အချိုရည်နှင့် သင့် ကျန်းမာရေး

ဆူးAugust 3, 20101min560

အချိုရည်အမြောက်အမြား သောက်သုံးခြင်းက အလျင်အမြန် အိုမင်းစေဖွယ်ရှိသည်ဟု
သိပ္ပံ ပညာရှင်တို့က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ သုတေ သနပြုချက်အရ
ဘိလပ် ရည်တွင်ပါဝင်သော ပြင်းရှသောအရသာရှိသည့် ဖော့စဖိတ်က အိုမင်းခြင်းကို
အရှိန်မြှင့် တင်ပေးခြင်းဖြစ်သည်။

ဖော့စဖိတ်သတ္တုဓာတ်သည် အသား၊ ကိတ်မုန့် နှင့် ပေါင်မုန့်ထဲတွင်လည်းပါဝင်ကာ စားသုံး သူ၏အသား အရေနှင့် ကြွက်သားတို့အား ညှိုးရော်ခြောက်သွေ့စေ သကဲ့သို့ နှလုံးနှင့် ကျောက်ကပ်လည်း
ပျက်စီးစေကြောင်းသိရသည်။ဖော့စဖိတ်သတ္တုဓာတ်နှင့် ပတ်သက်၍ သုတေ
သနပြုဖော်ထုတ်တင်ပြခဲ့သည့် ဂျာရယ်ဝစ်မန်း၏အဆို အရ ဆိုဒါက ကဖင်းဓာတ် ကိုပေး၍
ဖော့စဖရတ်သည် ဆိုဒါနှင့်အတူလိုက်ပါလာသော ခရီး သည်ဖြစ် သည်ဟု ဆိုခဲ့သည်။

အလားတူပင် ဘိလပ်ရည်အား ရက်သတ္တ ပတ်လျှင် နှစ်ပုလင်းသောက်သုံးခြင်းသည် အရိုးကင်ဆာ၊ ပန်က ရိယ ကင်ဆာ၊ အကြောသေခြင်းနှင့် ကြွက်သား အားနည်းခြင်း ရောဂါတို့ဖြစ်ကြောင်း
ဆက်နွှယ်မှုရှိနေ သည်ဟု ဆိုသည်။

ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာအမ်ရှော ကက်ရာဇာကွီဦးဆောင်သော သုတေသနအဖွဲ့က ဖော့ စဖိတ်၏ သက်ရောက်မှုနှင့်ပတ်သက်၍ ကြွက်များနှင့် စမ်းသပ်ခံရာ ရက်သတ္တပတ်ရှစ်ပတ်နှင့် ၁၅ပတ်အကြား တွင်
အချိန်မတိုင်မီစော၍ အိုမင်းလာသည့် လက္ခဏာ များကို တွေ့ရှိရသည်ဟုဆိုသည်။

သိပ္ပံပညာရှင်တို့၏ယူဆချက်အရ ဖော့စဖိတ် ဓာတ်စာမှာ အဆိပ်အတောက်ဖြစ်စေသောသက်ရောက် မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်ဟုဆိုသည်။သုတေသီတို့၏အဆိုအရ လူသားတို့တွင် ကျန်း
မာရေးနှင့်ညီညွတ်သော ဓာတ်စာနှင့် အစားအစာထဲ တွင် ပါဝင်သော
ဖော့စဖိတ်အလေးအပေါ့ကိုချိန်ညှိ၍ သက်ရှည်ကျန်းမာစေ ရန်မှာအရေးပါသည့်အတွက်
ဖော့ စဖိတ်၏ အဆိပ်အာနိသင်ကိုရှောင်ရှားနိုင်ရန် ဘိလပ် ရည်ကို သင့်တင့်မျှ
တစွာသောက်သုံးသင့်သည်ဟု အကြံ ပြုခဲ့ကြောင်း သိရသည်