KZ’s ထမင်းဆိုင် (ပထမ တစ်ပတ်စာ ဟင်းစပ်များ)

ဇီဇီSeptember 9, 20132min34956

 

KZ ထမင်းဆိုင်ဖွင့်မလို့။

ဒီရွာထဲမှာ။

 

မျက်စိပြူးမသွားကြပါနဲ့။ ဒီလိုပါ။

 

အရင်က ကိုယ်က ကိုယ်ပိုင်စီးပွါးလုပ်ဟေ့ ဆိုရင် ထမင်းဆိုင်ဖွင့်ချင်တာရယ်။

ဒါပေသိ ဖြစ်ဖြစ်မြောက်မြောက် ဘာ…..မှ မချက်တတ်တာက တစ်မျိုး။

လူအများစာ အိုးကြီးချက် မချက်တတ်တာကလည်း တစ်ဖြစ်။

ကိုယ့်စီးပွါးဆိုရင် ကိုယ့်ဝင်ငွေ/ထွက်ငွေတွက်ရတော့မှာကလည်း ခေါင်းကိုက်စေမှာတစ်ကြောင်း။

နောက် အလကားလာစားမဲ့သူတွေ အများကြီးရှိတာက တစ်လမ်းမို့ ……

လက်တွေ့ အကောင်အထည်မဖော်ဖြစ်သေးဘူးဆိုပါစို့။   😀

 

နောက် ဖွင့်ချင်တဲ့ဆိုင်ကလည်း မြန်မာထမင်းဟင်းမှရယ်…. ဘာရယ်တော့မဟုတ်ဘူး။

ဟင်းစပ်တည့်တဲ့ ဟင်းလေးတွေပဲ ချက်တဲ့ဆိုင်မျိုး။ လူမျိုးစုံရဲ့ အစားအစာမျိုးစုံ ပါမှာပဲရယ်။

 

ခု ဖွင့်ထားတဲ့ ဆိုင်တွေက ဘာဟင်းမဆို အကုန်ရတာမျိုးလေ။ ကိုယ့်ဟာကိုယ် ဟင်းစပ်ပြီးမှာစားရတာမျိုးမဟုတ်လား။

အဲဒါမျိုး ဖွင့်ချင်ဘူးရယ်။

 

ဖွင့်ဖြစ်ရင်တော့ ဒီလိုလုပ်မယ်။

တစ်ပတ်စာ ဟင်းစပ်ကို တနင်္ဂနွေနေ့တိုင်း ကြို ကြေငြာထားမယ်လေ။ ရ ရက် ရ စုံ။

နေ့တိုင်း၊ နေ့တိုင်းလည်း ဘာဟင်းတွေဆိုတာ ဆိုင်မှာ ကြေငြာထားဦးမှာ။

ကြိုက်တဲ့နေ့လာစား၊

မကြိုက်တဲ့နေ့ မစားကြနဲ့ပေါ့။ တခြားရွေးချယ်စရာ မရှိဘူး ဆိုတာမျိုးလေ။

ဘာ အသားဟင်းပါမှ ဘာမှလို့လည်း သတ်မှတ်မထားဘူး၊ မရှိဘူး။

စားကောင်းနိုင်မှာမျိုးပဲ ဟင်းစပ်မှာ။ ရာသီစာ တို့ အရောအနှော တို့လည်းပါမယ်။

အဲဒီလို……။ (ဟီး။ စီးပွါးတော့ ဖြစ်ဦးတော့မှာပဲ။)   😀

 

ဒါပေသိ။ တွေးရုံနဲ့ကို အင်မတန် စိတ်ချမ်းသာတာကလား။

ကိုယ်စိတ်ကူးထဲက ဟင်းစပ်လေးတွေ စပ်ပြီး စားဖိုမှူးကို ချက်ခိုင်းမယ်။

စားဖိုမှူးကတော့ အမည်မဖော်လိုသူ အမည်မသိဖြစ်ပါတယ်ပေါ့။

ကိုယ်မချက်ရ ပြီးတာပဲဟာ။

 

ရွာထဲမှာ ဖွင့်မယ် ဆိုတော့ကာ တစ်ပတ်စာကို  ပို့(စ) အနေနဲ့  တနင်္လာနေ့မနက်ကို တင်လိုက်မယ်။ ဟင်းစပ် ရ စုံ………။

