“ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏´´

ခင္ခSeptember 2, 20131min825

“ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏´´

 

ကျွန်တော့်၏ လွန်ခဲ့တဲ့ အနှစ်၂ဝ ကျော်လောက်က အဖြစ်အပျက်လေးတစ်ခုပါ။

ကျွန်တော်တို့ ပြည်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ပဒေါင်းဘက်မှာကျွန်တော် အရင်လုပ်တဲ့အလုပ်က လုပ်ငန်း တွေလုပ်တာမို့ အဲဒီကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်ခဲ့တဲ့တစ်နေ့ပေါ့၊ ကျွန်တော်တို့ အဲဒီကို သွားတုန်း က အခုလိုဧရာတီမြစ်ကူးတံတားမဆောက်ရသေးဘူး စက်လှေနဲ့ကူးကြရတယ်။ ဒီဘက်ကမ်းက ပြည်မြို့မှာ ပြည်ရွှေဆံတော်ဘုရားရှိပြီး ဟိုဘက်ကမ်းမှာက ရွှေဘုံသာမုနိဘုရားရှိပါတယ်။ အဲဒီတော့ ဟိုဘက်ကမ်း ရွှေဘုံသာမုနိဘက်က မော်တော်နဲ့ပြည်ဖက်ကိုကူးပြီး ပြည်ရောက်တော့ညနေ ၅ နာရီလောက်ရှိပြီမို့ ပြည့်မြို့ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနားက အိုဆာကာထမင်းအဝစားဆိုင်မှာ ညစာထမင်းဝင်စားပြီး ဆိုင်ရှင်နဲ့က ပြည်မြို့ ရောက်တိုင်းဝင်စားနေကြမို့ သိနေတော့ ဆိုင်ရှင်ကို ရန်ကုန်ပြန်ဖို့ဒီည ကားတစ်စီးလောက်ဌားရရင် ဌားချင်တဲ့ အကြောင်းပြောပြပြီး ကားရှာခိုင်းလိုက်တာ ခဏနေတော့ ဒီမနက်ရန်ကုန်က ပစ္စည်းလာပို့တဲ့ ဟိုက်လတ်ကား က မနက်ရန်ကုန်ပြန်ဆင်းဖို့ ကုန်ရှာနေတယ် ဆရာတို့အကယ်လို့ဌားရင် ဒီနေညပြန်ဆင်း မယ်ဆိုလို့ ကား ဆရာနဲ့တွေ့ပြီး ဈေးစကားပြောကြည့်ကာ အဆင်ပြေတာနဲ့ ထမင်းစားပြီးခုန မင်းကြီးတောင်ခြေ မော်တော်ဆိပ် မှာ ပစ္စည်းသွားတင်ပြီး မော်တော်ဆိပ်ကာနေ ပြည်မြို့ဖြတ်မောင်းကာ ကားဆရာက ကွမ်းဝင် ဝယ်ရင်း မနက် သူ့စပယ်ယာလေးလာရင် ရန်ကုန်အော်ဒါရလို့ပြန်ဆင်းသွားပြီ လိုင်းကားနဲ့ဘဲ ရန်ကုန် လိုက်ခဲ့ ဆိုကာ လမ်း စရိတ်ပိုက်ဆံကွမ်းယာရောင်းတဲ့သူကို ပေးတာတွေ့လို ကျွန်တော်က ခင်ဗျ စပယ်ယာကို ဝင်ခေါ် ချင်ခေါ်လေ ဆိုတော့ ခေါ်လို့အဆင်မပြေဘူး သူကမနက်ပြည်ကိုကားရောက် ပစ္စည်းချ နေလည်စာစားပြီး သူရွာပြန်သွား တာမနက်မှ ပြည်ပြန်လာမှာတဲ့။ သူကဘယ်ရွာကမို့လဲမေးတော့ အောင်လံ သွားတဲ့ဘက်က ပြလို့ရွာဆိုတော့ အခုရန်ကုန်ပြန်မယ့်လမ်းနဲ့က တစ်ခြားစီဖြစ်သွားပြီလေ။  ပြည်မြို့ကထွက် တော့ ည ရ  နာရီ ထိုးခါနီး ဖြစ်နေ ပြီလေ။

