“အနီချင်းပြိုင် နိုင်မတဲ့လား´´

ခင္ခSeptember 3, 20131min31543

“အနီချင်းပြိုင် နိုင်မတဲ့လား´´

 

သတိထားမိတာတော့ အတော်ကြာခဲ့ပါပြီ။

အဲဒါနဲ့ ပက်သက်ပြီးတော့လည်း သီတင်းကျွတ် တန်ဆောင်တိုင် မီးထွန်းပွဲတွေကျင်းပတော့ ရပ်ကွက်တွေ လမ်းတွေမှာ စင်လေးတွေဆောက်ပြီး ဝါသနာရှင်တွေ သီချင်းဆိုကြ ကာရာအိုကေဆိုကြပြီ အပျော်သဘောမျိုး ဖျော်ဖြေကြတယ်၊ အဲဒီမှာ ဆိုလက်စ ဖျော်ဖြေနေသူကို စင်ရှေ့ကကြည့်တဲ့ပရိတ်သတ်တွေထဲက “ဆင်းပါ တော့ဗျို့´´ “တော်ပါတော့ဗျို့´´ စတဲ့ အနုတ်လက္ခဏာဆောင်တဲ့ အပြုအမူမျိုး အော်နေရင် အဲဒီဆိုတဲ့သူ နောက်လာပြန်ဆိုပါ့အုံးမလား သူ့ စိတ်ထဲ ဘယ်လိုနေသွားမလဲ အဲလိုဘဲပေါ့ ဒီဂဇက်မှာ ဝင်ပြီးမန့်တဲ့သူတွေကို ဘာလို့အနုတ်ပြုနေတော့ အဲဒီမန့်သူတွေ ကြာတော့ လာတောင့်မန့်ပါအုံးမလားလို့ ဆိုပြီး ထိုရေးချိန်တုန်းက ခရမ်းရောင်နဲ့မို့ ခရမ်းရောင်တွေစီကာရီကာရှိတဲ့ဂဇက်ရွာဆိုပြီး ရေးခဲ့ဖူးပါတယ်။

အခုတော့ ခရမ်းရောင်ဟုတ်တော့ဘူး အနီရောင်ဖြစ်ကာ ရဲဗလောင်းခနေပါပြီ။

ဒါပေသည့် ပိုစ့်တွေရဲ့ ကွန်မန့်မှာ ထိုထိုသော အနီလေးတွေက ပေါ်လွင်လာစမြဲ ဖြစ်ထွန်းနေစဲမို့ ခင်ခ တစ်ယောက် အတွေးတစ်ခုပေါက်သွားတယ်၊ အဲဒါကဘယ်လိုလဲဆိုတော့………..

အနုတ်လက္ခဏာဆိုတာ နှစ်သက်စရာလားလို့ လူတွေကိုမေးကြည့်ရင် မနှစ်သက်တာများမှာပါ။

ဘာလို့လဲဆိုတော့ အနုတ်ဆိုတာ ကန့်ကွက်ခြင်း ဆုတ်ယုတ်ခြင်း နောက်ဆုတ်ခြင်း စတဲ့အဓိပ္ပါယ် ကြောင့် ပါဘဲ။

