အကြိတ်အနယ် Debate

Ma MaSeptember 4, 20131min35934

ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ DVB ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသသွားတဲ့

Debate ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ရက်အနည်းငယ်က အမှတ်မထင် ကြည့်ခဲ့ရပါတယ်။

 

အရင်တုန်းကတည်းက ဒီလိုအစီအစဉ်တွေရှိခဲ့လား ပြသခဲ့ဖူးသလားတော့ မသိပါဘူး။

 

အဲဒီအစီအစဉ်မှာ ကွမ်းစားခြင်း နဲ့ ပတ်သက်ပြီးတော့ ဘက်စုံ ထောင့်စုံကနေ ဆွေးနွေးထားတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားတဲ့ အစီအစဉ်ကလေးပါ။

 

ပါဝင်ပြီး ဦးဆောင်ဆွေးနွေးသူတွေထဲမှာ ဆရာဝန်ပါတယ်။

မြို့တော်စည်ပင်သာယာရေးကော်မတီမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားသူပါတယ်။

မိမိကိုယ်တိုင်ရော ဘိုးဘွားမိဘတွေကိုယ်တိုင်ရော ကွမ်းကို အစဉ်တစိုက် နှစ်ပေါင်းများစွာ စားလာ/နေသူ ပါတယ်။

သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်နေတဲ့ လူငယ်အဖွဲ့က လူငယ်တစ်ဦးပါတယ်။

 

အဲဒီလို ဆွေးနွေးပွဲမှာ (ရိုက်ကွင်းမှာ) လာရောက်ကြည့်ရှု့ကြတဲ့ ဧည့်ပရိတ်သတ် အနည်းငယ်လည်း ရှိနေပါတယ်။

ဧည့်ပရိတ်သတ်တွေထဲမှာလည်း သွားဆရာဝန်ပါတယ်။

ကွမ်းစား (ကွမ်းမြုံ့) ပြီး မှ စာရေးလို့ ကောင်းတယ်ဆိုတဲ့ စာရေးဆရာမတစ်ယောက်လည်း ပါပါတယ်။

ဧည့်ပရိတ်သတ်တွေကထဲ သိချင်၊ လေ့လာချင်၊ မေးမြန်းချင်၊ ပါဝင်ဆွေးနွေးချင်တဲ့ သူတွေကို ပါဝင်ဆွေးနွေးခွင့် မေးမြန်းခွင့်ပေးထားပါသေးတယ်။

 

ဆရာဝန်က ကွမ်းစားတာကို ပြည်သူ့ကျန်းမာရေးအမြင်နဲ့ ပြောတယ်။

ကွမ်းစားခြင်းဖြင့် ကွမ်းစားသူရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်သလို၊ ကွမ်းတံတွေးကြောင့်လည်း ကွမ်းစားသူမှာရှိတဲ့ ကူးစက်ရောဂါတွေ အခြားသူတွေကို ကူးစက်နိုင်ကြောင်း ပြောသွားပါတယ်။

 

စည်ပင်သာယာအငြိမ်းစားဝန်ထမ်းက မြို့တော်သန့်ရှင်းလှပဖို့ ကွမ်းတံတွေးတွေရဲ့ အခန်းကဏ္ဍဘက်က ဆွေးနွေးတယ်။

 

မြို့တော်သန့်ရှင်းလှပရေးမှာ ကွမ်းတံတွေးတွေကြောင့် ပျက်စီးရကြောင်း၊

ကွမ်းယာရောင်းသူနဲ့ ကွမ်းယာဆိုင်တွေကို ထိန်းချုပ်ဖို့၊

မြို့တွင်း Down town တွေမှာ ကွမ်းမစားရဇုန် လုပ်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

 

ကွမ်းစားသူဘက်ကလည်း ကွမ်းကို ဓလေ့ထုံးစံလိုုု ဘိုးစဉ်ဘောင်ဆက် စားလာတယ်လို့ ဆိုပါတယ်။

Chew1
ကွမ်းစားလာတာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲဆိုတာ သွားတွေကိုသာကြည့်။ :kwi:

 

 

 

သူကိုယ်တိုင်ရော၊ သူ့မိဘဘိုးဘွားတွေကရော ကွမ်းစားခြင်းကြောင့် ကျန်းမာရေးကို ထူးခြားဆိုးဝါးစွာ မထိခိုက်ခဲ့ဖူးကြောင်း ပြောပါတယ်။

(အဲဒီဆွေးနွေးပွဲမြင်ကွင်းမှာတော့ ကွမ်းစားသူအတွက် ကွမ်းတံတွေးထွေးဖို့ ပလပ်စတိတ်ပုံးတစ်လုံးချထားပေးပါတယ်။)

 

သို့သော် ကွမ်းစားခြင်းကြောင့် ပါးစပ်ပေါက်တာတော့ ဖြစ်ဖူးကြောင်း၊

ဖြစ်တဲ့အခိုက်အတန့် ကွမ်းဖြတ်ပြီး ပျောက်သွားရင် ပြန်စားဖြစ်ကြောင်း ပြောသွားပါတယ်။

 

Chew2

 

ဘာ့ကြောင့်ကွမ်းစားရသလဲဆိုတဲ့ မေးခွန်းကိုတော့………

ကွမ်းစားရင် စိတ်တက်ကြွတယ်၊ အိပ်မငိုက်ဘူး။

အလုပ်လုပ်ရာမှာ တက်တက်ကြွကြွ ရှိတယ် လို့ ဆိုပါတယ်။

 

ကွမ်းစားလိုက်ရင် မျက်နှာမှာ ရှိန်းတန်းဖိန်းတိန်းဖြစ်ပြီး စိတ်တင်းကြပ်နေတာတွေ ပျောက်တယ်လို့လည်း ပြောပါတယ်။

(အကြမ်းဖျင်း နားလည်သလိုရေးထားတာမို့ တိုက်ရိုက်တော့ မှန်ချင်မှ မှန်ပါမယ်။)

 

သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးလူငယ်တစ်ဦးကတော့ ကွမ်းစားတာကို မစားစေချင်ပေမယ့် မဖြစ်မနေကွမ်းစားရမှဆိုရင်လည်း ကွမ်းတံတွေးကို တစ်ဦးချင်းတစ်ယောက်ချင်းစီက ကိုယ့်တာဝန်ကိုယ်ယူပြီး စနစ်တကျ စွန့်ပစ်စေချင်ပါတယ် လို့ သူ့အမြင်ကို ပြောကြားသွားပါတယ်။

 

ကွမ်းစားခြင်း ဓလေ့ကို ပပျောက်အောင် ထိန်းချုပ်သင့်သလားဆိုတဲ့ မေးခွန်းကိုတော့ ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ကွမ်းစားတဲ့စာရေးဆရာမက ကန့်ကွက်ပါတယ်။

 

ကွမ်းစားခြင်းဖြင့် စိတ်တက်ကြွစေလို့ ထိန်းချုပ်မယ်ဆိုရင်

ကော်ဖီမှုန့်ကိုလည်း ထိန်းချုပ်သင့်တယ်။

အဲဒါကြောင့် ကော်ဖီမှုန့်ကိုရော ပပျောက်အောင် ထိန်းချုပ်မှာလားလို့ အဲဒီစာရေးဆရာမက ပြန်လှန်မေးခွန်းထုတ်သွားပါတယ်။

 

ဆရာဝန်ဘက်က အမြင်ကတော့……

ကွမ်းတံတွေးကို စနစ်တကျ ပုံးထဲထွေးမယ်ဆိုရင်တောင် အဲဒီပုံးကြီးကတဆင့် အဲဒီကွမ်းသွေးတွေကတဆင့် ကွမ်းစားသူမှာရှိတဲ့ နာတာရှည်ကူးစက်ရောဂါတွေ (ဥပမာ-တီဘီရောဂါလိုမျိုး) ကူးစက်နိုင်တာမို့ မိုင်းဗုံးကြီးနဲ့ တူတယ်လို့တောင် ဆိုသွားပါသေးတယ်။

 

ဒီကြားထဲမှာ လူငယ်တစ်ဦးက တိုင်းပြည်တိုးတက်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ကွမ်းကိစ္စဟာ အထူးတလည် ရှေ့တန်းတင်သင့်သလားလို့လည်း မေးမြန်းသွားပါသေးတယ်။

 

အနှစ်ချုပ်အနေနဲ့ခြုံငုံနားလည်မိတာက ကွမ်းစားခြင်းကို ပပျောက်အောင် မလုပ်နိုင်ပေမယ့် သုံးစွဲမှု လျှော့ချဖို့ ပြည်သူတွေကို အသိပညာပေး စည်းရုံးတဲ့ နည်းနဲ့ လုပ်သင့်တယ်။

 

ကွမ်းတံတွေးကို စနစ်တကျ စွန့်ပစ်အောင် ဝိုင်းဝန်းကြိုးစားသင့်တယ်ဆိုတဲ့ အဖြေကို ရခဲ့ပါတယ်။

 

အရင့်အရင်က ဖတ်ဖူး ကြည့်ဖူးတဲ့ အစီအစဉ်တွေမှာ …..

