ချစ်သူ့အတွက် အိတ်ဖွင့်ပေးစာ

Foolish GirlSeptember 6, 20131min1535

စနောက်ရယ်မောကြရင်း Carol သီချင်းတွေတူတူဆိုခဲ့ကြတာတွေ
ခရစ္စမတ်ညမှာ ဂိမ်းတွေဆော့ရင်း အတွဲအညီဆုံးဖြစ်ခဲ့တာတွေ
ခရစ္စမတ်လက်ဆောင်တွေအတွက်ပြင်ဆင်ရင်းအလုပ်ရှုပ်နေတဲ့ကြားကတယုတယပတ်ပေးခဲ့တဲ့နာရီလေးရယ်
ချစ်တယ်လို့အဖြေပေးခဲ့တဲ့ New Year ညက နှစ်ယောက်သားပျော်ရွှင်ခဲ့တာတွေ
ကန်ဘောင်လေးကထိုင်နေကျနေရာလေးမှာ ဝမ်းနည်းနေတဲ့ငါ့ကိုနှစ်သိမ့်ပေးခဲ့တဲ့အချိန်လေးတွေ
တစ်နေရာစီဝေးနေပေမယ့် သတိတရနဲ့ မုန့်ဖိုးလေးတွေခြွေတာရင်းအချိန်အကန့်အသတ်နဲ့ဖုန်းပြောခဲ့တာလေးတွေ
နင်ခရီးသွားနေတုန်းနင်ပေးခဲ့တဲ့ MP3 လေးကိုအလွမ်းပြေနားထောင်ရင်းအဖော်ပြုခဲ့တဲ့ရက်လေးတွေ
ကြယ်ကြွေတာကိုစောင့်ကြည့်ရင်း နင်နဲ့ တူတူကြယ်ကြွေဆုတောင်းခဲ့ဖူးတာလေးကိုသတိရနေမိတာတွေ
သင်္ကြန်ရက်တွင်းစိတ်ကောက်နေတဲ့ ငါ့ကိုနေတိုင်းရေလာလောင်းရင်းချော့ခဲ့တာလေးတွေ
တစ်ယောက်တင်းရင်းတစ်ယောက်ကလျှော့ပေးရင်း ကုန်ဆုံးခဲ့တဲ့ရက်လေးတွေ
ကျောင်းလစ်ပြီးနင်နဲ့တွေ့ခဲ့တဲ့ဝါးရုံတောလေးရယ်
ကျောင်းနားကသစ်ပင်ကြီးအောက်မှာ နင်နဲ့တူတူမိုးခိုခဲ့တဲ့ရက်လေးတွေ
အရာရာအားလုံးက မနေ့ တစ်နေ့ကမှ ဖြစ်ခဲ့သလိုပဲ ဒါပေမယ့်သေချာစဉ်းစားကြည့်ရင်လွန်ခဲ့သော ၅နှစ် နဲ့ ၁၄၅ ရက် ကအကြောင်းအရာတွေလေ
ငါ့အတွက်ဒီအမှတ်တရလေးတွေကမဟောင်းပဲအသစ်အတိုင်းရှိနေဆဲပဲ
နင်ကတော့ငါတို့ရဲ့အမှတ်တရတွေကိုအတိတ်မှာပဲထားခဲ့ပြီထင်တယ်
ရပါတယ် မေ့လိုက်ပါ
အရာရာအားလုံးငါ့အပြစ်တွေချည်းပဲ တောင်းပန်ပါတယ်လို့တောင်မပြောရဲပါဘူး
နင့်ဆီကခွင့်လွှတ်မှုကိုလဲမခံယူရဲပါဘူး
အတ္တကြီးတဲ့မိန်းမကိုစွန့်လွှတ်ခဲ့တာ နင့်အတွက်ကံကောင်းခြင်းဖြစ်မှာပါ
အရာရာအဆင်ပြေပါစေချစ်သူ
God Bless You and Your’s

5 comments

  • အလင်းဆက်

    September 6, 2013 at 5:29 pm

    အဲ ဖတ်လို့ကောင်းကောင်းနဲ့ အရှိန်နဲ့ ဖတ်လာတာ
    အောက်နာားရောက်တော့

    ဘာစာတွေ ဖြစ်နေတာပါလိမ့်

    • Conny Kim

      September 6, 2013 at 6:23 pm

      ဘာစာတွေလဲဆိုတော့ ချစ်သူ့အတွက်စာလေ
      မသိချင်တော့တဲ့အကြောင်းတွေပါ ရေးထားတော့တာကြာပြီ ဒီစာလေးထဲမှာပါတဲ့ ရက်ကတော့ပြန်ချိန်းထားတယ် တင်ချင်စိတ်လေးရှိတာနဲ့တင်လိုက်တာပါ ဘာရယ်တော့မဟုတ်ပါဘူး

      • အလင်းဆက်

        September 7, 2013 at 8:06 pm

        အင်းးး
        ကျွန်တော် မနေ့က ဖွင့်ကြည့်တော့…
        အောက် ဆုံးနားက လေးငါးကြောင်းလောက်က…
        တရုတ်စာလိုလို ကုလားစာလိုလို တွန့်တွန့်ကောက်ကောက်လေးတွေ ဖြစ်နေလို ့ပါ ။
        ဒါပေမယ့်.. မိနစ်ပိုင်းအတွင်းမှာပဲ.. ပြန် ကောင်းသွားပါလေရော…

        ကျွန်တော်ပဲ.. အမြင်မှား သလား…ပေါ့
        :kwi:

  • ခင် ခ

    September 8, 2013 at 3:24 pm

    ပိုမိုရှင်းအတွက်ဝင်ကြည့်ချိန် ညနေ ၃း၂၆
    မှတ်တမ်းဝင် ၁။

  • ဆူးရဲ

    September 9, 2013 at 10:04 am

    အချစ်ဆိုတာတခါတလေအဲဒီလိုပဲဖြစ်တတ်ပါတယ်မှန်းချက်နဲ့နှမ်းထွက်မကိုက်သလိုမျိုးပေါ့

Leave a Reply