ခေါင်းခန်းမှာ ကားမောင်းသူရယ် ကျွန်တော်နဲ့ ကျွန်တော်အလုပ်ကလုပ်ဖော်ကိုင် မိတ်ဆွေရယ်ဆိုတော့ သုံး ယောက် စီးခဲ့ပြီး၊ ကားနောက်ခန်းတဝက်ကျော်လောက်ကတော့ ကုန်ပစ္စည်းတွေ တင်ထားတာပေါ့။ ကားက ရန်ကုန်-တိုက်ကြီး မြောင်းတကာ ပြေးနေတဲ့ ဟိုက်လတ်လိုင်းကားဖြစ်ပြီး အနောက်ခန်းမှာ ဂတ်ဓာတ်ငွေ့အိုး တွေ က အစီအရီထောင်ထားတဲ့ ဟိုက်လက်လိုင်းကားပေါ့။

ဒီလိုနဲ့ပြည်ကမောင်းလာလိုက်တာ ရွှေတောင်မြို့ကျော်လောက်ကစပြီး မိုးကရွာပါလေရော၊ ဒါနဲ့ကားခဏရပ် နောက်ခန်းဘေးကမိုးကာစ ကားဆရာကဆင်းချပြီး ကားဆက်မောင်းတယ်ဆိုရင်ဘဲ မိုးကပိုလို့တောင်သဲလာ ပါတော့တယ်။ လက်ပံတန်းမှာ ခဏနား လက်ဖက်ရည်ဆင်းသောက်ကြပြီး လက်ပံတန်းကပြန်ထွက်တော့ မိုးက သဲလိုက် ခဏစဲသွားလိုက်နဲ့  လမ်းခရီးမိုးကလည်း ရွာ ညကလည်းတဖြေးဖြေးမှောင်နဲ့မို့ ကားမောင်းသမားကို စိတ် မလော ဘို့ မှန်မှန်ဘဲမောင်းဘို့ သတိပေးရ တာပေါ့။ သူကလည်း မိုးနဲ့လေနဲ့မို့ မှန်မှန်ဘဲမောင်းလာ လိုက်တာ တိုက်ကြီးကျော်လို့ မှော်ဘီရောက်တဲ့ထိ မိုးကတော့ ဇွဲရှိရှိရွာစဲပေါ့။ အချိန်ကလည်း ညညဉ့်နက် ၁၂ နာရီ ဝန်းကျင်နားမှာပါ။ မှော်ဘီလမ်းဆုံတစ်ခုကို ဖြတ်မောင်းတော့ ကားဆရာကပြောသေးတယ် ဒီနားကကြပ် ကုန်း ဗျ၊ ဆိုလို့ ဟုတ်တယ်လေ အဲဒီလမ်းကနေ ဝင်သွားတဲ့ထဲမှာ ကျွန်တော်မိတ်ဆွေ အသားတိုကြက် (စီပီ်) မွေးမြူရေးခြံရှိတယ်၊ သူပတ်လည်မှာလဲ ကြက်ခြံတွေဆိုတော့ ကြက်ကုန်းလို့နောက်ခေါ်ကြတာနေမှာပေါ့လို့ ကျွန်တော်ကပြောတော့ ကားဆရာက ဆရာကလည်းနောက်ပြီး ကျွန်တော်ပြောတာအဲဒီကြက်ကုန်းမဟုတ်ဘူး ကြပ်ကုန်းကိုပြောတာဆိုလို့ ကျွန်တော် လည်းသူဘာတွေပြောနေတာလဲပေါ့။

အဲဒီအချိန်မှာဘဲ လမ်းဘေးသစ်ပင်ကြီးတစ်ပင်အောက်မှာ အမျိုးသမီးသဏ္ဍန်နှစ်ဦးက ကားကိုလက်ပြကာ တားနေတာကို လှမ်းမြင်နေတော့ လိုင်းကားမောင်းသူလို့မပြောရဘူး လမ်းကြုံလို့ရှိရင် ခေါ်တင်ခဲ့ရမလား ဆရာတို့ မိုးထဲလေထဲ ညလည်းနက်နေပြီဆိုတော့ အခြားကားကြုံလည်း ရှားမှာဆိုပြီး စကားခေါ်တယ်လေ။ ကျွန်တော်ကတော့ ရပ်ပေးပြီး လမ်းမကြုံလည်း အမျိုးသမီးတွေမို့ မခေါ်ဘဲထားခဲ့ပြန်တော့ အားနာနေရမယ် ခေါ်လာပြန်တော့လည်း လမ်းခရီးမတူတော့ ဇယားကရှုပ်အုံးမယ် ရပ်မပေးဘဲမောင်းရင်ကောလို့ ပြောပေမယ့် အနီးနားရောက်တော့ ကားလေးကိုအရှိန်လျော့ပြီး မေးတော့မေးကြည့်လိုက်မယ်ဆိုပြီး ရပ်ပါလေရော။ ပြီးတော့ ကားဆရာက ဒီကညီမတို့က ဘယ်သွားမှာလဲမေးတော့ ထောင်ကြံလမ်းဆုံကိုဆိုလို့ နောက်ကခေါက်ထားတဲ့ ထိုင်ခုံ ထိုင်လို့ရအောင် သွားလုပ်ပေးလိုက်မယ် ဆိုပြီး ကားဆရာကနှီးဦးထုပ် လေး သူကျောနောက်ကယူ ဆောင်းပြီး ကားခေါင်းကဆင်းသွားကာ ခဏနေတော့ ကားလေးဆက်ကာထွက်ပေါ့။ နောက်ခန်းနဲ့ ကားခေါင်း ခန်းက ခုနဂက်အိုးတွေခံနေတာမို့ လှမ်းကြည့်လို့မမြင်ရဘူးလေ။