ပညာရှင်တစ်ဦးတစ်ယောက်ရဲ့ ပြောကြားချက်တွေကို အပြန်အလှန်ဆွေးနွေးမေးမြန်းမှုမရှိပဲ နာယူမှတ်သားကြရတဲ့ ပုံစံမျိုးတွေချည်းသာပါပဲ။

 

ဟာသလူရွှင်တော်တွေပြောသလို….

ကျန်းမာရေးမဂ္ဂဇင်းတစ်ခုက ကြက်ဥစားသုံးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ် ဆိုလို့ စားတယ်။

နောက် မဂ္ဂဇင်းတစ်ခုက ကြက်ဥစားသုံးခြင်းသည် ကိုယ်တွင်းအဆီဓာတ်ကို မြင့်တက်စေလို့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်လို့ ဆိုပြန်တယ်တဲ့လေ။  🙄

 

ရှု့ထောင့်မျိုးစုံက အသက်အရွယ်မျိုးစုံ အနေအထားမျိုးစုံရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ မပါတော့….

တစ်ယောက်က ကောင်းတယ်ပြောလိုက်

နောက်တစ်ယောက်က ဆိုးတယ်ပြောလိုက်နဲ့

အဲဒီကြားထဲမှာ ဘယ်ဟာကို အမှန်ယူပြီး လိုက်နာရမှန်း မသိလောက်အောင် ဖြစ်နိုင်ပါတယ်။ 🙁

 

ဥပမာ- မုန်လာဥနဲရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုပုံတွေ ပြောတဲ့အခါ ဘယ်ရောဂါအတွက် သင့်တော်ပြီး ဘယ်လိုအခြေအနေအတွက် မသင့်တော်ဘူးဆိုတာကို တပါတည်း ထည့်သွင်းတင်ပြသင့်ပါတယ်။

 

ဆရာမ ဝင့်ပြုံးမြင့်ရေးခဲ့ဖူးတဲ့ လေးဆယ်ကျော်ကျမရဲ့ အသဲကွဲတမ်းချင်း https://myanmargazette.net/137385 မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြီးစလွယ်ဖြတ်လမ်းလိုက်နည်းနဲ့ စီမံထားတဲ့ စားသောက်ကုန်တွေကို ရောင်းဝယ်ဖောက်ကားနေတဲ့အကြောင်းလေး ဖတ်ဖူးကြမှာပါ။

 

(မန်းဂေဇက်ချစ်သူများ၏အမှတ်တရစုစည်းမှု (၁) စာအုပ်ကို ဝယ်ယူအားပေးတဲ့ သူငယ်ချင်းတစ်ယောက်က အဲဒီပိုစ့်ကို ဖေ့စ်ဘုတ်မှာ ဖတ်ဖူးကြောင်း၊ သိသင့်မှတ်သားသင့်တဲ့ အကြောင်းအရာတွေမို့  ဖေ့စ်ဘုတ်မှာလည်း ရှဲပြီး မိတ်ဆွေအပေါင်းအသင်းတွေကို  မေးလ်တွေနဲ့လည်း ပို့ဖြစ်ကြကြောင်း  မှတ်မှတ်ရရ ပြောလာပါတယ်။)

 

ဆင်းရဲမွဲတေမှုကြောင့်ရော အသိဉာဏ်ပညာနည်းပါးမှုကြောင့်ပါ စားသောက်ကုန်ထုတ်လုပ်ရာမှာ အခုလို အန္တရာယ်ကင်းမကင်း မစိစစ်ပဲ ပြီးစလွယ် ဖြစ်ကတတ်ဆန်ုး လုပ်ကိုင်ကြတယ်လို့ မြင်မိတာကြောင့်…….

 

ကိုယ်နဲ့နီးစပ်တဲ့ လုပ်ငန်းရှင်သမားတွေကို စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့အခါမှာ  အန္တရာယ်ကင်းစားသောက်ကုန်ဖြစ်ဖို့လိုကြောင်း၊ စားသုံးရန်မသင့်တဲ့ ဆိုးဆေးတွေ မသုံးသင့်ကြောင်း၊

 

ခုခေတ်မှာ စားသုံးသူအခွင့်အရေးကို ကာကွယ်တဲ့ အသင်းအဖွဲ့တွေရှိလာပြီဖြစ်လို့ နောင်ဆို အရေးယူဆောင်ရွက်မှုတွေ ရှိလာနိုင်ကြောင်း အသိရှိအောင် ကြုံရင်ကြုံသလို ပြောပြဖြစ်ပါတယ်။

 

အခုရက်ထဲမှာ ငါးပိရေကြိုထုတ်လုပ်ရာမှာ ငါးမြန်မြန်နပ်အောင် ဓာတ်ဆားထည့်ပြီး အလွယ်တကူ ပြုလုပ်ကြတဲ့အတွက် စားသုံးသူတွေအတွက် အန္တရာယ်ရှိကြောင်း၊

ထို့ကြောင့် ရေကြိုငါးပိကို မစားသုံးသင့်ကြောင်း အကျယ်တဝင့်ရေးသားလာကြပါတယ်။

 

ရေကြိုငါးပိလုပ်ငန်းရှင်နဲ့တွေ့တဲ့အခါ သူတို့လုပ်ငန်းမှာ ဓာတ်ဆားသုံးပြီး မလုပ်ဖို့ ပြောတဲ့အခါ……

ကြံကြံဖန်ဖန် အမရယ် အဲလိုမျိုး တခါမှ  မလုပ်ဖူးပါဘူး။

ဘယ်သူတွေ လုပ်ကြသလဲလည်း မသိပါဘူး တဲ့။

 

ငှက်ပျောသီးတွေ မြန်မြန်မှည့်အောင် ဆေးစိမ်တာတွေတော့ လုပ်နေကြတာပဲ။

သဘာဝအတိုင်းပဲ ကောင်းပါတယ် လို့ ဆက်ပြောလိုက်တဲ့အခါ…….

 

သူတို့ မိဘတွေလက်ထက်ကတည်းက ဒီလုပ်ငန်းကို လုပ်လာတာ ရာဝင်အိုးတွေ အများကြီးနဲ့ အနည်းဆုံး၆လ လောက်ကြာအောင် အိုးသိပ်ပြီး ငါနပ်မှ ထုတ်ရောင်းကြတာပါ။

 

အခုတော့ ဒီလို ဓာတ်ဆားသုံးတယ်ဆိုတဲ့ အသံတွေကြောင့် သူတို့လုပ်ငန်းတွေလည်း အရောင်းအဝယ်တွေ ကျသွားလိုက်တာ လို့ ပြောပါတယ်။

 

ကိုယ့်ဘက်က အမှန်အကန်လုပ်တယ် ဆိုရင်  ပြည်သူတွေဆီပြန်ရောက်အောင် မီဒီယာတွေကတဆင့် ပြန်ဖြေရှင်းကြဖို့ကောင်းတယ် လို့ ဆိုတော့ …..

