Edward Joseph Snowden (Part-1)

Mr WorldWideSeptember 3, 20131min23016

intelligence whistleblower

Snowden သည် ၁၉၈၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြောက်ကာရိုလိုင်းနားပြည်နယ်၊ Elizabeth မြို့၌ မွေးဖွားခဲ့ပြီး ၎င်းပြည်နယ် Wilmington    မြို့၌ ကြီးပြင်းခဲ့ပါသည်။ သူ၏ဖခင် Lonnie Snowden သည် ပင်ဆယ်လ်ဗေးနီးယားဒေသခံတစ်ဦးဖြစ်ပြီး အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့တွင် အရာရှိတစ်ဦးဖြစ်ခဲ့ပါသည်။ မိခင်မှာ မယ်ရီလန်းပြည်နယ်၊ ဘယ်တီမိုးဒေသခံဖြစ်ပြီး ပြည်နယ်တရားရုံးတွင် စာရေးမအဖြစ် အမှုထမ်းခဲ့ပါသည်။      Snowden ၁၉၉၉ ခုနှစ်တွင် သူ၏ မိသားစုနှင့်အတူ မယ်ရီလန်းပြည်နယ်၊ Ellicot မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး  Arundel Community College တွင် အထက်တန်းပညာရေး ဒီပလိုမာရရှိရန် တက်ရောက်ခဲ့ ပါသည်။ ၂၀၀၄ ခုနှစ် မေလ ရ ရက်နေ့တွင် အမေရိကန်တပ်မတော် အရံတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင်တပ်သား သစ်တစ်ဦးဖြစ်ခဲ့သော်လည်း သင်တန်းပြီးဆုံးခြင်း မရှိခဲ့ပေ။ ¤င်း၏ သင်တန်းဝင်ခွင့်လျောက်လွှာတွင် ကိုးကွယ်မှုမှာ ဗုဒ္ဓဘာသာဖြစ်ကြောင်း ဖြည့်စွက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင်  Central Intelligence Agency (CIA) သို့ ဝင်ရောက်ခဲ့ပြီး သတင်းနည်းပညာလုံခြုံရေး တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA- National Security Agency) နှင့် ချိတ်ဆက်ခဲ့ပြီး လုံခြုံရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ ပါသည်။ ၂၀၀ရ ခုနှစ်တွင်CIA မှ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျီနီဗာမြို့သို့ စေလွှတ်ခဲ့ပြီး ကွန်ပျူတာ ကွန်ရက် လုံခြုံရေးတာဝန် ထမ်းဆောင်စေခဲ့ပါသည်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း၌ပင် NSA ၏ ထောက်လှမ်းရေးအစီအစဉ်များကို ဖွင့်ချလိုခဲ့သော်လည်း သမ္မတအိုဘားမားတက်လာပြီးနောက် ၎င်း၏ ကတိစကားများကို စောင့်ကြည့်လို၍ မဖွင့်ချဖြစ်ခဲ့ခြင်းဖြစ်ကြောင်း Snowden မှ ပြောကြားခဲ့ပါသည်။
နောက်ပိုင်းတွင် သမ္မတအိုဘားမားသည်လည်း ယခင်သမ္မတများ၏ ပေါ်လစီအတိုင်း ဆက်လက် ကျင့်သုံးခဲ့ခြင်းကြောင့် လွန်စွာစိတ်ပျက်မိရကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ Snowden သည် ၂၀၀၉ ခုနှစ်တွင် CIA မှ ထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံ အမေရိကန်စစ်အခြေစိုက်စခန်း၌ NSA နှင့် ချိတ်ဆက်ထားသော Dell ဟုခေါ်သည့် ကန်ထရိုက်လုပ်ငန်းတစ်ခုတွင် ဝင်ရောက်အမှုထမ်းခဲ့ကြောင်း The Guardian သတင်းစာမှ ရေးသားခဲ့ပါသည်။ ၎င်းသည် ၂၀၁ဝ ခုနှစ်တွင်  Centified Ethical Hacker သင်တန်းကိုတက်ရောက် ခဲ့ကြောင်း  New York Times သတင်းစာမှ ရေးသားခဲ့ပါသည်။

