အေးဗျ .. တက်တူး ကို စ စိတ်ဝင်စားတာက တော့ ကိုးတန်းကျောင်းသားလောက်ထဲကပါ။

 

ဒါပေမဲ့ တစ်ကယ်ထိုးမယ်၊ မထိုးဘူး ဆုံးဖြတ် လို့မရတာတော့ အကြာကြီးဘဲ။

 

ကျွန်တော့ မေမေ ပြောထားဘူး တာတစ်ခု ရှိတယ်။ ဆေးမှင်ကြောင် ထိုးတဲ့ နေ့ အိမ်ပြန်မလာနဲ့တဲ့ ။ တစ်ခါမှ အဲလို မပြောဘူးတော့ လန့် တာတော့ အမှန်ဘဲ။

 

ဘယ်လောက် တက်တူး ကိုရူး လဲ လို့မေးရင်တော့ ကိုယ့်ကိုယ် ကို ပြောမပြတတ် အောင် မိုက်မိုက်မဲမဲ ရူးတာလို့ဘဲ ဝန်ခံရ မှာဘဲ ။

 

လမ်းသွားရင်း လာရင်း ကောင်မလေး ချောချော လေးတွေမြင်ရင် သာ လှည့်မကြည့် နေရမယ် ။ တက်တူး လန်းတာလေး များတွေ့ရင် သမင် လည်ပြန်ရုံ မက ကြက်ကြီး လည်လိမ်ထား တာထက် ဆိုး ဦးမယ် ။

 

နောက် ..နဲနဲ ဟို သွားဒီ သွား၊ သွား တတ်လာ တော့ တက်တူး ဆိုင်တွေ့ရင် ဝင်ငေး ၊ စပ်စု ၊ ဘယ်လောက် ဆိုးလဲ ဆို ဘုရား ပွဲဈေး တန်းမှာ တက်တူး ထိုး တာမြင် ရင်တောင် ရှေ့ဆက် မသွားဘဲ၊ တစ်မေ့ တစ်မော ဝင်ငေး တာ၊  အဲ့လောက် ။

 

ဆယ်တန်း အောင်ပြီးကာစ က မန်းလေးမှာ ခဏသွား နေဘူးတယ် ။ ရပ်ကွက် ထဲမှာ ခင် နေတဲ့ ရွယ်တူ သူငယ်ချင်း တစ်ယောက် က သူ တက်တူး ထိုးတတ်တယ် တဲ့ ။ ဘာ ပုံလဲ ဆိုတော့ ပင့်ကူ နက်တဲ့ ။ ဘယ်မှာ လဲဆိုတော့ လက်ခလယ် မှာ ။ မင် က တော့  မီးဖို ထဲ ကကျပ်ခိုးနဲ့ အုန်းဆီ ရောထား တာ၊ စုတ် တံက ပန်းချီဆွဲတဲ့ စုတ်တံ ခပ်ရွယ် ရွယ် ကိုဖြတ်ပြီး အပ် သေးသေး သုံးချောင်း ကို အပ်ချည် နဲ့ စီးထားတာ ။ တောက် ကျိုးနဲ ၊ နေပါ ဆြာ ရယ် ။ ကျေးဇူးလဲတင် ပါတယ် ဆိုပြီး မနည်း တောင်းပန် ရတယ် ။ အတူ ရှိနေတဲ့ နောက်ထပ် သူငယ်ချင်း ရဲ့ သူငယ်ချင်း ကတော့ လက်တည့် စမ်း ခံ လိုက်တာ ၊ အံမယ် သိပ်မဆိုးပါ လားဟ လို့ တွေးလို့ မဆုံး နှစ်ရက်မြောက် တဲ့နေ့မှာ သူ့ဘိုးတော် တွေ့သွား လို့ ပင့်ကူနက် ကို ဓားနဲ့လိုက် လှီးတာ (တစ်ကယ် လှီးဖို့ လိုက်တာ) အပြေး ကောင်းပြီး ၊ ရပ်ကွက် က အဆွဲ မြန်တာတောင် လှိမ့် ပိန့်ပြီး မြေကြီး ပေါ်မှာ အကန် ခံ ရသေးတယ် ။ မျက်နှာ တွေကို ဖူးယောင် လို့ ။

 

အဲဒါ မျိုးတွေမြင်ထားတော့ ငါ့ အလှည့် ကျလဲ အဲ့လို ဆော်ပလော်တီး ခံရ ရင် ဒွတ်ခဆို ပြီး ကြောက်တာလဲ ပါတာ ပေါ့ ။

 

.

.

.

.

.

.

ဒီလို နဲ့ ဘဲ တက်တူးဆိုင် တွေ့ရင်ဝင်ငေးလိုက် ။ တက်တူး ပုံ လေးတွေ လိုက်ရှာလိုက် နဲ့ တော် တော်ကြာ သွားပါတယ် ။

 

အံမယ် … ရောက်ပြီး မထိုး ဖြစ်ခဲ့တဲ့ တက်တူး ဆိုင် တစ်ဆိုင်က စာလေး တစ်ကြောင်း များသတိ ရမိသေးတယ် ။ ဘာတဲ့ ….Good tattoos are not cheap and cheap tattoos are not good. ဆိုဘဲ ။ ရေးထားတဲ့ စာ နဲ့လိုက်အောင် လဲပိုက်ဆံ တောင်း ပါတယ်။

 