ကျွန်တော်ရန်ကုန်မှာတုန်းက ဘကြီးတော်တဲ့စာသင်တိုက်ဘုန်းတော်ကြီးကျောင်းကို ခဏခဏရောက်လေ့ ရှိတယ်၊ အဲဒီမှာ ကိုယ်ရင်တိလောက ဆိုတဲ့ ၉ နှစ်အရွယ်ကိုယ်ရင်တစ်ပါး စာသင်သားအဖြစ် သတင်းသုံးနေ ဖူးတယ်။ အဲဒီကိုယ်ရင်က စာသင်တိုက်မှာနေတော့ စာသင်ရတယ် ပြီးရင် ဓမ္မစာမေးပွဲဖြေရတယ် သူ့အဆင့်နဲ့ သူပေါ့။ အဲလိုစာမေးပွဲဖြေလို့ မအောင်ဘူးကျရှုံးတဲ့အခါ အဲဒီကိုယ်ရင်ရဲ့မယ်တော်(အမေ) က ညောင်းတုန်းက နေ ရောက်လာပြီး မျက်နှာသုတ်ပဝါတို့ စာအုပ်ခဲတံနဲ့ ဝတ္ထုပစ္စည်းတွေလာလှုပြီး ကိုယ်ရင်ကို ဆက်ကြိုးစားဖို့ အားပေးနှစ်သိမ့်ရှာတယ် အဲလိုမျိုး ကိုယ်ရင်နှစ်ဝါလောက်(၂ နှစ်ပေါ့)ထိတွေ့နေရတယ်။ အဲလိုနှစ်တွေလွန်ပြီး နောက်နှစ်မှာတော့ ခုနကိုယ်ရင်တိလောက ပထမငယ်ဆိုလားစားမေးပွဲကိုအောင်ပါလေရော အဲလိုအောင်တဲ့ နှစ်အောင်စာရင်းထွက်ပြီး နေ့တစ်နေ့မှာ ခင်ခ ထိုဘုန်းကြီးကျောင်းကိုရောက်သွားတော့ ကိုယ်ရင်လေးက ပြူတင်းပေါက်နားထိုင်ပြီး လမ်းကိုမျှော်ကြည့်နေလို့ “ကိုရင်ဘာငေးပြီး လမ်းကိုမျှော်နေတာလဲ´´ လို့မေး လိုက်တော့ ကိုယ်ရင်“ခါတိုင်းနှစ်စာမေးပွဲအောင်စာရင်းထွက်ပြီး မအောင်တုန်းက ဒကာမကြီးနောက်နေ့ဆို ရောက်ရောက်လာတယ်´အခု အောင်စာရင်းထွက်ပြီး တစ်ပတ်ရှိတော့မယ် ဒကာမကြီးရောက်မလာလို့ မျှော်နေတာ၊ ဟိုရက်ကရွာကိုဖုန်းဆက်တော့လည်း နေကောင်းတယ် အောင်မြင်တာဝမ်းသာတယ်ပြောပြီး ခုထိမလာသေးလို့ မျှော်နေမိတာ´´ လို့ဆိုပါတယ်။ ဒါနဲ့ဘဲ လာမှာပေါ့ကိုယ်ရင်ရယ် ဒကာမကြီးလည်း မအားရှာလို့နေမှာပါဆိုပြီး အားပေးကာ ထိုင်စကားပြောလို့ ဝတ္ထုလေးကပ်ခဲ့တယ်။ အဲ နောက်လ ထိုဘုန်းကြီး ကျောင်းအလှုမှာ ခုနကိုယ်ရင်ရဲ့မယ်တော်ကြီးနဲ့တွေ့တော့ကိုရင်စာမေးပွဲအောင်တုန်းက မယ်တော်ကြီးမလာလို့ ကိုယ်ရင်မျှော်တဲ့အကြောင်းစကားစပ်မိလို့ပြောဖြစ်တော့ ကိုယ်ရင်မယ်တော်ကြီးက အခုလိုပြောပါတယ် “ခါတိုင်း အရင်နှစ်တွေက ကိုယ်ရင်က စာမေးပွဲကျလို့ စိတ်မပျော်တဲ့အခါ ကိုယ်ရင်ဘဝကို စိတ်ပျက်ပြီး လူ ထွက်မှာစိုးလို့ သူ့ဘဝ အနုတ်ဖြစ်ချိ်န်လာအားပေးတဲ့ အနေနဲ့ အောင်စာရင်းထွက်ပြီးပြီးချင်း လာရတာလေ၊ အခုနှစ်က စာမေးပွဲအောင်တော့ သူပျော်နေတာမို့ လူထွက်ချင်စိတ်ဖြစ်မှာမဟုတ်ဘူး ဆက်ပြီးရှေ့ဆက်ချင် မှာမို့ အေးဆေးမှလာဖြစ်တာပါတဲ့´´ အင်း သူ့နည်းနဲ့ သူတော့လည်းအဟုတ်ပါလားနော်။ များသော အားဖြင့် ဆုပေးတယ်ဆို ကောင်းပေ့ညွှန်ပေ့တွေကို ရွှေးပေးတတ်တာလေ အခု ကိုယ်ရင်မယ်တော် ကြီး ရဲ့ နည်းလမ်း က ဘဝအနုတ်ဖြစ်ကာ အားငယ်သူကို ဖေးမကာနှစ်သိမ့် အားပေးမှုဗျုဟုဘဲလေ။ အဲဒီအဖြစ်လေးကို ပြန်သတိ ရပြီး ကျုပ်တို့ရွာထဲက ပိုစ့်တွေမှာ လက်သရမ်းသူတွေကြောင့် အနီရောင်လွှမ်း အနုတ်လေးတွေကိုမြင်ပြီး စိတ် မကောင်းဖြစ်နေမယ့် ပိုစ့်ပိုင်ရှင်တွေအတွက် ခင်ခ ၏ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ရက် ၂၁ ရက် ပိုမိုးရှင်း အစီအစဉ်ကြီးကို အခုလိုအချက်တွေနဲ့ စတင်ပါမည်ခင်ဗျ။

