အောင်မြ၄ သမဒဂျီးယဲ့.. grieving

သမဒဂျီး ဦးသိန်းစိန်ကို တရုတ်ကြီးက လျှာဂျီးနဲ့ လျှာဂျီးနဲ့….. ……….. ….  🙂

ဧရာဝတီ ဘလော့ဂ်မှာ တင်ထားတဲ့ သမဒ ဦးသိန်းစိန် တလုပ်ပြည်တောလား သဒင်းဓာတ်ပုံ ကြည့်ဂျဇမ်းပါဦး.. အယပ်ဂဒို့။ ဝသဗုံ ကြေးမုံဂျီးအမျိုး ကွမ်းရှီးပြည်နယ်ကွန်ဂရက် အတွင်းရေးမှူးနဲ့ မြန်မာသမဒဂျီး ဘေးဂျင်းယှဉ် ထိုင်ရသဒဲ့။ တရုတ်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ နန်နင်းမြို့မှာလုပ်လို့ နိုင်ငံဂေါင်းဆောင်ခြင်း မတွေ့ရဒါ နားလည်တယ် သို့သော် ကျုပ်တို့သမဒကို ပြည်နယ်အတွင်းရေးမှူးနဲ့ တန်းတူထား ခံရတာဒေါ့ မရှိဒဲ့သိက္ခာ ကျလွန်းသဗျာ..။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမျိုးထင်ပါရဲ့..။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတော့ ဦးသိန်းစိန်နဲ့ တန်းတူထိုင် စဂါးပြောပေမဲ့ ဟိုဟာက ကမာ္ဘ့အင်အား အကြီးဆုံးနိုင်ငံ အစိုးရအဖွဲ့ နံပါတ်နှစ် ပြောလို့ရသူ၊ ကမာ္ဘ့နိုင်ငံရေးရာတွေကို ကိုင်လှုပ်နိုင်စွမ်း ရှိသူ..။ ပြည်ပအကူအညီ ပြန်ရရေး အခရာကျသူ…။ ဦးသိန်းစိန်နဲ့ အခုတွေ့သူ တလုပ်ကြီးက ဘာဂေါင်မို့လဲ။ မြန်မာအပေါ်ထားတဲ့ တရုတ်သဘောထား ချောင်းထဲ နဂါးသွားသလို ထင်ရှားနေပြီ…။

မြန်မာပြည်ဟာ တရုတ်ကြီးအတွက် သာမန် အိမ်နီးချင်း နိုင်ငံငယ်တခုလား၊ ပြောတော့ မဟာဗျူဟာမြောက် အိမ်နီးခြင်း ဆက်ဆံရေးဆို။ မြင်ကြည့်ဗျာ… ဓာတ်ငွေ့ ရေနံပိုက်လိုင်း၊ ကျွန်းသစ်၊ ကျောက်မျက်နဲ့ တွင်းထွက် သယံဇာတတွေ ဒင်းတို့ အောက်ဈေးနဲ့ ရနေတယ်။ သူရို့ အကျိုးစီးပွား ကြီးကြီးမားမားရှိတဲ့ မြန်မာပြည်ပါ..။ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဘယ်ဖက်ကပဲ ကြည့်ကြည့် မျက်နှာလွဲ ခဲမပစ်အပ်ပေဘူး။

အယင်က တရုတ်မြို့တော် ပီကင်းကိုသွားရင် ယူနန်ပြည်နယ် ကူမင်းမြို့မှာ ခရီးတထောက်နား ဆီဖြည့်တယ်။ ပြည်နယ်ပါတီ၊ အစိုးရအဖွဲ့  တာဝံရှိသူတွေ လာကြိုတယ်၊ စဂါးပြောကြဒယ်။ အဲတုံးကရော ဒီလို တန်းတူထား ဆက်ဆံတာပဲလား။ ကျနော် စိတ်ဝင်တစား မကြည့်ခဲ့လို မသေချာဘူး။ ဟုတ်လဲ ခေတ်ခြင်း မတူတော့ဗျာ..။

အစည်းအဝေးလာသူ ဒေသတွင်း ဂေါင်းဆောင်များလို့ ဧည့်ခံကြိုဆိုရေး မနိုင်မနင်းဖြစ်ဆိုလဲ နိုင်ငံဂေါင်းဆောင် တယောက်ကို အဲလောက် ပမာမခန့် ပြုရသလား.. တွေ့ဂျင်းတွေ့ သတင်းမှာ ပါသလို သံတမန်ထုံးစံ သမဒ တည်းခိုရာကို ပြည်နယ်အတွင်းရေးမှူး ဧည့်သည်လုပ်သွားတွေ့ဒယ်၊ အိမ်ရှင်နေရာ မြန်မာသမဒ တယောက်ထဲ ထိုင်ရမယ်၊ လာတွေ့သူ ဧည့်သည်က အဆင့်နိမ့်သူမို့ ဘေးခုံမှာ ထိုင်ရမယ်။ အခုဟာက နိုင်ထက်စီးနင်းလုပ် စော်ကားမော်ဂါး ပြုလွန်းတယ်။ သမဒဂျီးကိုယ်စား မခံနိုင် ရင်နာလွန်းလို့ ပြောတာပါဗျာ..။

