သူတို့ ကမ္ဘာကို လွှမ်းကြလေပြီ…။

black chawSeptember 5, 20131min21913

ဘယ်သူတွေ ဘာပဲ ပြောပြော…
ယိုးဒယား အားကစား ကတော့ဖြင့် တိုးတိတ်စွာနဲ့ပဲ ကမ္ဘာ ကို တစ်ခဏတာ လွှမ်းခွင့်ရခဲ့ပါပြီ…။
တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ ကျင်းပသွားခဲ့တဲ့ ၂၀၁၃ ကမ္ဘာ့ကြက်တောင်ရိုက်ချံပီယံရှစ်ပြိုင်ပွဲမှာ…
ထိုင်းကြက်တောင်မယ်လေး အင်သာနွန်က ကမ္ဘာ့ချံပီယန် ဆုကို ဆွတ်ခူးသွားပါတယ်တဲ့…။
နည်းတဲ့ ဆုမဟုတ်ဘူးနော် ကျောင်းဒကာ…။
အရှေ့တောင်အာရှ ချံပီယန် ဆု မဟုတ်ဘူးနော်…။
အာရှ ချံပီယန်ဆု မဟုတ်ဘူးနော်…။
ကမ္ဘာ့ ချံပီယန် ဆုဗျ…။
သေသွားမယ် ဘာမှတ်နေလဲ…။
အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ အင်သာနွန် ယှဉ်ပြိုင်အနိုင်ယူခဲ့ရတာက
တရုတ်က ဆီဒင် (၁) ရတဲ့ လီရွှယ်ရဝေ ပါ…။
(၂၂-၂၀)၊ (၁၈-၂၁)၊ (၂၁-၁၄) ၂ပွဲ-၁ပွဲ နဲ့ အနိုင်ရခဲ့တာပါဗျာ…။
သူနဲ့ ကျမှ တိုက်တိုက် ဆိုင်ဆိုင်လို့ပဲ ပြောရတော့မှာပဲ…။
ဗိုလ်လုပွဲကစားတဲ့နေ့က ရုံးပိတ်ရက်ဆိုတော့ ဘလက်ကြီးတို့ ဇနီးမောင်နှံ
တီဗီလိုင်းတွေ တစ်လိုင်းပြီးတစ်လိုင်း လျှောက်ပြောင်းကြည့်နေရင်း ဒီ ကြက်တောင် ဗိုလ်လုပွဲနဲ့
တည့်တည့်ကြီးတိုးတော့တာပါပဲ…။
ကစားနေတာက တရုတ်မ နဲ့ ယိုးဒယားမ…။
နဂိုကတည်း တရုတ်မုန်းတဲ့ ဘလက်က ယိုးဒယားမလေးကို အားပေးကြရအောင် ဆိုပြီး…
မဒမ်ဘလက်ကို စည်းရုံးရေးဆင်းပါတယ်…။
မဒမ်ဘလက်ကလည်း နိုင်ခြင်းနိုင် ကိုယ့်အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ယိုးဒယားပဲ နိုင်စေချင်ပါသတဲ့…။
ဟေးဟေး…။
အဲဒီလိုနဲ့ လင်မယား ၂ ယောက် အပေးအယူ မျှပြီးသကာလ ယိုးဒယားမလေးကို အော်ဟစ်အားပေးကြတာပေါ့…။
တကယ်ကို အော်ဟစ်အားပေးတာပါခင်ဗျာ…။
ယိုးဒယားမလေးဘက်များကြက်တောင်ကြသွားခဲ့ရင် လင်မယား ၂ ယောက်လုံး တက်တစ်ခေါက်ခေါက်နဲ့…။
တရုတ်မလေးဘက် ကြက်တောင်ကြသွားခဲ့ရင်တော့ ဟေး…ရပြီကွ တစ်မှတ် ဆိုပြီး တက်တက်ကြွကြွအားပေးကြလို့…။
နောက်ဆုံးမှာတော့ မင်းသမီးသာ အနိုင်ရစမြဲ ဆိုတဲ့အတိုင်း…
