ဝမ်းချုပ်ခြင်းကိုကာကွယ်သော ယောဂကျင့်စဉ်

ဆူးAugust 3, 20101min1145

တစ်ချို့လူတွေဟာ မကြာခဏ ဝမ်းချုပ်တတ်ကြပါတယ်. .. .ဝမ်းချုပ်ရင် နေရထိုင်ရတာ မအီမသာ ဖြစ်စေသလို နောက်ဆက်တွွဲ ကျန်းမာရေး ပြဿနာတွေကလည်း ဖြစ်နိုင်ပါတယ်. . မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ” ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး ” ဆိုတဲ့ စကားပုံအတိုင်းပဲ လူတစ်ယောက်အတွက် ဝမ်းမှန်နေဖို့လိုပါတယ်. . . ဒါကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်မည့် နည်းလမ်းတွေရှိတဲ့ အထဲက ယောဂကျင့်စဉ်ဖြင့် ကာကွယ်နည်းကို ဖော်ပြလိုက်ပါတယ်. . . . အဆင့်(၁) ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမှောက်လိုက်ပါ. . အဆင့်(၂) ခြေထောက် နှစ်ဖက်ကို အပေါ်ဘက်သို့ ကွေးနိုင်သမျှ ကွေးပြီး လက်နှစ်ဖက်ဖြင့် ကွေးထားသော ခြေကျင်းဝတ်များကို ဆုပ်ကိုင်ပါ. . နဖူးကို ကြမ်းပြင်နှင့် ထိထားပါ. . . အဆင့်(၃) အသက်ကို ပြင်းပြင်းရှူသွင်းပြီး ခေါင်းကို မော့၍ ခြေဖျားများကို အပေါ်သို့ လက်ဖြင့် ဆွဲမလိုက်ပါ. . . ပခုံးနှစ်ဖက်ကို အပေါ်သို့ ကြွလိုက်ပါ. . .လက်နှစ်ဖက်က ခြေကျင်းဝတ်များ ကိုင်ထားသည်ကို မလွှတ်ရပါ. . ပေါင်များနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်မှ အထက်သို့ ကြွတက်လာသည်အထိ ဆွဲပေးရမယ်. . . အဆင့်(၄) ဤပုံစံအတိုင်း ထိန်းထားပြီး ပုံမှန်အသက်ရှူပါ. . . . ဝင်သက်၊ ထွက်သက် ကို တစ်ကြိမ်မှတ်ယူပြီး ၁ မှ ၁ဝ ထိမှတ်ပါ. . . အဆင့်(၅) ပြီးလျှင် အသက်ရှူ ပြီး ခန္ဓာကိုယ်ကို ကြမ်းပြင်သို့ ပြန်ချပါ. . . အသက်ရှူထုပ်ပါ. . . ဤကျင့်စဉ်ကို ပြုလုပ်ပါက . အစပိုင်းတွင် တချို့သည် ခြေဖျားများကို မြှောက်နိုင်ပြီး ပခုံးကို မ မနိုင် ဖြစ်တတ်သည်. .. တချို့သည်. . ပခုံးကို မြှောက်နိုင်ပြီး ခြေဖျားများကို မမြှောက်နိုင်ဖြစ်တတ်သည်. . . ထို့ကြောင့် တဖြေးဖြေး ကြိုးစား ၍ပြုလုပ်ရပါမည်. . . ဤကျင့်စဉ်ကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သလို . . . . ဝမ်းဗိုက်ရှိ ကြွက်သားများကို အားကောင်းစေပါသည်. .

5 comments

  • laaminnthar

    August 3, 2010 at 1:30 pm

    ဖတ်ကြည့်ရင်းနဲ့ နည်းနည်း ရှုတ်နေသလိုပဲ
    ပုံလေးတွေနဲ့ ရှင်းပြနိုင်ရင်ပိုကောင်းမှာ။

  • Thiri

    August 3, 2010 at 2:14 pm

    ကျန်းမာရေး ဗဟုသုတအဖြစ် မျှဝေတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် .. ဆက်ရေးပါ အားပေးနေပါမယ် ..

  • warmyae

    August 4, 2010 at 3:09 am

    ကျေးဇူးတင်ပါတယ်ဗျာ။ဒါပေမယ်.သိပ်မရှင်းလို.သေသေချာချာလေးပြောပြပေးပါဦး။တကယ်လိုအပ်နေလို.ပါ။

  • warmyae

    August 4, 2010 at 3:11 am

    ဘယ်လောက်ကြာကြာလုပ်ရမလဲဗျ။

  • မန်း ရိပ်

    August 26, 2010 at 2:41 pm

    အချိန်ကဘယ်လောက်လဲ
    ဒါမှမဟုတ် ဘယ်နှကြိမ်လုပ်ရမလဲ

Leave a Reply