ဆားပုလင်း မမနှင်း နှင့် ပရော်ဖက်ဆာဒေါက်တာ ကျောက်ခဲ

ムラカミSeptember 5, 20131min30521

တနေ့သ၌ ကျွန်ုပ် နေထိုင်သော အမှတ် ၃၇၆၊ မရိမ်းတပ် လမ်း သို့ မိတ်ဆွေကြီး ဆားပုလင်း မမနှင်း ရောက်ရှိလာတော့လေသည်။

ကျွန်ုပ်မှ တွန်းဝင်ခဲ့လေ အိုင်ပီ တံခါးက စေ့ထားရုံပါ …

 

နှင်း။ ဟာ ဟေ့လူ အိုင်ပီဂီ့ လွဲနေဘီ … ဆြာခ စာမှာဆိုရင် ဒါမိုးက ကျုပ်ပြောရမှာလေ။
ကျွန်ုပ်လည်း .. ဒမယ် ဆားပုလင်း မမနှင်း အဲ့ဒါနိုင်တီးဂွိုင်တီး က စာတွေ ။ဒါ ကာလပေါ်ဆားပုလင်းတွေခေတ်။

နှင်း။ ဟုတ်ပါဘီကွယ်…ဒါနဲ့ အမှုပေါ်လို့ အိုင်ပီလိုက်ကြည့်ပါဦးလား လာခေါ်တာဗျ။

ဂီ။ ဘာအမှုတုန်း ဆားပုလင်းရဲ့။

နှင်း။ကျောက်ကုန်း ဘက်မယ် ၃လောင်းပြိုင်လူသတ်မှုဖြစ်သဗျို့။

ကျုပ်လည်း ဌာနကရတဲ့ကား ဆီထုတ်စားတာ လက်လွန်သွားလို့ အိုင်ပီ့ ဆိုင်ကယ်လေး ကပ် စီးရအောင်

အဖော်လာငြှိတယ် ဆိုရမပေါ့ဗျာ.. အဟဲ။

မမနှင်း ရှက်ရှက်နှင့်ပင် ဝန်ခံလေသည်။

ဂီ။ ကျုပ်လည်း ဖဲရှုံးလို့ ဆိုင်ကယ်ပေါင်ထားတာဗျ။ နေဦး … ဟိုနေ့က မှောင်ရိပ်ခိုမှုနဲ့ ဖမ်းထားတဲ့ မံမီသော်ရဲ့ စက်ဘီး

တော့ရှိတယ် ဌာနမအပ်ရသေးတာ..ကဲပါလေ….. အဲ့ဒါနဲ့ သွားကြတာပေါ့ဗျာ။

 
သို့နှင့် ကျွန်ုပ်တို့ ၂ဦးလည်း အိမ်အောက် ဆင်းလာခဲ့တော့သတည်း။

ကျွန်ုပ်မှာ ဟာလီဒဗယ်ဇင် တံဆိပ်တပ်ထားသည့် ဖိုင်ဘာ နှင့်တိုင်တေနီယံဖြင့် စီရင်အပ်သော ဟဲလမတ်ကြီးစွတ်

လယ်သာဂျာကင် အနက်ရောင်နှင့် ၅၀၁ ရိုက်ဒါဂျင်းနှင့် လည်ရှည်ဖိနပ်စွတ်ကာ အလွန်ခန့်ညားစွာ ဝတ်စားထားပီး

မံမီသော်ဆီမှ သိမ်းထားသည့် မောင်ဗမာ တံဆိပ်တပ် စက်ဘီးပေါ်သို့ လွှားကနဲ တက်လိုက်လေသည်။

ထို့နောက်….