 

သူတို့အနေနဲ့ ဘယ်လိုနည်းနဲ့ ဘယ်ကနေတဆင့် လူအများသိအောင် ပြန်ဖြေရှင်းရမှန်း မသိကြပါဘူး။

သူတို့အနေနဲ့ကတော့ သဘာဝအတိုင်း ရိုးရှင်းစွာ စီမံလုပ်ကိုင်နေတာကို အချိန်မရွေး လာစစ်နိုင်ကြောင်းနဲ့၊

ဓာတ်ဆားထည့်ပြီး ပြီးစလွယ်လုပ်တဲ့ လုပ်ငန်းရှင်တွေကို ဖော်ထုတ်ပြီး အရေးယူစေလိုတယ် လို့လည်း ပြောသွားပါတယ်။

 

DVB က Debate အစီအစဉ်လိုမျိုး စားသောက်ကုန် ထုတ်လုပ်သူ၊ စားသုံးသူ၊ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်သူ၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့တွေ ငြင်းခုုန်ခြင်း အနုပညာ (ခွက်ဒစ်တူ သဂျီး) နည်းနဲ့ Debate လုပ်၊  တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင်……….

 

စားသုံးသူ၊ လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေစေနိုင်မယ့် နည်းလမ်း

(သို့)

ကောင်းမွန်တဲ့ အဖြေတစ်ခုရရှိလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ 🙂

34 comments

  • အရီးခင်

    September 4, 2013 at 5:31 pm

    မမ ရေ
    မှန်ပါတယ်။
    မြန်မာပြည်မှာ အမှန်အကန် စီးပွါးရှာစားနေသူတွေလဲ အများကြီးပါ။
    ဒါပေမဲ့ မကောင်းသူတွေလဲရှိနေတာ လဲ သေချာသမို့ ကိုယ်ပါရောပြီး နာမည်မပျက်အောင် ကိုယ့်ပစ္စည်းမှန်ကန်ကြောင်း သက်ဆိုင်ရာမှာ အသေအချာ အစစ်ခံပြီး ကိုယ့်ကုန် အပေါ်မှာ တာဝန်ခံတာမျိုးတွေကို ကြော်ငြာ ပြီး လုပ်သင့်လာပါပြီ။
    ဈေးကြီးလဲ ပစ္စည်းအစစ် ကို ဝယ်သုံးမဲ့ သူတွေလဲ ရှိမှာပါ။
    ဒီတော့ မီဒီယာ ကောင်းကောင်း နဲ့ မှန်မှန် ကို သုံးပြီး လူသိအောင် လုပ်ဖို့ အရေးကြီးလာပြီ။

  • အလင်းဆက်

    September 4, 2013 at 7:33 pm

    DVB က Debate အစီအစဉ်လိုမျိုး စားသောက်ကုန် ထုတ်လုပ်သူ၊ စားသုံးသူ၊ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်သူ၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့တွေ ငြင်းခုုန်ခြင်း အနုပညာ (ခွက်ဒစ်တူ သဂျီး) နည်းနဲ့ Debate လုပ်၊ တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင်……….

    ==============
    ဟုတ်ထာပေါ့ ဗျာ..။

    :kwi:

  • ဝင့်ပြုံးမြင့်

    September 4, 2013 at 11:12 pm

    ငပိလုပ်ပုံက ဒီလိုပါ မမရေ။ ငပိ လုပ်ငန်းရှင်ကြီးတွေ သတ်သတ်ရှိကြမှာပါ။ ဈေးထဲမှာ ငပိလုပ်ပုံကတော့ နေ့လည်ဘက် ဈေးအကွဲမှာ ရောင်းမကုန်တဲ့ ငါးသေးငါးမွှှားတွေရယ်၊ ပုပ်ချင်ချင်ဖြစ်နေတဲ့ ငါးတွေရယ်၊ အဓိကကတော့ ငါးဖယ်နဲ့ ငါးဖယ်အောင်းတွေကို အသားခြစ်ပြီးတော့ကျန်တဲ့ အရေခွံတွေရယ်ကို ပိဿ ာချိန်နဲ့ အကုန်ဝယ်ပြီး ငါးပိနပ်ပါတယ်။ အဲဒီမှာ တစ်ပတ်လောက်နဲ့ ပြီးအောင်လုပ်ကြတာ။ ဒါနည်းတဲ့အရေ အတွက်တော့ မဟုတ်ဘူး။
    လူတွေက ကိုယ့်စီးပွားထိတော့လည်း -င်ပိတ်ငြင်းကြမှာပဲ။ ငါးပိထဲ ဓာတ်စာထည့်တာ ရာခိုင်နှုန်းနည်းနည်းလေးပါ ဆိုတာလည်း မဟုတ်ဘူး။ ငပိလုပ်ငန်း လက်ကြီးသမားတွေ ကောင်းကောင်းလုပ်တာလည်း ရှိပါတယ်။
    —-
    သံဃာတော်တွေလိုပေါ့ မမရယ်။ တကယ် သီလသမာဓိရှိတဲ့ သံဃာထိပ်စီးတွေ ရှိကြသလို အများအားဖြင့်ကတော့ အောကားတို့ nc တို့ကြည့်တဲ့ သံဃာက အများစုလေ။ မြန်မာပြည်မှာ ရိုးလို့တောင် နေပြီ။

    • Ma Ma

      September 5, 2013 at 7:06 am

      မပြုံးရေ-
      (သံဃာတော်တွေလိုပေါ့ မမရယ်။ တကယ် သီလသမာဓိရှိတဲ့ သံဃာထိပ်စီးတွေ ရှိကြသလို အများအားဖြင့်ကတော့ အောကားတို့ nc တို့ကြည့်တဲ့ သံဃာက အများစုလေ။) ဆိုတာကို ထောက်ခံပါတယ်။

      အဲဒီလို အုတ်အရောရော ကျောက်အရောရောတွေများနေလို့ အမှန်အကန်သမားတွေ ရှင်သန်ဖို့ ခဲယဉ်းပါတယ်။

      အဲဒါကြောင့်လည်း ဟိုးးးတုန်းကတည်းက လုပ်လာခဲ့တဲ့ သူတွေအနေနဲ့ သူတို့လုပ်ငန်းတွေကို အချိန်မရွေးလာစစ်ဖို့တောင် ပြောပါတယ်။

      ခက်တာက ငရုတ်သီးမှုန့်တွေ စစ်တုန်းကလည်း စားသုံးရန်မသင့်တဲ့ တံဆိပ်တွေ အသီးသီးထုတ်ပြန်တယ်။ ဒါပေမယ့်လည်း ထိရောက်အောင်မြင်မှု မရှိဘူးလို့ထင်ပါတယ်။

      နောက်ဆုံးတော့ အဖြေမထွက်ပဲ ………
      တစ်ယောက်က စနစ်ကြောင့် လို့ စွဲချက်တင်မယ်။
      နောက်တစ်ယောက်က စနစ်ကြောင့်မဟုတ် လို့ ငြင်းမယ်။ 😈

  • မဟာရာဇာ အံစာတုံး

    September 5, 2013 at 12:50 am

    တားဂဒေါ့
    ငြင်းဒါ ခုန်ဒါဒွေနဲ့ မတည့်ဘူး ….
    ငြင်းလည်း မငြင်းဘူးးးး
    ဒီလိုကွ ဆိုရင် …
    အင်းးး ဟုတ်တယ်လို့ ခေါင်းညိမ့်ပြလိုက်တယ် …
    ဒီစကားလေးကို အမြဲ လက်ကိုင်ထားဒယ် …
    သူရို့ စိတ်ချမ်းသာ ကဘာဂျီး တစ်ဝက် အေးချမ်းဘာဒယ်လေ ….
    :mrgreen:

    ဝင်နောက်တွားခြင်း ဖစ်ဘာဂျောင်းးးးး

    • လုံမလေးမွန်မွန်

      September 5, 2013 at 1:22 pm

      ဘာပဲဖစ်ဖစ် … ဒီစာကိုတော့ ဖတ်တွားတယ်ဟုတ်… အဟိ..

      တီတီရေ… သာမီး ပြန်လာခဲ့ပါမယ်… 🙂

  • kai

    September 5, 2013 at 4:18 am

    ယူအက်စ်မှာ.. လူထုလက်ထဲရောက်တဲ့.. စားကုန်တိုင်း .. အထဲပါတဲ့ဓါတ်တွေအကြောင်း.. ရေးသားဖော်ပြထားတဲ့.. Nutrition Facts ပါရတယ်..။
    နိုင်ငံခြားကသွင်းလာတဲ့ ကုန်ပစ္စည်းဆိုလည်း.. ယူအက်စ်ပြည်တွင်ရောင်းမယ်ဆို.. Nutrition Facts စတစ်ကာ သီးသန့်ကပ်ရပါတယ်..။

    Labeling & Nutrition > Food Labeling Guide
    http://www.fda.gov/foodlabelingguide‎
    U.S. Department of Health and Human Services …. The Nutrition Labeling and Education Act (NLEA), which amended the FD&C Act requires most foods to bear …


    ဆိုတော့..
    အဲဒီထဲပါတာနဲ့.. တကယ်ပစ္စည်းထဲပါတာမတူရင်.. ဥပဒေနဲ့အရေးယူပါတယ်..
    စစ်ဆေးတာမှာ.. ကျုပ်သိသလောက်တော့.. ဆိုင်ရာအစိုးရဌာနအပြင်မည်သူမဆို.. ဆိုင်မှာသွားဝယ်ပြီး.. တူမတူ.. ဓါတ်ခွဲခန်းတင်.. ကောက်စစ်နိုင်တာပါပဲ..