ကျွန်တော်တို့ရဲ့ မင်းသမီးလေး အင်သာနွန် တစ်ယောက် အနိုင်ရခဲ့ပါရောလား ခင်ဗျာ…။
ပြောလို့ ပြောတာ မဟုတ်ပါဘူး…။
မုဒ် ဝင် သွားလို့လားတော့ မဆိုနိုင်ပါဘူး…။
အဲဒီနေ့က အနိုင်ရသွားတဲ့ ယိုးဒယားမလေး အတွက် ဘလက်ကြီးတို့ လင်မယား ၂ ယောက်
မြန်မာဘောလုံးအသင်းက ယိုးဒယားအသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသလိုကို ပျော်မိခဲ့ကြပါတယ်…။
လူ့စိတ်ဆိုတာ တော်တော် ခက်တယ်နော် ကျောင်းဒကာ…။
ယိုးဒယားဆိုတာ ကိုယ့်နိုင်ငံလည်း မဟုတ်ဘာမဟုတ်နဲ့…။
ကိုယ့်နိုင်ငံသားတစ်ယောက်များ ဖြစ်လို့ကတော့…။
ပွဲပြီးတော့ ဆုတံဆိပ်တွေဘာတွေပေးပြီး နိုင်ငံတော် အလံတင်ပြီး အလေးပြုကြတဲ့ အခိုက်အတန့်ခဏဟာ…
ဒီ အောင်မြင်မှုရဲ့ အထွတ်အထိပ်ပေါ့ဗျာ…။
အာရှအားကစားပြိုင်ပွဲမှာ ရွှေ ရခဲ့ဘူးတဲ့ ခင်ခင်ထွေးက
အင်တာဗျူးတစ်ခုမှာပြောခဲ့ဘူးတာ နားစွန်နားဖျား မှတ်မိနေတာလေး ပြန်ပြောပြချင်ပါသေးတယ်…။
ဆုယူပြီး ကိုယ့်နိုင်ငံအလံကို ထိပ်ဆုံးနေရာကထားလို့ အားကစားကွင်းထဲက လူအကုန်လုံး ဝိုင်းအလေးပြုကြတဲ့အချိန်…
နောက်ကလည်း ကမ္ဘာမကြေသီချင်းတီးလုံးဖွင့်ထားတဲ့အချိန်…
ခံစားရတဲ့ ဖီလင်က ဘာနဲ့မှ မတူပါဘူးတဲ့…။
အထွတ်အထိပ်ပါပဲတဲ့…။
ကြက်သီးမွေးညင်းတွေတောင် တစ်လှပ်လှပ်ထလို့ပါတဲ့…။
ဟုတ်လောက်တယ်ဗျ…။
ယိုးဒယားအလံ က တရုတ် နိုင်ငံအလံကို အောက်မှာထားပြီး အပေါ်ကို တစ်ဖြေးဖြေးမြင့်တက်လာ…။
Thailand တဲ့ဟေ့…။
ချံပီယန် Thailand တဲ့ကွ…။
မင်းတို့ တရုတ်နိုင်ငံက စူပါပါဝါ အင်အားကြီးနိုင်ငံ တဲ့လား…။
အေး…တို့ နိုင်ငံ ကလည်း ကြက်တောင်အားကစား မှာ စူပါပါဝါပဲဟေ့…။
ဟောဒီမှာ ချံပီယန် Thailand…။
ချံပီယန်တွေရဲ့ နိုင်ငံအလံသာ ထိပ်ဆုံးမှာနေရာယူလို့…။
နောက်ကလည်း ချံပီယန် Thailand ရဲ့ နိုင်ငံတော် သီချင်းကို တီးကြမှုတ်ကြလို့…။
အားကစားရုံတစ်ရုံလုံးမှာရှိနေကြသူတွေ အားလုံး ငြိမ်သက် အလေးပြုကြလို့…။
တို့နိုင်ငံ Thailand ရဲ့ နိုင်ငံတော်အလံကို…။

