အဲဒီ . . . ကောင်လေးပေါ့

alinsettSeptember 2, 20131min25325

0111

 

ရွာထိပ်ကို ကျွန်တော် ရောက်တော့

နှင်း မရောက်သေးပါ။

နှင်း အလာ လမ်းကို တစ်ချက်တစ်ချက် ငေးမျှော်ရင်းး

ကျွန်တော် ခရေပင်ကြီး အောက်မှာ ထိုင်နေမိသည်။

မြောက်လေ မြူးမြူးက ရှူးရှူးရှဲရှဲ တိုက်လာသည်။

လေတိုက်ခြင်းကြောင့် ခရေပင်ကြီး အနည်းငယ် လှုပ်ခတ် လာပြီး ခရေရွက်တို့အချင်းချင်း ထိခတ် သံ တဖျတ်ဖျတ်ကို ကြားရသည် ။

 

မြောက်လေနှင့်အတူ ပါလာတာကတော့ ကျွန်တော် ဘာပန်းမှန်း မသိသည့် ပန်းရနံ့သင်းသင်းကလေးဖြစ်ပြီး ကျွန်တော် ကောင်းကောင်း သိနေသော ခရေပန်း ရနံ ့ကလေး လည်း ပါလာသည်။

 

ခရေပန်းရနံ ့။

ဟုတ်သားပဲ ။

နှင်းခေါင်းက ဆံထုံးကလေးထက်မှာ ခရေပန်းကုံးကလေး ရစ်ပတ်သီကုံးထားတာ မြင်ဖူးသည်။

 

နှင်း ဆီမှ သနပ်ခါးရနံ ့ နှင့် ခရေပန်း ရနံ ့များကို သင်းသင်းပျံ့ပျံ့ ရတတ်သည်ပဲ ။

 

ခရေပင်ကြီးကို မော့ကြည့်မိတော့ ခရေပွင့်တချို့ ဖူးငုံ | တချို့ကတော့ ပွင့်လန်း | တချို ့ကတော့

ကြွေကျနေတာ တွေ ့ရသည်။

 

ပန်းဆိုတာ ဖူးပွင့်ချိန်ကလေးမှာသာ အလှဆုံး အဖြစ်ပါလား။

အကြွေပန်းဆိုတာ ရွှေနန်းထိုက်သည်ဆိုစေဦးတော့

ကြာရှည် မလန်း

ညှိုးနွမ်း သွေ့ ့ခြောက်ရမှာပါလားး။

 

မကြွေသေးသော ပန်းကလေးများကို လတ်ဆတ် မွှေးပျံ ့စွာ ပန်စေချင် ပါ သည် နှင်းးး။

 

==============

 

တကယ်တော့

တောရောက်မြို့သားတစ်ယောက်ဖြစ်သည့် ကျွန်တော့်အတွက် ခရေပင်ကြီးပေါ်တက်ပြီး ခရေပွင့်ကလေးတွေ ခူးယူခြင်းသည် သိပ်တော့မလွယ်ကူပါ ။

 

ငယ်စဉ်ကတည်းက သစ်ပင်ပေါ်လည်း တက် မကစားဖြစ် ။

အမြင့်ကို လန့်သည့်စိတ်အခံကလည်း ရှိဆိုတော့ ခရေပင်ပေါ်တက်ပြီး ပန်းခူး ရတာ စွန့်စားမှုတစ်ခုဖြစ်သည် ။

 

ကျွန်တော် ချစ်သော နှင်း အတွက် လတ်ဆတ်မွှေးပျံ ့သည့်

ပင်ယံထက်က ခရေပွင့်တွေ ခူး ပန်ပေးချင်စိတ်တစ်ခုတည်းဖြင့် ကိုယ်မကျွမ်းကျင်သော ကိစ္စတစ်ခုကို လုပ်မိခြင်းဖြစ်သည်။

 

အပင်အောက်ကကြည့်စဉ်က အဆုပ်လိုက် အခဲလိုက် တွေ ့ထားသော ခရေပွင့်ကလေးများသည် အပင်ပေါ် ရောက်သောအခါ ပုန်းနေသလား ထင်ရသည် ။

 

အပင်ပေါ်မှာ တွေ ့ရသမျှကလည်း သစ်ကိုင်း အစွန်အဖျားလေးတွေမှာသာ အပွင့်တို့ဝေဝေဆာဆာ ။

 

ငုတ်မိသဲတိုင် တက်နိုင် ဖျားရောက် ဆိုစကားကို စိတ်ထဲမှာ မှတ် . . . လက်တို့ကို ဆန့်တန်းပြီး တစ်ပွင့် . . . နှစ်ပွင့် . . . .သုံးပွင့် . . . . . . လေးပွင့် . . . . . . ငါးပွင့် . . . . . .

