သက်ငြိမ်

သက်ငြိမ်  ၁

 

 

သက်ငြိမ်  ၂

 

 

သက်ငြိမ်  ၃

 

 

ကိုယ်တိုင်ရေး သက်ငြိမ် ဆီဆေး ကားလေးတွေပါ…။

အလုပ်တွေများလို ့ ပျောက်နေခဲ့ပေမယ်.. သူကြီးနဲ ့ရွာသူရွာသားများကို အထူးသတိယနေခဲ့ပါတယ်..။

ကျော်စွာခေါင်

 

19 comments

  • Ma Ma

    September 1, 2013 at 2:46 pm

    ရွာထဲမှာ အရောင်လေးတွေပျောက်နေပါတယ်လို့တော့ ထင်နေမိတာ။ 😀
    အောက်ဆုံးကပုံလေး အကြိုက်ဆုံးပဲ။

    • ကျော်စွာခေါင်

      September 1, 2013 at 3:33 pm

      မမ
      ခု…အရောင်လေးတွေ ပြန်ပေါ်လာပြီပေါ့…နော်။

  • kai

    September 1, 2013 at 2:53 pm

    အာဒမ်ကချစ်လို့နှစ်သတဲ့
    ဧဝက ရစ်ပြီးစားခိုင်းတယ်တဲ့
    ရွေးချင်ရာရွေး
    ချိုမလား.. စပ်မလား..
    စားမလား.. ထွေးမလား..
    နီမလား စိမ်းမလား
    ဟော.. ဟိုမှာမြွေ
    ဖြစ်ချင်ရာဖြစ်
    သက်ငြိမ်။ ။

    • ကျော်စွာခေါင်

      September 1, 2013 at 3:40 pm

      ရစ်လွန်းလို ့ စားခဲ့တဲ့
      တခဏ………
      အပြစ်တွေပုံချခံ….ငါ
      လေတယ်… ဧဝရယ်
      ……………..
      တစ်ဘဝလုံး ရစ်ခံရမယ်မှန်းသိရင်
      ပန်းသီး မစားပါဘူး
      နင့်လျှာကိုသာ ကိုက်ဖြတ်စားသောက်ခဲ့ရမှာ…
      ခုတော့…ခံစားမှု ကိုမာ ဖြစ်နေတဲ့
      ငါ့နှလုံသားက
      သက်ငြိမ်………………….။

      • အရီးခင်

        September 1, 2013 at 8:13 pm

        ခံစားမှု ကိုမာ တဲ့ ….
        အပြောကောင်း တောပြောင်း ကာ စကောရောင်း ပါလား မပြောရက်ပါဘု
        လျှာဖြတ်ခံရမှာ စိုးတာကြောင့် ….
        တိတ်တိတ်သာ နေတော့ မယ်
        သက်ငြိမ် …….

        (ဟိဟိ)
        မြစာကလေး
        ကဘာဆြာမကြီး
        😉

        ပုံတွေ ရဲ့ နောက်ခံ အဝတ် တွေက မြင်ရတာ ကြွပြီး အသက်ပါတာမို့ တကယ်တော့ သက်ငြိမ်လို့ မခေါ်ချင်ပါဘူး။ 😛

  • KZ

    September 1, 2013 at 3:39 pm

    မတွေ့တာကြာပါပေါ့လားးး

    ပန်းချီတွေကတော့ သဘောကျစရာ ကောင်းဆဲပါပဲ။

    နောက်ဆုံးအပြာအိုးလေးမှာ မှန်ပြူတင်း က အလင်းလေး မြင်ရသလိုလို။
    🙂

  • lele kyi

    September 1, 2013 at 7:19 pm

    သူကြီးတို့ ဆြာခေါင်တို့ ပြောနေကြတဲ့ သက်ငြိမ် အဓိတ်ပယ်ကို နားမလည်ဘူး။ ပန်းချီကားရ ဲ့ဝှက်ထားတဲ့ အဓိပါယ်ကို မသိပေမဲ့ အပေါ်ဆုံးက ပန်းသီးနဲ့ ငရုပ်သီးပုံကိုကြိုက်တယ်။