ဂီ။ ကိုင်း .. ဆားပုလင်းရေ ကျုပ်က ရှေ့က နင်းမယ် ဆားပုလင်းက နောက်ကလိုက်ခဲ့ပေတော့။

ဟုဆိုကာ စက်ဘီးအား ထောင်းလမောင်းကျေ နင်းချသွားရာ..။

ဆားပုလင်း မမနှင်းလည်း နောက်မှ ပြေးလိုက်ခဲ့ရလေတော့သတည်း။

(ဖော်ပြရန်ကျန်သွားသည်မှာ မံမီသော်၏ စက်ဘီးတွင် ကယ်ရီယာခုံ မပါပေ)

 

ရွှေသွား ကိုမတ်။ သံပြာကိုမျိုး နှင့် ဗိုက်ပူဗဆွေ တို့ ၃ယောက်ကား ခရိုင်းမ် ဆင်းန်သို့ ရောက်နှင့်နေပေပြီ။

၃လောင်းပြိုင်လူသတ်မှု ဆိုသော်ငြား သေဆုံးသူများအား မတွေ့ရချေ။

နှင်း။ ဟိတ်လူ ရွှေသွား။ ခညားတို့ လူသတ်မှုဆိုဗျ။ ဘယ်မတုန်း အလောင်းတွေ။

မတ်။ ဒီလို ဆားပုလင်းရဲ့ ။ ထူးဆန်းတဲ့ အဆိပ်တမျိုးနဲ့ လုပ်ကြံသွားတာဗျ။ အကြောတွေဆိုင်းပြီး အသက်မျှင်းမျှင်းလေးသာရှုနေလို့

သေပြီထင်ပြီး လာတိုင်ကြတာရယ်။ တော်သေးတာပေါ့ လူဦးလို့။ အခုတော့ ဆေးရုံရောက်သွားပါပြီဗျာ။

နှင်း။ ဒါနဲ့ ဘယ်သူတွေတုန်းဗျ။

မတ်။ ဇာတ်မင်းသား ပန်တျာ ဒညင်းဝက် ရယ်။ အငြိမ့်သမ မန်ဒလာ မာမာဂ ရယ် နဲ့ ပြဇာတ်ဆရာ ဘီအီးစီဒီ အောင်တိုက် တို့ပါ။

ဂီ။ အော်… ဟိုတလောကတောင် မင်းသား နဲ့ ဇာတ်ဆြာ ရန်ဖြစ်ကြသေးတယ်မဟုတ်လားဗျ။ အငြိမ့်သမ ကို အပြိုင်ပိုးရင်း။

မတ်။ အစစ်ပေါ့ဗျာ။ ဇာတ်ဆြာ မိန်းမသိသွားလို့ ရှင်မတောင်နဲ့ ထုလိုက်မယ် ဆိုပီး တကယ်ထ-ထုလို့ ကြားက အဆိုကျော် (ပြွန်တန်ဆာ) ကမ်းဝေး

ကိုမှန်ပီး ခေါင်းပေါက်သွားတဲ့ ကိစ္စ သတင်းစာထဲတောင် ဟိုးလေးတကျော် ပါလာသေးတာရယ်။

နှင်း။ နေပါဦး အမှုအကြောင်းပြန်သွားရအောင် ဘာလို့ လုပ်ကြံတာ ဘယ်လို လုပ်ကြံတာတဲ့လဲ။ ဘယ်သူလဲကော သိပြီလား။

မျိုး။ ဒီလိုရှိတယ်ဗျ… ဒီ၃ယောက်ကို လုပ်ကြံတာ ပစ္စည်းတခု လိုချင်လို့ဗျ။ ဘာပစ္စည်း ဖြစ်မလဲတော့ ကျနော်တို့ မသိသေးဘူး။

မင်းသမီးရဲ့ နှုတ်ခမ်းဆိုးဆေး မှာ အဆိပ်သုတ်ပီး လုပ်ကြံတာဗျ။

ဂီ။ လင်းစမ်းပါဦးဗျာ။ …

မျိုး။ ကျုပ်စစ်ချက်ယူထားတာ အရတော့ … မင်းသား ဒညင်းဝက်ပေါ့ဗျာ။ ဇာတ်ကပြီး ဟောဒီ့ တည်းတဲ့အိမ်ကို အပြန် မိတ်ကပ်ဖျက်တုန်း ….

