“ကျွန်တော်ဆိုတာ”

ကျွန်တော်ဆိုတာ ခင်ဗျား မဖတ်တတ်ခဲ့တဲ့ကဗျာတစ်ပုဒ်
ရင်ဘတ်ထဲမှာ ခပ်ကြမ်းကြမ်းစုတ်ချက်တွေနဲ့
ပင်လယ်ပြင်လို လှိုင်းထန်နေတဲ့သူ
အေးစက်နေတဲ့ ဆောင်းညအလယ်တောင်မှ
နေဆယ်စင်းထွန်းလို့ မီးလိုပူနေတဲ့သူ

ကျွန်တော်ဆိုတာ ခင်ဗျား နားမလည်နိုင်တဲ့ သံစဉ်တစ်ပုဒ်
ခပ်ရှရှ ဖွဲ့နွဲ့မှုတွေကြား အသံလှိုင်းတွေက ဓါးသွားတစ်လက်လို
လေယူရာ ယှိမ်းနွဲနေရသူ

ကျွန်တော်ဆိုတာ ခင်ဗျား အဖြေမရှာနိုင်တဲ့ သချင်္ာပုစာ္ဆတစ်ပုဒ်
သီအိုရီတွေနဲ့ ညီမျှခြင်းတွေကြား
အဖြေမထွက်တဲ့ မသိခြင်းကိန်းတွေနဲ့ပဲ တည်ဆောက်ထားတဲ့သူ

ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့ ဂျိုကာရုပ်တစ်ကောင်
အမြဲပြုံးနေတဲ့ စပ်ဖြဲဖြဲမျက်နှာဖုံးတပ်ဆင်လို့
နှလုံးသားမဲ့ ရုပ်ဝတ္တုကို ထမ်းပိုးရင်း …
ငိုရင်တောင်မှ အများပြုံးစရာဖြစ်နေတဲ့
ဘယ်သူမှနားမလည်နိုင်တဲ့သူ

ရင်ဘတ်ထဲမှာ သံယောဇဉ်ကြိုးတွေတန်းလန်းစိုက်ဝင်လို့
ကျွန်တော်ဆိုတာ ခင်ဗျားမသိခဲ့တဲ့
ခင်ဗျားရဲ့ ရင်ဘတ်တစ်ခြမ်းဖြစ်ချင်ခဲ့သူ ….

ကျွန်တော်ဆိုတာ ခင်ဗျားကိုလွမ်းရင်တောင်မှ
အလွမ်းတွေကိုပဲ တင်းတင်းပွေ့ပိုက်လို့
အဖော်မဲ့တဲ့ လမ်းမှာ အိပ်မက်အသေတွေကိုဖက်တွယ်ရင်း
နောင်ဆို….လွမ်းတိုင်း ဘယ်တော့မှ အနားရောက်ဖို့မကြိုးစားတော့ဘူး …..

18 comments

  • kyeemite

    September 4, 2013 at 8:32 am

    ကျွန်တော်ဆိုတာကောင်းသဗျာ… 🙂

  • အဘ ဖားသက်ပြင်း

    September 4, 2013 at 8:39 am

    မှန်တာပြော ယုစ့်သန်ဒါတင်နဲ့ ညားရပါဇီရဲ့ဗျာ ..
    ကဗျာကောင်းလေးတပုဒ်ဗျ …
    ရွာထဲက အူးဂီ ဆိုတဲ့ အယက်သမား မတွေ့ဇီနဲ့
    ပေါက်ပန်းလေးဆယ် ကဗျောင် ဝင်စပ်လိမ့်မယ်..
    ငိငိ

  • Hnin Thae Phyu

    September 4, 2013 at 8:42 am

    အနှစ်တွေလေ အနှစ်တွေ.. 😛
    ကဗျာရယ်လို့ ဟုတ်တိပတ်တိ ရေးတတ်ပါဘူးဗျို့
    ဒီလိုပဲ ရင်ဘတ်ထဲ ပေါ်လာတာလေးတွေ ချရေးလိုက်တာ

