သူမ တစ်ယောက် ၏ အကြောင်း

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

ကျွန်မ

ကျွန်မ ရဲ့ ဘဝမှာ လိုချင်တာဆိုတာ မရခဲ့ဖူးဘူး

အမေ့ရဲ့ ဝင်ငွေတစ်ခုသာ မှီခိုနေရတဲ့ သူမတို့ရဲ့ ခနော်နီခနော်နဲ့ အိမ်လေးမှာ

ယိုင်နဲ့နဲ့ ဝါးကြမ်းခင်းနဲ့ ဖျာကြမ်းစုတ် ကပဲ နေရာယူထားတယ်

ကျွန်မ ဒီဘဝထဲက လွှတ်မြောက်ချင်တယ်

ကျွန်မ မြင်နေတဲ့ မိန်းခလေးလှလှတွေလို ကျွန်မ ဝတ်ချင်စားချင်တယ်

ကျွန်မ လှချင်ပချင်တယ်

ပညာရေးနဲ့ ပါရမီမပါခဲ့တဲ့အပြင် အမေ့ဝင်ငွေရဲ့ မလောက်င မှုတွေကြားမှာ

ကျွန်မ ကျောင်းကထွက်ခဲ့တယ်

ကျွန်မ ကြီးပြင်းခဲ့ရတဲ့ ပါတ်ဝန်းကျင်မှာ ကျွန်မ မပျော်မွေ့တော့ဘူး

ကျွန်မ စွန့်စားတော့မယ် .. အဖက်ဖက်က မပြည့်စုံတဲ့ ကျွန်မမှာ လောကကြီးက

ဂရုဏာနည်းနည်းနဲ့ စွန့်ကြဲထားတဲ့ ရုပ်ရည်ရူပကာနဲ့ သီချင်းသံသာဆိုနိုင်တဲ့ နှုတ်ခမ်းတစ်စုံ ရှိတယ်လေ။

ကျွန်မဆုံးဖြတ်ချက်ချလိုက်တယ် …… ရန်ကုန်သွားပြီး အလုပ်လုပ်မယ်

ပညာရေးဆုံးခန်းမတိုင်ခဲ့တဲ့အပြင် ဘာ လက်မှုပညာမှ မတတ်တဲ့ကျွန်မအတွက်

ကေတီဗီဆိုင်မှာ သီချင်းဆိုရမယ့် အလုပ်တစ်ခုကို ရွေးချယ်ခဲ့တယ်

ကျွန်မသိပါတယ် … ကျွန်မကို လူတွေအထင်သေးမယ်ဆိုတာကို

ကျွန်မ ဝတ်ချင်စားချင်တယ် ၊ လှချင်ပချင်တယ် ၊ ကျော့ကျော့လေး နေချင်တယ်

နောက် ကျွန်မ အမေကို ပင်ပင်ပန်းပန်းမလုပ်စေချင်တော့ဘူး …

ကျွန်မ စိတ်မှာဆုံးဖြတ်ချက်တစ်ခုက ကျွန်မ ရိုးရိုးသားသား သီချင်းဆိုမယ် ..

ရတဲ့ အခကြေးငွေနဲ့ ကျွန်မ ဘဝကို လှပအောင်ချယ်မှုန်းမယ် ဆိုတာပဲ ။

ရောက်ခါစ အသစ်ဖြစ်တဲ့ ကျွန်မအတွက် ပါဝင်ခွင့်ရတဲ့ အခန်းဂဏ္ဍက နည်းပါတယ်။

တစ်ညမှာ နှစ်ကြိမ်လောက်သာ ဆိုခွင့်ရှိတဲ့ ကျွန်မအတွက် အပိုဝင်ငွေဆိုတာ မရှိသလောက်ပါပဲ။