ဒီလိုနဲ့ ထောက်ကြံနီးလာတော့ မိုးကာလည်းနည်းနည်းစဲစပြုလာပြီပေါ့။ ထောက်ကြံလမ်းဆုံနား ရောက်ခါနီး တော့ ကားဆရာက ညီမလေးတို့ထောက်ကြံလမ်းဆုံ ဒီဘက်လား ကွေ့ပြီးမှလား လှမ်းအော်မေးပေမယ့် နောက်ခန်းကဘာသံမှပြန်ပြောသံမကြားရလို့ ကားဆရာက အိမ်များပျော်နေကြပြီလားဆိုပြီး ကားကိုဘေးကပ် ရပ်ကာ ကားနောက်ခန်းကို သူဆင်းပြီးသွားတာ ချက်ချင်းဆိုသလိုဘဲ မျက်စိပျက်မျက်နှာပျက်နဲ့ ကားမောင်းတဲ့ နေရာကိုဝင်ထိုင်ပြီး ချက်ချင်းစက်နိုးကာ ကားကို ကမန်းကတန်းထွက်ချမောင်းလာတာမို့ ဟေ့လူ ဘယ်လို ဖြစ်တာလဲ အလောတကြီးနဲ့ ခင်ဗျတင်လာတဲ့သူတွေကရော ဆင်းသွားပြီလား ဘယ်မှာဆင်းမှာလဲမေးတာကို ချက်ချင်းမဖြေနိုင်သေးဘဲ ခဏနေမှ မရှိတော့ဘူးဗျ ဒါနဲ့ကျွန်တော်မိတ်ဆွေက ဘယ်လိုမရှိတာလဲဗျ ခင်ဗျ စကားကမရှင်းမရှင်းနဲ့ဆိုနေတုန်းမှာဘဲ နောက်ခန်းဆီက ကျမတို့ဆင်းမယ် ကျမတို့ဆင်းမယ်ဆိုပြီး အော်သံ လည်းကြားရ ကားကိုလည်းထုသလိုအသံလည်းကြားတော့ ကျွန်တော်က ကားရပ်ပေးလိုက်ပါလားဆိုတော့ ကားဆရာက မဟုတ်ဘူးဆရာ ဘာမှမရှိဘူး အဲဒါခြောက်တာနေမှာပါလို့ဆိုတယ်လေ။ ဒါနဲ့ ဘာဘဲဖြစ်ဖြစ် ကားရပ်ပြီးသေချာအောင် ကျွန်တော်တို့အားလုံးဆင်းကြည့်ကြမယ်လို့ ကျွန်တော်မိတ်ဆွေကပြောပြီး သူကဘဲ ရှေ့နားကားရပ်ဖို့နေရာ လှမ်းမျှော် တော့ကြည့်လိုက်တော့ ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းလှမ်းတွေလို့ အဲဒီကိုခေါင်းတည်ပြီးရပ်လိုက်ဗျာ ပြီးတော့ အားလုံးနောက်ခန်းသွားကြည့်တာပေါ့လို့ ကျွန်တော်မိတ်ဆွေက ပြောတာကို ကျွန်တော်ကလည်း ဟုတ်တယ်အဲဒီဘိုးဘိုးကြီးနတ်နန်းကိုသာ ကားဦးတည်ပြီး ရပ်လိုက်ပေါ့ ဆိုလိုက်တယ်၊ ဒါနဲကားဆရာကလည်း အဲဒီရွှေညောင်ပင်ဘိုးဘိုးကြီးနန်းကို ကားခေါင်းဦးတည်ပြီး ရပ်မလို့  ကားကိုကွေ့ဖို့လုပ်နေတုန်း ကားနောက်ခံက အမလေးလို့အော်သံ သုံးယောက်စလုံးကြားလိုက်ရတယ်လေ။ ဒါနဲ့ မိုးကတော့ဖွဲဖွဲလေးဘဲ ရွာတော့တာမို့ ကျွန်တော်တို့အားလုံး ကားခေါင်းခန်းကနေဆင်းပြီး နောက်ခန်းကို သွားကြည့်ကြတော့ ဘယ်သူမှမတွေ့ဘူ ခုနခေါက်ထားတဲ့ခုံလေးကို ထိုင်လို့ရအောင် ခုံထောက် ထောက်ထား တဲ့ ခုံက ရေစိုတဲ့ သူထိုင်ထားရင် ထိုင်ထားတဲ့နေရာက ရေကွက်ဖြစ်ရမှာကို ကျွန်တော် မိတ်ဆွေက လက်နှိပ် ဓာတ်မီးနဲ့ထိုး ကြည့်တော့ အစပ်နားမိုးရေပက်ထားတဲ့နေရာကလွဲပြီး ခြောက်နေလေရဲ့လေ။ ဒါနဲ့ဘဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကားခေါင်းခန်းကိုပြန်တက် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရွှေညောင် ပင်ဘိုဘိုးကြီးနန်း ကိုကားလေးရှေ့တိုးနောက်ဆုတ် သုံးကာ ကားဆရာကဦးတိုက်သလိုပြုပြီး ရန်ကုန်မင်္ဂလာဒုံ ဘက်ကိုခရီး ဆက်ခဲ့ကြတယ်လေ။ ကျွန်တော်လည်း စီးကရက်လေးတစ်လိပ်မီးညှိကာဖွာနေရင်း ကားမောင်းတဲ့ သူပြောတဲ့ မှော်ဘီလမ်းဆုံကကြပ်ကုန်းဆိုတာနဲ့များ ပက်သက်လေမလား၊ ရွှေညောင်ပင်ဘိုဘိုးကြီးက မော်တော်ကား တွေသွားလမ်းလာလမ်းဘေးကင်းအောင် ကားဝယ်ရင်သွားပြကြတာဆိုတော့ သူ့နန်းကိုဦးတည် ဝင်ရပ်လို့များ တစ်စခန်းရပ်သွားတာလား အဲဒီကို ဝင်မရပ်ဘဲ ဆက်မောင်းလာရင် ဘယ်လိုဖြစ်မလဲစသည်ဖြင့်  ဟိုတွေး ဒီတွေး အဲဒီတုန်းကပေါ့။ ကားဆရာကော ကျွန်တော်လုပ်ဖော်ကိုင်ဘက်မိတ်ဆွေလည်း အတွေးကိုယ်စီ နဲ့ လိုက်လာကြတယ်ထင် စကားပြောသံတွေတိတ်နေခဲ့ကြတယ်လေ။ အဲဒီတုန်းကကြုံခဲ့တဲ့အဖြစ်လေးတစ်ခုပါ။

