“မတူညီသောအလှတရားများ” ( Four In One)

မတူညီသောအလှတရားများ

အရောက်သွား
အရောက်သွား

 

စောင့်နေသူ
စောင့်နေသူ

 

 

 

 

 

ယူပါအုံး
ယူပါအုံး

 

ဆယ်ယူဆောင်
ဆယ်ယူဆောင်

 

“မတူညီသောအလှတရားများ”

 

လောကကြီးဆိုတာ

မတူညီတာတွေထဲက

တူညီတာကိုစုဖွဲ့

မရှိမဲ့ရှိမဲ့

အလှလေးများကို

ခံစားရင်းအသက်ရှင်နေရတာပါ။

 

တစ်ခါ တစ်ခါ

အရောက်သွားသူကသွား

စောင့်မျှော်သူကမျှော်

ယူပါအုံးခေါ်သူကကခေါ်

ဆယ်ယူဆောင်သွားသူကသွား

အကွဲအကွဲအပြားအပြားပေမယ့်

ဒီထဲမှအလှတရားတွေပျော်ဝင်လို့နေပြန်ပါတယ်။

 

တစ်ခါတစ်ခါ

သွားကြစို့ ဆိုသူကဆို

လာမယ်နော်ပြောသူကပြော

စောင့်နေမယ်မှာသူကမှာ

နေခဲ့တော့ဆို ထားသူကထား

အဖြစ်အပျက်များစွာ ဘဝများစွာ

ဒီအထဲမှာလဲ

အလှတရားတွေရစ်ဖွဲ့ ချစ်ဖို့လဲကောင်းနေပြန်ပါတယ်။

ကဲ

တစ်ယောက် မန်းလေး

တစ်ယောက်ကရန်ကုန်

တစ်ယောက်က ရတနာပုံ

တစ်ယောက်ကဒဂုံ

မတူညီ တကွဲတပြားပေမယ့်

ရင်ထဲမှာရှိတဲ့အလှတရားကိုယ်စီနေတာကို

ယုံအောင်ပုံဆောင်လို့ ပြလိုက်ပါသဗျိုး

 

ကလု ကစာ ကရွှေ ကပေါက် လက်ဆော့တဲ့ ထိုလေးယောက်ရဲ့ မတူညီသောအလှများ

 

30-8-2013

သွားကြစို့
သွားကြစို့
လာခဲ့မယ်
လာခဲ့မယ်
လညခွှံနေည်
စောင့်နေမှာ

 

နေခဲ့တော့
နေခဲ့တော့

 

19 comments

  • Mလုလင်

    September 1, 2013 at 12:49 am

    အဲ့ဒီ့ ဂဏန်း လေးတွေက . . . တစ်ကောင် ၂၀ဝ ပေးရတယ် ဗျို ့ . . . .။ စားဖို့ မဟုတ်ဘူး . . လွှတ်ဖို့ပါ။

    • kai

      September 1, 2013 at 2:05 am

      ဂဏန်းအလုပ်က.. တော်တော်ကို.. အူကြောင်ကြောင်နိုင်တဲ့.. အလုပ်/အတွေးအခေါ်လို့ မြင်မိတယ်..
      တယောက်ကဖမ်း.. တယောက်ကဝယ်ပြီးလွှတ်..။ ကြားထဲတိရိစ္ဆာန်ခမြာ… အညင်းဆဲခံ…
      ဝယ်ပြီး လွှတ်တဲ့လူရဲ့အတွေးအခေါ်ဟာ.. တော်တော်ကျပ်မပြည့်တာပဲလို့.. :mrgreen:

      ဟိုအပေါ်က.. ဝါးနှီးနဲ့ယက်တဲ့..တောင်းတွေမလည်း.. “လှိုင်”လို့တလုံးထဲ.. ဖြစ်ကတတ်ဆန်းရေးပြီး.. တောင်းတန်ဖိုး..ဆွဲချလိုက်သလိုပဲ…
      အဲဒါမျိုးတွေကို.. ဗီယက်နမ်၊ထိုင်းတို့ကနေ.. ယူအက်စ်မှာလာရောင်းတာတွေ့ဖူးတယ်..
      တလုံး.. ဒေါ်လာ.. ၅-၁ဝ အသာလေး…

      ဆိုတော့…
      ဓါတ်ပုံအလှတရားထဲ.. သတင်းသမားအနေနဲ့.. ဆွေးနွေးဝင်ရှုပ်လိုက်ကြောင်း…
      “စောင့်နေမှာ” ဓါတ်ပုံကို ကြိုက်ကြောင်း…

