ငါ့ရဲ့ ခရီးလမ်း

တစ်ခါတစ်လေတော့လည်း ခါးသီးမိပါရဲ့
သူစိမ်းတွေတိုက်တဲ့ ခါးသီးစိမ်းသက် လေစိမ်းထဲမှာ
ငါကတော့ လေလွှင့်ငှက်တစ်ကောင်လို မျှောပါလို့
နောက်ကွယ်က အသင့်ပြင်ထားတဲ့ ဓါးတွေကို ငါမမှုသလို
ရှေ့လမ်းက ခရီးကြမ်းကိုလည်း ငါမကြောက်ခဲ့တာ ငါအသိ
ကိုယ်ပိုင်ခြေထောက်တစ်စုံပေါ်ရဲရဲရပ်တည်ခဲ့
ဖြစ်တည်ရာဘဝတစ်ခုအတွက် ငါ့ကိုယ်ငါ စတေးရလောက်အောင် သတ္တိမရှိခဲ့သလို ငါ့ဦးနှောက်ကလည်း လက်သင့်မခံခဲ့ဘူး
အေးစက်နေတဲ့လက်တစ်စုံအတွက် ငါမတောင့်တခဲ့ပေမယ့်
ငါနေပျော်တဲ့လမ်းကို ငါရွေးခဲ့တာပဲ
သက္ကရာဇ်တွေ နှစ်စား .. ဆယ်စုနှစ်တစ်ခု ကြာခဲသော်လည်း
လမ်းအသစ်အသစ်တွေဖောက် နေရောင်အောက်မှာ
ငါတစ်ကိုယ်ရည် လှမ်းလျှောက်ဆဲပဲ
ကမ်းလင့်မယ့် လက်အစုံကို မမျှော်လင့်သလို
ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့
လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …

6 comments

  • Conny Kim

    September 6, 2013 at 9:13 am

    “ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့
    လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …”
    အရိုးရှင်းဆုံးပြောရရင် ကြိုက်ဧ။်

  • ခင် ခ

    September 6, 2013 at 1:25 pm

    တစ်ကိုယ်တော်လမ်းဖောက်
    လမ်းမပျောက်ဖို့
    လားရာဦးတည်
    ထားပါဆိုမည်။

  • အလင်းဆက်

    September 6, 2013 at 5:33 pm

    လမ်းဖောက်တတ်သူ အတွက်
    လမ်းပျောက်ခြင်းဆိုတာ မရှိပါဘူး

    လမ်းးပျောာက်တတ်သူအတွက်တော့
    လမ်း ဖောက်ရဲဖို ့
    အားအင်တွေ လိုအပ်တယ်

    🙂

  • YE YINT HLAING

    September 6, 2013 at 7:59 pm

    “အေးစက်နေတဲ့လက်တစ်စုံအတွက် ငါမတောင့်တခဲ့ပေမယ့်
    ငါနေပျော်တဲ့လမ်းကို ငါရွေးခဲ့တာပဲ
    သက္ကရာဇ်တွေ နှစ်စား .. ဆယ်စုနှစ်တစ်ခု ကြာခဲသော်လည်း
    လမ်းအသစ်အသစ်တွေဖောက် နေရောင်အောက်မှာ
    ငါတစ်ကိုယ်ရည် လှမ်းလျှောက်ဆဲပဲ
    ကမ်းလင့်မယ့် လက်အစုံကို မမျှော်လင့်သလို
    ငါ သွားရာ ချည်နှောင်မယ့် ကြိုးတွေကို ငါမုန်းမိလို့
    လက်ဗလာနဲ့ တစ်ကိုယ်တော် ရဲဝင့်စွာနဲ့ ငါ လမ်းဖောက်ဆဲပဲ …” ကောင်းတယ် —-

  • ခင် ခ

    September 8, 2013 at 3:30 pm

    ပိုမိုရှင်းအတွက်ဝင်ကြည့်ချိန် ညနေ ၃း၃၁
    မှတ်တမ်းဝင် ၄။

Leave a Reply