မိုက်တဲ့ကောင် နီလိုက်ကွာ

တောင်ပေါ်သားSeptember 4, 20131min21318

တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်

 တရုတ်ကုမ္ပဏီ မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်

တရုတ်နိုင်ငံက လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း  (CPI) ဟာ သမ္မတဦးသိန်းစိန်က ဆိုင်းငံထားဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို စာချုပ်အတိုင်း ဆက်လုပ် သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပနေတဲ့  မြန်မာ့ စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

ဒီအစည်းအဝေးကို confexhub  (ကွန်ဖက်ဟတ်) အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့  စွမ်းအင် ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဌာနနဲ့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်းကျင်ပတာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စွမ်းအင် စီမံကိန်းတွေအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာ ဆန်းစစ်ချက် (CEIA) အစီအစဉ်တွေကို ထည့်သွင်းဆွေးနွေးဖို့ရှိပြီး  မနက်ဖြန်မှာ ဆွေးနွေးပွဲပြီးဆုံးမှာ ဖြစ်ပါတယ်။

 

from DVB

18 comments

  • kai

    September 4, 2013 at 4:21 am

    ပြီးခဲ့တဲအပါတ်က.. ယူအက်စ်မှာ လေဘာဒေးပိတ်ရက်မို့.. ကမ္ဘာကျော်ရော့ကီးတောင်တန်းပေါ်က.. ရိုစမီတီအမျိုးသားသစ်တောကိုသွားလည်ပါတယ်..
    တကယ်က.. အဲဒီမှာ ကယ်လီဖိုးနီးယားရဲ့သမိုင်းဝင် တောမီးကြီးလောင်နေသမို့.. လူအဝင်အထွက်တော်တော်နည်းတာပါ…
    လေ့လာချင်တာနဲ့သွားတယ်ဆိုပါစို့..

    Rim fire in and around Yosemite almost third largest in state history
    Los Angeles Times-by Samantha Schaefer-2 hours ago
    Rim fire: Pot-growing operation near Yosemite may have sparked blaze · joseph.serna@latimes.com · Twitter: @josephserna · Samantha.

    ရိုစမတီသစ်တောက မြစ်ဖျားခံတဲ့..မြစ်ကိုဆည်ဖို့ပိတ်စို့ပြီး.. ရေကာတာဆောက်.. အဲဒီကနေ.. ဆန်ဖရန်စစ္စကိုမြို့ကို.. ရေသန့်နဲ့..လျှပ်စစ်ဓါတ်အားပေးနေတာဖြစ်ပါတယ်..။
    အခုတော့.. ဆန်ဖရန်လည်း.. အသည်းအသန်ဖြစ်ပေါ့…

    O’Shaughnessy dam with Hetch Hetchy reservoir behind it. The area is threatened by wildfires. The reservoir provides water to 2.6 million people in the San Francisco bay area, the dam’s hydroelectric power plants provide power for some San Francisco municipal buildings. Photo taken June 17, 2011.(Photo: Elizabeth Weise – USA TODAY)


    Yosemite Fire Threatens San Francisco Water And Power

    Huffington Post-Aug 27, 2013
    SAN FRANCISCO–As the massive Rim Fire near Yosemite National Park continues to grow, firefighters are scrambling to get a hand on the …

    ပုံမှန်အားဖြင့် တနှစ်ကြိုဘွတ်လုပ်ရတဲ့.. ဟိုတယ်ခန်းတွေ.. အကုန်လွတ်နေပါသဗျ…
    ကျုပ်လည်း.. သစ်တောနားကပ်ရက်မြို့လေးက.. ဟောတယ်ခန်း တည၁၀ဝနဲ့ပေါချောင်ကောင်းရပါတယ်..

    အဲဒီကနေ.. သစ်တောဝင်းထဲရောက်တော့… အံ့ဩစရာတွေရပါတယ်..
    လွန်ခဲ့တဲ့… ၃နှစ်ကရောက်တုံးက..စိမ်းစိုနေတဲ့သစ်တော… ရေတံခွန်တွေနဲ့ စွတ်စိုနေတဲ့သစ်တော…
    နှစ်၉၀၀ဝသက်တမ်းရှိတဲ့သစ်တော့… ကမ္ဘာပူနွေးလာမှုဒဏ်တော်တော်ခံနေရပုံပါပဲ…