နူးညံ့သော အထိအတွေ ့

မွှေးပျံ့သော ရနံ ့နှင့်

ရိုးရှင်းသော ပန်းအလှကလေးများးးး ကျွန်တော့်လက်ထဲ ခက်ခက်ခဲခဲ ရောက်လာသည် ။

 

လက်ထဲက ပန်းကလေးများ

ကျိုးကြေ သွားမှာ စိုးပါသည် ။

 

ရှပ်အကျီ င်္ အိတ်ကပ်ကလေးထဲ အသာအယာ ထည့်ပြီး

နောက်ထပ် ပန်းပွင့်ကလေးများ ရှိရာ ရှာဖွေရင်း

သစ်ကိုင်း သစ်ခက်တို့ကို ဖမ်းကိုင် ရွေ့လျားရင်း

ပန်းတက်ခူးသော လူငယ်ကလေး ရင်ထဲမှာ လှ ုပ် ခတ်ကြည်နူးနေသည် ။

 

ချစ်သော သူအတွက် ပန်းကလေးများ ခက်ခက်ခဲခဲ ခူးယူသီကုံး ပေးတတ်သော လူငယ်တစ်ယောက်အဖြစ်

အချစ်သမိုင်း တင်ခဲ့ချင်သည်လေ ။

 

ကိုယ်က အချစ်နဲ ့ပက်သက်ပြီး

ချစ်လုံ ့လ ကောင်းသူ ဖြစ်နေပြီး နှင်းလာမည့်အချိန်ထက်

အစောကြီး ကြို ရောက်နေလေတော့

နှင်း မလာခင် ပန်းတစ်ကုံးစာတော့

ခူးပြီး သီပြီး ဖြစ်ပါလိမ့်မည် ။

 

အိုးးး ဒါနဲ ့ ပန်းကလေးတွေကို သီဖို ့ ဘယ်လိုကြိုးမျိုးနဲ ့သီရမှာပါလိမ့် ။

 

နှီးကြိုးစကလေး ဖြစ်ရမည်ထင်သည် ။ ဒါဖြင့် အဲသည် နှီးကြိုးကလေးတစ်စ ဘယ်ကများရနိုင်မှာပါလိမ့် ။

 

ပန်းခူးချင်ရုံ သီကုံးပေးချင်ရုံနဲ့တော့ အချစ်သူရဲကောင်းမဖြစ်နိုင်သေးပါလား ။ ကိုယ်ခူးထားတဲ့ပန်းကလေး

လှလှပပ သီကုံးတတ်ဖို ့ဆိုတာ လွယ်လွယ်ကူကူတော့ မဖြစ်နိုင်ပါလားးး။

 

ဘယ်လို လုပ်ရပါ့။

 

အိုကွာာာ သီဖို ့ကြိုးကိစ္စ ကို နောက်မှ စဉ်းစား ။

 

အခု ပန်းတစ်ကုံးစာ ရဖို ့

ခူးလိုက်ပါဦးမယ် ။ ဟိုမှာ ပန်းတစ်ဆုပ် ။

 

လှလှပပ ပွင့်နေပုံက

ခူးယူလှည့်ပါ ခေါ်ငင်နေသလိုလို ။

 

ဒါပေမယ့်

အဲဒီ ပန်းတွေက သစ်ကိုင်းကလေးရဲ့ ့အစွန်းအဖျားမှာ ။

 

ရောက်နိုင်သမျှ နီးကပ်အောင်

တွယ်ကပ် သွာပြီး

မှီအောင် လှမ်း ဆွဲကြည့်မယ် လေ။

 

ပန်းပွင့်ကလေးတွေရှိရာဆီ

တစ်လှမ်းချင်း တိုးကပ်. . .

