ထောင်ပြေး

Foolish GirlAugust 30, 20131min19111

တိတ်ဆိတ်တမ်းတ
ကြိတ်မှိတ်လွမ်းရတဲ့
တဖတ်သတ်ဆိုတဲ့အမည်နာမနဲ့မရပ်တည်ဘူးတဲ့
အခုတော့
ငါ့မာနတွေပျောက်ရှ
အတ္တတံတိုင်းကိုချိုးဖောက်လို့
တဖတ်သတ်အချစ်ကထောင်ပြေးဖြစ်ခဲ့ပြီ

11 comments

  • surmi

    August 30, 2013 at 7:26 pm

    ထင်​တာ​တော့ … အခုမှ​ထောင်​ထဲဝင်​​တော့မှာ….
    စိုင်​းထီးဆိုင်​ရဲ့သီချင်​းထဲမှာ
    အချစ်​​ထောင်​..သံ​ယောဇဉ်​ကြုးိနဲ့ တဲ​နှောင်​ထားတဲ့ …အကျဉ်​း​ထောင်​ … တဲ့ 🙂

  • ခင် ခ

    August 31, 2013 at 1:30 pm

    တစ်ချို့ကျတော့ အဲဒီအချစ်ထောင်ကိုမှ ကျချင်လွန့်လို့တဲ့လေ။

  • အရီးခင်

    August 31, 2013 at 3:53 pm

    ပြန်မိသွားလို့ တစ်သက်တစ်ကျွန်း ဖြစ်သွားဦးမယ်။
    ကဗျာပြပွဲ ထဲ ဝင်ရေးပါလား။ 😛

  • မဟာရာဇာ အံစာတုံး

    August 31, 2013 at 6:23 pm

    ထောင်ပြေး ဆိုဒေါ့ ထေးပြောင် …
    ထေးပြောင် တော့ တေးကိုတောင် မောင် ဖြောင့်အောင် မဆိုနိုင်တော့ဘူးပေါ့ ….
    ဆိုဒေါ့ …..
    သူ့ကို ကြည့်မိတိုင်း ကျီးလန့်စာ စားနေရသလို ဖြစ်နေရပြီပေါ့ ….

  • အလင်းဆက်

    September 1, 2013 at 6:24 pm

    စကားလုံးတွေ သုံးထားတာများ
    ကြွရွ လှပ နေတာပဲဗျ

    ကဗျာာပြခန်းက ကြိုဆိုနေပါတယ်နော်

    alinsett.art@gmail.com ဆီကို
    ကဗျာတွေ ပေးပို့ကူညီနိုင်ပါတယ်

    ရွာ ထိပ်က ကဗျာပြခန်းကိုလည်း
    လာလည်ပါဦး

    :kwi:

    • Conny Kim

      September 2, 2013 at 6:35 pm

      မနောက်ပါနဲ့ဗျာ ကို အလင်းဆက်တို့လောက်မတော်ပါဘူး တကယ်ကို ကလေးသာသာလေးပါဗျာ

      • Mr. MarGa

        September 2, 2013 at 6:46 pm

        မနောက်ပါဘူးဗျာ အတည်ပြောတာပါဗျ
        ကဗျာပြခန်းက ကြိုနေပါတယ်ဗျို့

      • အလင်းဆက်

        September 3, 2013 at 9:47 am

        မနောက်ပါဘူးဗျာ.။
        တကယ် အတည်ပါ ။
        ကျွန်တော်တို ့က….
        စကားလုံးတွေ ကို ချစ်တာဆိုတော့..
        ဒီလို စကားလုံးလေးတွေမြင်ရင်ကို … ကြည်နူးမိတာ..။

        …….

        ချစ်ခင်လေးစားလျက်

        • Conny Kim

          September 3, 2013 at 6:32 pm

          အခုလိုအားပေးတာကျေးဇူးပါဗျာ

  • Conny Kim

    September 3, 2013 at 6:53 pm

    ဒီကဗျာလေးရေးတုန်းကခံစားချက်က
    အဲဒီလူကိုတဖတ်သတ်အချစ်မချစ်မိအောင်
    တဖတ်သတ်အချစ်ကို စိတ်ထဲမှာချုပ်နှောင်ထားလိုက်တယ်
    ဒါပေမယ့် အဲဒီတဖတ်သတ်အချစ်က စိတ်ထောင်ထဲကနေထွက်ပြေးသွားတယ်
    ဆိုလိုချင်တာကတော့ သူ့တဖတ်သတ်ချစ်မိသွားတယ်ပေါ့

Leave a Reply