“ချစ်မှာလား နှမတော်လေးရဲ့ ..” ဆိုပြီး ပြွတ်စ် …. ပါသတဲ့ …။ ဒါကိုမြင်သွားတဲ့ ပြဇာတ်ဆြာက အားကျမခံ…

မင့်နှုတ်ခမ်းက နှင်းဆီဖူးတွေ

မပန်ခင်မခူးရက်ပေမယ့်

လက်ဦးခဲ့သူ တဖက်လူကြောင့်

ခြေချုပ်ပြီး မြေဖုတ်ကဝေလို

ထိုးချင်ငဲ့ ..လျှာစီးချင်း။

ဆိုပီး ပြွတ်စ် ပြန်ပါသတဲ့ ။အဆိပ်က ခနချင်း တက်လာပီး ၃ယောက်လုံး နေရာတင် ပလပ်ကျွတ် ကုန်တော့တာပါပဲဗျာ။

ဂီ။ နေဦး စောစောက ခင်ဗျား စကားမှာ ပါတယ် .. ဘာတဲ့ ပစ္စည်း လိုချင်လို့ ဟုတ်လား …ဘာပစ္စည်းယူသွားသေးလဲဗျ။

မျိုး။ အဲ.. အဲ့ဒါတော့ ကိုဆွေ့ကို မေးခည။ သူစာရင်းလုပ်ထားတယ်…

စုံထောက် ဗိုက်ပူဗဆွေလည်း သူ၏ ကြီးများ ထွားကျိုင်းလှသော ဝမ်းဗိုက်ကိုပွတ်ရင်း လေးကြောင်းမျဉ်းစာအုပ်၌

ခဲတံတုံးတုံးဖြင့် တံတွေးဆွတ် ရေးထားသော ဘုရားစူးပျောက်ဆုံးစာရင်း အစီရင်ခံစာကို ဆားပုလင်း မမနှင်း လက်သို့အပ်လေသည်။

 

ပျောက်ဆုံးစာရင်း။

– မြွေနှစ်ကောင် ပွေးဆေး ၁ပုလင်း။

– ဝမ်းချူတောင့် ၃ခု။

– ဆာဒူးကြီး တံဆိပ် ကာမအားတိုးဆေး ၄ပုလင်း။

– အမျိုးသမီး လစဉ်သုံး ပစ္စည်း ၃ထုပ်။

– ဝ.၀၂မမ ကွိုင် ၅ဗူး။

– အီးစီတူး ပဋိသန္ဒေတားဆေး ၇၆ကတ်။

– သံလွင်ဆီ ၁ဝသား။

– အရွယ်တော် ခရမ်းသီး ၁လုံး။

– ကေသီပန် ၂ထုပ်။
ဟိုက်…

ဆားပုလင်း မျက်လုံးပြူးရချေပြီ။

ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိနိုင်ပြီး တန်ဖိုးလည်း မများသော ထိုပစ္စည်းများကို လိုချင်သောကြောင့်

လူ-၃ယောက် အသက်ကို ရန်ရှာသည်ဆိုခြင်းက အလွန်ပင် ထူးဆန်းနေလေသည်။

ထို့အပြင် ဖော်ပြရန်ကျန်ရှိနေသည်မှာ နံရံထက်တွင် ကော်ရက်ရှင်ပန်နှင့်

“မနှင်းဖြူ မြန်မြန်လျှော” ဟု ထင်ထင်ရှားရှား ရေး သွားခြင်းဖြစ်ပေသည်။

 
သို့နှင့် ..ကျွန်ုပ်တို့လည်း ပလတ်ကျွတ်နေသော လူနာ၃ဦးအား စစ်ချက်ယူရန်မဖြစ်နိုင်သဖြင့် ပြန်လာခဲ့ကြတော့လေသည်။

အပြန်လမ်းသည်ကား ရွှေသွား ကိုမတ် နားရင်း ၂၂ချက်တိတိအုပ်ကာ ချောဆွဲထားသည့် တာမွေလူမိုက် တွေ့မရှောင် ဇာယိ ၏

ဟိုင်းလပ်ကားဖြင့်ပင် ။ ကျွန်ုပ်၏ စက်ဘီး ပါ ကားပေါ်တင်ထားသောကြောင့် ရန်ကင်းကျောက်ကုန်း တဝိုက်မှ

လမ်းဘေးဈေးသည်များဖြစ်သော အကြော်သည် ဒေါ်ကြီးမိုက် ၊ သာကူသယ် ဒေါ်ဒေါ်သဲ ။ နွားနို့ သည် ကဆာမိ တို့

