အမှန်တော့ တခြားဆွေးနွေးချက်တွေကိုပါ ပြောဆိုထားတာကို တင်ချင်တာ။

အစားသမား ၂ ယောက်မို့ ဝက်တောထဲက မထွက်ဘူးဖြစ်သွားပြီ။

ဟိဟိ။

သည်းခံပြီး ဖတ်သွားပါတော့။

~~~~~~~~~~~~~~~~

 

ကေဇီ – ကျောက်ကို မေးစရာအများကြီးပဲ။ စုံအောင်သိသူမို့ပါ။။

အဲ! မေးမယ်ဆိုမှ အစရှာမရတော့ဘူးး ဟိ။ ဘာကစပြောမတုန်း??

ကျောက် – ညှင်း… ညှင်း မေးချင်တာသာမေး၊ ဖြေချင်သလိုဖြေမယ်… ဟီ ဟိ!

ကေဇီ –  အစားအသောက်သမားမို့ အစားက စတာပေါ့။ ဘယ်အချိန်တွေ ပိုစားဖြစ်တုန်းဗျ။

ကျောက် – အဟဲ… ဘိုတွေလို ပြောရရင်တော့ နံနက်စာ အရေးအကြီးဆုံးမို့ ဘရိတ်ဖတ်တော့ တဝတီးတယ်၊ နေ့လည်စာကတော့ ပုံမှန်၊ ညစာတော့ အရည်များများ ချဉ်ရည်ဟင်းနဲ့ ထမင်းနဲနဲပေါ့။

အင်းဂလိတ်လိုပြောရရင် နံနက်စာကို ဘုရင်ကြီးလိုစားပါတဲ့၊ ဒါပေသည့် သိပ်များသွားရင်တော့ တနေ့လုံး နေလို့ထိုင်လို့ မကောင်းဘူးပေါ့။

ညစာကို ချဉ်ဟင်း အသီးအရွက် အဓိကထားစားစေတာက ဝမ်းမှန်အောင်ကွဲ့။ နံနက်အိပ်ရာထ ရေ ၁ခွက်လောက်သောက် ဗုံးကျဲပြီးရင် အတော်ဟုတ်လို့ ဝမ်းဟာပြီလေ။

ကေဇီ – အဟင့်။ အနော်ပြောတာ။ စိတ်နဲ့ ပတ်သက်ပြီး ပြောတာ…စိတ်ညစ်ရင် စားလားးးပျော်ရင် ပိုစားလားးးအသီးကွဲရင် မစားနိုင်ဝူးလား။ အာ့မိုး အာ့မိုး။

အနော်တော့ စိတ်ညစ်ရင် ပိုစားတယ်။

စိတ်ပျော်ရင် အများကြီးစားတယ်။ (ဟယ် ဘယ်အချိန်မှ လျှော့စားမှာပါလိမ့်။)

ကျောက် – ဟီဟိ… သူများတော့မသိ ကျောက်ကတော့ အသီးကွဲရင် ခံတွင်းပျက်ပြီး ဝိတ်ကျတတ်တယ်။

ကေဇီ – အန်းးး တူတူပဲ။ဟီးဟီး!! အဲလာကြောင့် အသည်းနှလုံးနဲ့ အစာအိမ် ဆက်စပ်ချက်ရှိတယ်လို့ပြောတာ။ (ဒီ စာကို ဆရာဝန်များ မမြင်ရ)

ကျောက် – ဟီဟိ… အခုလို ဆူဖြိုးနေတာ အချစ်ကြောင့်ပေါ့အေ၊ ဒါပေသည့် ကျောက်ချစ်ချစ်က မင်ဂါပွဲမှာ ဗိုက်မပူရဆိုလို့… ဝက်သားတောင် အားရပါးရ မကြိတ်ရဲဘူး။.

ကေဇီ – ဟယ်။ ဒါဆို ပွဲပြီးမှ ကြိတ်မဲ့သဘောပဲ။ ကြုံတုန်းကပ်ကြွားလိုက်သေးတယ်။ ကျန်းးးး

ကျောက် – အားဟင့်…၃ထပ်သား ပေါင်းလေးကို လွမ်းလိုက်တာ!!