(အင်သာနွန် လေး နေရာက ဝင်တွေးကြည့်တဲ့ တွေးလုံးတွေပါ ကျောင်းဒကာတို့ရယ်…။)
အို…အင်သာနွန် ဆိုတဲ့ သမီးလေးရေ…။
မြန်မာမလေး သာ ဖြစ်လိုက်ပါတော့လားကွယ်…။

အဲဒီ အခိုက်အတန့် ခဏဟာ ယိုးဒယားရဲ့ ကြက်တောင်အားကစား ကမ္ဘာကိုလွှမ်းတဲ့ အခိုက်အတန့်ပေါ့…။
ယိုးဒယားအားကစား ကမ္ဘာကို လွှမ်းတဲ့ အခိုက်အတန့်ပေါ့…။
နောက်နှစ်တွေမှာ ယိုးဒယားကြက်တောင်မယ်တစ်ဦး ကမ္ဘာ့ချံပီယန်ဖြစ်ဖို့ လွယ်လိမ့်မယ်မဟုတ်ပါဘူး…။
ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်ပေါ့…။
ဘာပဲ ဖြစ်ဖြစ်…။
ယိုးဒယားမလေးတစ်ယောက်ရဲ့ ကမ္ဘာလွှမ်းတဲ့ အောင်မြင်မှုကြီးအတွက်
ထိုင်း ဝန်ကြီးချုပ် ယင်လတ် ကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ အင်သာနွန် လေးကို…
ဂုဏ်ပြုဆုပေးတာကို သတင်းထဲမှာ တွေ့လိုက်မိရဲ့…။
သူတို့လည်း အင်သာနွန်လေးအတွက် ဂုဏ်ယူကြရှာမယ်ပေါ့…။
ယိုးဒယား အားကစားမယ်တစ်ယောက်ကတော့ ကမ္ဘာ့ချံပီယန် ဖြစ်ခဲ့ပြီ…။
ယိုးဒယားအားကစား ကမ္ဘာကို လွှမ်းခဲ့တယ်လို့ ပြောမယ်ဆို ပြောလို့ရပြီပေါ့…။
Thailand ကတော့ တရုတ်ကို အနိုင်ယူပြခဲ့ပြီ…။
ယိုးဒယား ကတောင် ဖြစ်နိုင်ရင်… မြန်မာတွေကရော ဘာလို့ မဖြစ်နိုင်ရမှာတဲ့ လဲ…။
အဲဒါကြောင့်ပြောတာပါ…။
ဘာဖြစ်ရမယ်…၊ ညာဖြစ်ရမယ် ဆိုတဲ့ အလုံးကြီးကြီးတွေ အော်ဟစ်ပြီး
လူကြားကောင်းအောင် ကြုံးဝါးနေဖို့ မလိုပါဘူးဗျာ…။
တိုးတိုးတိတ်တိတ်လေးနဲ့ ဖြစ်သင့်တာကို ဖြစ်အောင် အရင်လုပ်ပြကြစမ်းပါ…။
ဖြစ်ပြီးပြီ ဆိုရင်တော့
ဒါ ငါတို့ အားကစားကွ…၊ ဘာမှတ်နေလဲ…ဆိုပြီး ဟိန်းကြဟောက်ကြစမ်းပါ
ကိုကိုတို့ မမတို့ရေ…။
ဒီယိုးဒယားမလေး ကမ္ဘာ့ကြက်တောင်ချံပီယန်ဖြစ်သွားတာကို ကြည့်ပြီး အတွေးလေးတစ်ခုရပါတယ်…။
မြန်မာ့ အားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုတာတွေ ခဏ မေ့ထားလိုက်ပါ…။
ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ပွဲမှာ ဗိုလ်စွဲဖို့ ခဏ မေ့ထားလိုက်ပါဦး…။
အခု လာမယ့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အရင် ကြိုးစားကြစမ်းပါ…။
အဲဒီ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ရင်လည်း…
နိုင်ငံတော်မှာရှိတဲ့ ခရိုနီ အကိုကြီးတွေက ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ပွဲမှာ ဗိုလ်စွဲသလို
အားပေးချီးမြှောက်ကြဦးမှာပါ…။
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းသွားသလိုကို အောင်ပွဲခံခွင့် ရကြဦးမှာပါ…။
အို…ဘာတဲ့…။
အာရှမှာ…မြန်မာကသာ…အနိုင်ယူဗို်လ်စွဲပြမည်…။