သိမ့်ခနဲငြိမ့်ခနဲ လှုပ်ခါနေတဲ့ ခြေထောက်အောက်က သစ်ကိုင်းပေါ် ဖွဖွရွရွ နင်းးးရင်းးး

လက်တစ်ဖက်က သစ်ခတ်တစ်ခုကိုကိုင်ဆွဲ ရင်းးး

ကျန်တဲ့ လက်တစ်ဖက်ကို ဆန့်တန်း . . . ပန်းကလေးတွေကို မှီလုလု . . . . . . . . . .ခူးလုလု . . . . . .

====================

ကိုယ် ရပ်တည်ရာက

ဝုန်းခနဲ နိမ့်ဆင်းပြိုကျ

သစ်ကိုင်းကျိုးသံ ဖြောင်းခနဲ လူတစ်ကိုယ်လုံး လေဟာနယ်ထဲ ဝဲပျံသွားသလို ဟာလာဟင်းလင်း

နိမ့်ဆင်းးး

တစ်စုံတစ်ခုနဲ ့ပြင်းပြင်းထန်ထန် ရိုက်ထည့်လိုက်သလို ရင်ဘက်ဆီမှ စူးစူးဝါးဝါးနာကျင်မှု။

တဖြောင်းဖြောင်းနဲ ့ကိုယ့် ခန္ဓာ ကိုယ် နဲ့ သစ်ကိုင်းတို့ ထိ ရိုက် မိသံတွေ ။

ဘုရားရေ ကျွန်တော် သစ်ပင်ပေါ်က ပြုတ်ကျပြီ ။

 

ဒါပေမယ့် အောက်ကိုမရောက်သေးဘူးလား။

 

ကြာလိုက်တာကွယ် နာကျင်မှုတွေက ဆက်တိုက် ဖြစ် ဖြစ်လာ

ကိုယ့် ခန္ဓာကိုယ်တစ်ခုလုံးကို

ဝိုင်းပြီးထုရိုက်ချေမွှနေသလားးးး

အားးးးးလို့ အော်မိနေတာလားးးး

ဘုရားကို သတိရ တ နေမိသလားးး။

 

သစ်ပင်အောက် မြေပြင်နဲ ့ထိမိချိန် မှာ ကျွန်တော် ဘာဖြစ်သွားမှာလဲ . . . . . . .

 

အရိုးတခြား အသားတခြားတော့ မဖြစ်နိုင်လောက်ဘူး ထင်ပါရဲ ့။

ဒါပေမယ့် ဒီ ခရေပင်ကြီးက

တော်တော် မြင့်မားတယ်။

 

တစ်ခုခုကို ဖမ်းဆွဲ ကိုင် လိုက်ဖို့

သတိရလို ့ လှမ်းဆွဲလိုက်ပေမယ့် လက်တွေက ကိုးယို ့ကားယား လေဟာနယ်ကိုသာ လှစ်ခနဲ ဆွဲမိသည်။

 

ဘုရားရေ သစ်ပင်ပေါ်က ပြုတ်ကျတဲ့ အချိန် တစ်စက္ကန် ့ဆိုတာ တော်တော့်ကိုကြာတာပါပဲလား။

. . . . . . . . .

. . . . . . . . .

. . . . . . . . .

ထိခိုက်မှုများးးးးး

. , . . . . . . .

နာကျင်မှုများးးးးး

. . . . . . . . . . . .

မြေပြင်နှင့် ခန္ဓာကိုယ်တစ်ခု ပြင်းပြင်းထန်ထန် ထိ ရိုက် ပုံကျ သံ

 

. . . . . . . . . . . .

 

. . . . . . . . . . . .

 

***************************

 

ကိုလင်းး

ကိုလင်းးးးးး

ကိုလင်းးးးးးးး

ခေါ်သံများးးးးးးးး

 

ကျွန်တော့်ကို ခေါ်နေကြတာလား။

 

ကိုလင်း ဆိုတာ ကျွန်တော်လားး။

 

ခေါ်သံ နှင့် အတူ

ကျွန်တော့် ကို ထိကိုင်ပြီး ခေါ်နေမှန်း သိသာလာသည် ။

 

ဒါဖြင့် ကျွန်တော့်နာမည် ကိုလင်းပေါ့။

 

ကျွန်တော့် ဖြစ်တည်မှု တို ့ခဏတာ ပျောက်ဆုံးနေသောကြောင့်

ကိုယ့်ကို ကိုယ် ပြန်ရှာတွေ ့ ဖို ့ ကြိုးစားရဦးမည် ။

 

ကျွန်တော် မျက်လုံးများ

မဖွင့်ချင်သေးပါ ။

 

အမှောင်ထု ထဲမှာသာ

နေချင်သေးသည် ။

 

ကျွန်တော် . . . . .