    • ကျော်စွာခေါင်

      September 1, 2013 at 8:09 pm

      မလဲ့
      ပန်းချီကားမှာ ဘာမှ ဝှက်မထားပါဘူး။။
      ကျနော်တင်လိုက်တာက ရိုးရိုးလေးပါ..။ အဲဒါ သူကြီးက ကဗျာ လာရေးတာ… ကျနော့်ပန်းချီကားနဲ ့ သူ ့ကဗျာက ဘာမှမဆိုင်သလိုပါဘဲ…. ဖတ်ပြီးတော့ ကျနော်လည်း ဘာကို စိတ်မကောင်း ဖြစ်ရမလိုလို…စိတ်ညစ်ရမလို ဖြစ်နေတာ…
      ဒါပေမယ့် ကဗျာ နောက်ဆုံးမှာ သက်ငြိမ် ဆိုတာနဲ ့ အပြီးသတ်ထားတာလေ..။
      ကိုယ်ကလည်း အားနာတယ်လေ…ဪ သူကြီးက ကဗျာနဲ ့တောင် တစ်ကူးတစ်က အားပေးတာဘဲ ဆိုပြီး ကိုယ်လည်းပြန်ရေးတာ..
      အာဒမ်တို ့ဧဝ တို ့စားတာ ရစ်တာတွေ သူ ့လိုဘဲ ထည့်ရေးထားတာ… ဘာဖြစ်ဖြစ်..နောက်ဆုံးမှာ သူ ့လို
      သက်ငြိမ် စာလုံးနဲ ့ဘဲ ပိတ်ထားတာလေ…
      မလဲ ့ ဝါသနာပါရင် ကဗျာ ရေးပေးခဲ့လေ..
      ကြိုက်တာရေး… နောက်ဆုံးမှာ သူကြီးလို သက်ငြိမ် ပါပလေ့စေ
      ဒါမှ ပို ့စ်ခေါင်းစဉ်နဲ ့နီးစပ်မှာ…. း )

  • lele kyi

    September 1, 2013 at 8:50 pm

    မင်းကနီချင်နီမယ်..ငါလည်းစိမ်းချင်စိမ်းမယ်။
    မင်းက မာကျောပေမဲ့..ငါကမွှေးပျံ ့ပျော့ပျောင်းမယ်။
    မင်းရဲ့ကြီးမြတ်ခြင်း နဲ့ ငါ့ရဲ့သေးကွေးမှု
    နှိုင်းထပ်မတူမှု ..ဆန့်ကျင်ဘက် စွဲအား
    ဘာပဲဖြစ်ဖြစ် တို့နှစ်ယောက်
    ငြိမ်းချမ်းစွာ အတူတူရှိခွင့် ရှိတယ်။
    သက်ငြိမ်။
    ဟီးး ဆြာခေါင်မြောက်ပေးလို့ ပေါက်တတ်ကရာလာပြန်ရေးသွားပါသည်။

  • ဝင့်ပြုံးမြင့်

    September 1, 2013 at 10:44 pm

    လေးစားပါတယ် ကိုကျော်စွာခေါင်။ ကျမငယ်တုန်းက ပန်းချီဘက်ကို အရင်စတာ။ မအောင်မြင်ခဲ့ဘူး။ ပန်းချီက အိုင်ကျူ မြင့်မှရတာမို့ ကျမ မအောင်မြင်ခဲ့တာပါ။

  • မဟာရာဇာ အံစာတုံး

    September 2, 2013 at 1:11 am

    ခင်ဗျား ဗျာ …
    အလယ်က ပုံလေးက သူ့နဲ့ဆင်တဲ့ အဖော်လေး ပါဘူးးး
    သနွားဘာဒယ် …..။

    လဂါးနောက်ဒါ …
    ဒီပုံထဲ ထည့်ထားတဲ့ လိုက်တင် အကြောင်းလေး ဗဟုသုတ ရအောင် နည်းနည်းဖြစ်ဖြစ် ပြောပြအုံး ….