ရတဲ့ ပိုက်ဆံက မစုမိတဲ့အပြင် လောက်ငဖို့ အနိုင်နိုင်ဖြစ်လာတယ်။

ကျွန်မကို သဘောကျလို့ ချီးမြှင့်တဲ့ ပန်းကုံးတွေရဲ့ တန်ကြေးရဲ့ ရာခိုင်နှုန်းနည်းနည်းကိုပဲ ကျွန်မရတာလေ။

ရတဲ့ ငွေက ကျွန်မရဲ့ အဝတ်အစားဖိုး ၊ မိတ်ကပ်ဖိုးနဲ့ပဲ ပါးလျကုန်တယ်။

နောက်ဆုံး ကျွန်မ ခေါင်းငြိမ့်လိုက်တယ်။ ကျွန်မ သီချင်းဆိုချိန်ရောက်တိုင်း အမည်းရောင် ကားအနက်ကြီးစီးပြီး

ရောက်လာတတ်တဲ့ အသက် ၄ဝကျော် အန်ကယ်ကြီးရဲ့ ကမ်းလှမ်းမှုကို ကျွန်မ လက်သင့်ခံလိုက်တယ်။

ကျွန်မ ည သန်းခေါင်ရောက်တိုင်း ကားနက်ကြီးပေါ် ပါ သွားတတ်လာတယ်။

ကျွန်မရဲ့ အဝတ်အစားတွေ အသုံးအဆောင်တွေ အရင်ကနဲ့ မတူ တောက်ပြောင်လာတယ်။

ကျွန်မ ငွေကြေးနောက်ကို ကောက်ကောက်ပါအောင် လိုက်မိသွားတယ်။

ဟိုအရင်က ကျွန်မ မက်ခဲ့တဲ့ ရိုးသားမှုဆိုတဲ့ အိပ်မက်တွေကို ကျွန်မ ဖမ်းမမိနိုင်တော့ဘူး။

ဒီ နွံထဲကနေ ကျွန်မ ရုန်းထွက်ချင်တယ်။ ကျွန်မ ရရှိနေတဲ့ ငွေကြေးပမာဏကို ကျွန်မ လက်မလွှတ်နိုင်ဘူး။

ကျွန်မလို ပညာမတတ်တဲ့ မိန်းမတစ်ယောက်အတွက် နေရာတစ်နေရာရဖို့ဆိုတာ မလွယ်ဘူးဆိုတာ ကျွန်မနားလည်တယ်။

ဘဝမှာ အမဲစက်ရှိဖူးခဲ့တဲ့ ကျွန်မလိုမိန်းမတစ်ယောက်အတွက် ခြေချစရာနေရာဆိုသိပ်ရှားတယ်။

ကျွန်မ ဘဝ ရပ်တည်ဖို့အတွက် ကျွန်မ ဘာလုပ်ရမယ်ဆိုတာ မသိဘူး။

ဒီလိုနဲ့ပဲ ..ကျွန်မ ဘဝ ညမင်းသမီး အဖြစ်နဲ့ဆက်လက်ရှင်သန်နေရဆဲပဲ။

ငွေခင်းပြီး လျှောက်တဲ့ လမ်းပေါ်မှာ ကျွန်မ ပြုံးပျော်နေဆဲပဲ ။

 