    အဲလိုစနစ်မျိုးလေးနဲ့ လုပ်ရင်.. အစိုးရကနေ.. ကြီးကြပ်ဥပေးပြုလုပ်ထုံးလုပ်နည်းထုတ်ပေးရင်.. အိုကေမယ်ထင်ကြောင်း…။

    လောလောဆယ်မှာတော့.. စိတ်သန့်တဲ့..ငပိလုပ်ငန်းရှင်များအနေနဲ့. မိမိ၏ငပိတွင်..ဓါတ်ဆေးဓါတ်စာ လုံးဝ(လုံးဝ)မပါကြောင်း..
    ပါသည်ဟုခိုင်လုံစွာတင်ပြနို်င်ပါက… မူလဈေး၏ ၅ဆလျှော်မည်ဖြစ်ကြောင်း.. “စိန်ခေါ်စာ”လေးကပ်ပေးလိုက်ယုံ…
    မားကက်တင်းအတွက်အခွင့်အလန်းရသွားတယ်လို့တောင်.. ယူဆရမယ်ဖြစ်ပါကြောင်း..။ :mrgreen:

    • Ma Ma

      September 5, 2013 at 7:14 am

      (စိတ်သန့်တဲ့..ငပိလုပ်ငန်းရှင်များအနေနဲ့. မိမိ၏ငပိတွင်..ဓါတ်ဆေးဓါတ်စာ လုံးဝ(လုံးဝ)မပါကြောင်း..
      ပါသည်ဟုခိုင်လုံစွာတင်ပြနို်င်ပါက… မူလဈေး၏ ၅ဆလျှော်မည်ဖြစ်ကြောင်း.. “စိန်ခေါ်စာ”လေးကပ်ပေးလိုက်ယုံ…)

      သဂျီးရဲ့အိုင်ဒီယာကို အဲဒီလုပ်ငန်းရှင်ကို ဖောက်သည်ချလိုက်အုံးမယ်။ 🙂

      ဒီနေရာမှာ ဘက်မလိုက်ပဲ အမှန်အကန် စစ်ဆေးတဲ့ သမာသမတ်ကျတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်ဆိုတာတွေက နောက်ဆက်တွဲ ဆွဲစရာတွေ ဖြစ်လာလို့………… 🙁

      • kai

        September 7, 2013 at 3:18 am

        ကင်န်ပိန်းစိမ်ခေါ်စာက.. ဘယ်သူ့မှမှီခိုနေဖို့မလိုပါဘူး..
        ကိုယ့်ကိုယ်တိုင်.. စိတ်ချယုံကြည်ရင်.. လုပ်ဖို့ပါပဲ…။
        စိတ်ရှင်းရှင်းနဲ့.. စားသုံးလိုသူတွေကိုယ့်ဆီရောက်လာမှာပေါ့….

        ဥပမာ.. ယူအက်စ်မှာ.. အချိုမှုန့်ကြောက်ကြတာမို့.. ဆိုင်မှာ.. အထုတ်မှာ.. “No MSG,” “No MSG Added,” or “No Added MSG,” ဆိုပြီးရေးကြတဲ့ကန်င်ပိန်းလုပ်ကြဖူးတယ်…။
        အဲဒါမျိုးပေါ့…။

        • Ma Ma

          September 7, 2013 at 7:22 am

          ခုလောလောဆယ် မြင်နေရတာတော့………
          ပဲဆီသန့်ဆိုပြီး ကိုယ့်ပစ္စည်းကိုယ် တံဆိပ်တပ် ရောင်းကြပေမယ့် ဘယ်သူမှ အရောအနှောကင်းတယ် စစ်မှန်တယ်လို့ ယုံကြည်မယ့်သူ မရှိကြပါဘူး။

          စားအုံးဆီထက်စာရင်တော့ တော်ပါသေးတယ်ဆိုပြီး စားသုံးသူဘက်က လျှော့တွေးပြီး စားနေ သုံးနေကြတာပါ။

          ပဲဆီစစ်စစ် ဆိုတာတွေကို အမှန်အကန်ဖြစ်ကြောင်းကို စားသုံးသူတွေ ယုံကြည်လောက်တဲ့ သမာဓိရှိတဲ့ ကြားခံအဖွဲ့အစည်း (သို့) စစ်ဆေးရေးတွေက အာမခံပေးနိုင်မှ အဆင်ပြေမယ်ထင်ပါတယ်။

          အဲလို စစ်ဆေးလာမယ်ဆိုရင်……..
          ထုတ်လုပ်သူဘက်ကလည်း ပဲဆီစစ်စစ် လို့ တံဆိပ်ကပ်ရင် အရောအနှောကင်းကင်း ထုတ်လုပ်လာလိမ့်မယ်။
          စားသုံးသူဘက်ကလည်း ပဲဆီစစ်စစ် ဆိုရင် ပဲဆီစစ်စစ်ဈေး ပေးပြီး ဝယ်သုံးလာကြပါလိမ့်မယ်။

        • kai

          September 7, 2013 at 8:47 am

          မဟုတ်မမှန်တာကိုပြောတယ်.. ရေးတယ်.. ဖြန့်တယ်..
          အဲဒီလိုလုပ်ကြတဲ့အတွက်ကြောင့်…
          စားသုံးသူလူသားတွေအသက်တိုတယ်.. သေတယ်.. ထိခိုက်ဒဏ်ရာရတယ်..။

          ကဲ. လိုက်ဆို…
          “မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။”
          “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။”

          စနစ်ကြောင့်မဟုတ်…။ လူကြောင့်….။
          လူတွေရဲ့အသိညဏ်ကိုလွှမ်းမိုးပြုပြင်တာ.. ဘာသာရေး..
          ဘာသာရေးကို.. လူတွေကိုသွန်သင်ဆုံးမပေးဖို့.. တာဝန်ရှိတာက.. ရဟန်း… :mrgreen:

        • Ma Ma

          September 7, 2013 at 8:14 pm

          နောက်ဆုံးမှာ စနစ်ကြောင့်လားးး လူကြောင့်လားးးးး ဆိုတာနဲ့ပဲ အဆုံးသတ်မှာ…….
          သိနေတယ်လေ။ :loll:

          ပြောရမယ်ဆိုရင် လိမ်ညာတာကို လွယ်လွယ်ကူကူလုပ်နေကြတာ ထုံးစံလိုဖြစ်နေပါပြီ။

          အနီးစပ်ဆုံးပြောရရင် အပေါင်းအသင်းတွေ တွေ့ကြဖို့ချိန်းတယ်။
          မလာချင်ရင် မအားဘူး လိမ်ပြောမယ်။

          အကျင့်ပါနေကြပြီမို့ ပြောတဲ့သူက ပြောချင်သလိုပြော၊
          တဖက်ကလည်း တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် မယုံတော့ဘူး။ 🙁

          ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကိုတောင် မှားယွင်းတယ်ဆိုထားပြီး…….
          လူတွေရဲ့ အကျင့်စာရိတ္တ ကောင်းလာဖို့အတွက်ကျတော့မှ ရဟန်းတွေကို အပြစ်ပုံချမယ်ဆိုရင် တရားပါ့မလား။

          တကယ်တော့လည်း အသိစိတ်ဓာတ်၊ ဘာသာရေးခံယူချက် မြင့်မားလာအောင် ဆရာတော် သံဃာတော်တွေလည်း သူတို့နိုင်သလောက် ဟောနေ ပြောနေ ဆုံးမနေကြတာပါပဲ။

          ကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းပေးတာဟာ ကိုယ်ကျင့်သီလကို ကိုယ်တိုင်အသိစိတ်ဓာတ်နဲ့ စောင့်ထိန်းလာကြအောင် သိမ်းသွင်းနေကြတာပါ။

          သိနားလည်ပြီး လိုက်နာအောင် ပြောပြပေးပေမယ့်
          မလိုက်နာမနေရလို့ ဆုံးဖြတ်ဖို့ အာဏာတော့ မရှိဘူးလေ။

          ယူအက်စ်မှာ လူတွေကို ဖြောင့်မှန်ဖို့အတွက် ဘာသာရေးနဲ့ထိန်းလား၊
          အစိုးရရဲ့ တရားဥပဒေတွေနဲ့ ထိန်းသလား သိချင်ပါတယ်။

          လူတစ်ဦးချင်းကို တစ်ကက်နဲ့ ထိန်းလို့သာ (ဥပဒေကို ကြောက်လို့) လူတွေ မလိမ်မညာရဲကြ၊ မမှန်မကန် မလုပ်ရဲကြတာ မဟုတ်လား။

          အဲဒါကြောင့် လူတွေကို မမှန်မကန်မလုပ်ရဲအောင်၊ မလိမ်မညာကြအောင် စနစ်နဲ့ပဲ ထိန်းရမယ်လို့ ထင်ပါတယ်။ ::harr:

  • အဘ ဖားသက်ပြင်း

    September 5, 2013 at 6:41 am

    ဆေးလိပ် အရက် ကွမ်းယာ က သုံးစွဲသူတွေက ဒါတွေ သေတတ်မှန်းသိသိနဲ့ ကိုယ့်အသက်ဓါတ်ကိုယ်ရင်းပီး

    မိုက်မိုက်မဲမဲ သုံးဆောင်နေသမို့ မပြောလိုပါဝူး … ။ မူးယစ်ဆေးသမားတွေသေတာ ဝမ်းနည်းစရာမရှိ။

    ငါးပိလိုမျိုး လူကောင်းလူဆိုး အယုတ်အလတ်အမြတ်မရွေး စားတဲ့ အရာမျိုးကို

    အန္တရာယ် ရှိမယ်ဆိုတာ သိသိနဲ့ ဓါတ်မြေဩဇာကျွေးနေသူတွေကိုတော့ …ချဉ်သဗျာ..။

    ကိုယ့်လူမျိုးကိုယ် စမုံတုံးအောင်လုပ်နေသူတွေ…

    ဟို ကိုကိုဝီ ဒါမျိုးကျ မသိချင်ထောင်ထောင်တယ်….

  • kyeemite

    September 5, 2013 at 11:01 am

    “ဆေးလိပ် အရက် ကွမ်းယာ က သုံးစွဲသူတွေက ဒါတွေ သေတတ်မှန်းသိသိနဲ့ ကိုယ့်အသက်ဓါတ်ကိုယ်ရင်းပီး
    မိုက်မိုက်မဲမဲ သုံးဆောင်နေသမို့ မပြောလိုပါဝူး …”
    ဒါကြောင့် ကိုယ့်ကိုကိုယ် နာမည်ပေးထားတာ..“ကြီးမိုက်”လို့ :mrgreen:

  • KZ

    September 5, 2013 at 12:24 pm

    ဒီဘိတ် လုပ်မယ် ဆိုပါလားးးးး
    ဒါး ဒွေ ရမယ်။
    ဒုတ် ဒွေ ရမယ်။
    လောက်လေးဂွ ရမယ်။
    တူမီး သေနတ်ရမယ်။

    ဆဲနည်းမျိုးစုံ စာအုပ်ရမယ်။

    :mrgreen:

    အဲ့ဒီ ဆွေးနွေးပွဲမျိုးမှာ အနော့ ကို ဈေးရောင်းခွင့်ပေးပါ ချစ်မမ။ 😀

  • ဦးကျောက်ခဲ

    September 5, 2013 at 12:39 pm

    ကျန်တာတော့ ဘာလာလာဒေါင်းတယ်… အန်တီမာမား…
    ကွမ်းကတော့ ကုသိုလ်ပါရမီမပါလို့ ဆေးမပါတဲ့ ရိုးရိုးအချိုကိုစားမိရင်တောင်…
    ကမ႓ာမြေကြီး အိုးထိန်းစက်ကဲ့သို့လည်၏လို့ ဖြစ်တာမို့… ရှောင်ပါသည်…
    ဒီမှာလည်း နီပေါအလုပ်သမားတွေက ကွမ်းစားကြတာမို့ အတော်ကြပ်ပေးနေရတယ်…
    နောက်ပြီး… Debate တွေ၊ Persuade တွေတော့ မလုပ်ပါနဲ့…မတော် ထချနေမှ… ဟိ
    😀

  • ဝင့်ပြုံးမြင့်

    September 5, 2013 at 11:38 pm

    မမရေ
    ဈေးထဲမှာ အများဆုံးရောင်းကုန်က ငါးပါ။ ကြက်၊ ဝက်၊ ဆိတ် တွေက နည်းပါတယ်။ ရောင်းမကုန်လို့ ပုံနေတဲ့ ငါးတွေ ပမာဏကို မှန်းကြည့်ပါ။ ဒီငါးတွေ ဘယ်ရောက်ကုန်လဲ။ ငါးသေးငါးမွှားတွေကို ငွေကုန်ခံပြီး ရေခဲရိုက်မလား။ ဒါတွေကို တောဘက်ပြန်သယ်မလား။ ငပိလုပ်ငန်းရှင်က မြို့မှာ နေရာအကျယ်ကြီးသုံးပြီး (ရာဝင်အိုးကြီးတွေထားဖို့) ငပိလုပ်မလား။ စရိတ်ကျဉ်းကျဉ်း နဲ့ ငွေမြန်မြန်ပေါ်အောင် ငပိလုပ်မယ်ဆိုတာ ဖြစ်နိုင်ချေခိုင်မာပါတယ်။
    မမရဲ့ အသိပြောသလို ၆လလောက်ထိ အချိန်ယူပြီး ငပိနပ်တယ်ဆိုတာတော့ သိပ်မယုံချင်။ လုပ်ငန်းရှင်တစ် ယောက်ဟာ သူ့ကုန်ပစ္စည်းကို ဒီလောက်ကြာကြာ အထိုင်းမခံလောက်ပါ။ ဘယ်သူမဆို ငွေမြန်မြန် ဖော်ကြတာချည်းပဲ။ အခုဆို ပုစွန်ခြောက်ကိုတောင် အရင်လို နေမလှန်းဘူး။ နေလှန်းတာက ကြာတယ်လေ။ တခြားနည်းနဲ့မြန်မြန်ခြောက်အောင် လုပ်ပြီး ငွေဖော်ကြတာချည်းပဲ။

    • Ma Ma

      September 6, 2013 at 7:44 am

      မပြုံးရေ-
      ကျမသိသလောက်တော့ ဒိုက်ဦးနဲ့ မော်လမြိုင်တစ်ကြော ကျိုက်ထို၊ သိမ်ဇရပ်၊ ကျိုက္ကော်မြို့တွေမှာ ငါးပိလုပ်ငန်းရှင်ကြီးတွေ အများကြီး ရှိကြပါတယ်။

      ရာဝင်အိုးကြီးပေါင်းမြောက်မြားစွာနဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာကြသူတွေပါ။

      တော်သလင်း သီတင်းကျွတ်လောက်ဆိုရင် ရာသီဥတုသာယာလို့ ပင်လယ်ထွက်ကြပြီဆိုကတည်းက ရေလုပ်ငန်းရှင်တွေဟာ ဖမ်းမိသမျှငါးတွေထဲက မရွေးနိုင်တဲ့ ငါးမှုန်ငါးမွှားငါးစုံတွေကို ဆားကူးပြီး အိတ်သွတ်ပြီး ရန်ကုန်က ပွဲရုံတွေကို ပို့ပါတယ်။

      အဲဒီငါးဆားနယ်တွေကို ငါးပိလုပ်ငန်းရှင်တွေက ဝယ်ပြီး အိုးသိပ်ပြီး တစ်နှစ်လုံး ထားရောင်းကြတာပါ။

