ရည်ရွယ်ချက်ကြီးကြီးမားမားမရှိ

တဲ့ မောင်မောင်က ကိုယ်ပိုင်အိမ်တစ်လုံး၊ တည်ငြိမ်တဲ့ ဘ၀နဲ့ မိသားစုတစ်ခု ကို ပိုင်ဆိုင်ချင်တယ်။ သူလိုချင်တဲ့ ဘ၀မျိုး ကို လွယ်လွယ်ကူကူ မရနိုင်ဘူး ဆိုတာမောင်မောင် သိတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ အလုပ်ပင်ပင်ပန်းပန်း လုပ်ရတာကို မောင်မောင် မကြိုက်လို့ဘဲ။ အလုပ်ဆောဆောဆင်း၊ ကိုယ်တိုင်ချက်ပြုတ်၊ စားသောက်၊ အ၀တ်လျှော်ဖို့ ကလွဲပြီး လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ အလုပ်ကို မောင်မောင် မရှာချင်ဘူး၊
ကျောင်းနေဖတ်သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် အရာရှိတွေဖြစ်ကုန်ကြပေမဲ့၊ မောင်မောင်က သာမန်ဝန်ထမ်းအဆင့်ကနေ တတ်မလာဘူး။ မောင်မောင့် ချစ်သူ ဝေေ၀ တစ်ယောက် မာစတာအောင်ပြီး နိုင်ငံခြားအလုပ်အကိုင်တစ်ခုမှာ အလုပ်ရတဲ့ အချိန် သူတို့ အချစ်ရေးကို လူတွေ က ထင်ကြေး အမျိုးမျိုး ပေးကြတယ်၊ ဒါပေမဲ့ မောင်မောင့် ကို ဝေေ၀ မထားခဲ့ ပါဘူး၊ ဝေေ၀က လခတွေ တိုးပြီးလုပ်ငန်းမှာ ဒါရိုက်တာရာထူး ခန့် အိပ်ခံ ရတဲ့ အစ်ခါ လူတွေက အဆင့် အတန်း မတူ တဲ့ မောင်မောင် တို့ ရဲ့ အချစ်ရေးကို လုံးဝ ဆုံးခန်းတိုင်ပြီလို့ ထင်ကြေးပေးကြပြန်တယ်၊ ဒါပေမဲ့ မောင်မောင့် ကို ဝေေ၀ လက်ထပ်လိုက်တယ်။
လက်ထပိပြီးနောက် နိုင်ငံ ခြား မှာဝေေ၀ အလုပ်သွား လုပ်တယ်။ (၂ ) နှစ်နေပြိး ကလေး တစ်ယောက်မွေးဖွားတယ်။ မောင်မောင် အလုပ်က ထွက်ပြီး အိမ် မှာ ပဲ ခလေး ထိန်းတယ်။
မိတ်ဆွေတွေ က မောင်မောင် အလုပ်ထွက်လိုက်တာကို စိုးရိမ်နေကြတယ်၊ ခလေးကြီးလာပြီး ကိုယ်ပါ အသက်ကြီး လာရင် မြေးတွေ ကို ထိန်း ရ ဦးမယ်။(((( မိန်းမ က ဒီလောက် ပိုက်ဆံ အရှာတော် နေတော့ သူဘာအလုပ်ထပ်လုပ်စရာ လိုသလဲ)))) လို့ မောင်မောင်ပြောတယ်။
ဝေေ၀ ရဲ့ သူငယ်ချင်းကလည်း ဝေေ၀့ ကို ကိုယ်ဘေးမျာ လုံးဝပြီးပြည့် ဆုံ တဲ့ လူတွေ ၀ိုင်းဝိုင်းလည်နေရဲ့ သားနဲ့ ဘာဖြစ့် လို့ တကယ့် အသုံးမကျတဲ့ သူ ကို မှ ပို ချစ်ရတာလဲ လို့ မေးတော့ ဝေေ၀က ကျွန်မ အလုပ်အရမ်း လုပ်ချင်တယ်၊ မီသားစု လိုချင်တယ်၊ ကလေး လို ချင်တယ်၊ ဒါကြောင့် အလုပ်မလုပ်တဲ့ ယောက်င်္ကျား တစ်ယောက်ကို ကျွန်မလို ချင်တယ် ။ဒါမှ ခလေး တွေ ကို ကျွန်မ အစား၊ သူ စောက့် ရှောက်မှ ကျွန်မ စိတ်ချလက်ချ အလုပ်လုပ်နိုင်မှာပါ လို့ ပြန်ပြော ခဲ့တယ်
P.S: Forward Mail မှ ကူးယူဖော်ပြပါသည်။

About intro

Lionel Intro has written 162 post in this Website..