ့ အရှေ့အလယ်ပိုင်း တဝိုက်အခြေအနေပိုဆိုးသွားနိုင်တယ် လို့ပြောကြပါတယ်.. ဆီးရီးယား အနီးတဝိုက်မှာ လက်ဘနွန်၊ အီရတ်၊ ဂျော်ဒန်၊ အစ္စရေး၊ တူရကီ တို့ရှိနေပါတယ်.. ဒီနိုင်ငံတွေဟာ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေ ရဲ့ ဦးတည်ရာတွေ ဖြစ်တတ်ပါတယ်.. ဒီနယ်စပ်မှာ နေတဲ့ ဒေသခံတွေ နဲ့ ဆီးရီးယားစစ်ပြေးတွေ ရဲ့ ကြားတင်းမာမှု တွေလည်းရှိနေနှင့် ပြီးဖြစ်ပါတယ်..

 

ဒီဒေသတွေမှာက ဘာသာရေး၊ ယဉ်ကျေးမှု၊ သမိုင်း နောက်ခံ ပြဿနာတွေ ဖြေရှင်းမရ အောင်ရှုပ်ထွေးစွာရှိပါတယ်.. ဒီလိုမျိုး မတည်ငြိမ်တဲ့ ဒေသတစ်ခုမှာ ဖြစ်ပွားတဲ့ ကိစ္စဖြစ်လို့ ကမ္ဘာတလွှားက ပြည်သူတွေက စိုးရိမ်စွာ စောင့်ကြည့်လျက်ရှိပါတယ်..

.

.

ဒါကတော့ CNN ရဲ့ ဆီးရီးယား အကြောင်းပြန်နွေးပေးတာပေါ့လေ.. ဒါကနေ ဆက်စပ်ပြီး စဉ်းစားစရာတွေလည်း အများကြီးရှိပါတယ်..

– US က စစ်ရေးအရ ဝင်ရောက်ပါဝင်မယ် ဆိုရင် တရားမျှတမှု ရှိမရှိ

– ဝင်ပါဖို့ အတွက်အကြောင်းပြချက်က humanitarian ground လို့ တွင်တွင်ပြောကြ ရေးကြပေမယ့် ဒါ့အပြင် တခြား interest လေးတွေ အကြောင်း

– အခြေသိပ်မလှခဲ့တဲ့ အရင် အီရတ်၊ အာဖဂန် အတွေ့အကြုံတွေ ကြောင့် US ရဲ့ ချဉ်းကပ်ပုံ ပြောင်းမလား

– ကိုယ့် နိုင်ငံ နဲ့ နှိင်းယှဉ် သုံးသပ်စရာတွေ လည်း အများသားပဲ

 

နောက်ဆက်စပ် စဉ်းစားမိတာက မြန်မာပြည် ပြည်သူတွေ အနေနဲ့က US အပေါ် အကောင်းမြင်စိတ်များပါတယ်.. အကြောင်းကတော့ ကျွန်တော် hard liner soft liner ထဲမှာ ရေးမိသလိုမျိုး ကိုယ်လူဆိုး လို့ သတ်မှတ်တဲ့ ဘက်နဲ့ မတည့်ပဲ၊ ကိုယ်လူကောင်းလို့ သတ်မှတ်တဲ့ ဘက်နဲ့ အဆင်ပြေတာကြောင့် ဖြစ်ပါလိမ်မယ်.. ဒါကြောင့် လွယ်လွယ်ပဲ တရုပ်ဆို အဆိုး၊ အမေရိကန်ဆို အကောင်း သတ်မှတ်တာဖြစ်မလားပဲ.. အိုဘားမား လာတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံကြတာတွေကလည်း ပြည်သူတွေ အတွက် အများကြီး အဓိပါယ် တာသွားပါတယ်.. ဒါပေမယ့် ဆရာလူထု စိန်ဝင်း တို့ကျပြန်တော့လဲ US တို့ရဲ့ ဆောင်ရွက်ချက်တွေကို သိပ်ဘဝင်မကျတတ်ကြဘူး.. လူ့အခွင့် အရေး စတာတွေ၊ တရားမျှတမှု စတာတွေမှာ အဘိဓာန် နှစ်အုပ်ထားပြီး သူတို့ လိုချင်သလို အဓိပါယ်ဖွင့် ပြီးသူတို့ အကျိုးအတွက်သာလုပ်တယ် ဆိုတဲ့သဘောမျိုး ရေးထားတာလေး အမှတ်ရပါတယ်..