      • (ဂဏန်းအလုပ်က.. တော်တော်ကို.. အူကြောင်ကြောင်နိုင်တဲ့.. အလုပ်/အတွေးအခေါ်လို့ မြင်မိတယ်..
        တယောက်ကဖမ်း.. တယောက်ကဝယ်ပြီးလွှတ်..။ ကြားထဲတိရိစ္ဆာန်ခမြာ… အညင်းဆဲခံ…
        ဝယ်ပြီး လွှတ်တဲ့လူရဲ့အတွေးအခေါ်ဟာ.. တော်တော်ကျပ်မပြည့်တာပဲလို့..)
        ကျပ်မပြည့်ဘူးလို့တော့ပြောလို့မရဘူး။
        ဘယ်သူမှထိထိရောက်ရောက်လုပ်မပေးနိုင်(လက်တွေ့လုပ်မပေးတာကိုပြောတာ)တဲ့
        ကလေးတစ်ယောက်ကို တတ်နိုင်သမျှ ကူလိုက်တာပါ။
        (ဟိုအပေါ်က.. ဝါးနှီးနဲ့ယက်တဲ့..တောင်းတွေမလည်း.. “လှိုင်”လို့တလုံးထဲ.. ဖြစ်ကတတ်ဆန်းရေးပြီး.. တောင်းတန်ဖိုး..ဆွဲချလိုက်သလိုပဲ…
        အဲဒါမျိုးတွေကို.. ဗီယက်နမ်၊ထိုင်းတို့ကနေ.. ယူအက်စ်မှာလာရောင်းတာတွေ့ဖူးတယ်..
        တလုံး.. ဒေါ်လာ.. ၅-၁ဝ အသာလေး…)
        အခုရောင်းနေရတာ တောဘုရားပွဲလေးမှာရောင်းနေတာပါ။
        အဲတော့ သိပ်ခမ်းခမ်းနားကြီးလုပ်လဲ ရောင်းဈေးကို ပိုတင်လို့မရ။
        စရိတ်ကုန်တာဘဲ ပိုသွားမှာပါ။
        အဲတော့ တောဆိုတော့ တောအလိုက်
        မြိုဆိုတော့ မြိုအလို်က်ပေါ့။

      • ဂန္ဓာရီ ဆြာအုပ်

        September 1, 2013 at 10:16 am

        သဂျီးကတော့ နေရာတကာကို ယူအက်စ်နဲ့ နှိုင်းနေတာကိုးဗျ..
        သူ့အရပ်မှာ သူ့ဇာတ်ရှိပါတယ်ဗျာ
        သဂျီးဘက်က လက်ဖမိုးဆိုပေမယ့်
        လက်ဖဝါးဆိုတာက တခြားသူဘက်မှာ
        ရှိနေတယ်ဆိုတာလေးမမေ့စေချင်ဘူးနော်
        နောက်ဒီဟာတွေက အိတ်စပို့ အိုက်တမ် မဟုတ်ဘူးတာလေးရယ်.
        သူဂျီးက တန်ဖိုးဆွဲတင်ချင်တယ်ဆိုရင် ကျုပ် လေဘယ် သေချာလေးရေးပေးမယ်
        သူဂျီး နေတဲ့ယူအက်စ်ကနေ ဖြန့်ပေးပါလားဗျာ
        အဲဒါဆိုရင် ဘေးထိုင်ပြီး ဘုပြောနေတာထက်စာရင်
        သူတို့ကိုထောက်ပံ့ပေးရာကျမယ်ထင်ဂျောင်း

        • kai

          September 1, 2013 at 10:23 am

          ဂျပန်တွေစစ်ပြီးစ..ပြာပုံကတက်ကြရတော့… သူတို့လူမျိုးအားသာချက်က.. အလုပ်တခုလုပ်ရင်.. စေ့စေ့စပ်စပ်.. သေသေချာချာလုပ်တယ်..။ တန်ဖိုးနည်းများ.. လူသိနည်းများ.. မဆိုင်/မတွေးဘူး..
          ဒါက.. လူမျိုးရဲ့စရိုက်ဓလေ့နဲ့.. ဂုဏ်သိက္ခာပဲ..။