 ကေဇီ – ၃ ထပ်သားကို မုန်ညင်းချဉ်နဲ့ မိုးကုတ်ပေါင်းပေါင်းတာ စားဖူးတယ်ဟုတ်? အနော်က အချိုပေါင်းကို မကြိုက်ဘူးးး အချဉ်ပေါင်းပေါင်းတာ ကြိုက်တာ။

ကျောက် – ဝုတ်တယ်လေ၊ အဲဒါကိုပြောတာ… ဒီ ဟောင်ကောင်မှာလည်း ၃ထပ်သားကို အအီပြေ မုံညှင်းချဉ်နဲ့ ပေါင်းတာ၊ မြည့်နေတာပဲ။ ဟီ ဟိ… ဝက်ပေါင်းဆိုလို့  ခေါက်ခါမူ  လို့ ခေါ်တဲ့၊ ယိုးဒယား ဝက်ပေါင်သား ပေါင်းလည်းရှိသေးတယ်… ရှလွတ်!

ကေဇီ – ဟယ်။ အဲဒါတော့ မသိဘူးးး ဘယ်လိုပေါင်းတာတုန်း??

ကျောက် – စားဖူးလား… ကြေးအိုးကြီးနဲ့ ပေါင်းထားတာ…….

ကေဇီ – အဟင့်။ ဒီဟာ ကို တော့ မသိတော့ဘူးးးး ဝေးပြီ ဘေဘီ!!

ကျောက် – သူ့ကို မုန်ညှင်းချဉ် သို့ ကိုက်လန်ပြုတ်၊ ကြက်သွန်ဖြူ၊ ငရုပ်သီး ဆော့နဲ့စားတာ၊ ရှယ်ပဲ…

ကေဇီ – ပလိန်းပေါင်းကြီးလားးးးး။ ဆော့နဲ့ တို့စားရတာဆိုတော့။

ကျောက် – နိုး နိုး၊ ပလိန်းပေါင်းမဟုတ်… အရည်ပါ ဆမ်းစားရတာ။ ဂိုးဒင်းမိုင်းလ်မှာ ရမယ်ထင်ရဲ့၊ သွားစားကြည့် လျှာလည်သွားမယ်။  အဲ… ထမင်းနဲ့ အတူ၊ အိုးကြက်ဥတောင်ပါသေး၊ အိမ်မှာ လုပ်စားကြည့်ပါလား!

ကေဇီ – ဟီးဟီးးးး သွားစားမို့ စဉ်းစားနေတာ။ ဘယ်နိုင်ငံအစားအသောက် စားစား သူတို့ အတွဲ အစပ်အတိုင်းသာ အပြည့်အစုံစားရင် အကောင်းဆုံးပဲ။ဆွိ အရင်ကအစားပါးမဝခင် ဟိုဟာဖယ် စား  ဒီ ဟာ ဖယ် စား စားတာ။

ကျောက် – ဟီ ဟိ ကျောက်စ်ကတော့ အကုန်ကြိတ်၊ ပြီးမှဆေးစားတာ ဟီး ဟီး!! ဟိုဖယ်ဒီဖယ်ဆို အရသာပျက်တယ်။

ကေဇီ – ဟီးဟီး။ ဒီလိုလေ တရုတ်အစားအစာ အတွဲဆိုရင် သူအစာနဲ့ အဖြေနဲ့ရှိပြီးသားးး အဲဒါမျိုးပြောတာ။ ဒံပေါက်ကို ပူစီနံရွက်နဲ့ တွဲစားရတာမျိုးလေ။ ပြန်ဖြေတဲ့ဟာမျိုး။ တရားလွန်စားတာမဟုတ်ရင် သူ့ရိုးရာ အစာအတွဲအစပ်က အန္တရယ်ကင်းသလားပဲ၊။

ကျောက် – ဟုတ်တယ်၊ အဲဒီ ယိုးဒယား ဝက်ပေါင်ပေါင်းရဲ့ အဖြည်က မုံညှင်းချဉ်နဲ့ ကြက်သွန်ဖြူပဲ။ ထိုင်းမှာတော့ နေရာတိုင်းရတယ်၊ ချင်းမိုင်မှာဆို မြန်မာဆိုင်တောင် ရှိသေး။ ဝက်ရိုး ကျောက်ဖရုံသီးဟင်းချိုလေးနဲ့ တွဲလိုက်ရင် ဆွေမျိုးမေ့ပဲ။

ကေဇီ – ကြိုက်တဲ့ အစားတိုင်းက ဝက်တောထဲကမထွက်ဘူးဖြစ်နေတာ။

ကျောက် – အသီးမှာ သရက်၊ အရွက်မှာ လ္ဘက်၊ အသားမှာ ဝက် လေကွဲ့။ ဒါပေသည့်… အဲဒီ ၃မျိုးတော့ ရောမချက်နဲ့၊ လျှာလည်သွားမယ်… စားမရလို့ အားဟိ!