၁။ ပိုစ့်တင်ပြီး ၃ ရက်မြောက် မြန်မာစံတော်ချိန် ၃ နာရီ နောက်ပိုင်းမှာ ပိုစ့်တစ်ခုရဲ့ ကွန်မန်တွေမှာ ဘယ်လောက်အနီလွှမ်းသလဲ(အနုတ်အနီတွေကိုပြောတာ) ခင်ခ ဖွင့်ကြည့်ပြီးရေတွက်ပါ့မယ်။

၂။ ထို ၃ ရက်မြောက် ၃ နာရီ မတိုင်မှီ ဖြစ်ပျက်နေသည် နီလိုက် မနီလိုက်(ပေါင်းနုတ်)များကိုတော့ ထည့်သွင်း စဉ်စားမည်မဟုတ်ဘဲ ရေတွက်စဉ်နောက်ဆုံးမြင်ရတဲ့အနီကိုသာ ရေတွက်မည်။

၃။ ခင်ခ ရေတွက်ပြီးရင် သက်ဆိုင်ရာပိုစ့်ကွန်မန့်မှာ ထိုပိုစ့်ပိုင်ရှင်က အနီရောင်ဘယ်နှစ်ခုရကြောင်း အတည်ပြုကွန်မန့်ရေးကာပြောပါမယ်။

၄။ အဲလိုရေတွက်ခြင်းကို ပိုစ့်ပိုင်ရှင်အမည်တူရာနောက်ပိုစ့်တွင် ဆက်ပေါင်း၍ပြုသွားမည်။

၅။ ထိုသို့သောအနီရောင်(အနုတ်)ရေတွက်မှုအား ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) မှ စတင်သော ပိုစ့်များမှအကျုံးဝင်စတင်ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ တင်သောပိုစ့်များ နှင့် ကြားကာလပိုစ့်များအားလုံး အကျုံးဝင်မှုရှိစေရမည်။

၆။ အများဆုံးအနီရရှိသော ပိုစ့်ပိုင်ရှင်ရွာသူားအမည်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထက်နောက်မကျဘဲ ကြေငြာပေးမည်။

၇။ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ၂၁ ရက် ပိုမိုရှင်းအစီအစဉ်တွင် အများဆုံးရရှိသွားသည့် ရွာသူားအား နောက်လာမည့် ရွာမန်ဘာများတွေ့ဆုံပွဲတွင် ခင်ခ ၏ အမှတ်တရ လက်ဆောင်အား ပေးပို့ပေးသွား ပါမည်။

၈။ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်းအစီအစဉ်နှင့်ပက်သက်၍ အငြင်းပွားမှုတစ်စုံတရာ ရှိခဲ့လျှင် ခင်ခ ၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်ပါမည်။

ကဲ ဂဇက်မန်ဘာ ဘော်ဒါအပေါင်း ရောင်းရင်းတို့ရေ ခင်ခ ပိုမိုရှင်းလေးရှိသမို့ မိမိပိုစ့်တွေမှာ မသမာတဲ့ လက်သရမ်းသူ များ ၏ လက်ချက်ကြောင့် အနီရောင် အနုတ်လေးများစွာရနေရင်ဖြင့် ဝမ်းနည်းကာမနေကြပါနဲ့ ခင်ခ ရဲ့ ပိုမိုရှင်းလက်ဆောင်လေးရနိုင်တဲ့ အခွင့်အရေးကို တက်လှမ်းနိုင်လိမ့်မယ်လို့……………………။

ပျော်ပျော်ပါးပါး ဟေးလားဝါးလား ပေါ့ဗျာ။

 

ခင်ခ။

(ဒို့ရွာကလေး စည်ကားစေဖို့ စိတ်ကူးတည့်ရာ အပျော်သဘောပါ)

43 comments

  • Myo Thant

    September 3, 2013 at 4:47 pm

    ကဲ ကိုခရေ

    ပို့စ်အသစ် မတင်ဖြစ်တာကြာပြီ ၊ ဘောရာသီ အစမို့ ၊
    အနီရောင်လွှမ်းစေဖို့ ကြိုးစားတင်လိုက်ဦးမယ်ဗျာ ၊ 🙂

  • YE YINT HLAING

    September 3, 2013 at 4:50 pm

    ဟုတ်တယ် အကို ရေ — ကျွန်တော် ရွာထဲ မှာ ကိုးလ လောက် မရေး ဖြစ်ခဲ့ပဲ ခု ရက်ပိုင်း လေးမှ ပြန်ရေးတာ ။အဲဒါကို — ရဲရဲလေးတွေ တောက်နေတာပဲ။ ကြည့်လို့ တော့ ကောင်းသားဗျ!