အမှောင်ထု . . . . . . . .

 

ကျွန်တော်နှင့် အမှောင်ထု

အမှောင်ထုနှင့် ကျွန်တော် လုံးထွေး သတ်ပုတ်ရင်းးးးးးးးးးး

******************

******************

 

========================

 

တစ်ခါတုန်းက

ဒီလောကထဲမှာ . . . .

ကောင်မလေးတစ်ယောက်ကို ချစ်တဲ့

ကောင်လေးတစ်ယောက် ရှိခဲ့ဖူးသည် ။

 

======================

 

အဲဒီ ကောင်လေးပေါ့ . . .

အချစ်ရဲ့ အငွေ ့အသက်နဲ ့ သက်ဝင်လှုပ်ရှားဖူးတာ

 

အဲဒီကောင်လေးပေါ့ . . .

ရာဇဝင် မတွင်သော်ငြားလည်း

အချစ်ရဲ့ နွေးထွေးခြင်း အိပ်ရာထက်မှာ

ကွေးကွေးလေး အိပ်စက်ခဲ့ဖူးတာ

 

အဲဒီကောင်လေးပေါ့ . . .

ဘယ်သူ သိသိ မသိသိ

နှင်းဆိုတဲ့ကောင်မလေးကို

ငြိတွယ်စွဲလမ်း ခဲ့ဖူးတာ

 

အဲဒီကောင်လေးပေါ့ . . .

သူချစ်တဲ့သူပန်ဖို ့

အလတ်ဆတ်ဆုံး ပန်းတွေကို

တယုတယ ခူးယူပေးချင်ခဲ့တာ

 

အဲဒီကောင်လေးပေါ့ . . .

မထင်မှတ်တဲ့ ရက်စက်သော ကံတရား

ခါးလိုက်တာ လို့တောင် မပြောလိုက်ရတာ

 

အဲဒီကောင်လေးပေါ့. . .

ချစ်တဲ့သူ မဟုတ်တဲ့ ကြေကွဲခြင်းရင်ခွင်မှာ

ကပျာကယာ လဲလျောင်း

ပြောင်းလဲခြင်းမှန်းမသိ ပြောင်းလဲခဲ့ရတာ

 

အဲဒီကောင်လေးပေါ့. . .

နက်ရှိုင်းတဲ့ အမှောင်ထုထဲမှာ

ထူထူထဲထဲ ဖုံးကွယ် ခံလိုက်ရတာ

 

အဲဒီကောင်လေးပေါ့. . . .

ချစ်တိုင်းလည်း မညားခဲ့တာ

 

အဲဒီကောင်လေးပေါ့. . . .

ဘာမှလည်း မကျန်ရစ်ခဲ့တာ

 

အဲဒီကောင်လေးပေါ့. . . .

လက်မပြပဲ နှုတ်ဆက်ခဲ့တာ

 

အဲဒီကောင်လေးပေါ့ . . . . .

အင်းလေ . . . . .

အဲဒီကောင်လေးပေါ့ . . . . .

 

 

===========================

 

 

အလင်းဆက်

 

31 . 8 . 2013 .

 

alinsett.art@gmail.com

 

 

 

 

25 comments

  • ဦးကျောက်ခဲ

    September 2, 2013 at 9:35 am

    အဲ့ကောင်လေးကို ပြောလိုက်ပါ…နှင်းမှာ ပိုင်ရှင်ရှိတယ်လို့…
    🙂

    • Crystalline

      September 2, 2013 at 10:01 am

      ိပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်းသက်သေတင်ပြပါရှင့် :kwi:

      အလင်းဆက်ပို့စ်လေးတွေဝင်ဖတ်ဖြစ်တယ်.. ကိုယ်ကတော့ ခံစားချက်ဗလာနဲ့လူသားဆိုတော့ မှတ်ချက်မပေးတတ်ဘူးနော့… တော်တော်လေးတွေးနိုင်ရေးနိုင်လို့ မချီးကျူးပဲမနေနိုင်ပါဘူး.. 🙂

      • အလင်းဆက်

        September 2, 2013 at 11:58 am

        ကျွန်တော့်ပိုစ့်လေးတွေ
        အတွေး အရေးလေးတွေကို
        အားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်