ကေဇီ –  ၃မျိုးလုံး တစ်ချိန်တည်း မစားနဲ့လို့ ပြောကြတာပဲ။ ဒါနဲ့ စကားမစပ် ဝက်သားနဲ့ သရက်သီးခြောက်နဲ့ ဟင်းလေးချက် စားဖူးမှာပေါ့။

ကျောက် – စားဖူးတာပေါ့ကွယ်… ဂန္ဓဝင်ဟင်းလေ၊ ဇီးဖြူသီးခြောက်တောင်ပါသေးတယ်။ အထားလည်းခံတာမို့… လူထုဒေါ်အမာက ထောင်ထဲက ဦးဝင်းတင်အတွက် လူကြုံရှိတိုင်း ပို့ပေးတဲ့ဟင်းလေ။

ကေဇီ – အရင် နန်းတွင်းမှာ ချက်တာ ဆိုလား ဘာဆိုလားပဲ။

ကျောက် – ဝက်သား ပုန်းရည်လည်း အမြင်မလှပေမည့်၊ စားလို့အရသာ ရှိတယ်။ မြူရွက် ဟင်းချိုလေးနဲ့ဆို အတိ!!

ကေဇီ – ဟဟဟ။ရုံးကလူတွေ ဘာပြောတုန်း သိလားးးမြန်မာဟင်းတွေက အမြင်က မလှဘူးးး စားရတာ အရသာရှိသတဲ့။ ပြန်တိုင်း မှာနေလို့ သူတို့ဖို့ပြန်သယ်နေရတယ်။ တစ်ခါ မျှစ်ချဉ်ဟင်းကို မိုက်ကရိုဝေ့ နဲ့ နွှေးမိတာ အီးစော်နံသတဲ့။ ငရုတ်သီးထောင်းလေးနဲ့ ဝက်မျှစ်ချဉ်ကျွေးမိလိုက်တာ ခုတော့ အိုကေသွားရော။

ကျောက် – ဟီ ဟိ သူတို့က အနံ့မယဉ်သေးလို့ပါ။ ထိုင်းစာရော ဘာထူးလို့တုန်း??

ကေဇီ – ဟားဟားးးး ဟုတ်ပါ့။

ကျောက် –  ကျောက်စ် တပည့်များကတော့ မုန့်ဟင်းခါးဆို စားမယ်ဆိုတာချည်းပဲ။ အဲဒါနဲ့ မုန့်ဟင်းခါး အထုပ်ကို ကြုံရင် ချက်ကြွေးနေရတယ်။

ကေဇီ – ကျနော် တောင်ငူ မုန့်ဟင်းခါး ဟိုနေ့ကမှ စားဖူးတာ။ အတော်စားလို့ကောင်းတယ်။

ကျောက် – ဟုတ်သကွဲ့… စတိုင်တမျိုး၊ ကြက်သွန်စိမ်းနဲ့စားတာ။ ရန်ကုန်မှာ ဘဏ်(၃)ထောင့်နားကဆိုင် အတော် ကောင်းသတဲ့။

စင်ကာပူက ဘယ်ဆိုင်မှာ တောင်ငူမုန့်ဟင်းခါး ရောင်းလဲ။

ကေဇီ – ဟုတ်ဘူးးး သူငယ်ချင်း တောင်ငူသူ ချက်ကျွေးတာ။

ကျောက် – ဟီး ဟီး အရည်ကျဲလေး၊ နောက်နေ့မှ ဆက်မယ်အေ… ပြန်တော့မို့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

အဲလာသာ ကြည့် အချိန်ရသလောက် ပြောလိုက်တာ ဝက်သားဟင်းချည်းပဲဖြစ်ကုန်ပြီ။

အဲလူဂျီးက မေးလေ ထွက်လေ။

သူ့ ကို နည်းနည်းပဲ စကား စ ပေးစရာလိုတာ။

ဒီလာတုန်းက ဆို အဆဲခံရတယ်။

သောက် ကလေးးးး ငါ မပြောချင်တဲ့ ကိစ္စတွေ ရအောင် အစ်တယ်”  တဲ့။

 နိုင်ငံရေးတွေ စ ပေးလိုက်တာ။ ရေပက်မဝင်ပြောဖြစ်လို့။ ဟိဟိ။  :-D

 

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120