    ရေတံခွန်မှာ ရေမရှိ… စမ်းချောင်းငယ်လေးတွေ.. ရေခြောက်ခမ်းနဲ့… ၃နှစ်အတွင်းပြောင်းသွားပုံ.. လန့်စရာပါ…။
    ရေတံခွန်စမ်းချောင်းငယ်တွေဟာ.. မြစ်ကြီးတွေရဲ့.. မူလရေရရာအရင်းအမြစ်တွေပါ..
    အဲဒီစမ်းခောျင်းငယ်လေးတွေရေဘယ်ကရသလည်းဆိုတော့.. တောင်အမြင့်တွေပေါ်က.. နှင်းခဲတွေမိုးတွင်းဆောင်းတွင်း.. ကျထားတာတွေရေည်ဖြေးဖြေးချင်းပျော်နေတာကနေ.. ရတာပါတဲ့…
    ဆိုတော့…
    ကမ္ဘာပူနွေးလာလို့.. ဆီးနှင်းတွေအရေပျော်ကျကုန်တာမြန်… မြန်တော့.. အခုလိုနွေခေါင်ခေါင်မှာ.. ပျော်ကျစရာဆီးနှင်းမရှိတော့ဘူးပေါ့…

    ဒါမျိုး.. တကမ္ဘာလုံးခံစားနေရတာဖြစ်ပါတယ်..
    ဂရင်းလန်းဒ်လို့ခေါ်တဲ့.. ဆီနှင်းတွေနဲ့ဖုံးထားတဲ့.. ကျွန်းကြီး.. အာတိတ်ရေခဲပြင်ကြီး. အားလုံးခံစားနေရပါတယ်..။

    Greenland Ice Is Melting — Even from Below: Heat Flow from the …
    Science Daily (press release)-Aug 13, 2013
    Aug. 11, 2013 — The Greenland ice sheet is melting from below, caused by a high heat flow from the mantle into the lithosphere. This influence is very variable …

    ဧရာဝတီရဲ့..မူလ.. မေခ..မလိခ.. မေခမလိခရဲ့ရေရာ.. ဟိမဝန္တာတောင်ကြောလည်းခံစားနေရပါတယ်…

    Mt. Everest Melting Due To Climate Change: Snow, Glaciers Retreat …
    KpopStarz-Aug 23, 2013
    Mount Everest’s frozen peak has melted by 13 per cent in the last 50 years. The snow line has retreated rapidly, by 590 feet, causing rocks and …

    ဧရာဝတီကို.. သေသေချာချာလေ့လာပြီး.. တကယ်(တကယ်)ကယ်သင့်တဲ့အချိန်ပါလို့.. :kwi:
    ဧရာဝတီရဲ့..ရေချိုတွေ ပင်လယ်ထဲအလဟဿမစီးဆင်း.. မကုန်ဆုံးစေပဲ.. စနစ်တကျသုံးစွဲရမယ့်အချိန်ပါလို့…

    The world water shortage looks unsolvable
    Salon-Aug 4, 2013
    As we have been hearing, global water shortages are poised to … the number of people unable to reach or afford safe drinking water by 2015, ..

    =

    Europe threatened by greater water risks: OECD report
    EurActiv-14 hours ago
    The report coincides with World Water Week, a yearly event by the … from increased global demand, and shortages and floods caused by climate change. … valuable wetland habitats, protection of drinking water resources, …

    • KZ

      September 4, 2013 at 8:22 am

      တဂျီးရေ။
      တဂျီးပြောတာကို လည်း နားလည်ပါတယ်။
      ဒါမဲ့ ကျနော့ အမြင် (ကျနော့ တစ်ယောက်တည်း အမြင်) အရ။

      ဒီ ဧရာဝတီကို မထိချင်ဘူးဆိုတာ ကွန် အမြင်နဲ့ နောက်ပြန်ဆွဲနေတာမဟုတ်ပဲ
      ဒီ အစိုးရ နဲ့ တရုတ်လက်ထဲ ဘရုတ်သုတ်ခဖြစ်မှာပဲ မလိုလားတာပါ။