လမ်းဘေးဈေးသည် ဖမ်းတဲ့အဖွဲ့ဟုထင်ပီး အုပ်အော်သောင်းတင်း ဖြစ်ကြလေသည်။
ဂလိုနှင့် …စီအိုင်ဒီပြန်ရောက်လာပြီးနောက် …။။တအောင့်မျှကြာသော်… ဆားပုလင်း မမနှင်းမှ ကိုင်း .. အိုင်ပီရေ…

ကျုပ်တော့ ခရီးထွက်ဖို့ ပြင်လိုက်ဦးမယ်ဗျာ။ သို့နှင့် အချိန်ကား ၃လခန့်ကြာခဲ့လေပြီတည်း။။

 

ထိုကာလအတွင်း ရန်ကုန်မြို့ တွင် ဘယ်နားမယ် အသုဘအိမ်ရှိသလဲ လိုက်စုံစမ်းနေလေ့ရှိသော ဖဲဝိဇ္ဇာ ကိုကိုကြည်

စူနာပြု တက္ကသိုလ်တွင် ထမိန်ရုတ်၍ အဆောင်သူများ ဝိုင်းဖမ်းပေးသည့် အမှု။

ဆံသဆြာ အာလဂ Oh! Yes ဆောင်ကြာမြိုင် ပိုင်ရှင် သူဌေးကြီး ဝေါင်းဝေါင် ထံ အကြွေးမဆပ် သဖြင့်

အိမ်ဂရံ တရားစွဲဆို တောင်းယူသည့် အမှု၊ ရုပ်ရှင်မင်းသမီး ဝါဆိုမိုးပူးချ် သတင်းထောက်မလေး ခရစ်စ် ကို ဆံပင်ဆွဲပါးချသည့်အမှု

တို့လောက်သာ ရှိသဖြင့် ကျွန်ုပ်တို့မှာ ပျင်းရိနေလေသည်။ ရွှေသွားကိုမတ် မှာ စုံထောက်မင်းကြီး မစ္စတာ ကရင်စီ ထံတွင်..

အမှုအခင်းများ လျှော့နည်းနေခြင်းမှာ မိမိတို့ ပုလိပ်အဖွဲ့၏ အစွမ်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အမှုအခင်းများနည်းနေချိန်တွင်
နိုင်ငံရပ်ခြား မွမ်းမံသင်တန်းများ စေလွှတ်တက်ရောက်စေသင့်ကြောင်း အကုန်အကျသက်သာစေခြင်းအလို့ငှာ စကော့တလန်ယာဒ့်
မော့ဆက် စီအိုင်အေ စသည်တို့ ကိုမသွားဘဲ ..နီးနီးနားနား ထိုင်းနိုင်ငံ ပက်ပုံး တက္ကသီလာ ကို ရွေးချယ်သင့်ကြောင်း

မီးကျိုးမောင်းပျက် ယင်းဂလိစာ ကို အာပေါင်အာရင်းသန်သန်နှင့် အစီရင်ခံသေး၏။ ထိုစဉ်..
နမ်းမလားရှင်။

အဲ့လေ.. ဒါနဆန်များရှင်။

 

သီလရှင်တပါး…ဟာ .. ဘယ်ဟုတ်မတုန်း ဆားပုလင်း မမနှင်း….

သူ့နောက်တွင်ကား လက်ထိပ်တန်းလန်းနှင့် လူငယ်တယောက်။

 

ကဲ ..အိုင်ပီရေ …စစ်ချက်သာယူတော့ဗျာ.. ဟိုဇာတ်သမား ၃ယောက်ကို အဆိပ်ခတ်ပီး လုပ်ကြံတဲ့

မတထောင် တကောင်ဘွား ပရော်ဖက်ဆာ ဒေါက်တာကျောက်ခဲ ဆိုတာသူပဲ။

ထိုတော့မှ အိုင်ပီတသိုက်သည် အဆိုပါ သူငယ်အား သတိပြုကြည့်မိလေသည်။
သူကား အသားလွန်စွာဖြူ၏။