          ဆိုတော့…
          အဲဒီ”လှိုင်”ဆိုတာကို.. အပေါစားမှင်နဲ့.. ဖြစ်ကတတ်ဆန်းရေးတာနဲ့စာရင်.. ဘာမှမရေးပဲထားတာက.. ပိုကောင်းမယ်လို့.. ဆိုလိုရင်းပါ…
          အခုဟာတွေ့တော့.. ကောင်းမိကောင်းရက်သား.. မြန်မာ့လက်မှုစစ်စစ်သားရေလက်ကိုင်အိပ်လေးတွေကို.. ဇစ်အပေါစားတပ်.. မှင်အပေါစားနဲ့..အဝတ်စအပေါစားခံချုပ်ထားလို့.. စုတ်တသတ်သတ်ဖြစ်ဖူးတဲ့.. နိုင်ငံခြားသားဈေးဝယ်သူူတွေကို သတိရမိလို့ပါ…
          သူတို့အပြောပဲ..
          ဘာမှအပိုဆာဒါးမထည့်ပဲ.. သဘာဝအတိုင်းကို သေသေချာချာအနုစိတ်လုပ်ရင်.. ပိုကောင်း..ပိုပေးဝယ်နိုင်ပါမယ်ပါတဲ့..

          ဆိုလိုရင်းက.. အဲဒါ… :kwi:

          http://www.papermart.com/woven-baskets/id=18986-INDEX

        • Mလုလင်

          September 1, 2013 at 11:45 am

          ဒါ သက်သက်မဲ့ . . . . . ပွဲဆူ အောင် လုပ်လိုတဲ့ ပုံ ကြီး . . . . . သိသာတယ် ဟေ့ . . .

        • kai

          September 1, 2013 at 12:56 pm

          တောင်းစားသူတွေ
          ကောင်းစားတဲ့ခေတ်
          မြန်မာ့တောင်း ယူအက်စ်မှာ
          မူဖျက်စရာမလို အရောင်းပြ
          မရောင်းရဖူး လေအန်ပြ
          ဘယ်သူအာခံပြောကြမလဲ။

          စားပွဲအောက်လက်နှိုက်
          ဒေါ်လာငွေ မြန်မာရွှေလုပ်
          လစာထုတ်နေတဲ့ အကောင်းစား
          သူတောင်းစားအတုတွေတောင်
          ရောင်းကောင်းလှတဲ့နှစ် ။ ။ :kwi:

        • Mလုလင်

          September 2, 2013 at 12:06 am

          ဟုတ်ပါတယ် သူဂျီး မင်းခဗျား . . . ဒုက္ခသည် အယောင်ဆောင် . . အဝေးက ဟောင်တဲ့ သူတွေလဲ ကောင်းစားနေကြပါတယ် ဗျား . . . . :kwi:

  • မဟာရာဇာ အံစာတုံး

    September 1, 2013 at 2:38 am

    တစ်ကျောင်း တစ်ဂါထာ
    တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပေါ့ ခညာ …
    ဒါ့ပုံဒွေ ကျိရဒါ သူ့ဟာနဲ့သူ တစ်ညိုးလေးဒွေချည်းဘာဘဲ …
    အကျိုက်ဆုံးဂဒေါ့
    ဒက်ဒီပေါက်ရဲ့ ဟိုနှစ်ယောက် ……. ဟီးးးဟီးးး
    ဒါ့ပုံကို ကျိုက်ရုံတင် မကဘူးနော်။ အတုန်လုံးဂို ကျိုက်ဒါ …
    :mrgreen:

  • KZ

    September 1, 2013 at 10:09 am

    အရောက်သွားးးး ရယ်
    သွားကြစို့ ရယ်
    စောင့်နေမှာရယ် အကြိုက်ဆုံးပဲ။

    🙂

  • ဂန္ဓာရီ ဆြာအုပ်

    September 1, 2013 at 10:26 am

    “စောင့်နေသူ” မိုက်တယ် တောင်းတွေကြားထဲမှာ
    “သွားကြစို့” မှာ ကပေါက်က ချောင်းရိုက်ထားတာပေါ့
    ကလု မျက်စိရှုင်ရှင်နဲ့ ရိုက်လာတဲ့ “လာခဲ့မယ်”
    “စောင့်နေမှာ” က ဘယ်မှာလဲဗျ

    • စောင့်နေမှာနဲ့စောင့်နေသူုပိုင်ရှင်က ရွှေမင်းသား အင်းဝမှာဖြစ်ဘို့များတယ်
      သွားကြစို့က ချောင်းမရို်က်ဘူး သူမသိအောင်ရိုက်ထားတာ