sindhu

13 comments

  • KZ

    September 5, 2013 at 2:41 pm

    အွန်။
    အဟုတ်ကြီးလားးးးးး
    ကြက်တောင်နဲ့ တေးဘယ် တင်းနစ်မှာ တရုတ်ကို ကျော်နိုင်သူ မရှိလို့ထင်ထားတာ။

    ပြောသာပြောရ။
    ဘာ အားကစားပွဲမှ မကြည့်တာကြာပေါ့ရယ်။

    အနော်တို့ဆီမှာတော့ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်နေတာနဲ့ကို နိုင်ငံကျော် အားကစားသမား မထွက်နိုင်တော့ဘူးလားမသိ။

  • black chaw

    September 5, 2013 at 2:49 pm

    @ KZ ;
    သိတ်ဟုတ်တာပေါ့ ကေဇက် ရေ…။
    ဟောဒီလင့်မှာ ဖတ်ကြည့်ဗျ…။
    http://myanmar.mmtimes.com/index.php/sports/6793-2013-08-22-10-30-42.html
    တရုတ်ကိုနိုင်ပြီး ချံပီယန် ဖြစ်သွားတာဗျ…။
    အရင်ဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • အဘ ဖားသက်ပြင်း

    September 5, 2013 at 2:57 pm

    ယပက်လက် ကို မမီပေမယ့် ရကောက်
    (ရဝမ်ဒါ) ထက်သာဆဲ ဖြစ်ပြီး
    စလုံးကို မမီပေမယ့် ဆလိမ်
    (ဆိုမာလီယာ) ထက် အေးချမ်းပါတယ်ဗျာ..။
    ငိငိ…
    အားကစားတော့မသိ
    မြေဈေးက ကမာ္ဘမှာ-၁
    ကင်ဆာဖြစ်တာက ကမာ္ဘမှာ-၂
    အကျင့်ပျက်ခြစားမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအပိုင်းတွေမှာလည်း
    ကမာ္ဘ့ ထိပ်တန်းပဲဟာ ..အားမငယ်ဘာဘူး။

  • Myo Thant

    September 5, 2013 at 3:17 pm

    ချစ်တတ်တာလည်း တစ် ပါပဲ ၊
    ဂဇက်ဖေ့စ်ဘုတ်ထဲမှာ ချစ်နေလိုက်ကြတာ ၊ 🙂

    အားကစားကတော့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် နဲ့ ဒီဇင်ဘာ ဆီးဂိမ်းမှာ စောင့်ကြည့်မယ် ၊

  • ဦးကျောက်ခဲ

    September 5, 2013 at 3:59 pm

    သူတို့ ယိုးဒယားတွေ ကမ႓ာကိုလွှမ်းစေဖို့ နောက်ကွယ်ကနေ…
    ချက်ပြုတ်ကျွေးမွေး အိမ်မှုကိစ္စလုပ်ပေးရတာ မြန်မာလုပ်သားတွေဆိုတော့…
    ကြံဖန်ဂုဏ်ယူထိုက်ပါတယ်လေ… အိုဘယ့် သာခင်မျိုးဟေ့ ဒို့ဘားမန်း…
    အဲ.. အချွန်နဲ့မ မ လိုက်ပါနဲ့ ကိုရင်ဘလက်ရယ် တက် ထောင်လွန်းအားကြီးလို့ပါ
    😀