ထို့အပြင် ကိုယ်ကာယမှာလည်း ကျစ်လစ် တောင့်တင်းပီး

အဆီပိုတစက်မှ မရှိသော ဝမ်းဗိုက်ကြွက်သား အမြှောင်းအမြှောင်း ကိုပိုင်ဆိုင်လေသည်။

ဆံပင်မှာကား လွန်စွာသန်စွမ်းရှည်လျားပြီးယောင်တစောင်း ဆန်ဆန် ထုံးဖွဲ့၍ထားလေသည်။

 

ထိုလူငယ်၏ အကြောင်းမှာကား လွန်စွာမှ စိတ်ဝင်စားဖွယ်ကောင်းသလို လွန်စွာလည်း စိတ်တက်ကြွဖွယ်ကောင်း၏။

ထို့အတူ လွန်စွာမှ ကြေကွဲစွတ်ပျံ့ဖွယ် ကောင်းသလို လွန်စွာလည်း လွမ်းမောနာကျင်စရာကောင်း၏။

ထို့အတူ လွန်စွာလည်း စိတ်ဓါတ်တက်ကြွကြည်နူးဖွယ်ကောင်းသလို လွန်စွာလည်းစိတ်ပင်ပန်း ငြီးငြူဖွယ်ရာကောင်း၏။

ထိုလူငယ်သည် လူထူးလူဆန်းကြီးများ ဖြစ်သော အလမ္မယ်ဆြာ အင်္ဂါ Z တို့လို ပုဂ္ဂိုလ်ကျော်များနှင့် ဆုံဆည်းခဲ့ဖူးသလို

လွန်စွာလည်း ရက်စက် ကြမ်းကြုတ်သည့် ဘမျိုး ဘိုးတူ ဘယ်သန် ဘခိုမ် ကဲ့သို့သော ပင်လယ်ဓမြဗိုလ် များနှင့်လည်း

ဆုံစည်းဖူး၏။အမျိုးသမီး ကိုယ်လုံးတီး ပန်းချီကားများ ရေးလေ့ရှိသော ပီကာခြောက်(စိုတာရှိရင်ခြောက်တာလည်းရှိမှာပဲ)

ကဲ့သို့သော ကမာ္ဘ့ထိပ်တန်း အနုပညာရှင်များနှင့်လည်း ဆုံဆည်းဖူးလေသည်။

ထိုသူ၏အကြောင်းမှာကား
(ဆက်ရန်-)

 

 

 

21 comments

  • Myo Thant

    September 5, 2013 at 3:43 pm

    ဒုတိယပိုင်း မြန်မြန်လုပ်ဗျာ
    ကျောက်စ် ဘယ်လိုဇာတ်သိမ်းမလဲ သိချင်လို့
    ဟီး ဟီး 🙂

  • ဦးကျောက်ခဲ

    September 5, 2013 at 3:44 pm

    မောင်ဂီ… နေရင်းထိုင်ရင်း ကျောက်စ်ကို ဗျင်းပြန်ပြီ…
    စလိုက်ပြီဆိုတော့ ဇာတ်သိမ်းခန်းကို လှလှလေး အဆုံးသတ်ပေးပါ…
    ဆားပုလင်းနဲ့ ပရော်ဖက်ဆာဇာတ်ပေါင်းမှ ဖြစ်မယ်နော်…
    မပေါင်းပေးရင် မိုးနတ်မင်းကြီးကို တိုင်တည်လိုက်လို့ မဲဆောက်မှာ ရေကြီးသွားမယ်… ဟီ ဟိ
    😀

    • ဘဆွေ

      September 5, 2013 at 9:30 pm

      လုပ်လိုက်စမ်းပါ ကိုကျောက်ရာ..
      ကျော့် ကို ဗိုက်ပူ ဗဆွေ တဲ့…မသိရင် သများ ဒီမှာ စော်ကလော နေ သလိုပဲ….
      ရှီးရေ .. ဖိုးမူကြီး..(နဂသီးလောနေ)… အဲ့ဒီ ပရော တော့ သွားမယုံလေနဲ့… အဝဲနေ ဖတ်တချို လဲဖြစ်သွားမယ်..