    • ခင် ခ

      September 3, 2013 at 7:30 pm

      ကိုမျိုးသန့်ရေ ရေးပါဗျ ရွာတိတ်နေလို့ပါ။

      ကိုရဲရင့်လှိုင်ရေ ဒို့ဘားမန်းဆိုတာ ရဲရဲတောက်ပါဗျ ဆိုသလိုပေါ့

  • မင်းခန့်ကျော်

    September 3, 2013 at 4:52 pm

    အနီတွေ အစိမ်းတွေ

    အပေါင်းတွေ အနုတ်တွေ

    ပိုင့်တွေ ဘာတွေ

    အဲဒါတွေ ကျနော်ကတော့ စိတ်ထဲ

    ဘယ်လိုမှမနေပါဘူး။

    အဓိက ကတော့

    ကျနော်ရေးချင်တာ

    မန့်ချင်တာ လွတ်လွတ်လပ်လပ် ရေးရဖို့ပဲ။

    ဘောင်အတွင်းကနေ တတ်နိုင်သလောက်တော့

    ထိန်းပါ့မယ်။

    ပုံ

    အနီရောင်ဂိုဏ်ချုပ် :mrgreen:

    • ခင် ခ

      September 3, 2013 at 7:32 pm

      ဪ အနီရောင်ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်မန့်သမို့ အားရဝမ်းသာရှိလှပါဗျ

  • TNA

    September 3, 2013 at 4:54 pm

    ထောက်ခံပါတယ်ဗျို့။ ဟိုးတချိန်တုန်းကတော့ အနီနဲတုန်းကတော့ ရွာသူားတွေ တက်ညီလက်ညီ ဝိုင်းစိမ်းအောင်လုပ်ပေးခဲ့ဖူးပေမဲ့ အခုတော့အနီတွေများများလာသမို့လက်လျှော့လိုက်ရကြောင်းပါ။ ရွာသူားချည်းဖတ်လို့ရတဲ့ပိုစ့်တွေမှာမနီဘူး။

    • ခင် ခ

      September 3, 2013 at 7:39 pm

      မသဲရေ ပိုစ့်အားလုံးအနီရှောင်လို့ မန်ဘာအုန်းသီလုပ်ပြန်တော့ ကိုယ်စာပေဖြန့်ဝေတာ မဖြစ်ဘဲ ရွာအတွင်းတိတ်တိတ်ပေးစာဘဲဖြစ်တော့မပေါ့ ဒါမျိုးလည်းမဟုတ်သေးဘူးလေ။ စာပေဆိုတာ အများဖတ်စာပေဖြစ်လေ ပိုကောင်းလေတဲ့ဗျ

  • Wow

    September 3, 2013 at 5:01 pm

    ပျော်ပျော်ပါးပါးနီရင်း ဆုငွေဒွေယူကြမယ်နော် :mrgreen:

    • ခင် ခ

      September 3, 2013 at 7:43 pm

      ရွာပြန်လည်စည်ကာ ပိုစ့်ရေးတင်ကြရင် ဝမ်းသာပါတယ်ဗျ ဒေါ်ဝေါင်းရေး

  • (မန့်ချင်တာ လွတ်လွတ်လပ်လပ် ရေးရဖို့ပဲ။)
    ဒီဂေဇက်မှာ မန်းချင်တာ လွတ်လွတ်လပ်လပ်မန်းလို့ရတယ်။
    အခုဟာက မမန်းဘဲနဲ့လက်ကမျှဉ်းနေလို့ပြောနေတာ

  • ဦးကျောက်ခဲ

    September 3, 2013 at 5:21 pm

    အခု Login ဝင်ထားရင် အနီတွေ အစိမ်းတွေ ပေးလို့မရဘူး ဆရာခရဲ့…
    အဲသည်တော့ အနီပေးနေတာ ဘယ်သူတွေလဲဆိုတာ အသိသာကြီး…
    ကျောက်စ်ကတော့ အားရင် အစိမ်း လိုက်ပေးတယ်…
    😀

