“ဝါး လောက်မယ်မထင်´´

ခင္ခSeptember 4, 20131min19511

“ဝါး လောက်မယ်မထင်´´

 

အခု ၂၀၁၃ မြန်မာ ပေါ့နော်

ပြူတင်းပေါက်ကနေ ဟိုအဝေးကို ကျွန်တော်လှမ်းကြည့်မိတယ် ခပ်လှမ်းလှမ်းမှာ မြင်ရတာ ၂၀၁၄ မြန်မာ ပါဘဲ။

သူကတော့ အခု ၂၀၁၃ မြန်မာ နဲ့ သိပ်ပြီးကွာလှတယ်ဟုတ်ဘူး။

သူထက် ထက်ပြီးဝေးနေတဲ့နေရာမှာတော့ ခပ်ရေးရေး မှုန်ဝါးဝါး မပိမပြင် မပြတ်မသား လှမ်းမြင်နေရတာ

ကတော့ ၂၀၁၅ မြန်မာ ပါ။

သိပ်ပြီး မပီမပြင် မသဲမကွဲလို့ ကျွန်တော်အမြင်အာရုံတွေ အစုအစည်းဆုံး နဲ့ ထပ်လှမ်းကြည့်သော်လည်း

၂၀၁၅ မြန်မာကတော့ ဝါးနေလျှက်ပါဘဲဗျာ။

 အဲဒီမှာ ကျွန်တော် သိလိုက်တဲ့အသိကတော့ ကျွန်တော် မျက်မှန်ဆိုင်မှာ မျက်မှန်ပါဝါပြန်စမ်းသင့်ပြီ

ငါအမြင်မကြည်သာ မျက်မှန်ကြောင့်နေမှာပါ ၂၀၁၅ မြန်မာ ကတော့ ဝါး လောက်မယ်မထင်။

ခင်ခ။

( လှမ်းမျှော်ကြည့်ခြင်း …………. )

11 comments

  • ဦးကျောက်ခဲ

    September 4, 2013 at 4:00 pm

    ကျောက်စ်လည်း မျက်မှန်ပြန်စမ်းရဦးမယ်…
    အခုအထိတော့ ခပ်ဝါးဝါးပဲ ဆရာခရေ…
    🙁

  • ခင် ခ

    September 4, 2013 at 4:06 pm

    ရန်ကုန် မန္တလေး နဲ့ မြို့ကြီးတွေမှာတော့ မျက်စိစမ်းသပ်တဲ့မျက်မှန်ဆိုင်ကြီးတွေ အများကြီးပေါ်ထွန်း လာတာ ကျုပ်တို့လို လှမ်းကြည့်ပေမယ့် ခပ်ဝါးဝါးဘဲမြင်တဲ့သူတွေ များလာလို့နေမှာပါနော့ ကိုကျောက်ရေ။

  • Wow

    September 4, 2013 at 5:01 pm

    ဟီးးးးး ဝါးလောက်မယ် မထင်ဆိုလို့ နာ့များပေါသလားလို့ အပြေးလာကျိဒါ :mrgreen:

    • ခင် ခ

      September 5, 2013 at 10:04 am

      ဪ ဒေါ်ဝါး ရေ ကျွန်တော်ပိုစ့်ခေါင်းစဉ်က ဒေါ်ဝါး ကို ထင်ယောင်ထင်မှား ဖြစ်သွားတာအတွက် ခွင့်လွတ်ပါဗျ။ ကျွန်တော်ပိုစ့်ကလည်း အဲဒီ ဝါး မပါရင်မဖြစ်ဘူးလေဗျ။ ဝါး နေတာကို အဓိက ပြောချင်တာကိုး…………။

  • အလင်းဆက်

    September 4, 2013 at 8:00 pm

    မဝါးချင်ယောင် ဆောင်ချင် ဆောင်ဦးမှာ..
    အဟွန့်
    :kwi:

  • MAUNG

    September 5, 2013 at 8:11 am

    ကိုကြီး ခင်ရေးတဲ့ အရေးအ သား မျိုးကြိုက်တယ်။ ရေးတတ်ချင်တယ်

  • KZ

    September 5, 2013 at 8:35 am

    အဲဒီ အချိန် ကိုယ့်မက်စိ ကန်းမသွားရင်ကို တော်လှ ကိုကြီးခရယ်

  • Ma Ma

    September 5, 2013 at 9:04 am

    ဟုတ်ပါ့ ကိုခင်ခရေ။
    ၂၀၁၅ မြန်မာ ကတော့ ဝါး လောက်မယ်မထင်။
    ကိုယ့်မျက်စေ့ ဝါး နေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမယ်။

  • kyeemite

    September 5, 2013 at 11:11 am

    လက်ထဲရှိတာက “ဝါး” နဲနဲ
    ဆောက်ချင်တာက အလွန်ကြီးသောအိမ်ကြီး
    ဆိုတော့…“ဝါး လောက်မယ်မထင်” 😀

    • ခင် ခ

      September 5, 2013 at 1:17 pm

      ကိုကြီးမိုက်ရေ ဝါး လောက်မယ်မထင်ရင် ထပ်နေပြီးထပ်ရှာနေရင် အချိန်တော့ကြာအုံးမပေါ့နော်။

  • kyeemite

    September 5, 2013 at 1:55 pm

    အမှန်ပေါ့ ကိုခင်ခရေ..
    ကျုပ်တို့ လိုချင်တဲ့ပုံစံဝင် အစိုးရ အုပ်ချုပ်တဲ့ အချိန်ရောက်ဖို့
    တော်တော်လိုအုံးမယ်မှတ်တယ် 🙁

Leave a Reply