ဟီး။ မတင်တဲ့ တစ်ပတ်က မတင်ဖြစ်ဘူးပေါ့။ ဆိုင်ပိတ်တယ်ပေါ့။

မအားတာတို့ အကြံတုံး/ဉာဏ်တုံးကာလတို့ဆိုတာ ရှိဦးမှာကိုး။

 

အဲ။ နောက်ရက်တွေ ဟင်းစပ် အကြံပေးနိုင်တဲ့ ရွာသူ၊ ရွာသားတစ်ယောက်စီကို ယာယီ စားဖိုမှူးအဖြစ် အဲ့ဒီ တစ်ရက်မှာ ကြေငြာမယ်။

ဘယ်သူမှ မပါဝင်ချင်ဘူး ဆိုရင်လည်း ကိုယ့်ဟင်းစပ်လေးနဲ့ ကိုယ်ပဲ ဆိုင်ဖွင့်မှာပေါ့ရယ်။

အတွေးထဲ အစားအသောက်ပဲ စဉ်းစားနေရတာလောက် ပျော်ရွှင်ရတာမရှိ။   

😀

 

ကဲ။ ပြောနေကြာတယ်။ ဒီတစ်ပတ်က စ ထမင်းဆိုင် စဖွင့်ပြီ။

 

 

တနင်္လာနေ့

အရည်သောက်ကို ကြက်ရိုးနဲ့ ကြာဇံဟင်းခါးလေး တည်ထားတယ်။

ပြီးတော့ ကြက်အသားကို တောက်တောက်စင်းပြီး ကြက်သွန်ဖြူ/ချင်း အရည်ညှစ်နယ်ပြီးမှ ဂျုံနဲ့ ကပ်ကြော်ထားတာရယ်၊

ရှောက်သီးကို မြေပဲမှုန့်/ပုဇွန်ခြောက်များများနဲ့သုပ်ပြီး

ငရုတ်သီးခြောက်တောင့်ကြော်နဲ့ တွဲပေးမယ်။

ပြီးရင် အအေးကို သင်္ဘောသီးဖျော်ရည် ပေးလိုက်မယ်။

 ~~~~~~~~~~

အင်္ဂါနေ့

ကုလားပဲနဲ့ ငါးခြောက်ရိုးကို ခရမ်းသီး/အာလူးလေးနဲ့ ကျဲကျဲ ချဉ်ရည်သောက်လိုက်မယ်။

ပြီးတော့ ဆိတ်သားဆီပြန်လိုက်မယ်။

ပါပရာ ကြော် ကျွပ်ကျွပ်လေးနဲ့ လိုက်မှာပဲ။

အအေးက ဒိန်ချဉ် ပေါ့။

 ~~~~~~~~~~

ဗုဒ္ဓဟူးနေ့

ပုဇွန်ဆိတ်သေးသေးလေးတွေကို ငရုတ်သီးနဲ့ အစပ်ကြော်ပလိုက်မယ်။

သရက်သီးစိမ်းကို မျှင်မျှင်ခြစ်ပြီး ချဉ်ချဉ်သုပ်ပလိုက်မယ်။

အရည်သောက်က…… အင်း……… ဘူးသီးဟင်းခါးတည်ပလိုက်မယ်။

အအေးက သခွါးမွှေးဖျော်ရည်လာမယ်။

 ~~~~~~~~~~

 ကြာသပတေးနေ့

ဝက်သား သုံးထပ်သား ကို မုန်ညှင်းချဉ်နဲ့ ပေါင်းတဲ့ဟင်းက တစ်ခွက်၊

ပဲသီးရယ်၊ ခါချက်ဥရယ်ကို ကော်ရည်လေးနဲ့ ကြော်ထားတဲ့ ဟင်းက တစ်ခွက်၊

ငါးခေါင်းကို ငရုတ်သီးစိမ်းနဲ့ အစပ်တည်ထားတဲ့ ဟင်းက တစ်ခွက်။

အအေးက ဆန်ချိုအေး။။

 ~~~~~~~~~~

သောကြာနေ့

ငါးဖယ် စစ်စစ် (ငါးကြင်းခြစ်ဟုတ်ဘူးနော်) ကို ငရုပ်သီးခြောက်နဲ့ ကြက်သွန်ဖြူ/ချင်းထောင်းတာနဲ့ နယ်ပြီး ကြော်လိုက်မယ်။