    • ခင် ခ

      September 3, 2013 at 7:56 pm

      ကိုပေါက်ရေ သူတို့မှာလဲ လက်ကမျှဉ်းဖို့ အချိန်ပေးရဆိုဘဲဗျ

      ဆရာကျောက်ကလည်း လော့အင်မဝင်ဘဲ မန်ဘာတစ်ယောက်က လက်ဆော့ရင်လည်း ရတာဘဲလေ မန်ဘာအုန်းသီပိုစ့်ကလွဲပြီပေါ့။ အခု ခင်ခ ပိုမိုရှင်းက နီတာဘဲရေတွက်မှာနော် လိုက်စိမ်းလို့ မနီရင်တော့ ရေနိုင်ပေါင်။

  • အဘ ဖားသက်ပြင်း

    September 3, 2013 at 6:36 pm

    နီချင်နီ စိမ်းချင်စိမ်း. အဘ လည်း အဘရေးချင်တာရေးမယ်.
    မားခိုမ် ကိုသွားရိအူးမှ
    ဒက်ဂလောက် ဒဂလောက်.

    • ခင် ခ

      September 3, 2013 at 7:23 pm

      အဘ ဖားသက်ပြင်းရေ ရေးချင်သလိုရေးပါဗျ ဘယ်လိုရေးရေး ရေးတာကိုဘာမှမပြောလိုပါဘူး ကျွန်တော်က အခုတလောပျင်းလွန်းလို့ အပျင်းပြေ အနီတွေထိုင်ရေမလို့ပါ

  • kolumbus

    September 3, 2013 at 6:46 pm

    အနီ စံချိန်တင်ရတဲ့ ရွာသူရှိတယ်။
    ဒီပို့မှာ ဘာဖြစ်လို့ ခုထက်ထိမနီကြေသေးတာလဲ။

    • ခင် ခ

      September 3, 2013 at 7:19 pm

      kolumbus ကလည်းဒီပိုစ့်က မန်ဘာအုန်းသီးလုပ်ထားတာလေ အဲလိုမှလာနီရင်တော့ ဂုဏ်ယူစရာပေါ့ဗျာ

  • အလင်းဆက်

    September 3, 2013 at 7:21 pm

    အိုး…ဂွတ်…
    အနီ များများ ရလည်း.. ဝမ်းနည်းတော့ဘူး ။
    🙂

    —————-

    လေးခရေ…
    အကြံအစည်ကောင်းပဲဗျ ။

    🙂

  • မောင် ပေ

    September 3, 2013 at 7:57 pm

    အရင်တုန်းကတော့
    ဘာရယ်ညာရယ်မဟုတ်
    အချိန်လဲပေးနိုင်တုန်းကတော့
    နီထားရင် ပြန်စိမ်းပေး
    ကိုယ့်ဆန္ဒနဲ ့ထပ်တူမကြရင် အနီပေး နဲ ့ပေါ့
    အခုတော့
    အချိန်ရမှ နားဆင်ပါ

  • ခင် ခ

    September 3, 2013 at 8:58 pm

    ကျွန်တော်ကိုယ်တိုင်လည်း ပိုစ့်ရေးနေသူဆိုတော့ အနီတော့များများမရစေချင်ပါဘူးဗျ အရုပ်ဆိုးတဲ့သူ သနပ်ခါးပါးကွက်လေး သူခမျာလှမလားလိမ်းလာတာကို သရဲမြင်ရင်တောင် လန့်ပြေးမယ့်ရုပ်လို့ ပေါ်တင်ကြီးပြောသလိုဆိုတော့ ကြားရတဲ့သူက ဘယ်စိတ်ချမ်းသာပါမလဲလေ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ ဟုတ်ဘူးလား ကိုအလင်းဆက်ရေ။

    • ခင် ခ

      September 3, 2013 at 10:53 pm

      ဒါဆိုတစ်ခုခုတော့ တစ်ခုခုပါဘဲ ကိုပေါက်ရေ

  • Mr. MarGa

    September 3, 2013 at 11:04 pm

    အင်း…
    ဒီကြားထဲ မတင်တော့ဘူးလို့ တွေးနေတာ
    ဒီ ပရိုမိုးရှင်းနဲ့ ဆိုရင်တော့ တင်ရင်ကောင်းမယ်ထင့်
    အနီသမားများ လာကြပါကုန်…
    အခုလက်ရှိတော့ မန်ဘာတွေ လော့အင်ဝင်ထားရင် နီလို့ စိမ်းလို့ မရတာမို့ မန်ဘာများ နီချင်ရင်တောင် လော့အင် မဝင်မှ ဖြစ်လိမ့်မယ်ဗျ။
    ဒီကြားမှာ အနီများစေဖို့ ဆုတောင်းလို့ ပို့စ် တင်ရန်စဉ်းစားထားပါကြောင်း….