  • Ma Ma

    September 1, 2013 at 2:54 pm

    ဆြာကြီးတွေရဲ့လက်ရာလို့ မပြောရဘူး လှတာတွေချည်းပဲ။

    လာခဲ့မယ် ဆိုတာကို စောင့်နေမှာ လို့ ပြောလို့ အရောက်သွား တဲ့ ပုံလေးတွေ အကြိုက်ဆုံးပဲ။ 🙂

  • kyeemite

    September 2, 2013 at 10:59 am

    “အရောက်သွား” ကို စောင့်စားရိုက်ထားတာတော့ချီးကျူးပါတယ်
    “စောင့်နေမှာ” ကိုလည်းခိုက်တယ်ဗျာ

  • ဓါတ်ပုံ အခုလို စုပေါင်းစပ်ပေါင်းတင်ရတာ တစ်ယောက်ထဲ တင်တာထက်ပိုပြိးအားစိုက်ရပါတယ်။
    ပုံလေးတွေ အလေးအပေါ့ ညီနေအောင်
    ကိုယ်အချင်းချင်း ပုံလေးတွေမျှမျှတတဖြစ်အောင်
    ချစ်စရာအမြင်တင့်တယ်အောင်
    နောက် တစ်ယောက်ခြင်းဆီက မရောက်မခြင်း တင်လို့မရ။
    ဒါပေမယ့် ကျနော်ကတော့ ဒီလိုဘဲ အချင်းချင်းတွေစုတင်ဘို့ဘဲ စိတ်ကူးရှိပါတယ်။
    အပျော်သက်သက်ထက်ပိုတဲ့ ရည်ရွယ်ချက်ကလေးထားပြီးတင်ကြတာပါ.။

  • ရွှေ မင်း သား

    September 3, 2013 at 6:12 am

    သဂျီး ဒီမှာ ခင်ဗျားရဲ့ ဒီ အနှုတ်ပြ အနီ ပေးတဲ့ စနစ်ကြီး က ခုထိ မပြင်သေးဘူးလား
    အာရုံနောက်တယ်
    ပုဂိ္ဂုလ် ဆွဲ နဲ့ လိုက် နီ နေတာလဲ မဟုတ် အကြောင်းအရာ မကောင်း လို့ နီ တာလဲ မဟုတ်
    အတန်းလိုက် နီစေ ။ အတန်းလိုက် စိမ်း စေ ဆိုတဲ့ ဆော့ဝဲ ထည့်ထားသလား။
    ဒီကိစ္စလေး ကျိုးကြောင်း ပြေလည်အောင် ပြင်ရှင်းပါ အုံး
    ကျုပ်ကတော့ ရှင်းရှင်းဘဲပြောမယ် ။ ကျုပ်ကယူအက်စ် က မဟုတ်။ မြန်မာ နိုင်ငံက ဆိုတော့ ညှိဖို့ တော့မဟုတ်ဘူး။
    အဲဒီကိစ္စပြင်ကိုပြင်ပေးရမယ်။

  • ဒီအနီရောင်နဲ့ အနုတ်လက္ခဏာပြတဲ့ ကိစ္စကို မနှစ်သက်ကြဘူးဆိုတာ လူတိုင်းလဲ သိနေပါတယ်။
    ဒါပေမယ့် ရှိမြဲရှိနေဆဲပါဘဲ။
    အနီပေးတဲ့သူတွေမှာလဲ အချိန်ကုန်ခံပြီးလုပ်ရတာပါတယ် အဲတော့ လုပ်ပါစေလို့ ဆိုပြီး ကျေနပ်နေသူတွေကလဲရှိပါတယ်။
    အစကအနီ
    နောက်ခရမ်းရောင်
    အခုတော့ အနီပြန်ဖြစ်သွားပြီ.
    ဒါလေးကိုကြည့်ပြီးကောက်ချက်တစ်ခုချမိပါတယ်။
    နေရာတိုင်းမှာ အဆိုးမြင်ပြီး သူများကိုအနှောင့်အယှက်ပေးနေသူတွေရှိနေသလို
    ဒီလိုလူမျိုးတွေကိုလဲ အားပေးအားမြောက်ပြုနေသူ သူများ စိတ်အနှောက်အယှက်ဖြစ်တာကို
    ကြည့်ပြီး အရသာခံကျေနပ်နေသူတွေ
    လဲ ရှိနေတယ်ဆိုတာကိုပါဘဲ။

Leave a Reply