တရုတ်ဘုရင် ဥတည်ဘွားနဖူး ထုံးသုတ်ခဲ့တဲ့ ရာဇဝင် အားနာပါဦး သမဒဂျီးရာ…

ရည်ညွှန်း – http://blog.irrawaddy.org/2013/09/blog-post_9631.html#more

အလဲဗင်းဆိုက်မှာ တရုတ်ဝံကျီးဂျုပ်နဲ့လည်း တွေ့ဆုံဂျောင်း ပါလာဒယ်..။ မြန်မာသမဒနဲ့ တရုတ်ဝံကျီးဂျုပ် ဆိုဒေါ့ မဆိုးပါဘူး.. လက်ခံနိုင် စရာပါပဲ။ ကျုပ်တို့သမဒ ကြမ်းပြင်အောက် ဆင်းထိုင်ရမည်တော့မထင်၊ ဓာတ်ပုံ မပါလို့ တပ်အပ်မပြောနိုင်… ဒီလောက်တော့ ရက်စက်မယ် အထင်ဗူး…။

ဩစတေးလျ နိုင်ငံခြားရေးဝံဂျီးနဲ့တွေ့တော့ အထှာဂျီးနဲ့…

14 comments

  • KZ

    September 3, 2013 at 8:29 am

    မိဘပြည်သူများ ခင်ဗျားးးးးးးးး

    :mrgreen:

    နီးရာ ဓား ဆိုတာ ကြားဗူးဗူးရားးးးးး 😀

  • ဦးကျောက်ခဲ

    September 3, 2013 at 8:46 am

    စိနတိုင်းက ပေါက်ဖော်များ မြန်တျန့်တွေကို…
    အမေဂျီးကန်တွေနဲ့ အလွမ်းသင့်နေလို့ ဖု နေသတဲ့…
    ခြင်းထဲကကြက်လို့ သူတို့ကသဘောထား ထားတာ၊ အခုတော့ ပေါ်ပြီ…
    🙂

    • KZ

      September 3, 2013 at 8:58 am

      အဲဒီ ပေါက်ဖော်တွေ မပြောနဲ့
      စလုံး က သားအဖ ၂ ယောက် က အစ
      ကျုပ်တို့ နိုင်ငံ လွတ်လပ်ရေးရမှာတို့ တိုးတက်မှာတို့ကို မလိုလားဘူးတော်ရေ။

      🙁

      • ဦးကျောက်ခဲ

        September 3, 2013 at 9:21 am

        လီ သားအဖ ၂ ယောက်အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းက…
        သွေးပျက်စရာ အိမ်မက်ဆိုးလေ…
        မြန်တျန့်တွေတိုးတက်မှာ သိပ်ကြောက်တာ…
        🙁

        • Inz@ghi

          September 3, 2013 at 9:59 am

          အဘပြောဒေါ့ သီဟပူရကို အင်ယာ ဆစ်တပ်နဲ့ သိမ်းထားဒါဆို …

  • Myo Thant

    September 3, 2013 at 9:13 am

    ဒီတရုတ်အကြောင်းမပြောစမ်းပါနဲ့ဗျာ

    ဂုတ်ခွသွေးစုပ်လာတာကြာပြီ

    ဒါပေမယ့် မကြာတော့ပါဘူး

    စားပေါက်ပိတ်တော့မှာပါ

  • Wow

    September 3, 2013 at 9:15 am

    ဘပြောင်ခမြာလဲ အရပ်ရပ်လှဲ့ဖားရတာ… အိုဘားမားကို လက်ဆောင်ပေးလိုက်တဲ့ ရတနာတန်ဖိုး မနဲဘူးတဲ့ မနေ့ကဖွဘုတ်မှာတွေ့လိုက်တာ 🙁

  • kyeemite

    September 3, 2013 at 10:23 am

    အင်း..အူးကြောင်ပြောလည်းပြောစရာပေပဲ… 🙁

  • မင်းခန့်ကျော်

    September 3, 2013 at 11:19 am

    တိုင်ပြည် သံခင်းတမန်ခင်းအနေနဲ့ပြောရရင်မဖြစ်သင့်။

    ဒါပေမဲ့ တကယ့် လယ်ဗယ် အဆင့်အရဆိုရင်

    အောက်ဆင်းထိုင်လက်အုပ်တောင်ချီသင့်တယ်။

    ဟုတ်တယ်လေ သူတို့လို ကိုယ်ကမှ သူတို့ဆီက

    ဘာမှအမြတ်ထုတ်နိုင်စွမ်းမှမရှိတာ။

  • cobra

    September 3, 2013 at 1:56 pm

    ဦးပြောင်က
    ဦးကြောင်လောက်တောင်
    နားမလည်တဲ့သူပဲ
    နောက်များတွေ ့ရင်ဦးကြောင်ရယ်
    နည်းနည်းလောက်ဆုံးမလိုက်ပါလား
    😀

  • မောင် ပေ

    September 3, 2013 at 8:09 pm

    ရော်
    ကွန်မြူနစ် ကို သွားပြီး
    စာချလို ့ ရမလား
    ဆရာကြောင်ရယ်
    နွားပလာတာကျွေးသလို ဖြစ်နေမှာပေါ့
    ဖြစ်သင့်တာကတော့
    အဲဒီက
    အီတွန် ့ဗွမ် လေးတွေကို လက်စားပြန်ချေရမှာကလား

  • ခင် ခ

    September 5, 2013 at 3:10 pm

    စက်တင်ဘာ ၅ ရက် ညနေ ၃းဝ၅ ဝင်ရောက်ကာ ကြည့်ပါသည်။
    မတွေ့ပါသကား။

  • Ma Ma

    September 5, 2013 at 3:45 pm

    ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရင် (ဆင်လည်း ဆင်အထွာ၊ ဆိတ်လည်း ဆိတ်အထွာမို့) ကိုယ်သာဆို အတော် မခံမရပ်နိုင်ဖြစ်မယ်။
    ဒီနေရာမှာ သမ္မတကြီးရဲ့ သည်းခံနိုင်စွမ်းကို ချီးကျူးပါတယ်။

Leave a Reply