  • ခင် ခ

    September 3, 2013 at 11:37 pm

    သိကြားမင်းကြီးတောင်ကျုပ်ပိုမိုးရှင်ကို စိတ်ဝင်စားကာ ပိုစ်တင်မယ်ဆိုဘဲ ဝမ်းသာလှပါတယ်ဗျ

  • မဟာရာဇာ အံစာတုံး

    September 4, 2013 at 1:24 am

    မန်ဘာတစ်ယောက်က ပို့စ်တစ်ခု အတွက်ပဲပေါ့နော် …
    ကျုပ်လည်း ဝင်ပြိုင်အုံးမှ ….

    လောလောဆယ် ဥငေးကျောက်စ် ပေါဒလိုဘဲ
    လော့အင် ဝင်ထားရင် ပေးလို့ရဝူးးး

    ပို့စ်အသစ် တင်မည် ….။
    အနီပေးမည် ….။
    သူညားပို့စ်တေမှာ နီတာတွေ မြင်ရင် လိုက်ဖျောက်ပလိုက်မည်။
    :mrgreen:

    • ခင် ခ

      September 4, 2013 at 9:32 am

      မန်ဘာတစ်ယောက်ပိုစ့်တစ်ခုဘဲ ဟုတ်ဘူးလေ အခု ၂၁ ရက်အတွင်းရေးသမျှပိုစ့်တွေကို လိုက်ပေါင်းယူမှာပါ။ တစ်ခုတော့ရှိပါတယ် နစ်နိန်းအမည်တော့ ထို ၂၁ ရက်အတွင်း တစ်ခုထဲဖြစ်ရင်တော့ ကျွန်တော်အတွက်အဆင်ပြေတယ်ပေါ့ဗျ ကိုအံစာတုံးရေ။

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 7:09 am

    အူးလေးရယ်
    ရွာဂျီး ဂွက်နေလို့ တားလည်း ဒီရက်ကြိုးဇားရေးနေဒါဗျဲ …
    မားကတ္တင်းရော စတိုင်းယားရော ကဗျောင်ရော ပေါ့..
    ရွာထဲလူမလာတာတော့ တားလည်း မတတ်နိုင်ဝူး
    လူဒွေ မားခိုမ်ကို ချဉ်ဂျတာ ပါမယ်ထင့်…..
    တားလည်း အဂ္ဂမဟာ ဖေ့စဘုတ်တော်ဂျီးမှာ ဒတ်သေဆြာ တစုကောင်းမှုနဲ့ မားဂီ
    ဖြစ်နေဘီ….ငိငိ .. ပျော်ပါတယ်ဗျာ ..အဲ့မှာ…
    ဒါပေသိ ..ရွာကို ချစ်သဗျ..
    ကျော်တတ်စွမ်းသမျှတော့ ရေးအူးမှာပါ…

    • ဦးကျောက်ခဲ

      September 4, 2013 at 9:33 am

      အကြံကုန် ဂဠုန်ဆားချက် နေရပြီဗျ…
      ကျောက်စ်လည်း လူ စိတ်ဝင်စားမည့် ပေါ့ပ် တွေရေးပြီး ပရိုမိုးရှင်းနေရတယ်…
      မရရင်တော့ ပွဲဆူအောင် ငြင်းစရာ အစတွေ ဆွဲကြတာပေါ့…
      ဒါပေသည့်… မားခိုမ်ကို လူဒွေ ချဉ်ဂျလို့ ဆိုရင်တော့… မတတ်နိုင်…
      ဪ… ဆွပေး နှိုက်ယူ ၊ ဖွပေး ပွဲဆူ… ဟီး ဟီး
      😀

