ခံစားချက်တွေ
ရင်မှာပြည့်လို့
ချရေးမည်ကြံ
ဘောပင်ကိုထုတ်
စာအုပ်ထုတ်လို့
ထိုင်ငိုင်ကာတွေး
ဘယ်ကစလို့
ဘယ်လိုဖွဲ့နွဲ့
မသိတတ်၍
ထပ်ကာစဉ်းစား
တွေးပါသော်ငြား
ခံစားချက်ကို
မဖွဲ့တတ်၍
နေ၀င်သော်သော်
စာအုပ်ထက်၌
စာလုံးလေးလုံး
ဖက်တင်ကျန်ရစ်
ထိုထိုစာကား
နင့်ကိုချစ်ဧ။် ပေတကား…..

About Foolish Girl

C K has written 55 post in this Website..