    • အလင်းဆက်

      September 2, 2013 at 12:00 pm

      အဟိ

      ဟုတ်သားပဲ
      ဦးကျောက် ရဲ့ နှင်း နဲ့
      အဲဒိကောင်လေး ရဲ ့နှင်း
      နာမည်တူနေတယ်

      🙂

      • မဟာရာဇာ အံစာတုံး

        September 2, 2013 at 3:46 pm

        အဲ့ဒီကောင်လေးပေါ့ …
        ဥကျောက်စ် က သူ့နှင်းလေး နံမယ် သုံးထားလို့ဆိုပီး
        ဆွဲထိုးချင်နေတာ …

        • အလင်းဆက်

          September 2, 2013 at 4:06 pm

          နာမည်တူတာ လောက်နဲ့တော့
          ဦးကျောက်စ်က ဒလောက် မရက်စက်နိုင်ပါဘူးတွာ

          🙂

          အဲဒီ အံစာပေါ့
          ချစ်သုဝေနဲ့ တူတဲ့အရူးမလေး ဆိုတာ

          :kwi:

  • KZ

    September 2, 2013 at 10:11 am

    စောစောစီးစီး ငိုချင်တာအေ။
    ဂျူးရဲ့ ဟို ချင်းတောင် က ဇာတ်လမ်းကို သတိရသွားပြီ။

    😥

    • အလင်းဆက်

      September 2, 2013 at 11:56 am

      ချည်နဲ့ တိမ်တဲ့ကြိုး ထဲက
      ငွေဝန်းသော်တာ နဲ့
      ဖွန်ဒုလျန် ဆိုလားးး
      အဲဒိ ဇာတ်ကောင်တွေ အေမြင်က ပြုတ်ကျသွားတာကို
      ကျွန်တော်လည်းးး ရင်ထဲမှာ ထိထိရှရှ သတိရနေတတ်တယ်

      :kwi:

      • KZ

        September 2, 2013 at 11:57 am

        တိမ်နဲ့ချည်တဲ့ ကြိုးပါကွယ်။ 🙂

        • အလင်းဆက်

          September 2, 2013 at 1:12 pm

          နာမည်က ပြန်ပြောင်း ဖြစ်သွားတယ်
          အဟိ

          🙂
          ချည်နဲ ့ တိမ်တဲ့ ကြိုး ဟုတ်ဘူး
          ကြိုးနဲ့ ချည်တဲ့တိမ်
          လည်းးး ဟုတ်ဘူး

          🙂

          ကျနော် နာမည်ပြောင်းမလို့စဉ်းစားထားတာ ရှိတယ်
          ဂျူး ဆိုတဲ့နာမဘ်ကို အားကျလို့

          ကျနော့်နာမည်ကို
          ရာဂျူး လို့ ပြောင်း ရင် ကောင်းမလားဟင်

          :kwi:

        • amatmin

          September 2, 2013 at 10:56 pm

          ကိုရင့် နာမည်ကို ရာဂျူးလို့ ပြောင်းရင်တော့..
          မင်းမော်ကွန်း.တို့ အောင်ရဲလင်းတို့ လုပ်လို့ မရလောက်ဘူးထင့်..။
          ကုလားကားထဲက မင်းသားချောလေးဒွေ ..
          တွေးကြည့်ပေါ့. ကောင်လေးရယ်။ 😀
          နောက်တာပါ ဗျာ..။
          ခုတလော ရေးတဲ့ခံစားချက်တွေ အတော်နုနေသကိုး..။

  • ခင် ခ

    September 2, 2013 at 11:29 am

    စွဲလန်းခြင်းရဲ့ နောက်ကွယ်က အချစ်
    အချစ်ရဲ့ နောက်ကွယ်က တမ်းတမှု့
    တမ်းတမှု့ရဲ့ နောက်ကွယ်က မျှော်လင့်ချက်
    မျှော်လင့်ချက်ရဲ့ နောက်ကွယ်က ဖြစ်တည်မှု့
    အဲဒီဖြစ်တည်မှု့မှာ လမ်းခွဲနှစ်ခုရှိတယ်
    တစ်ခုက ပေါင်းဆုံကာလက်တွဲခြင်း
    ကျန်တစ်ခုက ပေါင်းဆုံဖို့အခွင့်မသာခဲ့ခြင်းပါ။
    အခု အဲဒီကောင်းလေးက ဒုတိယလမ်းခွဲကို ဆက်လျောက်သွားသူသာ……….
    ဒါဆို အဲဒီလမ်းမှာ အလွမ်း ဆိုတဲ့ရွာကိုတွေ့ပါလိမ့်မယ်ကွယ်။