    • ခင် ခ

      September 4, 2013 at 9:35 am

      ပြန်လာပြီးတစ်ခေါက်လာပြောတာ ကျေးဇူးပါဗျ။ အဘ ဖားသက်ပြင်းရဲ့ ပိုစ့်လေးတွေ အခုတလော တစ်ချို့ပိုစ့်တွေ မမန့်ဖြစ်ပေမယ် ဖတ်ဖြစ်တယ်ဗျ။ မမန့်ဖြစ်တာ ၃၀% က မန့်မယ်ကြံပြီး လော့အင် ဝင်တာ တစ်ခါတလေ ရွာတံခါးဝမှာဘဲ လည်နေတယ်လေ။ များသွားလို့နေမှာဗျ။

  • KZ

    September 4, 2013 at 8:14 am

    အဲလာဆို အနော် ပထမရဖို့ များတယ်။
    ဘာလို့တုန်း သိလားးးး
    ခုတလော ကေဇီ ကော်မန့်ကို ချက်ချင်း ကို စောင့်ပြီး နီပေးတဲ့သူရှိတယ်။
    အာရုံတွေရနေတယ်။

    ဒီရွာကိုချစ်မှတော့ ဒီလောက်တော့ ကြံစည်ရမှာပဲ။
    ဆက်ပြီး ကြံစည်လိုက်ဦးမယ်။
    ရွာစည်ရာ စည်ကြောင်းပြောတာပါ

    😀

    • ခင် ခ

      September 4, 2013 at 9:41 am

      ဆရာမ ကေဇီ ပိုစ့်ကတော့ အခုနီလိုက် အခုစိမ်းလိုက်နဲ့ သီတင်းကျွတ်ပွဲတော်တွေမှာလို မီးရောင်စုံတစ်လှည့်စီလာနေသလိုဘဲဗျာ။
      အရေးကောင်း လက်သွက်သူမို့ ကျွန်တော်ပိုမိုရှင်းရက်တွင်းမှာလည်း ရေးပါအုံးနော်။

      • KZ

        September 4, 2013 at 9:44 am

        ကြိုးစားပါ့မယ်ဗျာ။
        ကျနော်က စိတ်ပါမှ ရေးချင်ပြီး များအားဖြင့် စာပဲဖတ်ချင်တာမို့။
        ဒါမဲ့ ဒီရက်တော့ ကျောက်နဲ့ ပြောထားတယ်။ နောက် ၂ ပတ်အတွင်းကို ကြိုးစားရေးမို့။
        ခု ပြင်ဆင်ထားကြတယ်။

        ကိုကြီးခ ပလိုမိုးရှင်းအတွက်လည်း ထောက်ခံသူမို့ ကူပါ့မယ်ဗျ။
        😀

  • kyeemite

    September 4, 2013 at 9:18 am

    ကိုခင်ခရေ..
    ရွာမစည်တာကတော့ကြာပါပြီ
    လက်ရှိအနေအထားက ရွာထဲရေးနေကျ လူအချို့ရယ်
    မန့်နေကျလူအချို့ရယ်ပဲရှိတာ…ဒီလူတစ်ချို့ပဲပါတ်လည်ရိုက်ပြီးရွာလေးလှုပ်ရှားနေတာ
    ရွာလူဟောင်းအများစုကတော့ ဖေ့စ်ဘုတ်တော်ကြီးမှာပဲ
    အခြေချနေထိုင်နေကြပြီး ရွာဖက်လှည့်တောင်မကြည့်ကြတော့ဘူးဗျ
    ဘာပဲဖြစ်ဖြစ်ရွာကိုသံယောဇဉ်ရှိတဲ့ ကိုခင်ခရဲ့ ပရိုမိုးရှင်းလုပ်ရပ်ကိုကြိုဆိုပါတယ်ဗျာ.. 🙂

    • ခင် ခ

      September 4, 2013 at 9:50 am

      ကိုကြီးမိုက်ရေ ဆရာဦးဆောင်လုပ်မယ့် တွေ့ဆုံပွဲမှာ ဒီပိုမိုရှင်းလက်ဆောင်ကို ပေးမှာမို့ ကျွန်တော်က မန်းမှာမို့ အကယ်လို့မတက်ဖြစ်လည်း ပေး ပေးပါအုံးနော်။