(ဒီစာထဲက မိန်းကလေးလိုမျိုးတွေ အပြင်မှာ အများကြီးရှိပါတယ်။ သူတို့ရတဲ့ ဝင်ငွေဟာ တလကို သိန်း ရာဂဏန်းရှိတယ်။ လွယ်လွယ်ရတဲ့ပိုက်ဆံ လွယ်လွယ်ကုန်တယ်ဆိုပေမယ့်လည်း သူတို့ရတာက လွယ်လွယ်ရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ရတဲ့ပိုက်ဆံကို သူတို့တန်ဖိုးမထားတတ်တော့ဘူး။ နောက် ဒီလောကထဲကနေ ရုန်းမထွက်နိုင်တော့ဘူး။ အပြင်မှာ လခစားလုပ်လို့ရတဲ့ ပိုက်ဆံဟာ သူတို့အတွက် ဘာမှ အရာမထင်တော့တဲ့ အခြေအနေကိုရောက်သွားတယ်။ နောက်ဆုံးတော့ မျောလက်စနဲ့ မျောပေ့စေဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အခြေအနေမျိုးပဲ ဖြစ်ကုန်ကြတယ်။ အဓိက က တော့ ဒီလိုလုပ်တဲ့သူတွေဟာ ပထမတော့ သနားစရာကောင်းပေမယ့် နောက်ဆုံးမှာ သူတို့ကိုယ်တိုင်က လိုလိုချင်ချင် ဖြစ်သွားကြတယ်။ ဒါကြောင့် အလှမက်ရင် ပျက်စီးတတ်တယ်ဆိုတဲ့စကားဟာ စိတ်ဓါတ်ယိုင်နဲ့တဲ့ ၊ မခိုင်မာတဲ့ မိန်းကလေးများအတွက်တော့ တကယ်မှန်ပါတယ်။)

လက်တွေ့ ကေတီဗီမှာ သွားကွင်းဆင်းလေ့လာ အင်တာဗျူး ထားတာနော်.. 😛

တချို့အရာတွေကတော့ စိတ်ကူးယဉ်နည်းနည်းပါ ..

15 comments

  • အဘ ဖားသက်ပြင်း

    September 5, 2013 at 11:34 am

    သာဓု
    ဒါ တပိုင်တနိုင် တကိုယ်ရေတကာယ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တာ လို့ ခေါ်သဗျ..
    အင်းလေ… တကယ်တော့လည်း ကေတီဘီတွေ စင်တင် တွေက မသွားဖူးလို့ သိပ်မသိပါဝူးဗျာ..။
    မားက တောင်ပြုံးပဲသွားဒါ…
    အာ.ဟိ။

  • kyeemite

    September 5, 2013 at 11:35 am

    နွံ ဆိုတာဒီလိုပဲ
    ခြေချလိုက်ပြီးပြီဆိုတာနဲ့
    တဖြည်းဖြည်း နစ်ဝင်သွားတော့တာ… 🙁

  • အလင်းဆက်

    September 5, 2013 at 11:48 am

    ငွေနောက်လိုက်မိတဲ့အခါ. . . ပေါ့နော်
    အဲဒိလို
    သိက္ခာကို ငွေနဲ ့လဲနေရတဲ့ မိန်းကလေး တွေ (တချို့ ယောကျာ်းလေးတွေ ) တွေ့တိုင်း အတွေးတွေ များမိဖူးပါရဲ့ ။

    အင်းးးး
    ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ
    ကိုယ့် ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို
    မထိခိုက်တဲ့အလုပ်မျိုးး
    ဖြစ်ဖို ့လိုတယ် ဆိုတာလေးးး
    တွေးမိတယ်

  • ခင် ခ

    September 5, 2013 at 12:02 pm

    ငွေနောက်မလိုက်နဲ့
    လွယ်လွယ်မလုပ်နဲ့
    ကိုယ်ကျင့်တရားတို့ ဂုဏ်တို့နဲ့ လုပ်သင့်မလုပ်သင့်ပြောလို့
    သူတို့တွေက အခုလို
    “ကိုယ့်ရှိမှကိုယ်စားရတာ ကိုယ့်မရှိရင်ဘယ်သူလာကျွေးမှာလဲ´´လို့ပြောလာခဲ့ရင် ဘယ်လိုလုပ်မလဲ အဲဒီစကားရပ်ကို ရှင်းတတ်ဖို့တော့ လိုမယ်နော်။

  • KZ

    September 5, 2013 at 12:10 pm

    ငွေ အရင်းအနှီး
    မြေ အရင်းအနှီး မရှိတော့လည်း ရှိတာပဲ ရင်းနှီးရတယ်ထင်ပါရဲ့။
    မြတ်မယ်တော့မထင်!