ဘာပဲ ဖြစ်ဖြစ်ကိုယ်အနေနဲ့တော့ ဘယ်နိုင်ငံမဆို ကိုယ်ကျိုးစီးပွား ကြည့်တတ်ကြတာပဲလို့ ယူဆပါတယ်.. ဒါက ရှုပ်ချစရာတော့ မဟုတ်ပါဘူး.. ဒါပေမယ့် မြင်အောင်ကြည့်တတ်ကြဖို့တော့ လိုမယ်လို့ထင်ပါတယ်.. ကိုယ်ကျိုးစီးပွားကြည့်တတ်တာချင်း အတူတူ တာဝန်ယူမှု၊ လူအခွင့် အရေး အလေးပေးမှု စတာတွေကို အလေးထားမှု ပေါ်မူတည် ပြီး ဘယ်နိုင်ငံတွေ နဲ့ ဘယ်လိုဆက်ဆံမလဲ ဆိုတာ အရေးကြီးတယ် လို့ ထင်ပါတယ်..

အခုလက်ရှိကိစ္စမှာ ဆိုလည်း US ကို အထင်ကြီးလက်စမို့လို သူလုပ်တာမှန်တယ်လို့လည်းမဟုတ်၊ နေရာတကာ လျှာရှည်တာကွာ ဆိုပြီး သောက်မြင်ကပ်စိတ် နဲ့ လည်းမဟုတ်ပဲ လူသားခြင်းစာနှာမှု ရှူထောင့်၊ သူ့ရဲ့ အမျိုးသား အကျိုးစီးပွား ရှူထောင့်ကနေပြီး သုံးသပ်တာလေးတွေ လိုက်ဖတ်ဖို့ ကြိုးစားနေတာကြောင့် ကွန်မန့်ထဲ ဝင်ဆွေးနွေးကြဖို့အတွက် ရွာထဲက ဆရာ ဆရာမ တွေကို  ဒီနေရာကနေပဲ နတ်ဒိုးလေးနဲ ပင့်လိုက်ပရစေဗျား..

 

Zaw Thant

Creadit to CNN

Reference: http://edition.cnn.com/2013/08/28/world/meast/syria-how-did-we-get-here/index.html?hpt=hp_t2

မူရင်းပိုစ့်

The Pentagon says it’s “ready to go” if it gets orders to carry out a military strike in response to Syria’s suspected use of chemical weapons against its own people.

Most people know Syria’s civil war has been raging for more than two years. But the situation is so complicated that it’s hard for even the biggest news junkie to keep track.

Now that Washington is seriously thinking about ordering limited missile strikes in one of the most volatile regions of the world, it’s a good time to retrace events and remember how we got here.

Here’s a quick-read cheat sheet about the Syrian civil war. It’s not intended to be an all-encompassing encyclopedia, but it will bring you up to date on what’s really important about a scary situation in an already volatile part of the world.

Who wants what after chemical weapons horror?

1. What did Syria look like before the conflict?

Even before the uprising in Syria, things weren’t peaceful there. Discontent simmered for decades.

In 1982, President Hafez al-Assad clamped down on a Muslim Brotherhood uprising. In one attack, his iron fist left tens of thousands dead.

When Hafez al-Assad died in 2000, his son Bashar al-Assad took over the presidency. He promised to build a more modern and democratic nation.

But reforms didn’t come fast enough for activists, who called for change and slammed Syria’s government as an “authoritarian, totalitarian and cliquish regime.”

Sectarian and ethnic unrest shook Syria over the past decade, too. A Druze uprising flared in 2000, and a Kurdish rebellion erupted in 2004.

2. How did the civil war begin?

It all started in February 2011 in the city of Daraa, when authorities arrested 15 schoolchildren for painting anti-government graffiti on the walls of a school. The children didn’t mince words with the message they painted: “The people want to topple the regime.”

Word spread that the children were allegedly mistreated while in custody. Outrage over their arrest grew, fueling protests.

Security forces opened fire, activists say, killing at least four protesters.

These four, activists say, were the first deaths in Syria’s civil war.

Within days, according to Human Rights Watch, protests grew into massive rallies made up of thousands.

Their rallying cry: “Daraa!” the city whose children sparked a national movement.

Iran: U.S. military action in Syria would spark ‘disaster’

3. How did the unrest turn into a call for an end to al-Assad’s rule?

It didn’t take long for al-Assad to criticize protesters in Daraa. In a March 2011 speech before lawmakers, he said “conspirators” started out there and wanted to spread unrest.