  • KZ

    September 5, 2013 at 3:53 pm

    စက်ရက်လှချည်လားးး (အဲလေ) ရက်စက်လှချည်လားးး ရွှေသွားရယ်။

    ဇာယိတို့ တွေ့မရှောင်ဆိုတာ အစားအသောက်ဆိုင်မှန်သမျှ တွေ့မရှောင် အမိုက်ခံ စားလို့ ဒီ နာမည်ရတာပါ။

    နာ့ ဟိုင်းလပ်ကားလေးပြန်ပေးပါ။

    :mrgreen:

    နို့မို့ ဝေါင့် ရဲ့ ဆောင်ကြာမြိုင်မှာ ကပ်နေရမဲ့ ဘွမို့ပါ။ 😀

  • ခင် ခ

    September 5, 2013 at 4:17 pm

    တော်သေးတာပေါ့ သုံးလောင်ပြိုင်ဇာတ်ကြောင်းမို့ ငါးလောင်းပြိုင်ဇာတ်ကြောင်းသာဆိုရင်ဖြင့် ယုံထင်ကြောင်ထင်တွေတော့ ဖြစ်မှာမြင်ယောင်သေး။

  • amatmin

    September 5, 2013 at 4:17 pm

    ရွှေသွားဂျီးက ပက်ပုန်းကိုသွားဖို့..သွားရည်ယိုုမပေါ့ ကွီ..။
    ခုတလော မားစ်ကျောက်က
    ယပလက်တခွင်ညွှန်းနေတာ အတော်များကိုး..။ 😛
    ဇဂါးမစပ်..ဟိုလူသုံးယောက် လူမသေလို့သတိပြန်ရရင်လည်း..
    အဝှာ(အာရုံကြော)လောက်တော့ ပေးသေလိုက်ဇမ်းဘာ.နော့ ။
    နောက်ပီး.တွေ့မရှောင်ကိုသမဒဲ့..နရင်း ၂၂ ချက်နောက်မှာ သုံည တလုံးလောက်ထပ်တိုးလို့ ရဘူးလား ဟင်င် ။
    😀

  • Shee

    September 5, 2013 at 4:36 pm

    လေးလေးကျောက် ကိုတစ်သက်တစ်ကျွန်းပို့ပါဗျိူ့…….ဟီးဟီးးးး

  • Yin Nyine Nway

    September 5, 2013 at 4:40 pm

    ဆားပုလင်းက အပြေးသန်သား
    စက်ဘီးနောက်ကနေတောင် အပြေးလိုက်လာရတယ်ဆိုတော့ကား

  • အလင်းဆက်

    September 5, 2013 at 4:41 pm

    ဂီဂီက တယ်. . . . နောက်တာကိုးးးးးး

    ဇာတ်မင်းသားလေသံပေါ့

    အဟိ

  • Mr. MarGa

    September 5, 2013 at 6:38 pm

    တိန်…..
    ကျုပ် မိဖုရားတွေ ဖတ်မိရင် ဒီကန္နားစီးတော့ လွယ်မယ်မထင်
    ဘယ်အချိန် ကလော်တုပ်ခံရမယ်မသိ
    အင်း……
    ရင်လေးသကွယ်….
    :mrgreen:
    စကားမစပ် နှုတ်ခမ်းဆိုးဆေးမှာ အဆိပ်သုတ်တာဆိုရင် ကျန်တဲ့သူတွေကို ရည်ရွယ်ပုံ မရဘူး…

  • YE YINT HLAING

    September 5, 2013 at 9:30 pm

    စိတ်အပန်းပြေသဗျာ ။ ဆက်ပါဦး။ နို့ ဒါနဲ့ဆားပုလင်း မမနှင်း က အတော်ချောဆို။

  • Ma Ma

    September 6, 2013 at 7:54 am

    ဇာတ်ကို ကြိုခန့်မန်းရမယ်ဆိုရင် မောင်ကျောက်စ် ကံကောင်းမှာပါ။
    ဆားပုလင်းက မမနှင်းဆိုတော့ :loll:

  • kyeemite

    September 6, 2013 at 10:14 am

    တောက်စ်….လုပ်စားမိုးခေါင်…ခိုးစားခွေးဟောင်ဆိုတာလိုပဲ
    .ကောင်းရောင်းကောင်းဝယ်လမ်းဘေးဈေးရောင်းစားမိပါတယ်
    တာမွေလူမိုက် တွေ့မရှောင် ဇာယိ ၏ဟိုင်းလပ်ကား က
    သောက်ရမ်းတွေမောင်းတော့ ဈေးဗန်းကိုချိတ်သွားလို့
    အရင်းပြုတ်ပါပေါ့လား….အရပ်ကတို့ရဲ့…
    ဒီလောက်ဖြစ်လှတာ… ဆောင်ကြာမြိုင် ပိုင်ရှင် သူဌေးကြီး ဝေါင်းဝေါင်ဆီပဲ သွားပြီး
    အမေပေးတဲ့ လယ်တစ်ကွက်နဲ့ လုပ်စားတော့မယ်… 😀

    • KZ

      September 6, 2013 at 10:20 am

      အမလေးလေးးး
      ဒီ က မုန့်ဝယ်စားမို့ ကပ်ရပ်မိတာ နောက် က ရွှေသွားလိုက်လို့ မောင်းထွက်ရင်းနဲ့ တိုက်မိတာပါ အမိုက်မလေးရယ်။

      ပေးထားတဲ့ ကားကို က ဟိုင်းလပ်တဲ့။
      ဟိုင်းကလည်း ဟိုင်းပြီး လစ်လပ် နေတယ်လို့ ပြောချင်တာလားဟမ်?

      မဖြစ်ပါဘူးးးး
      ဝေါင့် ဆီ က တစ်ယောက်လောက် သွားတောင်းအူးမှပါ။
      😀

  • Crystalline

    September 6, 2013 at 10:29 am

    စိတ်ဓာတ်တွေပေါ်လာပြီး.. ကြည့်ပါအူး.. သူကတော့ ဘီးစီးပြီး ဆားပုလင်းနှင်းမမကိုတော့ ပြေးလိုက်ခိုင်းတာတဲ့.. နော်ရှီးရေ.. ပြန်စဉ်းစားအူး :mrgreen:

  • Shee

    September 6, 2013 at 11:20 am

    ဟုတ်ပါ့ မမရယ်…….ကိုယ့်အလှည့်ကြရင် နောက်ကပြေးခိုင်းရုံတာမကဖူး လိုက်ပါတွန်းပေးရမလားမတိ

  • မိုး မင်းသား

    September 6, 2013 at 5:27 pm

    ဓညင်းဝက်ရော……….ဦးမာဃရော….သုံးလောင်းပြိုင်လူသတ်မှူဟုတ်စ…….ဘယ်သူ့ရက်လည်အရင်သွားရပါ့

  • အလင်းဆက်

    September 6, 2013 at 5:46 pm

    သားသားကို နှစ်ပြား မတန်အောင် အညိုးညိုး ရေးနေဒဲ့
    ဒီလူဂျီး ဂွီ ကိုလည်း
    နာမည်လေး ထည့်သုံးပြီး
    ပိုစ့်တစ်ပုဒ် ရေးနေပါဘီ ခီညာ

    ဂန်ဒဝင် မြောက် ပိုစ့်မဟာ ကြီးဟာဖြင့်
    မကြာမီ လာမည်
    မျှော်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်

    :kwi:

  • TNA

    September 7, 2013 at 12:27 pm

    ဟီဟိ နာမြန်းသာကူရောင်းခိုင်းတယ်။ စိန်လောက်ဆိုတော်သေး။ ရီရတယ်အေ။ အုအုကျောက်စ်လဲ ဘာပြောနိုင်ပါ့တော့မလဲဟင်။

  • ခင် ခ

    September 7, 2013 at 3:41 pm

    Sep 7 / 3:39 pm
    See (5)

  • ဦးကြောင်ကြီး

    September 10, 2013 at 8:58 am

    ဆားပုလင်းနှင်း
    ကျားဟင်းဗျင်း
    ပရော်ဖဆာကျောက်
    ငဂျော်တခါဖောက်
    အိုင်ပီဂီ
    လှိုင်အီစီကလီ
    ကရင်သဗုံရှီး
    ဆင်ဂဠုန်တီး..။

Leave a Reply