      • kyeemite

        September 4, 2013 at 2:17 pm

        ပြောသာနေရတာ “ဖတ်ရွေး”တောင် တရားမဝင်ပျက်နေပြီဖြစ်ကြောင်း..ပါကိုခင်ခရေ 🙂

        • ခင် ခ

          September 4, 2013 at 3:20 pm

          အလ် အဲဒီလိုလား အင်းလေ ဆုံတွေ့ပွဲလုပ်ဖြစ်တော့လည်း အဲဒီမှာ ပေးမယ်ပေါ့ ဗျာ။ စောင့်ကြည့်လို့အချိန်ကျမှ အကယ်လို့ အကြောင်းအမျိုးကြောင့် မဖြစ်ဘူး ဆိုရင်လည်း ခင်ခ လက်ဆောင်ရခွင့်ရှိသူကို မန်းကမဟုတ်ရင်တော့ အနီးစပ်ဆုံး ပို့ပေးလို့ရတဲ့နေရာ ထိ ပို့ပေးရမှာပေါ့ဗျာ ကိုကြီးမိုက်ရေ။

  • Crystalline

    September 4, 2013 at 10:59 am

    ရွာထဲစဝင်ကာစထင်ပါတယ်.. တစ်ယောက်ထဲရဲ့ကွန်မင့်ကိုအနီရာချီ ပေးထားတာတွေ့ဖူးသေးတယ်. 🙂

    • ခင် ခ

      September 4, 2013 at 12:10 pm

      Crystalline ရေ မန့်သူကနည်းပြီး နီမယ့်သူက များနေလို့နေမှာပေါ့ဗျ။

  • amatmin

    September 4, 2013 at 2:16 pm

    ကိုခင်ခ ရေ..
    စိတ်ကူးလေးမိုက်သဗျ..။
    ရွာ့အခြေအနေကိုလိုက်ပီး ကိုခင်ခရေးနေ တွေးပေးနေတာလေးတွေ..
    အတော်များများလိုက်ဖတ်ဖြစ်ပါတယ်လို့.။
    ဂလိုအပင်ပန်းခံလိုက်နီပေးနေတာကိုကလည်း မတူခြားနားခြင်းတခုပေါ့ နော့.။
    😛

  • ခင် ခ

    September 4, 2013 at 3:34 pm

    ကိုအမတ်မင်းရေ ရွာစည်တော့လည်း ကောင်းတာပေါ့ဗျာ ဟုတ်တာရော မဟုတ်တာရော စာပေတွေများများဖတ်ရတော့ ပျော်မိတယ်လေ။ အခုရွာက နည်းနည်းငြိမ်သက်နေလို့ပါ။
    အနီ(အနုတ်)ပေါ်မှ အရင်ကတော့ဖိလင်ဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းတော့ ကျွန်တော်စိတ်ထဲ ဘာဖိလင်မှ မရှိပါဘူး ကျွန်တော်ပိုစ့်တွေမှာ ရဲဗလောင်းခတ်လည်း လိုက်မပြင်ဘူး ကျွန်တော့်မန်ချက်မှာ နီလည်းလိုက် မပြင်ဘူး ဒါလည်းမှတ်တမ်းဘဲလို့ ထားလိုက်ပါတယ်။ လုပ်သင့် မလုပ်သင့် တော် မတော်ဘဲ ဝေဖန်တဲ့ သဘောပါ ကျွန်တော်စိတ်ရင်းသဘောကတော့ သူတစ်ပါးကို ပေးရမယ့်အရာသည် လူဘဝအဆုံးသတ်ရင် မဖြစ်မနေခံစားရမယ် ငိုရမယ်ဉ္စာ ဘာလို့ ကြားကာလမှာခံစားစေမလဲဗျာ။

  • kyeemite

    September 5, 2013 at 1:02 pm

    ကိုခင်ခ အကြံပိုင်ပါပေ့ဗျာ…ဒီပို့စ် တက်လာပြီးကတည်းက
    ရွာမှာ အနီရောင်လုံးဝမတွေ့ရတော့ဘူးဗျို့… 😀

    • ခင် ခ

      September 5, 2013 at 1:14 pm

      အဲ ကိုကြီးမိုက် တစ်ခုခုတော့လွဲနေပြီနဲ့တူတယ် အနီပေးတာက မန်ဘာတွေဟုတ်ဘူး အပြင်ကလို့ ပြောကြတာ ဘဲလေ။ ဒီပိုစ့်က မန်ဘာအုန်းသီးလုပ်ထားတာ အပြင်ကသူတွေ ဖတ်လို့မရဘူးလေ။ အဲ တစ်ခုတော့ ရှိတယ် မန်ဘာတွေက ဘဲ………. အပြင်ကသူကို ပြန်ဖောက်သည်ချပြောရင်တော့ သိဘူးပေါ့။
      ဟိုစကားရှိတယ်လေ ပန်းသတင်း လေချင်ဆောင် ဆိုသလား….

Leave a Reply