  • ငေးလ

    September 5, 2013 at 12:39 pm

    ငွေဆိပ်တက်တယ် ဆိုတာ အဲ့လိုထင် ပါရဲ့

  • Myo Thant

    September 5, 2013 at 12:55 pm

    တစ်လကို သိန်း ရာဂဏန်းရတယ်ဆိုတာ လက်တစ်ဆုပ်စာပါ ၊
    အများစုကတော့ ရရစားစား သာသာပါပဲ ၊
    ဒီလောကမှာလည်း အချိန်ကောင်းတုန်းရှာကြရတော့
    အင်းးးးးး မပြောတော့ပါဘူးလေ ၊
    ဘဝတွေ ဘဝတွေ . . . . .

    • မနှင်းဖြူ မှန်မှန်ပြော

      September 5, 2013 at 3:59 pm

      တစ်လ ဘယ်လောက်ဝင်သလဲ မေးတော့
      နည်းတဲ့လဆို သိန်း ၁၇ဝလောက်တဲ့
      များတဲ့လဆို ၃၀ဝလောက်လို့ဖြေတယ်
      လက်တစ်ဆုပ်စာလောက်ဆိုပေမယ့် အဲဒီ နာမည်ကြီး ကေတီဗီကို
      လာတဲ့သူတွေက ကြီးကြီးမာစတာတွေ ၊ လက်ဖျားငွေသီးတွေဆိုတော့လည်း
      လက်တစ်ဆုပ်စာတွေက အဲမှာတင် စု နေတာထင်ပါရဲ့။
      သူတို့ကြည့်ရတာတော့ ပျော်နေ ကျေနပ်နေသလိုပဲ။
      အေးလေ..တွေးချင်လည်း တွေးကြမှာပေါ့။
      ဘွဲ့ရ ပညာတတ်ဆိုတဲ့သူတွေတောင်မှ တစ်လ ၃သိန်းလောက် ရဖို့မနည်းရှာနေရတဲ့ခေတ်မှာ
      သူတို့အတွက်က သိန်းရာချီဆိုတော့လဲ ………..
      နောက်ဆုံးတော့ အသိ စိတ်ဓါတ်က ပိုင်းခြားသွားတာပါပဲ။

  • မောင် ပေ

    September 5, 2013 at 8:05 pm

    နှစ်ဦးနှစ်ဘက် သဘောတူ အရောင်းအဝယ်တွေပေါ့နော်
    ဟီ ဟိ

  • kai

    September 6, 2013 at 4:46 am

    တကမ္ဘာလုံးကနိုင်ငံတိုင်း(နိုင်ငံတိုင်း) ရှိတဲ့..အလုပ်.. အဖြစ်အပျက်တွေပါပဲ..
    ဒီဂရီသာနည်းနည်းစီကွာသွားမှာ…

    ဆိုတော့…
    ဥပဒေနဲ့တိတိကျကျ.. သတ်မှတ်ပြဌာန်း. ထိမ်းချုပ်ခွင့်လွတ်သင့်ကြောင်း… :kwi:

  • YE YINT HLAING

    September 6, 2013 at 7:39 am

    “ဟေ့ ချစ်သူ လေးရေ — မင်းအချစ်တွေ သိမ်းထား — အသည်းနှလုံးကို ဖုံးထား — မင်းဘဝ ကိုရောင်းဈေးတင် — ကုန်ဖလှယ်သလို ဈေးကစားပြီး မင်းဘဝကို ဆောက်တည် ငွေကြေးအဆိပ်တွေ မင်းရခဲ့ပြီ— ဘယ်လောက်လဲ ( တလကို သိန်း ရာဂဏန်း )”