ငါးဖယ်ရိုးကို ဟင်းရည်တည်ပြီး ငရုတ်ကောင်းခတ်ထားလိုက်မယ်။

ကန်စွန်းရွက်နဲ့ မှိုကို ငရုတ်ပွလေးနဲ့ ကြော်လိုက်မယ်။

ပြီး မန်ကျည်းသီးစိမ်းကို ထောင်းလိုက်မယ်။

အအေးက လိမ်မော်ရည်။

 ~~~~~~~~~~

စနေနေ့

ရုံးပိတ်ရက်ဆိုတော့ မနက်စာ လေးပါ စီစဉ်ရင်ကောင်းမလားလို့ …….

အုန်းနို့ခေါက်ဆွဲလေး ချက်ထားတယ်။

တွဲဖက်စားသုံးရန် 

ငါးဖယ်ကြော်၊

ပဲသွေး၊

ဘဲဥ၊

မုန့်ကြွတ်ကြော်၊

သံပုရာသီး၊

ငရုတ်သီးမှုန့်၊

ကြက်သွန်နီ ပါးပါးလှီး လိုသလောက်ရနိုင်၏။

 

 

နေ့လည်စာ က တော့ ဘဲဥငုတ်တုတ်ဟင်း စားဖူးကြလားဟင်။ နောက်ရက်မှ ချက်နည်းတင်ပေးမယ်။

ဘဲဥရယ်၊ ပုဇွန်ထုတ်ရယ်ကို ငရုတ်သီးခြောက်ထောင်းပြီး ဆီပြန်ချက်တဲ့ဟင်းရယ်။

ချဉ်ပေါင်နဲ့ မျှစ်နဲ့ ကို ချက်ထားတဲ့ ချဉ်ရည်ဟင်းရယ်၊

ငါးမုန့်ကြော်ရယ်။

ဂေါ်ဖီပန်း အစိမ်းကို ကြော်လိုက်မယ်။

အချိုပွဲက သာကူပြင်

 ~~~~~~~~~~

တနင်္ဂနွေနေ့

မနက်ခင်းစာ က

ကောက်ညှင်းပေါင်း ကို….

ဘူးသီးကြော်ရယ်၊

ငါးခြောက်ဖုတ်ဆီဆမ်းရယ်၊

ပဲပြုတ်ရယ်၊

နှမ်း/ဆားထောင်းလေးဖြူးပြီး

ရေနွေးကြမ်းလေးနဲ့ ပေးလိုက်မယ်။

 

နေ့လည်စာ ကတော့

ဝက်သား နဲ့ ပုန်းရည်ကြီးကို ချက်။

ပဲကြီးနှပ်၊

မန်ကျည်းရွက်ကို ချဉ်ရည်တည်၊

ငံပြာရည် ဆီသတ်ကို သခွါးသီးနဲ့ တို့၊ အဲ ဒါလောက်ပဲ။

အချိုပွဲက မုန့်လက်ဆောင်း။

 

ဒီတစ်ပတ်စာ ဒါလောက်ပဲ။

စားနိုင်တဲ့ ဟင်းကို ရတဲ့နေ့မှာ လာစားကြပါ။

:mrgreen:

 

56 comments

  • ဦးကျောက်ခဲ

    September 9, 2013 at 9:12 am

    ဒီနေ့ကတော့ တနင်္လာ…
    ဝက်သားလုံး အစိမ်းကြော်ရယ်၊ ကြက်သားပြားကြော်ရယ်နဲ့ ထမင်းဗူးထည့်လာတယ်…
    အရည်သောက်ကတော့ Hot Green Tea ပေါ့ကွယ်…
    ညနေစာကတော့ ဝက်နံရိုး ကင်မ်ချီဟင်းရည်လေးနဲ့ စားမလားလို့…
    ဟီ ဟီ… မိုးလင်းတည်းက အိပ်တဲ့ထိအောင် စားဖို့ပါပဲ….
    😀

    • KZ

      September 9, 2013 at 11:50 am

      အမ်းးးးး
      လာပါ့မယ်။
      အပူကပ်ဖို့။

      :kwi:

  • ခင် ခ

    September 9, 2013 at 10:09 am

    တစ်ခုတော့မေးထားချင်တယ်ဗျ
    ထမင်းဆိုင်က လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်လို့ရတဲ့ ဆိုင်လားလို့ပါ။