တစ်ခါ များတော့ ခေါက်ဆွဲ သွားစားရင်း၊ ခေါက်ဆွဲ ကြော်တဲ့ စားဖိုမှူး ရဲ့ လက်မောင်း ပေါ်က အရုပ်တွေ ကိုကြိုက် လွန်းလို့ တောင်းပန် ပြီးမေးကြည့်တော့၊ မောင်မင်းကြီး သား က ခေါက်ဆွဲ ကြော် နေတာတောင် ရပ် ပြီး ရှိသမျှ အရုပ်တွေ အကုန် လှန်ပြရုံ မက ၊ သူထိုး ခဲ့ တဲ့ဆိုင်ကို စိတ်ရှည် လက်ရှည် ညွန် ပေးလိုက်ပါတယ် ။

 

တိုတို တုတ်တုတ် ပြောရရင် ချကွာ ဆိုပြီး တက်တူး ထိုး ဖြစ်သွားရော ဆိုပါတော့ ဗျာ။ အဲ ….သွားထိုး တဲ့ ဆိုင်က ကျွန်တော် ခုနေတဲ့ နေရာကနေဆို ရန်ကုန် နဲ့ ပဲခူး သာသာလောက် ဝေးတယ် ။  စုစု ပေါင်း ခြောက်ခေါက်သွား ခဲ့ တယ် ။ တတ်နိုင်ဘူး ၊ လုပ်မှတော့ မထူးဘူး ဆိုပြီး စွတ်တင်ခဲ့ တာလေ ။

 

မှန်တာကို ဝန်ခံရ ရင် တက်တူး ဆိုင် ကိုခြေဦး လှည့် လိုက်ထဲက မေမေ့ ပြောခဲ့တဲ့ စကားသံ ကြားယောင် ပြီး၊ မေမေ့ မျက်နှာ ကိုမြင်ယောင် မိတယ်။ စိတ် ထဲကနေ တောင်းပန် ကန်တော့ မိပါတယ် မေမေ ။

 

ကဲ..ကောက်ကြောင်း  စ ထိုးပြီ လဲဆိုရော အောင်မငီး နာတယ် ဟ။ မနာဘဲ နေမလား ဗျာ။ အသား ထဲ ကို အပ်နဲ့ ခွဲပြီး သေရာပါ မဲ့ ဆေးမှင် တွေ ထည့်နေတာ ။ တက်တူး ထိုး လို့ မနာပါ ဘူး ဆိုပြီး ထိုးဘူး တဲ့လူတွေပြောတာ လိမ်နေတာ ။

 

ကျွန်တော် ပြောတာ မယုံရင် ထိုးကြည့် လိုက်လေးD

 

အောက် ကပုံ က ကောက်ကြောင်း ဆွဲပြီးသွားတုံးကပုံ ။

tat1

ထိုးပြီးတော့ လဲ၊ တစ်နေ့ သုံးခေါက် ရေနွေး နဲ့ဆေး၊ ဆေးလိမ်း နဲ့ အတော် အလုပ်ရှုပ်တဲ့ တတ်တူး ဗျာ။

 

ကောက်ကြောင်း ပြီးသွား တော့ အရောင် ထည့်၊ ညွတ်ချွပ်ဖျား နာတာ ဘဲဗျ ။ အဲ.. ကောက်ကြောင်းဆွဲတုန်း က လို အပ်နဲ့ မဟုတ်တော့ နာတာချင်းတော့ မတူဘူး ဗျ ။

 

အောက် ကပုံ က အရောင် စထည့် တဲ့ ပုံ…

tat2

ပထမ စထိုး တုန်းက Koi Fish ကိုလက်မောင်း အပေါ် တစ်ဝက် ဘဲထိုး တာ။ ကြည့် ရတာ ပြောင်စပ်စပ်နဲ့ မို့ လက်မောင်း တစ်ခုလုံး ပါတ် လိုက်တယ်၊ အေးရော :P

 

အောက် ကပုံက အားလုံး ပြီးကာနီး မှန်ထဲကပုံ ကိုရိုက်ထား တာ။

tat3

ခု နောက်ဆုံးပုံ ကတော့ အားလုံး ပြီးသွားမှရိုက် တာ။ နောက်တစ်ခေါက် မသွားနိုင် လို့ အပွိုင်မဲန်း နှစ် ခေါက်စာ ကို တစ်ထိုင်ထဲ အပြီး ထိုး လိုက်တာ မေးတွေတောင်ကားပြီး တော်တော် အီစိမ့်သွားတယ် ။
စကား မစပ်၊ ပြီး ခဲ့တဲ့ ဒီဇင်ဘာ ကအိမ်ပြန်ဖြစ် တယ်။ ခရီး ရောက်မဆိုက် မေမေ က မဆူ ပေမဲ့ ဆေးမှင်ကြောင် တွေ နဲ့ သားရဲ့ လက်မောင်း ကို သေချာ လာကိုင် ကြည့် ပြီး ဘာမှတော့ မပြော ဘူး။
ဒါ ပေမဲ့ မေ မေ့ မျက်နှာ မကောင်း ဘူး :(

ဒီ ပုံက အားလုံး အပြီးထိုး ပြီးတဲ့ ပုံ ။

tat4

ဘာ ရေး ရမှန်းမသိ လို့၊ ထုံးစံ အတိုင်းပေါ့ပေါ့ပါး ပါး ဖြစ်မယ် ထင်တာ လေးရေးတင်လိုက် တာပါ ။
အားလုံး ကျေးဇူးပါ ။

 

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com