    အဲဒါ သျှီ ရဲ့ သီချင်းနော ။

  • ခင် ခ

    September 7, 2013 at 3:32 pm

    Sep 7 / 3:30 pm
    See (2)

  • ဆူးရဲ

    September 10, 2013 at 8:28 pm

    ကိုယ်ရဲ့နှမတွေသာဆိုရင်သာဆိုတဲ့အတွေးကိုတွေးမိလိုက်တိုင်းကိုယ့်ရဲ့တစ်ကိုယ်လုံးမြေကြီးထဲကျုံ့ဝင်သွားသလိုမျိုးခံစားလိုက်ရတယ်…

  • Mလုလင်

    September 11, 2013 at 12:42 am

    ပိုစ့်ပိုင်ရှင် ရေ . . . အဲ့လောက် ငွေဝင်ကြမ်း . . တယ် ဆို . . (လက်တွေ့ကွင်းဆင်း လေ့လာ အင်တာဗျူး – ဆိုတော့ စကားပြောဖြစ်တယ် ထင်လို့) အဲ့လောက် ဝင်ငွေ တကယ့်ကို အဲ့လောက် ဝင်နေတယ် ဆို (ပြောရရင်တော့ သမ္မတ လစာ ထက်ကို များနေတာကိုး း း း) ပိုစ့်ပိုင်ရှင် အနေ နဲ့ ဘဝ နောင်ရေး လို ကိစ္စ မျိုးနဲ့ ရင်းနှီးမြုပ်နှံမှု ကိစ္စ မျိုး ၊ ၂ လ ဝင်ငွေ ကို တိုက်ခန်း တစ်ခန်း ဝယ်ပြီး ငှားစားတာ မျိုးပေါ့ဗျာ . . . . အဲ့လို လေး လုပ်ဖို့ များ မဆွဲဆောင် ခဲ့ဘူး လားဗျာ . . တွက် ကြည့်ရသလောက်တော့ . . . တစ်လ ကို သိန်း 170 ထားပါ လိုလိုပိုပို ပျမ်းမျှပေါ့ . . သိန်း 150 ပဲထား . . တစ်နှစ်ဆို 150 * 12 = သိန်း 1800 ၊ ကျောက်မြောင်းလို တာမွေလို ပုဇွန်တောင်လို ထားပါတော့ အဲ့လို နေရာတွေ မှာ တိုက်ခန်း ဒုတိယ ထပ်လောက် ဆို 200 ပတ်ချာလည် နဲ့ ရတယ်။ ဆိုတော့ အဲနှုန်းအတိုင်း သွားရင် တစ်နှစ်ကို တိုက်ခန်း 7 ခန်း က နေ 9 ခန်း ဝယ်နိုင်မယ်။ ဆိုတော့ အဲ့ တစ်နှစ်ပြီးရင် တိုက်ခန်း 7 က နေ အခန်းခ တစ်လ ကို 10 သိန်းကျော် ရမယ်။ :har:

    • Mလုလင်ရေ
      ဟုတ်ပါတယ် .. အဲလိုတွေးတော့လည်း
      ဒါပေမယ့် သူတို့ပြောအရ လွယ်လွယ်ရတဲ့ ပိုက်ဆံ လွယ်လွယ်ကုန်ဆိုသလိုပဲ
      ကုန်ကြတယ်တဲ့ ..
      အဲဒီလောက် တကယ် ဝင်မဝင်ဆိုတာတော့ ကာယကံရှင်က ပိုသိမှာပေါ့ဗျာ
      ကြွားပြောတာလဲ ဖြစ်ချင်ဖြစ်နိုင်တာပဲလေ …
      မဆွဲဆောင်ဆို .. ပထမဦးဆုံးအကြိမ် .. ပြောသမျှ ပါးစပ်အဟောင်းသား နဲ့
      နားထောင်ပြီးပဲ ပြန်ခဲ့ပါကြောင်း .. 😀

Leave a Reply