    • KZ

      September 9, 2013 at 11:53 am

      ချောက်ချမေးခွန်းကြီးပါလားးးးး

      မသိဘူးးးး
      တကယ်ဖွင့်ဖြစ်မှ စဉ်းစားမယ်။
      😀

  • Wow

    September 9, 2013 at 11:39 am

    ဒီဟင်းစပ်တွေလဲ ဂယ်ဂျီးကိုချက်ကျွေး… ဘရန်းဒွေလဲဆင်အူးမာဆိုတော့ ကေဇီလေးနဲ့ ဝေးရမဲ့သူများ လွမ်းဇယာ :kwi:

    • KZ

      September 9, 2013 at 11:55 am

      အမငိ။
      ဒါ ဒါ အချွန်နဲ့ မနေတာ။

      ဟိ။
      အသာငြိမ်နေမှ။
      လူအပိုင်ရမှ မီးဖိုချောင်ထဲ ပို့ပြီး ဟင်းစပ်တွေပေးပြီးချက်ခိုင်းပလိုက်မယ်။
      ကိုယ့်ကတော့ ဘရန်းတွေ အဝယ်ထွက်ပေါ့။
      :mrgreen:

  • Crystalline

    September 9, 2013 at 11:42 am

    ကြာသပတေးနေ့စိတ်ဝင်စားဆုံး.. မစားဖူးတာတွေပါနေလို့.. မိန်းဒစ်ရှ်လည်းစိတ်ဝင်စားတယ်.. ခါချက်ဥဆိုတာကိုလည်းသိချင်တယ်.. ဆန်ချိုအေးလည်းမသောက်ဖူးပါ.. 🙂

    • ခင် ခ

      September 9, 2013 at 11:55 am

      Crystalline ရေ ခါချက်ဥ ဆိုတာ မုန်လာဥအနီ ကိုညွှန်းဆိုတာပါ။
      ရန်ကုန်နဲ့အောက်ပြည်က “မုန်လာဥနီ´´ လို့ခေါ်ကြပြီး၊ မန်း နဲ့ အထက်ဘက်ကတော့ အဲဒါကို “ခါချက်ဥ´´ လို့ ခေါ်ကြတာပါ။

    • KZ

      September 9, 2013 at 11:56 am

      ခရစ်လေးးးးး
      ခါချက်ဥ ဆိုတာ မုန်လာဥနီကို ပြောတာကွဲ့။
      ဆန်ချိုအေးက မန်းလေးမှာရှိတယ်။
      🙂

    • ဦးကြောင်ကြီး

      September 10, 2013 at 8:47 am

      ခါဥထက် ကောင်းတဲ့လာဥဆိုဒါလဲ အထကအညှာမှာ ရှိသေးသကွဲ့ ကြောင့်ခရစ်စတယ်လေးရဲ့…။ အောက်ပြည်အောက်ရွာမှာဒေါ့ အဲဒီလာဥဂို “ရေးချာ ‘ ာ’ ” ဖြုတ်ပြီး ဘာလိုလဲ ခေါ်ဂျဒယ်..။ ကိုယ့်ဖာသာကိုယ် စာလုံးပေါင်းဗေဒေါ့…။ မပေါင်းဓာတ် အမ်တီကေဇိဂို အသံထွက်မေးကြည့်… သူကောင်းကောင်း သိလယ်…။ 🙂

  • Ma Ei

    September 9, 2013 at 12:59 pm

    ဒီနေ့ ကြက်အာလူးဆီပြန်
    ပန်းပွင့်၊ရွှေပဲ၊ဥနီ အစိမ်းကြော်
    ပုဇွန်ခြောက်နဲ့ ငံပြာရည်ချက်
    မျှစ်တို့ လေးနဲ့ ထမင်းချိုင့်ထည့်ခဲ့တာ…
    ညနေအတွက် ပဲနီလေးနဲ့ ပဲကြာဇံ အရည်သောက်လေးချက်ခိုင်းခဲ့တယ်…
    အစားက လူနဲ့ တည့်တယ်လေ နော်…<3