      သူ့တို့ ပေါင်းတဲ့ ဘယ် ပရော့ဂျက်ဟာ မြန်မာပြည်ကြီး အတွက် ကောင်းခဲ့ပါသလဲ လို့သာ။

      တာဆီးတဲ့ သူများလည်း ဒီလိုပဲရှိမယ်မှတ်ပါတယ်။

    • ဦးကျောက်ခဲ

      September 4, 2013 at 9:17 am

      ခက်စ်တာပဲ သဂျီး…
      အဲသည့် မြစ်ဆုံဆည်ဆောက်လိုက်ရင် အားလုံးပြီးပြည့်စုံသွားမှာလား????
      နောက်ပြီး ဘယ်သူ့ အကျိုးစီးပွါးအတွက် ဆောက်မှာလဲ????
      Global Warming က ဆည်တွေကြောင့် ဖြစ်တယ်ဆိုတာကရော????
      ရေလီတာ ၅ဝကို တချိန်လုံးမထားရရင် ကိုယ်တွေလက်တွေ ဘယ်လိုနေမလဲ????
      အခု ရေလီတာ သန်းပေါင်းများစွာကို ငလျင်ကြောပေါ် တင်ထားရရင်ရော????
      မြစ်အကြေအရပ်မှာ ရေငံဝင်လို့ တစ်တိုင်းပြည်လုံး ပျက်မည့်ကိစ္စကို…
      (မယုံမရှိနဲ့ ဆည်ရေထိန်းချိန်မှာ ရေငံပေါက်ရင် အားလုံးထမင်းငတ်သွားမယ်)

      ကျောက်စ် အဲဒါနဲ့ပက်သက်လို့ ဖတ်ထားတဲ့ စာတမ်းရှိတယ် ရှည်နေလို့….
      နောင်များမှ မြန်မာမှုပြု အတိုခြုံးပြီးတင်ပေးမယ်…
      🙁

      • kai

        September 4, 2013 at 11:58 am

        ကယ်လီဖိုးနီးယားကလည်း.. ငလျှင်ကြောပေါ်မှာပါဗျ…
        မြန်မာပြည်မြစ်ကြီးနားဝန်းကျင်လောက်က ငလျှင်ကြောလောက်တော့.. သနားတယ်ခေါ်ရလောက်အောင်.. လှုပ်ရှားသက်ဝင်နေပါတယ်..။

        ဒါပေမယ့်…
        အဲဒါကနောက်… လောလောဆယ်… ယူအက်စ်က မြစ်ကြီးတွေအားလုံး(အားလုံး) ဆည်ဆောက်.. လျှပ်စစ်ထုတ်နေပြီးနေပြီ..။
        ယူအက်စ်မြစ်တစင်းမှာ.. ဆည်တခုတောင်မဟုတ်.. ၁ဝဂဏန်းတောင်…


        How many dams are there in the United States?

        The exact number of dams is not known. There are approximately 79,000 dams in the US Army Corps of Engineers’ (Corps) National Inventory of Dams (NID), which is the most comprehensive inventory of dams nationwide. However, this inventory only covers dams that meet minimum height and impoundment requirements, so an unknown number of small dams are not included in the inventory. Of the 79,000 dams in the database, approximately 66,000 are located on rivers (the remainder impound water off-river).
        – See more at: http://www.americanrivers.org/initiatives/dams/faqs/#sthash.MfdF7ovZ.dpuf

        မြစ်ဆုံမှာ ဆည်ဆောက်ရမယ်တော့ မဟုတ်..
        ဧရာဝတီမှာ.. နေရာအနှံ့ ဆည်တွေဆောက်ကြရမယ်.. ရေချိုကိုဆည်ပိတ်ရမယ်.. လျှပ်စစ်ဓါတ်ထုတ်ကြရမယ်လို့.. .ဆိုလိုရင်းပါ…။
        မိုးတွင်းမှာ.. ရေတွေဆည်ပိတ်ဆို့ပြီး.. ရေကြီးတာကို ကာကွယ်မယ်..
        နွေမှာ ရေလွှတ်ချပြီး.. ရေနည်းတာကို ဖြည့်မယ်…။
        ကြာကနေ.. လျှပ်စစ်အမြတ်ယူထုတ်မယ်..။
        သဘာဝကိုသဘာဝအတိုင်းမထားပဲ.. လူ့စွမ်းအားနဲ့.. သဘာဝကိုထိမ်းချုပ်မယ်..။

        ဒီလိုလုပ်ဖို့..( စိနပြည်မှမဟုတ်..) ကိုယ်တွက်ချေကိုက်မယ်ဆိုရင်.. အကုန်နဲ့ပူးပေါင်းလုပ်မယ်..။
        အရင်က.. စိနပြည်တခုထဲမို့.. ရင်းနှီးမြုတ်နှံမယ့်ပြည်ရှာဖို့.. ခက်ကောင်းခက်နိုင်ပေမယ့်… အခုအချိန်ကျ.. အီတလီခေါ်မလား.. ဂျပန်ခေါ်မလား.. ယူအက်စ်ခေါ်မလား.. အေးဆေးပဲ… ဆိုတဲ့အခြေအနေလေ…