    မှန်တာပြော
    အဘ ဖားသက်ပြင်းတစ်ယောက် ယုစ့်သန်ဒါတင် ဖားမယ်သက်ပြင်းနဲ့ ညားစေ .. 😛

  • ငေးလ

    September 4, 2013 at 1:08 pm

    ကျနော်ဆိုတာာ
    ခဗျားရဲ့ ဝေးဝေးမှာ ပဲ ရေးရေးလေး မျော်ဆွေးနေရသလိုပဲ ့

  • အရီးခင်

    September 4, 2013 at 2:12 pm

    တစ်ချို့ ပိုကာဂိန်း တွေမှာတော့ ဂျိုကာ က အင်မတန် တန်ဖိုးကြီး ဆိုဘဲ။ 😉

    • KZ

      September 4, 2013 at 2:23 pm

      ဟုတ်တယ်။
      ဂျိုကာဆိုတာ တန်ဖိုးရှိတယ်။
      အနော် ပိုကာဒေါင်းရင် ဂျိုကာ ပျော်ပြီး ဒီအိမ်ကို ခဏခဏလာအောင်လို့ အာဘွား တွေချည်းပေးထားတာရယ်။ ဟိဟိ
      😀

      ခံစားချက် အနှစ်တွေကို စကားလုံး အပျစ်တွေနဲ့ ပုံဖော်နိုင်တယ်တော့။

      မမကို မှတ်ထားနော်။
      ကဗျာ ဓားမြ လို့ ခေါ်တယ်။
      မကြာခင်မှာ ကဗျာ တောင်းမှာမို့ ကြို မိတ်ဆက်ထားတာ။ :mrgreen:

      • Ma Ma

        September 5, 2013 at 9:08 am

        ထိခတ်ချက်ပြင်းတဲ့ ရှတတ ကဗျာလေးက မိုက်တယ်။
        အပေါ်မှာ ကဗျာဓားပြ မြင်သွားပြီမို့ ရှိတာတွေ အကုန်ထုတ်ဖို့သာ စဉ်းစားထားပေတော့။ :loll:

    • Hnin Thae Phyu

      September 5, 2013 at 9:15 am

      ခက်တာက ပိုကာမကစားပဲ ရှမ်းကိုးမီးချည့်ဆိုတာ
      ဂျိုကာကောင်မှာ ဝိုင်းပြင်ထုတ်ခံထားရတယ်.. 😛

  • lele kyi

    September 4, 2013 at 7:00 pm

    ကျနော်ဆိုတာ……
    ကျနော်ဆိုတာ…..
    ကျနော်ဆိုတာ……
    အစားပုတ်တဲ့ ဝတုတ်။ 🙂

    • Hnin Thae Phyu

      September 5, 2013 at 9:12 am

      ဒီလိုတွေ ဝ တုတ်အောင် သူတို့ပဲ လုပ်ထှာ………. ဝါးးးးးးးးးးးးးးးးးး :'(

  • YE YINT HLAING

    September 4, 2013 at 7:35 pm

    ကျွန်တော်ဆိုတာ ခင်ဗျားလိုချင်တဲ့ ဂျိုကာတစ်ကောင် ။ ခင်ဗျား ဆွဲဖဲနဲ့ တက်ပြီးဒေါင်းဖို့ သေတောင် မစဉ်းစားနဲ့။( အဲ — ကဗျာ ကနေ ဖဲဝိုင်း ရောက်သွားတယ်)

    • Hnin Thae Phyu

      September 5, 2013 at 9:13 am

      မလိုချင်ဘူးတဲ့ ဂျိုကာ မသုံးဘူး.. ရှမ်းကိုးမီး ရိုက်နေတာတဲ့ ..
      ဝိုင်းပြင်ထွက်နေရတဲ့ ဂျိုကာလေးပါ.. ငှဲငှဲငှဲ

  • အလင်းဆက်

    September 4, 2013 at 7:56 pm

    ကဗျာပြခန်းက ကြိုဆိုပါတယ်နော် ။
    ကဗျာပြခန်း အတွက်.. ကဗျာလေးများပေးပို ့ ကူညီမယ် ဆိုရင်…
    alinsett.art@gmail.com က်ိုပဲ ဖြစ်ဖြစ်..
    ကျွန်တော့် ဖေ့ဘုတ် ထဲကိုပဲ ဖြစ်ဖြစ်…
    ပေးပို ့ကူညီနိုင်ပါတယ်..လို ့….

    http://myanmargazette.net/184637

    • Hnin Thae Phyu

      September 5, 2013 at 9:14 am

      ကဗျာလို့ ပြောရမှာ ရှက်စရာကြီး
      လျှောက်ရေးထားတာ
      လေးလုံးသံပေါက် ကာရံနဘေ ..ဘာတွေမှ နားမလည်
      ပေါ်လာတာကောက်ရေးတာပါ ..
      ကြိုက်ရင် အကုန်ယူလို့ရပါကြောင်း .. 😀

  • ခင် ခ

    September 6, 2013 at 3:22 pm

    Sep 6 / 3:20 pm

Leave a Reply