ရင်ထဲကအလွမ်းကြောင့် နွမ်းသွားသောပန်းတစ်ပွင့်

ကာရံSeptember 1, 20131min861

မိုးတွတဖွဲဖွဲကျလာပြီနော် ချစ်ရဲ့နံဘေးမှာ အဖော်အဖြစ်ရပ်တည်ပေးမယ့်မောင့်ကို လွမ်းမိတယ်လေ တစ်ချိန်တုန်းကပေါ့ အအေးမိမှာစိုးလို့ မိုးပေးခဲ့တဲ့ မောင့်ရဲ့ ထီးရိပ်အောက်မှာ နှစ်ယောက်တူတူလျှောက်ခဲ့ဖူးတဲ့လမ်းလည်း အလွမ်းကြောင့် စိုစွတ်ကုန်ပြီပေါ့ အထီးကျန်တဲ့ရက်တွေကို ချစ်လေတစ်ယောက်ထဲလျှောက်လှမ်းနေရဆဲပါ မောင်သိနိုင်မလား မောင်မြင်နိုင်မလား မိုးနဲ့အတူ ခြွေချလိုက်တဲ့မျက်ရည်စက်တွေကိုလေ မောင်အခုဘာများလုပ်နေမလဲ ချစ်ကိုတွေးနေမလား ချစ်နဲ့နီးစပ်ဖို့ကြိုးစားနေတဲ့မောင်ကို ချစ်လေသစ္စာရှိရှိနဲ့ နေ့ရက်တွေကို ကြိုးစားဖြတ်သန်းနေရတယ်မောင်ရယ် တစ်ပါးသူတွေတွဲသွားတာကိုမြင်တိုင်း ချစ်လွမ်းရတယ်မောင် သူတို့တွေချစ်ကြည်နူးတာကိုမြင်တိုင်း လွမ်းရတယ်မောင် သိပ်ချစ်ပါတယ်ဆိုတဲ့စားသားလှလှလေးတွေကိုအမြဲပြောတက်တဲ့ မောင့်ရဲ့နှုတ်ခမ်းလေးကိုချစ်တမ်းတနေမိပြီမောင် အကြင်နာပေးခဲ့ဖူးတဲ့ခုံတန်းလေးကိုလေးကို မှန်းစမိပြီမောင် အခုတော့ချစ်တစ်ယောက်ထဲ အထီးကျန်နေတာကို ဘယ်သူသိမှာလဲလေ ဘယ်သူတွေကရော ကိုယ်ချင်းတာတက်မှာလဲလေ နီးရက်ကိုလက်ချိုးရေ တစ်ရွှေ့ရွှေ့နဲ့လည်ပတ်နေတဲ့ နာရီလက်တံလေးကို အမြဲငေးမိတယ် တစ်ခါတစ်လေ အရမ်းကိုမုန်းမိတယ်မောင် ဘာကြောင့်များ သိပ်ကြာနေရတာလဲလို့ပေါ့ ဆုံတဲ့တုန်းကလဲ ဒီအချိန်ဘဲ ခွဲခွာလို့ဝေးကွာသွားတာလဲ ဒီအချိန်ဘဲလေ သိပ်ချစ်တယ်မောင် ရင်တွေကွဲမတက်လွမ်းရတယ် တစ်ယောက်ထဲ အမြဲလိုလိုစိတ်တိုနေခဲ့မိတယ် အလိုမကျလဲဖြစ်မိတယ် ကံကြမ္မာက ဘာကြောင့်ဒီလောက်ရက်စက်ရတာလဲ ကိုယ့်ကိုကိုယ်ပြန်မေးမိတဲ့ မေးခွန်းပေါင်းလဲ မနည်းတော့ပါဘူးမောင် ချစ်အလိုမကျတိုင်း အပြုံးလေးတွေကို ချော့တက်တဲ့စကားလေးတွေ အခုတော့ဘယ်ဆီပြေးပုန်းနေပါလိမ့် စိတ်ကောက်တိုင်းချော့တက်တဲ့ မောင့်ရဲ့အပြုအမူတွေ အခုတော့ ချစ်နံဘေးမှာ မရှိတော့ပါဘူးလေ မောင်သိနိုင်မလားလေ အခုတော့ ရင်ထဲကအလွမ်းကြောင့် နွမ်းသွားသောပန်းလေးတွေကို ချစ်သနားတက်နေပါပြီမောင်……                                                           သိပ်ချစ်တက်

                                   မိုးနဲ့မျက်ရည်
တို့နှစ်ယောက်ရဲ့ရက်တွေက
အလွမ်းတွေရင်မှာစု
ပန်းခရေအကြွေစောမယ်ထင်ပ
အခုတောလေ
့                                        နွမ်းသွားတဲ့ပွင့်ဖက်လေးကို
ကြင်နာမျက်ရည်စက်တွေနဲ့အတူ
ကူလှည့်ကာ ထွေးပိုက်မိပါပြီ

                                                                                                                     ပိတောက်မိုး

One comment

  • အလင်းဆက်

    September 1, 2013 at 10:22 pm

    သူငယ်ချင်းရေ…
    ကဗျာတွေ ချည်းပဲ.. မဟုတ်ပဲ..
    အက်ဆေးလေးတွေလည်း..ရေးဦးနော့် ။
    🙂

Leave a Reply