      အခုရာသီမှာ ငါးဆားနယ်တွေ ရကာစ ပြုပြီဖြစ်ပေမယ့် ငါးပိလုပ်ငန်းရှင်တွေ အဝယ်သိပ်မဆင်းလို့ မေးကြည့်တော့ စိတ်ပျက်လက်ပျက်ဖြစ်နဲ့ မနှစ်ကကုန်တွေ ကျန်နေတယ်လို့ ပြောသံကြားမိရင်း Debate လုပ်တဲ့ အစီအစဉ်နဲ့တွဲပြီး စိတ်ကူးပေါ်ရာရေးလိုက်တာပါ။

      သားဈေးငါးဈေးတွေမှာရောင်းတဲ့ ငါးဈေးက ငါးပိဖို့ ဆိုရင် ဈေးကြီးလွန်းနေပါလိမ့်မယ်။
      ငါးစိမ်းဈေးနဲ့ ရေလုပ်ငန်းရှင်တွေဆီကရတဲ့ ငါးဆားနယ်ဈေးက တစ်ဆလောက်ကို ကွာပါတယ်။

      စားသောက်ကုန် ထုတ်လုပ်သူ၊ စားသုံးသူ၊ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်သူ၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့တွေ ငြင်းခုုန်ခြင်း အနုပညာ (ခွက်ဒစ်တူ သဂျီး) နည်းနဲ့ Debate လုပ်၊ တွေ့ဆုံဆွေးနွေးပြီး ………..

      အာမခံချက်ရှိတဲ့ စားသောက်ကုန်တွေ ထုတ်လုပ်လာအောင်
      စားသုံးသူတွေဘက်ကလည်း ယုံကြည်စိတ်ချစွာ စားသုံးနိုင်အောင်

      နည်းလမ်းတစ်ခု ပေါ်ပေါက်လာနိုင်ဖို့၊ စနစ်တစ်ခု ချမှတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ 🙂

      • ဝင့်ပြုံးမြင့်

        September 6, 2013 at 10:31 pm

        မမရေ
        ငပိထဲမှာ ဆားမပါပါ။ ယူရီးယား ထည့်ပြီးပြီမို့ ဆားထည့်စရာမလိုတော့ပါ။ မမပြောတဲ့ ငပိမျိုးက တစ်ဆယ်သား ၅၀ဝ ကျပ်တန်ငပိကို ပြောတာဖြစ်မယ်။ ဆားပွင့်နေတဲ့ငပိတွေ။ အဲဒါက အကောင်းစား ဆိုတော့ လူများစု ဘယ်ဝယ်စားမလဲ။ လူများစုစားတာက တစ်ဆယ်သား ၂၀ဝ တန် ငပိပါ။ အဲဒီငပိတွေက ရောင်းမကုန်တဲ့ ၊ ပုပ်ခါနီးငါးတွေရယ်၊ ငါးအသားခြစ်ပြီးလို့ အရေခွံပဲ ကျန်တာတွေကို လုပ်ထားတာပါ။ ငပိကို ယူရီးယားထည့်တာ တစ်ဈေးလုံးသိပါတယ် မမရေ။
        လုပ်ငန်းရှင်ကြီးတွေရဲ့ ငပိကို ဈေးချပြီးရောင်းမှ ဝယ်လိုအားကောင်းလာမှာပါ။ ငပိထဲ ဓာတ်စာထည့်တာ လူများစုသိကြပြီးသားပါ။ သိသိနဲ့ ဝယ်စားတာမို့ ဓာတ်စာထည့်တဲ့လူကို အပြစ်တင် လို့မရပါဘူး။

  • ခင် ခ

    September 6, 2013 at 3:52 pm

    Sep 6 / 3:51 pm

  • Mr. MarGa

    September 6, 2013 at 11:06 pm

    သူများတွေတော့ မသိ
    ကိုယ်တိုင်ကတော့ ကွမ်းစားဆေးသောက် ကျပျောက်သလောက် ကိုတောင် မလုပ်ဖြစ်တာမို့
    ကြားနေလို့ ပြောရင်ရမယ်ထင့်
    ဘယ်အရာမဆို သူ့နေရာနဲ့သူတော့ ကောင်းကွက်တွေ ရှိတာချည်းပါပဲ
    တစ်ဖက်စွန်း ရောက်ရင်တော့ ရလာဒ်ဆိုးတွေပဲ ထွက်လာမှာလေ။
    debate နဲ့ ပတ်သက်လို့ ဆက်ရရင်တော့
    အတော်လဲ စိတ်ဝင်စားပါတယ် (ကျောင်းမှ ဌာနမှူး နှင့် မန်းဂဇက် ကျေးဇူးကြောင့်)
    ကိုယ်တိုင်လဲ တစ်ခါတစ်ခါ ငြင်းတတ်ပါတယ်။
    (ငါ့စကား နွားရ အဆင့်ထိတော့ မဆိုး)
    ဒါပေသိ
    debate မှာ ကိုယ့်ဘက်ကို ခုခံကာကွယ် ပြောရတာ များပြီး
    ကိုယ်တိုင်က အလယ်အလတ် ကြားနေသမား ဆိုတော့
    debate တွေ တကယ် လုပ်ဖြစ် ဆွေးနွေးဖြစ်ရင်
    အလယ်က presenter လုပ်ပါမယ်၊ ဟိုဂျီးဒေါ်နဲ့ တွဲပြီး လက်နက် ရောင်းပါမယ်ခင်ဗျ :mrgreen:

  • ကိစ္စတိုင်း ကိစ္စတိုင်းမှာ သူ့အမြင်ကိုယ့်အမြင်ရှိတတ်ပါတယ်။
    ဒီလိုပြောကြတဲ့အခါမှာ မျှတစွာပြောတတ်ဘို့ အချက်အလက်ကျဘို့ဘဲလိုအပ်ပါတယ်။

  • Mahar Myanmar

    September 7, 2013 at 4:13 pm

    ကျွန်တော် ဆီ လိုအပ် တဲ့ လက်နက် စာရင်း ကို
    ဦးကြီး မာဃ နဲ့ ဟိုဂျီးဒေါ် မကေဇီ တို့ အမြန ် ပေး ပို့ ပါ
    အင်ပို့တ် လုပ် ပေး လိုက် ပါမည် ။ ကမ္ဘာ့ ပေါက်ဈေး ထက်
    နှုံးထား ချိုသာ စွာ ရပါ မည် ။
    ကျွန်တော် ၏ လက်နက် များ တွင်
    ဓါတ်ဆား မပါ ကြောင်း လုံးဝ တကယ် လုံးဝ
    အာမခံ ပါသည် ။ တစ်ခြား စိတ်ဝင်စားသူ များ အမှာစာ ပို့ ပါ။

    အခု ပြော နေကြတာ ငပိ လား ငပိ ရေကျို ကို ပြော တာ လား
    မရှင်း ပါခင် ဗျာ…

    ဒီ ဒီဘိတ် မှာ ကိုယ်သန်ရာ ဝင် ဒီဘိတ် ပါသည်။

    ခင်တဲ့
    မဟာမြန်မာ

  • Mahar Myanmar

    September 7, 2013 at 4:26 pm

    ကောင်းမွတ်တဲ့ ရေးသား ချက်
    ကောင်းမွန် တဲ့ မန့် များ အတွက်
    အသိ တိုး ရလို့ အားလုံး ကို
    ကျေးဇူး ပါ..