    • Wow

      September 17, 2013 at 12:06 pm

      မြန်မာ့အသုတ် (အသုတ်စုံ)
      ကမ္ဘာလှုပ်ရမည် … ဆိုတဲ့ဆောင်ပုဒ်နဲ့ ချက်ပြလိုက်စမ်းဘာာာာ ကျောက်စ်ရယ် :mrgreen:

  • အလင်းဆက်

    September 5, 2013 at 4:45 pm

    အာရှမှာ မြန်မာက
    ဘာတွေ သာမလဲ တော့
    မြင်ယောင်မိသေးတယ်

    အဟိ

  • Crystalline

    September 6, 2013 at 10:42 am

    အိုလံပစ်မှာတုန်းကအမှားတွေများပြီးရှုံးခဲ့တဲ့တစ်ယောက်ထင်တယ်.. ကျမကတော့ တရုတ်နဲ့ဘယ်သူနဲ့ကစားမလဲ.. တစ်ဖက်အသင်းကိုပဲအားပေးတယ်.. အဲလောက်ချစ်တာ.. 🙂 အမျိုးသားပွဲလဲ အဲလိုပဲ ..လီချောင်ဝေးနဲ့ လင်ဒန်းထင်တယ်.. နှစ်ယောက်စလုံးတရုတ်ပါပဲ.. ဒါပေမယ့် မလေးတရုတ်ကိုပဲအားပေးတယ်.. :mrgreen:

  • kyeemite

    September 6, 2013 at 11:35 am

    ပိတ်သပ်ကြီးက အားပေးရင်း ဝိုင်းသမကြတဲ့နေရာမှာလည်းနံပါတ်တစ်ပါဗျာ..
    အိုဘယ့် သခင်မျိုးဟေ့ ဒို့ဘားမန်း… 😀

    ဘာပြောပြော ကြက်တောင်နဲ့ပင်ပေါင်မှာ တရုတ်ကထိပ်ဆုံးကဗျ..
    ဒီလို တရုတ်ကိုအနိုင်ကြဲနိုင်တဲ့ အင်သာနွန် လေးကိုတော့ချီးကျူး ဂုဏ်ယူပါတယ်ဗျို့

  • kyeemite

    September 6, 2013 at 4:09 pm

    ကျန်သေးတယ်..ဒီနေ့ သဗွိုက်စ် မှာဖတ်လိုက်တာ..ဘာတဲ့..
    “ကမ္ဘာ့စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း ညွှန်းကိန်း အနိမ့်ဆုံး ၁ဝ နိုင်ငံစာရင်း မြန်မာဝင်”
    ဂုဏ်ယူလိုက်ပါကျောင်းဒကာ…
    အိုဘယ့် သခင်မျိုးဟေ့ ဒို့ဘားမန်း… 😀

  • ukyein

    September 6, 2013 at 6:51 pm

    တရုတ်ကိုနိူင်တဲ့ သူများများ ပေါ်ပါစေဗျာ။

  • ခင် ခ

    September 7, 2013 at 3:36 pm

    Sep 7 / 3:34 pm
    See (1)

  • black chaw

    September 17, 2013 at 11:46 am

    ကွန်းမန့်ပြန်ရေးဖို့ နောက်ကျသွားတဲ့အတွက်
    ဆောရီး အကြီးကြီးပါ ကွန်းမန့်ပေးကြတဲ့ မိတ်ဆွေ တို့ရေ…။
    ခွင့်လွှတ်ရလောက်သော နောက်ကျမှု မဟုတ်ပါဘူးဗျာ…။
    သို့ပေမယ့်…
    အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း…
    လေးလေးနက်နက် မှတ်တမ်းတင်ပါတယ်ဗျာ…။
    @ အဘ ဖားသက်ပြင်း ;
    @ Myo Thant ;
    @ ဦးကျောက်ခဲ ;
    @ အလင်းဆက် ;
    @ Crystalline ;
    @ kyeemite ;
    @ ukyein ;
    @ ခင်ခ ;
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

Leave a Reply