အဲဒီလိုနဲ့ ယာဉ်စက်ပစ္စည်းဝယ်ဖြစ်တဲ့အခါ ခုနထောက်ကြံလမ်းဆုံနားက ရွှေညောင်ပင်ဘိုးဘိုးကြီးကိုတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏ ဆိုသလို  သွား၍ပြဖြစ်နေတော့တယ်လေသတည်း။

 

 

ခင်ခ။

( ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏ )

5 comments

  • KZ

    September 2, 2013 at 11:23 am

    ဟီးးး
    အမှန်ပဲ။
    ကျနော်ဆို အဲလို ဟာမျိုးကို ယုတ္တိ ရှိမရှိ စဉ်းစားမိတိုင်းးးးး
    အဲဒီ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆိုတဲ့ အတွေးက အမြဲကပ်ပါလာတတ်တယ်။

    😀

  • ဦးကျောက်ခဲ

    September 2, 2013 at 11:45 am

    သဂျီးသာဆိုရင် အမေဂျီးကားအထိ အပါခေါ်ပြီး ရုံသွင်းပြစားမယ် ထင်ပါရဲ့…
    ဆရာခပြောတာ လှပဒါးလမ်းဆုံနား ဖြစ်မယ်၊ အဲသည့်နားက နာမည်ကြီးခင်ဗျ…
    😀

  • kyeemite

    September 2, 2013 at 1:42 pm

    ကျနော်လည်းအဲဒီပုံမျိုးတွေ ကြားဖူးပေါင်းများပြီဗျ..
    ကိုယ်တိုင်တော့မကြုံဖူးဘူး ကိုခရေ.. 😀