  • Ma Ma

    September 9, 2013 at 6:44 am

    မနေ့က ၈.၉.၂၀၁၃ တနင်္ဂနွေနေ့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်းမှာ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

    ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလည်း လိုက်ပါလာကြပါတယ်။

    လုပ်ငန်းနယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

    လုပ်ငန်းရှင်အသီးသီး၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ဖြေရှင်းပေးရန် ညွှန်ကြားမှုများပေးခဲ့ပါသည်။

    ငါးပိလုပ်ငန်းရှင်များကိုယ်စား ရွှေမင်းသား ငါးပိငံပြာရည်လုပ်ငန်းမှ ငါးပိများတွင် ဓာတ်ဆားထည့်သွင်းသည်ဟု စစ်ဆေးခြင်းမရှိပဲ မီဒီယာများတွင် ရေးသားချက်များကြောင့် လုပ်ငန်းရှင်များ ထိခိုက်နစ်နာရကြောင်း ပြောကြားသွားပါသည်။

    ထိုကိစ္စအတွက် ငါးပိလုပ်ငန်းရှင်များကို မီဒီယာသမားများနှင့် တွေ့ဆုံမေးမြန်းခြင်း စစ်ဆေးခြင်းများ ပြုလုပ်ပြီး မီဒီယာများတွင် ပြန်လည်ချေပချက်များကို ဖော်ပြပေးရန် ညွှန်ကြားပေးခဲ့ပါသည်။

    • ဝင့်ပြုံးမြင့်

      September 10, 2013 at 11:43 pm

      ကျေးဇူးတင်ပါတယ် မမရေ။ ဒီသတင်း ဖတ်လိုက်ရပါတယ်။ ငပိလုပ်ငန်းရှင်ကြီးတွေ မလုပ်လောက်ပါဘူး။ ဘာလို့ဆို ဓာတ်စာက ငါး မြန်မြန်နပ်အောင်ထည့်တာ။ လုပ်ငန်းကြီးတွေကကျတော့ ငါးကြာကြာအထားခံအောင်လုပ်ရမှာ ဆိုတော့ ဆားသုံးရမှာပါ။ ဓာတ်စာ ထည့်လို့ ဘယ်ရမလဲ။
      လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာအောင် ရေးသားလိုစိတ်တော့ မရှိပါ။ စိတ်ကို မဝင်စားတာ။
      သူကြီးပြောသလို မီဒီယာနဲ့ဖိထားရင် တော်ရုံ မဟုတ်တာတွေ ဘယ်လုပ်ရဲတော့မလဲ။ မျှစ်တွေတောင် ဆေးမဆိုးကြတော့ဘူး။
      မြန်မာတစ်ပြည်လုံးအနှံ့ တစ်မြို့တစ်ရွာစီ အမျိုးမျိုး ရှိနိုင်ကြတော့လည်း ပြောရခက်သားလား မမရေ။

  • ဦးကြောင်ကြီး

    September 9, 2013 at 8:48 am

    မေမြို့ထောပတ်၊ ငန်းဇွန်းထောပတ် ထောဗတ် ထောဗတ်ဆိုပီး ဓာတ်မြေဩဇာသိပ် ညဒွင်းဂျင်း ထောဗတ်ဖြစ်အောင်လုပ်တာကြတော့ ဘယ်သူမှ မပေါဗူး… ဒဂယ် မသိဂျဒါလား မသိ ခြင်ထောင် ဆောင်အိပ်ကြဒါလား…။ မယုန် နွားနို့ထဲ ဓာတ်မြေဩဇာထည့် ညသိပ်ကြည့်.. မနက်ကျ ပျစ်ခဲနေဒဲ့ ပထမဒန်းဇား ထောဗတ်မဖြစ် ကြိုက်သလိုပြော…. ဟိုဖက်လှည့် နားပိတ်ပေးထားမယ်..။

    • Ma Ma

      September 9, 2013 at 5:10 pm

      အဝေးကြီးမှာနေတဲ့သူတွေ နားပိတ်ပေးထားနိုင်ပေမယ့်…………..
      တကယ် စားနေ၊ သုံးနေရသူတွေမှာ ပါးစပ်ထဲထည့်ပြီး စားနေ သုံးနေကြရတာ မျက်ပြူးဆန်ပြာ ဖြစ်နေကြရတာ။
      အဲဒါကြောင့် အန္တရာယ် ရှိတာကိုလည်း သိကြဖို့လိုသလို
      သေသေချာချာ စစ်ဆေးခြင်းမရှိပဲ ဘာမှန်းမသိကြောက်ရွံ့နေရတာမျိုးလည်း မဖြစ်ချင်ပါ။ :rolleye:

  • Mahar Myanmar

    September 9, 2013 at 4:22 pm

    မြိတ် ကျွန်းစု တွေ ဘက် က ပင်လယ် တံငါ ရွာ တွေ မှာ နေထိုင်ဘူး လည်ပတ်ဘူး ပါတယ်..
    သူ တို့ က ..ဂွေး (ဒေသအခေါ်) ပုဖွန်လှေး များ နဲ့ မျှင်ငပိ လုပ် ကြပါ တယ်…
    ဓါတု ပစ္စည်း မသုံး ပါဘူး… အဲဒီ မျှင် ငပိ မှာ နှစ်မျိုး ကွာ ပါတယ်…

    ရှယ် က .သစ်သား ဆုံ နဲ့ ထောင်း တာ ပါ… အဲဒါ ထောင်း ငပိ ပါ…
    ရောင်း တန်း က …များ လွန်း ေ တာ့ ..ခြေ နဲ့ နင်း ပါတယ်.. အဲဒါ နင်း ငပိ ပါ..
    မဟာ တို့ ကတော့ ကိုယ့် ရှေ့ မှာ ထောင်း လှန်း ထောင်း လှန်း လုပ် တဲ့ သူ ဆီ က ပဲ
    ထောင်း ငပိ အမှန် အကန် ကို စား ပါတယ်…အခု တော့ ရောင်း တန်း ..အင်း ..နင်း ငပိ ဖြစ်မှာ ပါ..
    အဲဒါ စား နေရပါတယ်…

    တနင်္သာရီ ဘက် က ရေကျို ငပိ မလုပ် ပါ.. ငါးငပိ နဲ့ မျှင် ငပိ နှစ် မျိုး ထွက်ပါတယ်..
    ငါး ကလည်း ဝါးလတ်လှေ (ဒေသအခေါ်) သဘောင်္ ပိုက်ဆွဲပြီ လို့ ငါး ရွေး ..မလို တဲ့ ငါး တွေ ကို ပင်လယ် ထဲ ပြန် ပစ် ချပါတယ်…အဲဒါ ကို ငါး ငပိ လုပ်လို သူ က လှေငယ်တစ်စီး နဲ့ ပဲ့နင်း ကို ပေါင်း ပြီး တောင်းယူရပါတယ်.. ပဲ့နင် း လို အပ် တာ …ဝီစကီ ဝူးမင်း ..တစ်ပါတည်း ပါလာ ပါတယ်..အဲဒါ တွေ နဲ့ လာဘ် ထိုး တာ ပါ..ပဲ့နင်း က အလကား လွှင့်ပစ် မယ့် ငါး ကို ..ဒီလိုနည်း နဲ့ ပြန်ပေး ပါတယ်…အဲဒီ ငါးကြေ (ဒေသအခေါ်) တွေ ကို နေလှန်း ..ဆားနယ်..ထောင် း (သို့)နင်း …လှန်း ထောင်း လှန်း ထောင်း လုပ်ပြီး မှ ငပိ ရတာ ပါ.. နေ ကောင်း ရင် နှစ်ပတ် လောက် ဆို ငပိ ထွက်ပါပြီ…ဆား အနည်း အများ အထား အသို ပေါ်မူတည် ပြီး ကြာရှည် ခံ မခံ ကွာ ပါတယ်….

    အဲဒါ ကြောင့် မဟာ ရောင်း တဲ့ တနင်္သာရီ မျှင် ငပိ ကို ..အား ပေး ကြပါ လို့…
    ဓါတ် ဆား မပါ ပေးမယ့် နင်း တာ လား ထောင်း တာ လား တာဝန် မယူ ပါ ခင်ဗျာ..

    ခင် တဲ့

    မဟာမြန်မာ

    • Ma Ma

      September 9, 2013 at 5:17 pm

      မဟာမြန်မာပြောတဲ့ ငါးပိကို မျှင်ငါးပိလို့ပဲ ခေါ်ပါတယ်။
      မြိတ်ငပိလို့လည်း ခေါ်တာပေ့ါ။ အဲဒါရေကြိုငါးပိနဲ့ မတူပါဘူး။
      ရေကြိုငါးပိဆိုတာ ငါးဆားနယ်နဲ့ ဆန်ကို ပြစ်ပြစ်ကြိုထားတာ ရောပြီး အိုးသိပ်ထားရတာမျိုးပါ။
      လနဲ့ချီပြီးထားမှ ငါးနပ်ပြီး အနံ့မွှေးပါတယ်။ အဲဒီငါးပိကို ရေထဲထည့် ကြိုပြီး တို့စရာ ငါးပိထောင်းတွေနဲ့ စားကြတာပါ။
      မဟာမြန်မာရဲ့ ထောင်းငါးပိ အာမခံဆိုပြီး ရောင်းရင် သွက် ၁ဝ ထဲ ပါသွားနိုင်တယ်။ 🙂

    • ဦးကြောင်ကြီး

      September 10, 2013 at 9:53 am

      လက်နဲ့နယ်ဒဲ့ နပိဂေါ အရှိဗူးလား….