Snowden မှ ၎င်း၏ ဘဝသည် အဆင်ပြေကြောင်း ပြောကြားခဲ့ပြီး လစာငွေမှာ တစ်နှစ်လျင် အမေရိကန် ဒေါ်လာ ၂၀၀၀၀ဝ ခန့် ရရှိပေသည်။ အမေရိကန်ပြည်ထောင်စုမှ မထွက်ခွာမီကာလတွင်  NSA နှင့် ချိတ်ဆက် ထားသည့် နည်းပညာအကြံပေး အဖွဲ့အစည်းတစ်ခုဖြစ်သော Hawaii အခြေစိုက် Booz Allen Hamilton   ၌ သုံးလခန့် တာဝန်ထမ်းဆောင်ခဲ့ပါသေးသည်။ အဆိုပါအဖွဲ့အစည်း၌ ၎င်းသည် Infrastructure Analyst တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ကွန်ရက်များထဲသို့ ထိုးဖောက် ဝင်ရောက် နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေပေးရသည့် တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ သူသည် ၂၀၁၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် အဆိုပါအဖွဲ့အစည်းမှ နုတ်ထွက်ခဲ့ပါသည်။
Snowden သည် ၂၀၁၁ ခုနှစ်တွင်University of Liverpool ၌Online ဖြင့် ကွန်ပျူတာလုံခြုံရေး ဆိုင်ရာ မဟာဘွဲ့စတင်တက်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြီးဆုံးခဲ့ပါသည်။ ” မိမိနိုင်ငံသားများအပေါ် တရားမဝင် စောင့်ကြည့်ထောက်လှမ်းနေသော လူ့အဖွဲ့အစည်းတွင် မနေလိုကြောင်း၊ မိမိပြောသမျ မိမိလုပ်သမျကို ကြားဖြတ်ခိုးယူခြင်း ခံနေရသော နိုင်ငံတွင် မနေလိုကြောင်း ” Snowden မှ ပြောကြားခဲ့ပါသည်။ ၂၀၁၃ ခုနှစ် မေလ ၂ဝ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ထွက်ခွာခဲ့ပြီးနောက် ွှ့န ွကမေိငညေ သတင်းစာနှင့် ချိတ်ဆက်ကာ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျအစိုးရတို့၏ များပြားလှစွာသော ထိပ်တန်းလျို့ဝှက်အစီအစဉ်များကို ကမ္ဘာသို့ ဖွင့်ချပြခဲ့ပါသည်။ ၎င်းဖြစ်ရပ်မှာ အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံး သတင်းပေါက်ကြားမှု ဖြစ်ခဲ့ပါသည်။ ၎င်းသည် CIA  နှင့် NSA တို့မှ ထောက်လှမ်းရေး ပရိုဂရမ်များ  (ှSurveillance Program ) ) ဖြစ်သည့် PRISM ၊ XKeyscore နှင့် Tempora တို့ကို အသုံးပြုကာ အမေရိကန်နှင့် ဥရောပတစ်ခွင်ရှိ ဆက်သွယ်ရေးကွန်ရက်များထဲသို့ မည်ကဲ့သို့ ထိုးဖောက်ဝင်ရောက် ထောက်လှမ်းခဲ့ကြောင်းကို ထုတ်ဖော်ဖွင့်ချခဲ့ပါသည်။…ဆက်ရန်

16 comments

  • KZ

    September 3, 2013 at 9:06 am

    ဒီလို လူမျိုး ကျနော်တို့ နိုင်ငံ ကို မရောက်လာပါစေနဲ့ ။
    အနော်တို့ အစိုးရ ဆီ မရောက်လာပါစေနဲ့။
    ပဂိုးဒါးးးးး ပဂိုးဒါးးးး

    :mrgreen:

    ဆက်ရေးပါ။
    စိတ်ဝင်စားစရာပဲ။
    နည်းပညာက ဝေးလို့လားမသိ။
    သူ့ အကြောင်းကို မကြားဖူးပါ။ 🙂

    • Crystalline

      September 3, 2013 at 1:41 pm

      မမကြီးကတော့လုပ်ပြီး… ဟိုရရှားမလေးကတောင် လက်ထပ်ဖို့ကမ်းလှမ်းသေးဆိုလား.. 🙂

      • KZ

        September 3, 2013 at 1:46 pm

        တကယ် ကြောတာ။
        အဲလို သတင်းတွေ သိတတ်ဘူးးး
        မင်းဒါးလေးဒွေ သတင်းလောက် သိတာ။ 😀

        • Inz@ghi

          September 3, 2013 at 1:51 pm

          ပရစ်ဇင်ဘရိတ်မင်းသားကတော့ ဝန်ခံတွားဘီ..
          စိုင်းစိုင်းဖမ်းကိုင် လည်း မကြာဒေါ့ဝူး ဆိုလား ..
          ငိငိ