  • အလင်းဆက်

    September 2, 2013 at 5:21 pm

    လေးခ အဖြစ်လေး ဖတ်ပြီး
    ကျျွန်းမှာတုန်းက
    ချောင်းရိုးလေးအတိုင်း ပုဇွန်တွေ ငါးတွေကို ပိုက်ဂေါ်ကြီးးနဲ့ လိုက်ဖမ်းတဲ့ ည တစ်ညကို သတိရသွားတယ်

    ရေတက်ရေကျ ကိုမူတည်ပြီး ချောင်ရိုးထဲ ငါးဖမ်းတာ
    အဲဒီ နေ့ကတော့ ည ၁၁ နာရီလောက်မှ ချောင်းထဲ သားအဖနှစ်ယောက် ဆင်းခဲ့ကြတာ ။

    ချောင်းထဲမှာာာာာာာာာ

    မထင်မှတ်တဲ့ လူလောနတ်လော ကြပ်လောတွေ နဲ့

    မယုံနိုင်လောက်အောင် ပက်ပင်းတိုးခဲ့ရတဲ့ တစ်ညပေါ့

    နောက်မှ စာတစ်ပုဒ် အဖြစ်ရေးဦးမယ်

    🙂

  • မောင် ပေ

    September 2, 2013 at 7:42 pm

    အိမ်း
    မောင်ပေလဲ ပြောပြချင်တာ ဒီလိုပါကွဲ ့
    ဟီ ဟိ
    လေးခ ရေ
    ပျော်ပျော်ပါးပါး ပေါ့နော
    ကျုပ် အလုပ်ကိစ္စနဲ ့သွားရတဲ့ နယ်ဘက်က လူတွေ ဟာ ဘုဂလန် ့တွေဗျ ။ ပေါင်းရသင်းရခက်တဲ့ လူတွေပေါ့ဗျာ ။
    အဲ …
    အဲ့နယ်ထဲ ဝင်တော့မယ် ဆိုရင် ၊ အဲ့နယ်စပ် ကားလမ်းနံဘေး ၊ တောအုပ်လေးမှာ နတ်ကွန်းတစ်ခု ရှိသဗျ
    နယ်ပိုင် ပေါ့ဗျာ
    အဲ့နားရောက်ရင် ၊ ဓလေ့အရ ၊ ဟွန်းသုံးချက်တီးပြီး ၊ နယ်ထဲ ဝင်လာကြောင်း စိတ်ထဲကနေ ဖြစ်ဖြစ် နှုတ်ကနေ ဖြစ်ဖြစ် တိုင်တည်ရသဗျ….
    နောက်ပြီး ပြန်ရင်လဲ ဟွန်းသုံးချက်တီးပြီး ပြန်ကြောင်း စိတ်ထဲကနေ ဖြစ်ဖြစ် နှုတ်ကနေ ဖြစ်ဖြစ် တိုင်တည် ရတာပ ။
    အဲ့မှာ ဘယ်လိုဖြစ်သလဲ ဆိုတော့
    မောင်ပေ နဲ ့မောင်ပေ့ ဆရာ ၂ ယောက် ။ အလုပ်ကိစ္စနဲ ့သွားရာမှာ
    ဆရာကတော့ အယုံအကြည်မရှိလို ့ ၊ ပေါ့ပေါ့ပျက်ပျက် စိတ်မပါသလို မျိုး နဲ ့ပေါ့
    မောင်ပေ က တော့ ရောမရောက်ရင် ရောမ လို ကျင့် တဲ့ လူမျိုး ဆိုတော့ အစဉ်အလာမပျက်ပေါ့လေ
    တိုက်ဆိုင်မှုက ဘာလဲ ဆိုတော့
    အဲ့နယ်ထဲ ဝင်လာတဲ့ လူစိမ်းချင်းအတူတူ
    မောင်ပေ့ ဆရာ ကို အဲ့နယ်သားတွေက ဘုဂလန် ့ပဲ ။ ရှိတယ်လို ့ကို မသတ်မှတ်ချင်ဘူး
    မောင်ပေ့ ကြတော့ အရင်ကတဲက ခင်ခဲ့တဲ့ ဘော်ဒါမိတ်ဆွေလို ဆက်ဆံကြသဗျ ။
    ကျုပ်တို ့ဆရာ တပည့်နှစ်ယောက်လုံး လူပေါင်းသင်းဆက်ဆံရေး မညံ့ဘူးဆို တာ ၊ ရွာအပြင်ဘက်မှာပါ လူချင်း သိတဲ့ လေးခ သိပါတယ်

Leave a Reply