မျဉ်းပြိုင်

Foolish GirlSeptember 3, 20131min1285

မျဉ်းပြိုင်နှစ်ကြောင်း
မဆုံနိုင်မှန်းသိတယ်
မဖြစ်နိုင်မှန်းလဲသိတယ်   ဒါပေမယ့်
မှန်ဘီလူးခုံးနဲ့မဆုံဆုံအောင်ငါကြိုးစားအားထုတ်ခဲ့တယ်
ဆုံနိုင်ပါတယ်ဖြစ်နိုင်ခဲ့ပါတယ် ဒါပေမယ့်
အပြင်မှာဘက်မှာကနဂိုအတိုင်းဘဲလေ
ဘယ်လောက်ဘဲကြိုးစားပါစေ
မျဉ်းပြိုင်နှစ်ကြောင်းကမျဉ်းပြိုင်နှစ်ကြောင်းဘဲပေါ့ ဒါ့ကြောင့်
သဘာဝကိုဆန့်ကျင်ပြီးငါဇွတ်မိုက်မေနေတော့ပါဘူးလေ

5 comments

  • အလင်းဆက်

    September 3, 2013 at 7:18 pm

    မျဉ်းပြိုင်… က
    မပြိုင်နိုင်ပဲ.. ပြတ်ကျန်ခဲ့တဲ့.. မျဉ်းပြတ်ထက်တော့..
    သာပါတယ် ။
    🙂

  • ခင် ခ

    September 3, 2013 at 10:30 pm

    မျဉ်းပြိုင်ဆိုတာ မပေါင်းဆုံပေမယ့် တူယှဉ်တွဲရှိနေလို တစ်ကြောင်းမျဉ်းလိုတော့အထီးကျန်ဆန်မနေပါဘူးလေ။

    • Conny Kim

      September 4, 2013 at 9:00 am

      ခင်ခပြောလိုက်မှ မစဉ်းစားမိတဲ့ ရှုထောင့်တစ်ခုကိုမြင်လိုက်ရတယ် ကျေးဇူးပါ

  • မဟာရာဇာ အံစာတုံး

    September 4, 2013 at 1:29 am

    မျဉ်းပြိုင် ဆိုပေမယ့်
    ဦးခေါင်းတွေ တူညီတဲ့ဘက်မှာ ရှိတဲ့အခါ
    လှပစွာ ရေးခြစ်နိုင်မှာပါ။
    အင်းး တစ်ယောက်ယောက် ကသာ ၉ဝ ဒီဂရီ စောင်းလိုက်ရင် ဖြစ်နိုင်ပါသေးတယ်။

  • ခင် ခ

    September 5, 2013 at 3:31 pm

    5.9.2013 – 3;29 pm – No ပါ။

Leave a Reply