        ဒီလိုကမ္ဘာပူနွေးနေချိန်… ပတ်ဝန်းကျင်သမားတွေအော်ကြမပေါ့..
        သူတို့ကမှ.. ရေချိုမငတ်တာ..
        သူတို့ကလျှပ်စစ်မီးလည်း အလုံအလောက်ရပြီး.. အဲယားကွန်းလေးနဲ့..စာပွဲပေါ်ထိုင်နှပ်နေနိုင်သူတွေကိုးဗျ…
        ပြောရရင်.. ယူအက်စ်အပါအဝင် ဥရောပနိုင်ငံတွေက.. ကမ္ဘာကုန်ကယ်မည်ဆိုသူလူကြီးမင်းများကို.. အားကြီးအမြင်ကပ်တယ်..
        သူတို့ကျ ကမ္ဘာကိုလုပ်ချင်တိုင်းလုပ်ခဲ့ပြီး.. ငမွဲနိုင်ငံကလေးတွေ.. စက်မှုလုပ်ဖို့.. အားလည်းယူရော.. ဂလိုဘယ်ဝမ်းမင်းဆိုပြီး..ဝင်အော်လိုက်ကြတာ..
        သူတို့အစိုးရတွေကျ… ကမ္ဘာဒုက္ခရောက်အောင် လက်တွေလုပ်နေတာတွေ..လျှေ့ာလည်းမလျှော့.. လုပ်ပြီးတာတွေအတွက်လည်း.. တာဝန်မယူ..
        အားကြီး… အမြင်ကပ်ကြောင်း….

        ဆိုလိုရင်းက…
        ဧရာဝတီနဲ့.. မြန်မာပြည်ကို.. တကယ်(တကယ်) ကယ်တင်ပါ… :mrgreen:

      • ဦးကျောက်ခဲ

        September 4, 2013 at 12:38 pm

        မပူပါနဲ့ သဂျီး…
        ကျနော်ဖတ်ခဲ့တဲ့ စာတမ်းထဲမှာ အဲဒါတွေလည်း ပါ ပါတယ်။ San Andreas Fault ဆိုရင် အခုအထိ ရွေ့နေလို့ Satellite က တိုင်းရတဲ့ အဆင့်ကို ရောက်နေပါပြီ။
        စာမြည်းပေးမယ်လေ သဂျီးရဲ့… ရေဖြည့်လိုက်တိုင်း ငလျင်လှုပ်လို့ Spillway ဖွင့်ထားရတဲ့ ဆည်တွေ။ Catchment Area ကတောင်ပြိုကျလို့ ဆည်လည်းဆုံး အိပ်နေတုန်း လူ ၂၀၀ဝလောက် ရေအောက်ရောက်သွားတာတွေ။ ပါကစ္စတန်မှာ ရေချိုအသိမ်းလွန်လို့ မြေလွှာအောက်က Salt Dome တွေ အရည်ပျော် မြေပေါ်ကို ရောက်လာလို့ လယ်တွေ ပျက်ရတာတွေ။ ကောင်းကျိုးဆိုးပြစ် အကုန်ပါတာမို့ စဉ်းစားစေချင်လို့ပါ။ တကယ်တော့ စစ်ကိုင်းငလျင်ကြော ကလည်း San Andreas Fault နဲ့ နင်လားငါလားမို့ မုံရွာနား မြစ်ကြမ်းပြင်အောက်က ရေချိုကန် (Underground Freshwater Basin) ကွဲသွားရင် အကုန်လုံး အကျိုးနဲမှာခင်ဗျ။ ပိုက်ဆံရှိရင် နည်းပညာက သဘာဝကို အံတုနိုင်တယ်ဆိုတဲ့ Investor တွေ၊ Developer တွေ၊ Contractor တွေ၊ ထွင်တဲ့ စကား… ဘယ်လောက်မှန်သလဲ လို့ စဉ်းစားကြတာပေါ့။ ကျောက်စ်လည်း Contractor ပါ၊ ဒါပေသည့် Sustainable Development ကို ထိန်းရမှာ လူသားအားလုံးနဲ့ ဆိုင်တာမို့….