    • အလင်းဆက်

      September 2, 2013 at 12:03 pm

      အလွမ်းရွာ
      မလှမ်းလာချင်ပေမယ့်
      ဇာတ်လမ်းဟာ မလှတာမို့
      ပြန် တမ်းကာ ငိုရမယ့်
      ကောင်လေးရဲ့ မှတ်တမ်းးး

      ========

      လေးခရေ
      ဖတ်ရှု ခံစားပေးတဲ့အတွက်
      ကျေးကျေးပါနော်

      ချစ်ခင်လေးစားလျက်

  • ငေးလ

    September 2, 2013 at 12:56 pm

    အဲ့ဒီကောင်လေး ပေါ့
    သူ့ချစ်သူကို့ထားသွားခဲ့တာ
    အဲ့ဒီကောင်လေးကြောင့်ခုတော့
    သူ့ချစ်သူလေး ့ဘယ်လိုများဖြစ်နေမလဲနော့်

    • အလင်းဆက်

      September 2, 2013 at 1:08 pm

      အဲဒီ ကောင်လေးပေါ့
      သူ သိပ်ချစ်တဲ့ ချစ်သူလေးကို
      မထင်မှတ်ပဲ သေကွဲ ခွဲခဲ့ရတာ

      အဲဒီကောင်လေးရဲ ့ချစ်သူလေး
      ဘယ်လိုများ ကျန်ရစ်ခဲ့မလဲ ဆိုတာ
      ဆက် တွေးကြည့် ဖို ့ချန်ခဲ့တယ်

      🙂

      ခံစားမှုအတွက် ကျေးဇူးပါ ညလေး ရေ

      • Conny Kim

        September 3, 2013 at 6:50 pm

        အဲဒီကောင်လေးဘယ်လိုကျန်ရစ်လဲဆိုတာ အပိုင်း(၂)ထပ်ရေးလိုက်လေဗျာ

        • အလင်းဆက်

          September 3, 2013 at 6:58 pm

          ရေးကြည့်ဦးမယ်..ဗျို ့..။
          အားပေးလို့ကျေးဇူးပါ ။

          🙂

  • kyeemite

    September 2, 2013 at 4:17 pm

    အဲဒီကောင်လေးပေါ့…အချစ်ကြောင့်ရူးသွားရှာတာ.. 🙂

    • အလင်းဆက်

      September 2, 2013 at 4:20 pm

      ဘယ်ကောင်လေး ပါလိမ့် ဦးကြီး မိုက် ရေ
      ကျနော် ထင်တာတော့
      အချစ်ကြောင့် ရူးနေသူ တစ်ယောက်ဆိုရင် အံအံ ကိုပဲ ပြေးမြင်မိနေတာ

      :kwi:

    • အလင်းဆက်

      September 2, 2013 at 5:50 pm

      ဘူလဲ အရက်ကြောင်တာ

      ကျော်လင်းသက်လားးးမာမီ
      သားသားလေ မာမီ ့သူငယ်အကြောင်း ဘာမှ ရေးတေးဝူးနော်

      :kwi:

  • Mr. MarGa

    September 2, 2013 at 6:29 pm

    အဲဒီကောင်လေးပေါ့
    တစ်ပတ်လောက်လှည့်ရုံနဲ့တင် အခါခါ လည်သွားတာ
    အဲဒီကောင်လေးပေါ့
    ဘာပြောပြော ရှင်းလင်းချက် ထည့်ပေးရတာ
    အဲဒီ ကောင်လေးပေါ့
    ပတ်ဝန်းကျင်ကို သိပ် ဂရုစိုက်ရှာတာ
    :kwi:

  • မောင် ပေ

    September 2, 2013 at 8:05 pm

    ကောင်လေးပေါ့
    မှောင်ဈေးလျှော့
    ကြောင်သေးကော့
    ယောင်မေးဆော့
    စောင်ဘေးတော့

    • အလင်းဆက်

      September 3, 2013 at 9:59 am

      လေးပေ ရေ..
      လာလည်တဲ့အတွက် ကျေးကျေးးး

      ————

      ချစ်ခင်လေးစားလျက်…

Leave a Reply