  • pazflor

    September 10, 2013 at 2:45 pm

    ဦးဝီရသူတို့ တတွေ ၉၆၉ လုပ်မဲ့ အစား အစားအသောက်တွေ အင်ထု၊ လူတွေ ဒုက္ခရောက်အောင်လုပ်နေသူတွေကို ဖော်ထုတ်ဖို့ တရားဟောပေး၊ လက်မှတ်ထိုးပေးရင် ကောင်းမယ်နော်ဗျ။

    Debate နဲ့ ပက်သက်ပြီးလို့ကားတော့ သူငယ်ချင်းတစ်ယောက်တော့ Myanmar Debate Education Society ဆိုပြီး လုပ်နေတယ်ခင်ဗျ။ Facebook ပေါ်မှာ group ရှိတယ်ခင်ဗျ။ မြန်မာနိုင်ငံ အနှံ မှာ ဒီ ကျပန်းစကားပြောပွဲတွေ လုပ်ပေးနေပါတယ်။ အဓိက ကတော့ လူတွေ စဉ်းစားဆင်ခြင်မှူ ့တွေ တိုးလာဖို့ပါဘဲ။ ကြော်ငြာ ဝင်တာပါ ခင်ဗျ။ :kwi:

    • Ma Ma

      September 10, 2013 at 8:21 pm

      ပြဿနာတွေကို အဖြေပေါ်တဲ့အထိ ဘက်စုံထောင့်စုံ လူတန်းစားပေါင်းစုံက အကြိတ်အနယ် ဆွေးနွေးကြစေချင်တာပါ။
      သဂျီးစကားနဲ့ ပြောရရင် ငြင်းခုံခြင်းအနုပညာပေ့ါ။
      ငြင်းခုံခြင်းအနုပညာဖြစ်ဖို့အတွက်ဆိုရင် စိတ်ဓာတ်တွေ ရင့်ကျက်ကြဖို့တော့ လိုလိမ့်မယ်။
      Debate လုပ်ပြီး ပြဿနာတွေကိုပဲ ပြေလည်စေနိုင်မလား၊
      ခိုင်ဇာတို့ မဟာမြန်မာတို့ ပြောသလို တုတ်ရောင်း၊ ဓားရောင်းပဲ လုပ်ရမလား မသိဘူး။ 🙁

  • uncle gyi

    September 10, 2013 at 11:48 pm

    မမရေ
    ကွမ်းစားခြင်းကိုကန့်ကွက်ထိမ်းချုပ်ဖို့မလို
    သို့သော်စားသူကသူ့ကိုယ်သူအသိရှိဖို့တော့လိုမယ်ထင်ပါတယ်ဗျာ
    မြန်မာမှာကွမ်းစားလာတာရှေးရှေးကတည်းက
    စားတာလည်းဆေးဖြစ်စားတာ
    ခံတွင်းနံပျောက်ဖို့ သွားပိုးမစားဖို့ လေးညှင်းထည့်စားတာမျိုး
    စားသူကလည်းစည်းကမ်းရှိတယ် ကွမ်းတံတွေးကိုလည်းတွေ့ရာထွေးမဟုတ်
    ထွေးခံနဲ့ကိုယ့်ကိစ္စကိုယ်တခါတည်းရှင်းတာ
    ခုခေတ်စားသလိုဆိတ်ပါးစပ်လိုတစွတ်စွတ်စားပြီးမှတွေ့ရာထွေးတာကတော့
    လူ့စည်းကမ်းမသိရာကျတာပေါ့ဗျာ

    ကွမ်းစာတာစားပါစည်းကမ်းလေးတော့ရှိစေချင်ပါတယ်

    တိုင်းပြည်တိုးတက်ပြောင်းလဲရေးတွေ လုပ်နေတဲ့အချိန်မှာ ကွမ်းကိစ္စဟာ
    အထူးတလည် ရှေ့တန်းတင်သင့်သလားလို့လည်း မေးမြန်းသွားပါသေးတယ်။

    အဲဒီလူငယ်ကိုကျွန်တော်တခုတော့ပြောချင်တယ်ဗျာ
    ကွမ်းကိစ္စရှေ့တန်းတင်သင့်တာပေါ့လို့
    ဘာဖြစ်လို့ဆိုအခုခေတ်ကွမ်းစာတာကရှေးတုန်းကလိုဆေးဖြစ်စားတာမဟုတ်တော့ဖူး
    အရက်လိုမျိုးမူးရစ်မှုကိုလိုချင်တောင်းတပြီးတော့စားနေကြလို့ပါ
    အခုခေတ်စားတာဗမာဆေး ကုလားဆေး ဆေးပေါင်းစုံထည့်စားတာ
    အဲဒီဆေးပေါင်းစုံထဲမှာဘာတွေပါတယ်ဆိုတာပညာပေးစာတွေလည်းခဏခဏရေးတာတွေ
    ဖတ်နေရတာ
    ဒါထားတော့သူ့ဖာသာသူသူ့ကျန်းမာရေးသူဂရုမစိုက်လို့
    သူ့ပိုက်ပိုက်နဲ့သူစားတာစားပါစေ

    ကွမ်းကိစ္စရှေ့တန်းတင်သင့်သလားဆိုတာနဲနဲပြောချင်ပါတယ်
    အခုခေတ်လူငယ်တွေကွမ်းစားတာမြန်ပြည်ကထွက်တဲ့ကွမ်းသီး ကွမ်းရွက် ထုံးနဲ့တင်ဆို
    ကိုယ့်တိုင်းပြည်တွင်းစီးပွါးရေးလည်ပတ်လို့တိုင်းပြည်စီးပါွးရေးတွန်းအားလို့ပြောလိုက်ချင်ပေမဲ့
    အခုကလေးတွေစားနေကြတာသိကြတဲ့အတိုင်းတဖက်နိုင်ငံက
    ရယ်ဒီမိတ်ဆေးပေါင်းထုတ်တွေ
    ကွမ်းစားဆေးတွေ
    တရက်တရက်နိုင်ငံ့ပိုက်ဆံတွေဒီအရေမရအဖတ်မရတွေဝယ်နေရတာနဲ့
    ဘယ်လောက်ကုန်နေသလဲဆိုတာ
    ကုန်တာအသာထားနောက်ဆက်တွဲအကျိုးဆက်တွေမြင်ကြရဲ့လားမသိ
    နှစ်တခုရောက်ရင်ဖြစ်လာကြတော့မယ့်ရောဂါတွေအတွက်
    တိုင်းပြည်ကကုန်ကျရမယ့်ဆေးဖိုးတွေ
    ဆုံးရှုံးရတော့မယ့်လုပ်အားတွေ
    အဲဒါတွေကဝေးသေးတယ်ထား
    လောလောဆယ်သူတို့ထွေးထုတ်လိုက်တဲ့တံတွေးတွေ
    ပတ်ဝန်းကျင်သန့်ရှင်းရေးဘက်ကကြည့်မလား
    ပြန်လည်သန့်ရှင်းရေးလုပ်နေရလို့နိုင်ငံတော်မှာကုန်ကျနေရတဲ့စရိတ်တွေ
    ဒါတွေကြောင့်ကွမ်းစားခြင်းကိုရှေ့တန်းတင်ပြောသင့်တယ်လို့ကျွန်တော်တော့ထင်တယ်ဗျာ

    သက်ဆိုင်ရာတွေကလည်းတဖက်နိုင်ငံကကွမ်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေ
    ဥပမာကွမ်းပေါင်းထုတ်တွေ ကွမ်းစားဆေးတွေ
    ကန့်သတ်ပေးမသွင်းလို့သိရပေမဲ့
    မြန်မာနိုင်ငံတဝှမ်းဘယ်နေရာကြည့်ကြည့်မြင်နေတာ
    သွင်းတဲ့သူကပဲတော်လို့လား
    ဖမ်းတဲ့သူကပဲမမြင်လို့လား
    ဘယ်တော့များမှတကယ်ဖမ်းပါ့မယ်ဆိုတာ
    မမရေသိရင်
    ပြောပါအုန်းဗျာ

Leave a Reply