        • အဘ ဖားသက်ပြင်း

          September 4, 2013 at 12:42 pm

          ကျောက်စ် 1-0 မားခိုမ်

          😛

        • kai

          September 4, 2013 at 1:26 pm

          ဟင်း..
          ကျုပ်က တင်လိုက်ရတာ.. သတင်းတွေ..ပုံတွေနဲ့.. ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော..
          ကျောက်စ်က.. စာတမ်းစာတမ်းနဲ့.. ဘာမှန်းမသိတာနဲ့ကိုင်ကိုင်ပေါက်နေတော့ကာ..
          ပြ… အဲဒီစာတမ်း.. :kwi:

        • ဦးကျောက်ခဲ

          September 4, 2013 at 4:51 pm

          သဂျီး လင့်ပို့ပြီးပြီနော်…
          အကျယ်သိချင်ရင် အောက်ပါလင့်မှာလည်း ဖတ်နိုင်ပါတယ်…
          http://www.internationalrivers.org/earthquakes-triggered-by-dams

        • kai

          September 5, 2013 at 1:19 am

          လင့်ခ်ရတယ်ဆြာကျောက်စ်ရေ..
          ကျေးကျေး..။ အချိန်ယူဖတ်ပါ့မယ်…
          ဒါပေမယ့်.. ထိုင်းကဦးဆောင်ရေးတာမို့.. သံသယအပြည့်နဲ့ဖတ်မယ်လို့ ကြိုပြောပါရစေ..။ လောလောဆယ်.. ဘရိန်းစရုံးလုပ်ဦးမယ်..။ ဒီလို…
          ========

          China
          Dams and reservoirs in China are numerous and have had a profound effect on the country’s development and people. According to the World Commission on Dams in 2000, there were 22,104 dams over the height of 15 m (49 ft) operating in China. Of the world’s total large dams, China accounts for the most – 20 percent of them; 45 percent of which are used for irrigation. Accordingly, the oldest in China still in use belongs to the Dujiangyan Irrigation System which dates back to 256 BC.[1][2] In 2005, there were over 80,000 reservoirs in the country and over 4,800 dams completed or under construction that stands at or exceed 30 m (98 ft) in height.
          ======
          US
          The following is a partial list of dams and reservoirs in the United States. There are an estimated 75,000 dams in the United States, impounding 600,000 mi (970,000 km) of river or about 17% of rivers in the nation.
          =======
          India

          India ranks third in the world after China, USA and Russia in terms of number of dams. The country has about 4710 completed large dams.
          =======
          ပြောချင်တာက.. သူတို့တွေ ထောင်သောင်းချီတဲ့.. ရေကာတာတွေဆောက်ပြီးမှ… ဖွံ့ဖြိုးတိုးတက်လာခဲ့ကြတယ်..။
          အခု.. မြန်မာပြည်ရဲ့ တခု၂ခုလောက်လုပ်ပါမယ်ဆိုမှ.. လာစာရင်းမရှုပ်စေလိုပါ… လို့…

          Top 5 Ways to Cause a Man-Made Earthquake
          By Alexis Madrigal
          1) Build a Dam
          2) Inject Liquid Into the Ground:
          3) Mine a Lot of Coal:
          4) Drill a Gusher Dry
          5) Create the World’s Biggest Building:
          http://www.wired.com/wiredscience/2008/06/top-5-ways-that/

          တခုလိုချင် တခုပေးရမှာပေါ့… ဟုတ်ဘူးလား… :mrgreen:

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 7:03 am

    ရေချိုရင်းမြစ် ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့ ဒီသဂျီးကတော့ ရာဇဝင်များရဲ့ သတို့သမီးကို မျက်စောင်းထိုးပြန်ဘီ…
    အဲ့လာယီးက နတ်နေကိုင်းဗျ …လော့ဂျစ်ဘယ်လောက် ဟုတ်ဟုတ် ပရော်ပါဘစ်လတီနဲ့ ဇကာတိုက်ချလိုက်ရင်
    ဂွမ်း မယ့် အိုင်ဒီယာပါအူးလေးရာ…

    • kai

      September 4, 2013 at 12:17 pm

      သမိုင်းရေးတာလေ…
      တချိန်..
      .. မြန်မာပြည်ရဲ့ရာဇဝင်များရဲ့သတို့သမီး.. ရေငတ်… အပျိုရည်ပျက်ရင်.. သမိုင်းတရားခံမဖြစ်အောင်.. :mrgreen:

  • ခင် ခ

    September 4, 2013 at 10:12 am

    ရေအားလျှပ်စစ်က သဘာဝရာသီဥတုကိုမှီနေရအုံးမယ် ကျောက်မီးသွေးတို့ နယူကလီယားတို့ကနေ ထုတ်နိုင်ရင်တော့ ပိုကောင်းမယ်ထင်တာပါဘဲ။ ကျွန်တော်တို့ဘက်မှာ ရဲရွာရေအားလျှပ်စစ်ဆောက် ထားတယ် အဲဒါဆောက်တုန်းကတော့ ဒီစီမံကိန်းကြီးပြီးသွားရင် မန္တလေးကတော့ လျှပ်စစ်မီးပူစရာ မလိုတော့ဘူး မက်ကာဝပ်ကအများကြီးရမှာတဲ့။ ပြီးခဲ့တဲ့နွေရာသီမှာတော့ မနှစ်ကမိုးကောင်းကောင်းမရွာလို့ ရဲရွာလည်းမကယ်နိုင်ပါဘူးဗျာ မီးစက်ကလေးတွေအသံ ဆူဆူညံနဲ့ အရင်လိုပါဘဲဖြတ်သန်းခဲ့ရပါ၏။

    • kai

      September 4, 2013 at 12:12 pm

      ဦးကြီးခရဲ့…
      နှူက.. မြန်မာတွေရဲ့နည်းပညာငွေအင်အားနဲ့.. မနိုင်သေးပါဘူး..
      ကျောက်မီးသွေးကတော့.. အားပေးပါတယ်..။
      ဥပမာ.. ထားဝယ်ဖက်လုပ်တာမျိုးဆိုရင်ပေါ့..
      ကိုယ့်ဆီကထွက်တဲ့..မီးခိုးပြာငွေ့.. ယိုးဒယားဆီသွားမှာလေ… :mrgreen:

      နှူယိုထွက်လာရင်.. ပရုပ်ဆီလူးလို့.. မပျောက်ဖူးဗျ…
      နောက်ပြီးတကယ်ပြောတာပါ…

      ကမ္ဘာ့စီးပွားအင်အား တတိယအကောင်းဆုံး.. အီလက်ထရောနစ်နည်းပညာမြင့်ကိုင်ထားတဲ့.. ဂျပန်တောင်.. ပြာယာကိုခတ်နေရသာတာ ကြည့်ပေတော့..။

      Japan earmarks £300m+ for Fukushima cleanup
      The Guardian-3 hours ago
      Japan’s government is to spend almost $500m (£320m) in an attempt to contain leaks and decontaminate highly toxic water at the Fukushima …

      • ဦးကျောက်ခဲ

        September 4, 2013 at 12:49 pm

        ဟောင်ကောင်မှာ လျှပ်စစ်ကို တောင်အာဖရိက ကနေ ကျောက်မီးသွေး တင်သွင်းပြီး ထုတ်ပါတယ်။ အနားက ကျွန်းတကျွန်းပေါ်မှာ တာဘိုင်ထိုင်ပြီးထုတ်တာခင်ဗျ။ ဟဲ ဟဲ… Black Rain ရွာတော့လည်း သူလိုငါလိုဆိုတော့၊ အစိုးရက အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေး၊ Alert Level ရောက်လာရင် အိမ်ပြင် မထွက်ကြဘူးလေ။ တခုလိုချင် တခုပေးရမှာပေါ့… ဟုတ်ဘူးလား… ဒါတော့ သဘောတူတယ်…
        😀

  • အလင်းဆက်

    September 4, 2013 at 8:23 pm

    အားလုံးကိူ…
    သိမ်းကြုံး ဖတ်ရှု သွားပါကြောင်းးးး

    • YE YINT HLAING

      September 4, 2013 at 8:40 pm

      အတူတူပဲဗျို့။

  • Ma Ma

    September 5, 2013 at 9:57 am

    ကျောက်စ် 1-0 မားခိုမ် ကို
    + ပေးမလို့ မရတာနဲ့ ဝင်မန့်လိုက်တာ။
    ( ၁ဝ အချောင် ဝင်ယူခြင်း မဟုတ်) 🙂

    ခုရက်ထဲ ဒီက ကွန်ကြောင့်ပဲလား ဘာကြောင့်လားတော့ မသိဘူး။
    ဝင်ရခက်တာအပြင် + ပေးလို့လည်း မရဘူး။
    ဒီကြားထဲမှာ တချို့ပိုစ့်တွေမှာ အနီတွေ များနေတာ အံ့တောင် အံ့ဩမိတယ်။ 🙁

  • ခင် ခ

    September 6, 2013 at 3:14 pm

    Sep 6 / 3:10 pm
    See (1)

Leave a Reply