        • KZ

          September 3, 2013 at 1:53 pm

          စိတ်ထဲ မကောင်းဝူးကွယ်။
          အဲဒီ အကြောင်း ပို့(စ) ရေးနေတယ်။

          😥

  • Inz@ghi

    September 3, 2013 at 9:14 am

    ဘာ ..တနှစ် ဒေါ်လှ ၂သိန်း ..
    တလ မြန်မာငွေ သိန်း ၁၅ဝကျော်..
    ယားသကွာ ..အေးအေး မနေချင်ဝူး

    • kai

      September 3, 2013 at 1:26 pm

      လိုရာသုံးခရက်ဒစ်ကဒ်လဲရှိမှာပဲ…
      ဆိုတော့…
      ကမ္ဘာကျော်ပြီးနာမယ်ကြီးချင်လိုလို့… လို့ထင်ကြောင်း… :mrgreen:

      • Inz@ghi

        September 3, 2013 at 1:41 pm

        သဂျီး ရဲ့ ဂျပန်သငယ်လေးကို မဖြုတ်သေးဝူးလားဗျာ..
        မြင်ရဒါ အသီးယားလွန်းလို့ဘာ..
        ပါးသိုင်းမွေး ဒွေတဗြုတ်နဲ့ ..

        • kai

          September 4, 2013 at 3:22 am

          ဘာလဲဂီဂီရေ..
          ဟိုမှာဖက်ကထဲက.. သဘောမပေါက်…။

  • Mr. MarGa

    September 3, 2013 at 10:09 am

    ကြည့်ရတာ..
    ဒီလူ Hacker စစ်စစ် ဖြစ်သွားလို့ နေမှာ
    လွပ်လပ်ခြင်းကို ပို မြတ်နိုးလာတာကြောင့်
    ဒီလောက် ရနေတဲ့ အလုပ်မှာ အေးအေးဆေးဆေး မနေဘဲ
    အတွင်းရေးတွေ ဖွင့်ချတာ ဖြစ်ရမယ်။

  • kyeemite

    September 3, 2013 at 10:31 am

    Snowden အကြောင်းအခုမှကောင်းကောင်းသိရတယ်ဗျာ…ကျေးဇူးပါ

  • amatmin

    September 3, 2013 at 11:23 am

    သူကဘာရည်ရွယ်ချက်နဲ့.ဖော်ဖော်..။
    အမေရိကန် အရှက်ကွဲတာတော့ အမှန်ရယ်..
    ဟို ဝီကိခ် နဲ့ပေါင်းခဲ့တဲ့ ဘရက်ဒလေမန်းနင်းကတော့
    ခုမှပြန်တောင်းပန်တယ်ဆိုပဲ.
    သူဖြစ်ချင်နေတာ မိန်းမသားဘွဆိုတာတောင်ပါသေး ။
    ဒီလူတော့ ဘယ်လိုလာအုန်းမယ်မသိ..
    ဆက်ရန်ကို စောင့်ဖတ်ပါ့မယ် ဗျ..။

  • မင်းခန့်ကျော်

    September 3, 2013 at 11:27 am

    mrtv 4 မှာ စကားဝိုင်းအစီအစဉ်မှာ

    နားထောင်လိုက်ရတယ်။

    ဒါပေမဲ့ပြည့်ပြည့်စုံစုံတော့မဟုတ်ဘူး။

    ခုတော့ သိခွင့်ရတော့မယ်။

    ကျေးဇူးပါ ပဲ ။

  • အရီးခင်

    September 3, 2013 at 4:02 pm

    ဒီ သူငယ် က သူ လုပ်တာ၊ ခံယူတာ အမှန်တရား ဆိုရင် ဘာလို့ ဒီလို ထွက်ပြေးလဲ။
    ကိုယ်ယုံကြည်ရာ အတွက် ဘာလို့ ရင်မဆိုင်ဝံ့တာလဲ။
    Professional ethics မရှိခဲ့ဘူး။
    ဒါနဲ့တင် သူ့ကို အထင်ကြီးစရာ၊ ယုံကြည်စရာ မကောင်းတော့ပါဘူး။ (ကိုယ့်အမြင် သက်သက်ပါ)

  • အလင်းဆက်

    September 3, 2013 at 7:40 pm

    ဆက်ပါဦးမယ်..ဆိ်ုလို ့…
    ဆက်ဆက်ကလည်း..
    ဆက် ဖတ်ချင်ပါသေးတယ်…လို ့

  • ခင် ခ

    September 5, 2013 at 3:11 pm

    စက်တင်ဘာ ၅ ရက် ညနေ ၃းဝ၉ ဝင်ရောက်ကာကြည့်ပါ၏
    မတွေ့ဘူးဗျ။

Leave a Reply