  • kyeemite

    September 2, 2013 at 8:50 am

    သက်ငြိမ် ဆီဆေး
    ဆက်၍တွေးသော်
    ရေးရေးပေါ်လာ
    သည်ကဗျာ..အဟိ
    ပုံလေးတွေကောင်းလို့ ဘာပြောရမှန်းတောင်မသိ :loll:

  • Crystalline

    September 2, 2013 at 9:23 am

    ထူးအိမ်သင်သီချင်းတွေထဲ.. အဲဒီနာမည်နဲ့သီချင်းလည်းရှိတယ်ထင်တယ်.. ကြားဖူးသလိုပဲ.. အဝါရောင်ကိုကြိုက်လေ့မရှိပေမယ့် အလယ်က ပန်းချီကားလေးကိုတော့ တော်တော်သဘောကျတယ်.. ဒီရွာထဲမှာလက်တမ်းကဗျာစပ်တတ်သူတွေတော်တော်ပေါတာပဲ.. အားလုံးထဲ တို့ဆရာမကြီး မြစာကလေးအတော်ဆုံး 🙂

    • KZ

      September 2, 2013 at 9:54 am

      အခန်းအပြင်ဘက် ထွက်ပြီး စကြာဝဠာ အဆုံးးးး
      ကောင်းကင်သို့ ဖောက်ခွဲ တစ်ယောက်တည်းးးးး
      ထိုင်နေတာ အိပ်မက်ထဲ……..။
      ယုံကြည်မျှော်လင့်ချက် လမ်းမ အလယ် ………….
      လူတစ်ယောက်မူးလဲနေတယ်။
      မပီမသ ဆဲရေးသံရယ်
      ကြားးး တယ်~~~~~~
      😀

  • ဦးကျောက်ခဲ

    September 2, 2013 at 9:33 am

    အလယ်ပုံကို အကြိုက်ဆုံးပဲ အကိုကြီး…
    လိုက်ကာအနားစနဲ့ အရိပ်ကျနေပုံက… ထိုးထားတဲ့မီးရောင်ကို မြင်နေရသလိုလို…
    အသက် အတော်ပါလို့ သက်ငြိမ်လို့ မခေါ်ရဲဘူး…

  • Wow

    September 2, 2013 at 9:37 am

    ” အဖန်တရာဆိုပြီးသားတေးသွားလဲ ခေါက်ရိုးများကျိုးနေတဲ့ စာအုပ်ဟောင်းလေး တစ်အုတ်လိုပဲ ရှိတယ်…..”
    “နေရောင်တစ်ချို့ကအခန်းထဲဝယ် ဟိုဒီယိမ်းထိုးကခုန်ဆဲ ရွေရောင်ပန်းခင်းတစ်ခုလိုပဲရှိတယ်….”

    ထူးအိမ်သင်ရဲ့ သက်ငြိမ် သီချင်းတပိုင်းတစကို သတိရသွားတယ်….. :kwi:

  • amatmin

    September 2, 2013 at 10:05 pm

    သက်ငြိမ်ဆိုတော့ ..ခေါင်းစဉ်ကို လူပိန်းတွေးပီး
    အသက်မရှုနိုင်ဘဲ.ငြိမ်ပီး ကြည့်လိုက်မှ..
    အလင်းပြန်နေတဲ့အိုးဒွေရယ်..
    အရိပ်ထင်နေတဲ့ လိုက်ကာရယ်..
    တကယ်ကြီး ပုံဒွေ အသက်ဝင်ချက် ရယ်.. 🙂

  • Inz@ghi

    September 3, 2013 at 7:53 am

    ဆော့ဖ်လိုက်တွေ ဆော့ထားတယ် ပေါ့အူးလေး
    အဲ့ဒိ ဆပ္ပဂျက်မှာတော့ အူးလေးက ဆြာပါဗျာ ..
    ဗရာကြော်…

Leave a Reply