အမြင်မတော်တာလေးတွေပြောချင်လို့

cobraSeptember 3, 20131min19010

ယမန်နေ့ညက ပျင်းလို့တိုက်အောက်မှာထိုင်နေတုန်း ဟိန္ဒူကုလားမတစ်ယောက်ကို ရဲသားတစ်ယောက်က မတော်မတရား

လုပ်သွားတာမြင်လိုက်ရတယ်…………………..ဂယ်ပြောတာပါ…..ဂယ်ကြီးလုပ်သွားတာ……….

ဖြစ်ပုံက………….ဒီလို…………..

အဲ့အန်တီကုလားမ ရှင်းရှင်းပြောရရင်တော့လမ်းဘေး ဓာတ်ဆီသည်ပေါ့လေ

ဓာတ်ဆီတစ်ဗူးကို မြန်မာငွေ၁၃၀ဝကျပ်နဲ ့ရောင်းပါတယ်  အရင်တုန်းကလဲ ပြည့်သူရဲတွေလာဝယ်နေတာတွေ ့ရတယ်

ပုံမှန်ဈေးနဲ့ဝယ်တယ်ပဲထင်နေတာ အမှန်တော့ကျွန်တော်ထင်တာမဟုတ်ဘူး

၂ရစ်နဲ ့ရဲတစ်ယောက် ဆိုင်ကယ်စီးလာပြီး ဆီလာဝယ်တယ် “ကုလားမ ဆီတစ်ဗူးပေးစမ်းတဲ့” သူ့ကြည့်တော့အသက်ကဘယ်လောက်မှမရှိသေးဘူး

သူ့အမေ အရွယ်လောက်ကို ခေါ်တာကမိုက်မိုက်ရိုင်းရိုင်း ပြီးတော့လည်း ပိုက်ဆံပေးတာက ၁၀၀ဝ တဲ့

ကျွန်တော်လည်းမနေနိုင်မထိုင်နိုင် သွားမေးလိုက်တော့ သူတို့ကိုက အရင်းတိုင်းပေးရတယ်ဆိုပဲ…….

တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား……………..

သိပ်မကြာခင်အချိန်မှာပဲ နောက်ရဲသားတစ်ယောက်ထပ်ရောက်လာတယ် အရပ်ဝတ်နဲ ့တစ်ယောက်ပါတယ်

သူလည်းထုံးစံအတိုင်းပေါ့ ဆီတစ်ဗူးထည့်ပေးဆိုပြီးပြောတယ် ပြီးတော့ သကောင့်သားက ပိုက်ဆံမပေးဘူးဗျာ……….

ဒီနေ့ယာဉ်စစ်ရှိတယ်တဲ့ အဲ့ကိုသွားမလို့ဆိုပြီးပြောတယ် ဘာဆိုင်လို့လဲ

သူ့ဟာသူ တာဝန်ရှိလို့သွားစစ်တာပဲ ဓာတ်ဆီအလကားထည့်တာနဲ ့ဘာဆိုဘာမှမဆိုင်ပါဘူး

အဲ့ဒါတင်မကသေးဘူး ဘေးနားကလှည်းနဲ ့ရောင်းတဲ့ကွမ်းယာဆိုင်ကနေ ဖက်ကြမ်း(ဆေးပေါ့လိပ်)၂လိပ်ပါ “ကုလားမ နင်ပေးလိုက်” ဆိုပြီးတော့ယူသွားတယ်

ဘယ်လောက်တောင် ခွက်ကြလိုက်လဲ ဘယ်လောက်တောင် အာဏာပြလိုက်သလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့ အရပ်ကတို့ရေ…….

ဖက်ကြမ်း(ဆေးပေါ့လိပ်)ဆိုတာ ၂လိပ်မှ မြန်မာငွေ ၅ဝကျပ်ရယ်ပါ ဒါတောင် မရှိလို့လမ်းဘေးမှာခိုးရောင်းနေရတဲ့ဓာတ်ဆီသည်စီကတောင်းသောက်သွားသေးတယ်

တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား……………….။

ဒီနေ့ မနက်မှာထပ်တွေ ့ရတာကတော့ ရွာမကျောင်းလမ်းထိပ်မှာ သိပ်မကြာခင်ကမှ အသစ်ရောက်နေကြတဲ့ ယာဉ်ထိန်းရဲကိုကိုများပေါ့

ရွာမကျောင်းလမ်းထိပ်ကနေ ဘူတာရုံလမ်းဘက်ကို ဆိုင်ကယ်လေးမောင်းပြီးလာတယ် သူမောင်းတာက လမ်းပြောင်းပြန်

မောင်းလာတဲ့ဆိုင်ကယ်က နံပါတ်မပါ ပြီးတော့ ဓာတ်ဆီသည်ဒေါ်ကုလားမ စီမှာ ဓာတ်ဆီ ၁၀၀ဝ နဲ့လာဝယ်၊တယ်လည်း မိုက်တဲ့ယူနီဖောင်းတွေပါကလား

သူတို့ကြည့်ပြီး ယူနီဖောင်းလေးတောင် ဝတ်ချင်လာမိတယ်(အပြောင်အပျက်ပြောတာ ဂယ်ဆို လုံးဝ ဝတ်ချင်ဘူး။)

တော်ပြီ……..ဒီလောက်ပဲ………..

