ယမန်နေ့ညက ပျင်းလို့တိုက်အောက်မှာထိုင်နေတုန်း ဟိန္ဒူကုလားမတစ်ယောက်ကို ရဲသားတစ်ယောက်က မတော်မတရား

လုပ်သွားတာမြင်လိုက်ရတယ်…………………..ဂယ်ပြောတာပါ…..ဂယ်ကြီးလုပ်သွားတာ……….

ဖြစ်ပုံက………….ဒီလို…………..

အဲ့အန်တီကုလားမ ရှင်းရှင်းပြောရရင်တော့လမ်းဘေး ဓာတ်ဆီသည်ပေါ့လေ

ဓာတ်ဆီတစ်ဗူးကို မြန်မာငွေ၁၃၀၀ကျပ်နဲ့ ရောင်းပါတယ်  အရင်တုန်းကလဲ ပြည့်သူရဲတွေလာဝယ်နေတာတွေ့ ရတယ်

ပုံမှန်ဈေးနဲ့ဝယ်တယ်ပဲထင်နေတာ အမှန်တော့ကျွန်တော်ထင်တာမဟုတ်ဘူး

၂ရစ်နဲ့ ရဲတစ်ယောက် ဆိုင်ကယ်စီးလာပြီး ဆီလာဝယ်တယ် “ကုလားမ ဆီတစ်ဗူးပေးစမ်းတဲ့” သူ့ကြည့်တော့အသက်ကဘယ်လောက်မှမရှိသေးဘူး

သူ့အမေ အရွယ်လောက်ကို ခေါ်တာကမိုက်မိုက်ရိုင်းရိုင်း ပြီးတော့လည်း ပိုက်ဆံပေးတာက ၁၀၀၀ တဲ့

ကျွန်တော်လည်းမနေနိုင်မထိုင်နိုင် သွားမေးလိုက်တော့ သူတို့ကိုက အရင်းတိုင်းပေးရတယ်ဆိုပဲ…….

တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား……………..

သိပ်မကြာခင်အချိန်မှာပဲ နောက်ရဲသားတစ်ယောက်ထပ်ရောက်လာတယ် အရပ်ဝတ်နဲ့ တစ်ယောက်ပါတယ်

သူလည်းထုံးစံအတိုင်းပေါ့ ဆီတစ်ဗူးထည့်ပေးဆိုပြီးပြောတယ် ပြီးတော့ သကောင့်သားက ပိုက်ဆံမပေးဘူးဗျာ……….

ဒီနေ့ယာဉ်စစ်ရှိတယ်တဲ့ အဲ့ကိုသွားမလို့ဆိုပြီးပြောတယ် ဘာဆိုင်လို့လဲ

သူ့ဟာသူ တာဝန်ရှိလို့သွားစစ်တာပဲ ဓာတ်ဆီအလကားထည့်တာနဲ့ ဘာဆိုဘာမှမဆိုင်ပါဘူး

အဲ့ဒါတင်မကသေးဘူး ဘေးနားကလှည်းနဲ့ ရောင်းတဲ့ကွမ်းယာဆိုင်ကနေ ဖက်ကြမ်း(ဆေးပေါ့လိပ်)၂လိပ်ပါ “ကုလားမ နင်ပေးလိုက်” ဆိုပြီးတော့ယူသွားတယ်

ဘယ်လောက်တောင် ခွက်ကြလိုက်လဲ ဘယ်လောက်တောင် အာဏာပြလိုက်သလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့ အရပ်ကတို့ရေ…….

ဖက်ကြမ်း(ဆေးပေါ့လိပ်)ဆိုတာ ၂လိပ်မှ မြန်မာငွေ ၅၀ကျပ်ရယ်ပါ ဒါတောင် မရှိလို့လမ်းဘေးမှာခိုးရောင်းနေရတဲ့ဓာတ်ဆီသည်စီကတောင်းသောက်သွားသေးတယ်

တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား……………….။

ဒီနေ့ မနက်မှာထပ်တွေ့ ရတာကတော့ ရွာမကျောင်းလမ်းထိပ်မှာ သိပ်မကြာခင်ကမှ အသစ်ရောက်နေကြတဲ့ ယာဉ်ထိန်းရဲကိုကိုများပေါ့

ရွာမကျောင်းလမ်းထိပ်ကနေ ဘူတာရုံလမ်းဘက်ကို ဆိုင်ကယ်လေးမောင်းပြီးလာတယ် သူမောင်းတာက လမ်းပြောင်းပြန်

မောင်းလာတဲ့ဆိုင်ကယ်က နံပါတ်မပါ ပြီးတော့ ဓာတ်ဆီသည်ဒေါ်ကုလားမ စီမှာ ဓာတ်ဆီ ၁၀၀၀ နဲ့လာဝယ်၊တယ်လည်း မိုက်တဲ့ယူနီဖောင်းတွေပါကလား

သူတို့ကြည့်ပြီး ယူနီဖောင်းလေးတောင် ၀တ်ချင်လာမိတယ်(အပြောင်အပျက်ပြောတာ ဂယ်ဆို လုံးဝ ၀တ်ချင်ဘူး။)

တော်ပြီ……..ဒီလောက်ပဲ………..

 

 

 

 

About cobra

oakar min maung has written 203 post in this Website..