His dismissive remarks, and the way lawmakers applauded afterward, only further fueled protests.

“That speech had a catastrophic impact,” the International Crisis Group’s Peter Harling said last year. “People who wanted to support the regime at the time were shocked.”

Two days later, weekly anti-government protests began across Syria. Calls for reforms soon escalated into calls for the removal of the entire al-Assad regime.

Now, armed rebels have vowed to accept nothing less than al-Assad’s ouster, while the Syrian government has labeled them terrorists and vowed not to back down.

The United Nations estimates that the fighting has claimed more than 100,000 lives.

4. OK, but that all started more than two years ago. Why do some people think the United States needs to take action now?

Talking about Syria last year, President Barack Obama said “a red line for us is, we start seeing a whole bunch of chemical weapons moving around or being utilized.”

The implication was clear. If Syria uses chemical weapons in the civil war, the United States will have to do something.

Now, the White House says it looks like Syria has used chemical weapons against its own people. So here we are.

What will Obama do in response? Whatever it is, it’s time to sit up and take notice, because this news story is moving to another level.

What justifies intervening if Syria uses chemical weapons?

5. What makes chemical weapons a game changer?

Some argue that conventional weapons like guns or bombs also have a massive human toll. They say chemical weapons shouldn’t be a turning point for the world to act.

But the White House maintains that they’re a game-changer.

“The use of chemical weapons is contrary to the standards adopted by the vast majority of nations and international efforts since World War I to eliminate the use of such weapons. … The use of these weapons on a mass scale and a threat of proliferation is a threat to our national interests and a concern to the entire world,” White House spokesman Jay Carney said this week.

6. Why didn’t the United States just send a bunch of weapons to the opposition when it had the chance?

In June, the United States said it would send the rebels small arms, ammunition and potentially anti-tank weapons. But that was long after the unrest started. Why the delay?

Some argue that sending weapons to a region of the world that also contains Islamic extremists is risky business.

Many of the rebel fighters are militants with pro-al Qaeda sympathies, the same stripe of militants America has battled in Iraq and Afghanistan.

The Syria rebels have promised U.S. and European officials that any military weaponry they get won’t end up in extremists’ hands. But that hasn’t quelled criticism from some quarters that arming the rebels is a dangerous risk.

Russian President Vladimir Putin has slammed the decision to arm the opposition. At an economic forum in June, he cautioned, “Where will those weapons end up?”

7. What’s the deal with Russia? Why are they criticizing the U.S.?

Putin has made it clear that Russia and the United States don’t see eye to eye when it comes to Syria.

Russia and Syria are longtime allies. For one, just take a look at their weapons deals. Between 2007 and 2010, Russian firms selling weapons to Syria made almost $5 billion.

It would be costly for Russia to end that relationship, analyst Peter Fragiskatos said this year

“Russia’s leadership still sees much to lose economically and strategically from cutting Syria loose,” Fragiskatos wrote. “Russia sees Syria as another test case for the West’s appetite for intervention and views the danger of U.S. involvement as a direct threat to its own interests.”

There are other reasons to suspect that Russia will keep supporting Syria. Russia’s only naval base in the Mediterranean is on the Syrian coast, and Putin is still upset about NATO’s bombing in Libya two years ago that removed Russian ally Moammar Gadhafi from power.

‘Red line’ debate: Chemical weapons worse than attacks?

8. What’s religion got to do with it?

The al-Assad family is Alawite, a Shiite Muslim offshoot that’s one of the minorities in a country that is nearly three-quarters Sunni.

Al-Assad has filled key positions in his government with extended family members, and many of his supporters are Alawites and other minorities who fear what might happen if the Sunnis were to gain power.

Because the Syrian regime is Alawite and the majority of the country is Sunni, there are concerns that Syria could spiral into even more violence.

9. What’s the worst that could happen?

In a worst-case scenario, experts say, the fighting could spill over and make trouble for Syria’s neighbors, threatening stability in a part of the world that’s already known to be volatile.

Surrounding Syria are Lebanon, Iraq and Jordan, Israel and Turkey. The violence has been prompting war refugees to seek safety in some of these nations. In Turkey, there are ethnic tensions involving Kurds who live along its southern border with Syria.

All of these countries have a lot of religious, cultural and historical issues between them that add countless layers of complexity to the crisis. And when an entire region of the world loses stability, that worries the international community as a whole.

About Zaw Thant

Zaw Thant has written 9 post in this Website..