 

 

 

 

10 comments

  • kai

    September 3, 2013 at 2:58 pm

    ဗမာတွေ.. တိုင်းရင်းသားတွေရော…ဆီရောင်းနေရင်.. သူတို့.. အဲလိုလုပ်မလားသိချင်မိတယ်..
    လုပ်မှာပါ..

    ဆိုတော့…
    ယူနီဖောင်းကြောက်ရတဲ့တိုင်းပြည်ပေကိုး… :mrgreen:

    • မောင် ပေ

      September 3, 2013 at 8:12 pm

      အယ်ကေဒါတွေဆီကနေ ရတဲ့
      ဒေါ်လှလေးများနဲ ့
      ပြန်လာပြီး ပြုပြင်မပေးချင်ဘူးလားလို ့
      (ကိုကြောင့်လို ပြောသည်)

  • KZ

    September 3, 2013 at 2:58 pm

    တို့ဆီလည်း
    ယူနီဖောင်းကြောက်ရ၊
    ရာထူးကြောက်ရနဲ့။
    ဒီ ဝတ်စုံဝတ်လိုက်ရင် ဒီ လို အနိုင်ကျင့်လို့ရတယ်လို့ ဘယ်သူက စ ခဲ့တာတုန်း??? 🙁

  • Inz@ghi

    September 3, 2013 at 3:24 pm

    ကျုပ်က ဆီဈေး ၁၈ဝခေတ်က မိဘကား ဆီထုတ်ခိုးရောင်း ကျောင်းမသွား ကာကာ (ကာရာအိုကေ)
    လိမ့်နေဂျကောင်ဆိုတော့ အနှီ ဆီသည်တွေနဲ့ အကျွမ်းတဝင်ရှိဖူးသဗျ..
    တချို့များ ကိုယ့် ဆိုင်ကယ်ထဲ ဆီဘယ်လောက်ရှိမှန်းတောင် မသိ
    လျှံကျတဲ့အထိ ယူပါသဗျား..

  • အရီးခင်

    September 3, 2013 at 3:57 pm

    သန့်စင်သော ဝန်ထမ်းများ ဖြစ်ရေး အတွက် ဒီလိုမျိုး တွေ ကို ရှာပြီး ဟန်ပြရှင်း ပြပါလိမ့် မယ်။ ကြည့်နေ။
    အပေါ်ပိုင်း က အဘ တို့က သန့်နေပြီးသား လေ။

  • kyeemite

    September 3, 2013 at 4:15 pm

    ဒီ ရပဲ တွေဘာသာလူမျိုးမရွေးနှိတ်စက်တာပါဗျာ
    သူတို့နဲ့မလွတ်ကင်းသမျှ ခံပေတော့ပဲ..
    ကျုပ်တို့လမ်းထိပ် ပိတောက်ပင်အောက်မှာ
    လင်မယားနှစ်ယောက်(ဗမာ)
    မိန်းမက ရှမ်းခေါက်ဆွဲရောင်း၊ ယောက်ကျားက စီဒီခွေတွေရောင်းတယ်
    သိတယ်မဟုတ်လား…အခွေဆိုင်ဆိုကတည်းက သူတို့နဲ့ညိပြီလေ…
    အဲဒါဗျာ..ကိုယ်ရွှေ ရပဲ(လူဆိုးထိန်းဆိုပဲ)ရှမ်းခေါက်ဆွဲဆိုင်ကို အမြဲအလကားလာစားတယ်
    ပီးတော့ ဘေးနားကကွမ်းမှာစားတယ်..ကွမ်းဖိုးပါလိုက်ရှင်းပေးရတယ်..လုပ်ပုံ..လုပ်ပုံ 👿

  • အလင်းဆက်

    September 3, 2013 at 7:33 pm

    ယူနီဖောင်း အတွင်းက..
    အာဏာနဲ ့ လက်နက် ကိုလည်း..ကြောက်ရသေးတာကိုးးး

  • cobra

    September 5, 2013 at 10:26 am

    ဟုတ်ပါ့ဗျာ………
    ယူနီဖောင်းဝတ်တဲ့သူတွေအကုန်လုံးကိုကြောက်နေရတယ်

  • ငေးလ

    September 5, 2013 at 11:07 am

    ကုလားမ တင် မဟုတ်ပါဝူးးး
    လူမျိုးးတူ ဘာသာတူ မထူးးပါဝူးးးး

  • ခင် ခ

    September 5, 2013 at 3:26 pm

    စက်တင်ဘာ ၅ ရက် ညနေ ၃း၂၄ ဝင်ကြည့်မရှိ။

Leave a Reply