ဒုရဲအုပ်က သေနတ်နဲ ့တေ့ပစ်လို ့ရဲအုပ်သေဆုံး

တောင်ပေါ်သားSeptember 4, 20131min1065

စက်တင်ဘာလ(၂)ရက်နေ ့ညက  မန္တလေး  ရဲတိုင်းရုံး၊ မှုခင်းဖော်ထုတ်တဲ့ဌာနက  in charge  ရဲအုပ် မောင်တင့်ကို အဲဒီဌာနမှာ  တာဝန်မှူးကျတဲ့  ဒုရဲအုပ် သိန်းသန်းစိုးက  ပစ္စတိုသေနတ်နဲ့  ပစ်သတ်လိုက်ပါတယ်။

(၂)ဦးစလုံး  မန္တလေး တိုင်းရုံး မှုခင်းဖော်ထုတ်တဲ့ ဌာနကဖြစ်ပြီး အဲဒီနေ့က  ရဲအုပ် မောင်တင့်က  အပြင်ရောက်နေတဲ့  ဒုရဲအုပ် သိန်းသန်းစိုးကို တာဝန်တစ်ခုဆောင်ရွက်ဖို့  လူစု(တန်းစီ)တာ မှာ  မရှိလို့ တာဝန်မှူး လုပ်ပြီး  ဘာကြောင့် မရှိသလဲ ဖုန်းနဲ့ပြောကြရင်း  ရန်ဖြစ်ကြတယ် လို ့ဆိုပါတယ်။

အဲဒီနောက်တော့ ဒုရဲအုပ် သိန်းသန်းစိုးက   ရုံးကို  ရောက်လာတယ် ။  တန်းလုပ်တာတော့ မဟုတ်ဘူး  အေးအေးဆေးဆေးဘဲ နေရင်း ခဏနေမှ သူ(ရဲအုပ်) နားကဖြတ်သွားပြီး  နားထင်ကို ကပ်ပစ်လိုက်တာ ၊ ကျည်က နားထင်ကဝင်ပြီး ဂျိုစောင်းက ထုတ်ချင်း ပေါက်ထွက်သွားတယ် ၊ တန်းတော့ မသေဘူး .. အသက်ငွေ့ငွေ့လေးတော့ ရှိသေးတယ် ဆေးရုံရောက်မှ သေတာလို ့ရဲတပ်ဖွဲ ့ သတင်းရပ်ကွက်က ဆိုပါတယ်။

ဒုရဲအုပ် သိန်းသန်းစိုးက  ခတ်အေးအေးသမားဘဲလို့ ပြောတယ် ၊  ရဲအုပ် ကတော့  ဗြစ်စိဗြစ်စိ ပြောတယ်တဲ့ အကျင့်ရှိတယ် လို့ သိရပါတယ်။

by Myanmar News Now11

 

 

5 comments

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 7:59 am

    ဗြစ်စိဗြစ်စိ ပြောတတ်လို့ ခဲသီးပူပူလေးနဲ့ ပူဇော်လိုက်တယ်လား ..အော်…။

    😛

  • KZ

    September 4, 2013 at 8:04 am

    ဪ။
    သေနတ်ဆိုတာ အချင်းချင်းပစ်ဖို့ကိုးးးးးးး
    🙁

  • kyeemite

    September 4, 2013 at 8:43 am

    လူတစ်ယောက်ကို သွေးအေးအေးသတ်ဖို့က
    ကျုပ်အထင်တော့ ခုလက်ငင်းပြဿနာထက်ပိုတဲ့
    နောက်ကြောင်းမကြေနပ်ချက်တွေရှိလိမ့်အုံးမယ်မှတ်တယ်ဗျ… 🙁

  • ခင် ခ

    September 4, 2013 at 10:18 am

    ကိုကြီးမိုက်ပြောသလို ဖြစ်နိုင်တယ်၊ လိပ်ခဲတင်းတင်းတွေ အရင်ကထဲကရှိခဲ့မယ်ထင်တာပါဘဲလေ။

  • ခင် ခ

    September 6, 2013 at 3:10 pm

    Sep 6 / 3:07 pm

Leave a Reply