    • KZ

      September 9, 2013 at 1:13 pm

      ဟမ်မလေးးးး
      မွအိ ဟင်းစပ်ဖတ်ပြီး စားချင်လာဘီ။
      ဘာဟာကို ကိုက်ထားရပါ့။

      😀

  • ရွှေ ကြည်

    September 9, 2013 at 1:14 pm

    I wanna join on Sunday

    • KZ

      September 9, 2013 at 1:20 pm

      ချွေကြည်လေး လာဘီ.. <3

  • TNA

    September 9, 2013 at 2:51 pm

    ဒီနေ့ ဆိတ်သားအာလူးချက်၊ ပဲကုလားဟင်း၊ ငါးချဉ်သုတ်၊ ပဲပင်ပေါက်ပဲပြားကြော်။ သောက်စရာ ကတော့ ရေ။ ငွိငွိ

    ထမင်းဆိုင်ကဟင်းများလဲမှတ်သွားပါသည်။ ချက်စားပါမည်။

    • KZ

      September 9, 2013 at 3:01 pm

      ခွိ။
      ကြည့်!!
      နာ့ အမွတွေ ပညာတွေ ထွက်လာကြပြီ။

      😀

  • Mr. MarGa

    September 9, 2013 at 3:36 pm

    ရတဲ့နေ့မှာ လာစားကြပါ ဆိုတော့
    ချိုင့်ဆွဲအော်ဒါရော လက်ခံပါသလားဗျ
    အလာပျင်းတာမို့
    ထမင်းပွဲ ရှေ့ရောက် ဝန်ဆောင်မှု ပေးရင်တော့ အားပေးမည် ဖြစ်ကြောင်း…. :mrgreen:

    • KZ

      September 9, 2013 at 4:05 pm

      လေပေး လေယူ
      လေကျွေး လေစား ပေါ့။
      နတ် ဆို တာ အငွေ့ပဲ စားတာဆိုတော့။
      ဒါမှမဟုတ်၊ နတ်ရထားလွှတ်လိုက်။
      ချိုင်ဆွဲထည့်ပေးလိုက်မယ်။

      :kwi:

  • Ma Ma

    September 9, 2013 at 5:26 pm

    ဖတ်ပြီးတာနဲ့တင် ဆိုင်ရဲ့ပင်တိုင်ဖောက်သယ်လုပ်ချင်စိတ်ပေါက်လာတယ်။
    လေယာဉ်ပျံစရိတ်ခံမယ်ဆိုရင် နေ့တိုင်းလာစားမယ်။ :loll:

    • KZ

      September 9, 2013 at 5:32 pm

      ပင်တိုင် ဖောက်သည် ဖြစ်မယ် ဆိုရင် ကိုယ်ပိုင် လိမ်ဗျံဂျီး ဝယ် ပေးမယ်။
      :mrgreen:
      ဟိ။
      နောက် စားဖိုမှူးတွေ ရဲ့ ဟင်းစပ်တွေကို စောင့်ကြည့်ပါဦး ချစ်မမရေ။

  • အရီးခင်

    September 9, 2013 at 7:00 pm

    ပြောရင်လဲ အရီး လွန်ရာ ကြတော့ မလားဘဲ။
    အစား က အရာရာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပါလို့။ 😉
    ကောင်းနိုးရာရာ လက်စမ်းစရာ မီနူး တော့ ရပဟေ့။
    စေတနာကောင်း၊ အကြံကောင်းလိုက်တဲ့ မိန်းကလေး။

    ပြီးခဲ့တဲ့အပါတ်ထဲက ဘုန်းကြီးကျောင်း ကအပြန် ရှမ်းမုန်ညှင်းချဉ် တစ်ထုတ် ရလာတယ်။
    ဘိုလို အသုံးပြုရမယ် မသိ။ ရှမ်းခေါက်ဆွဲ လဲ မချက်နိုင်/တတ်/ချင်။
    အလွယ့် အလွယ်ဆုံးချက်နည်းလေးပြောပြ အကြံပြု ပေးကြပါရန် ပန်ကြားအပ်ပါသည် ဟင်းချက်ကောင်းသူအပေါင်းသူတော်ကောင်း တို့။ ကျေးဇူးကြီးပါ။
    😛

    • kai

      September 10, 2013 at 12:08 am

      ပန်းကန်အဖြူလေးတချပ်ယူ..
      အဲဒီမုန်ညှင်းချဉ်လေး အလယ်မှာပုံချလိုက်ပေါ့ အရီးလတ်ရယ်..
      ဒါလေးများ… :mrgreen:

      • Ma Ma

        September 10, 2013 at 7:17 am

        မလတ်ရေ-
        အလွယ်ဆုံးနည်းကတော့ မုန်ညှင်းချဉ်ကို အသား (ဝက်/ကြက်) နဲ့ ကြော်စားလို့ ရတယ်။
        အသားများများထည့်ရင် အသားဟင်းဖြစ်ပြီး၊ အသားနည်းနည်းပဲထည့်ရင် အရွက်ဟင်း (အရံဟင်း) ဖြစ်တာပေ့ါ။ 😀
        အသားမကြိုက်လို့ အသားတုထည့်ချက်လည်း ရှယ်ပဲ။ စားကောင်းတယ်။ 🙂

      • အရီးခင်

        September 10, 2013 at 3:37 pm

        အဲဂလို လုပ်ပြီး နဲနဲ စားလိုက်တာ ဗိုက်နာသွားလို့ ပါတော်။
        မဟုတ်လို့ကတော့ အလွယ်လိုက်တာ အသားတောင် ဖြစ်နိုင်ရင် အစိမ်းဝါးချင်တာ။ 😉

        ကျုပ် ချစ်မမ ပြောသလို အသား နဲ့ ကြော်ချက် လုပ်ပြီး ဒါ့ပုံ ရိုက်ပြီး တင်ပလိုက်မယ်။
        မျှော်။ 😛

    • KZ

      September 10, 2013 at 8:41 am

      အရီးရေ။
      တဂျီး နဲ့ မမပြောတဲ့ အတိုင်းပဲ။ ဟီးးး
      ကျနော်ကတော့ အခေါက်ကင် နဲ့ ရော ကြော်ရင် ကြော် မဟုတ်ရင် ကြက် အသည်းအမြစ်နဲ့ ရောကြော်တာကို အကြိုက်ဆုံးပဲ။
      ဟိ။
      ဒါမှမဟုတ်။ ငါးခေါင်းဟင်းရည်ထဲ ထည့်ချက်လို့လည်း ရတယ်။
      😀

  • မဟာရာဇာ အံစာတုံး

    September 10, 2013 at 1:29 am

    ဝါးးးးး
    တားတား အိုက်ဒါဒွေ စားဂျင်ဘူးးးး
    ဟိုနေ့က ဖွဘုတ်မှာ တင်ဒဲ့ဟာတွေ ချက်ကျွေးးး
    အိုက်ဒါဒွေဘဲ ကျိုက်ဒယ် ….
    ဂုထိ စားဂျင်နေဒုန်းဘဲ ….

    • KZ

      September 10, 2013 at 8:43 am

      တိုးတိုးပြောပါ။
      ဖွဘုတ်ကဟာတွေ က မမဂျီး ချက်တာဟုတ်ဘူးလေ။

      😀

  • MAUNG

    September 10, 2013 at 8:22 am

    ဒီဘက် ကိုဘဲဥ ငုတ်တုတ် နဲ့ တစ်ပွဲ ဗျို့ 😀

    • KZ

      September 10, 2013 at 8:42 am

      ဟိဟိ။
      စနေနေ့မှ လာပါ့လား မောင်ရယ်။
      :mrgreen:

      • MAUNG

        September 10, 2013 at 8:51 am

        မကျန် တော့မှာစိုးလို့ ကြိုမှာထား တာ 😛

  • Mahar Myanmar

    September 10, 2013 at 9:41 am

    မဟာ က စားဖိုမှူး သင်တန်း ဆင်း ပါ…
    ဧည့်ခန်း မမူး ရလို့ မီးဖို ချောင် မှာ သွား မူး ရင်း နဲ့ တတ် လာ လို့
    စားဖိုမူး သင်တန်း ဆင်း.. ( ဝါသနာ ပါသူ သင်တန်း အနီး ကပ် ရှိသည် )

    ကဲ ယူ တတ် ရင် ယူ…
    မဟာ အတွက် ဒီ နေ့ အဂါင်္ နေ့ မို့ .. ဟောသည် လို ချက်ထား ပါသဗျာ..
    အပိုင်း-၁ အင်ထရို
    ၁။ စည်ဘီယာ
    ၂။ စနိုက် ကောင်လုံးဆီပူစိမ်
    ၃။ ဆတ်သား ခြောက် ဖုတ် မွ ဆီဆမ်း

    အပိုင်း ၂- အပီတွယ်
    ၃။ ဆိတ်သား ဆီပြန် ( ဗမာ မဆလာ နှင့် )
    ၄။ ညောင်ချဉ် ဖူး သုပ်
    ၅။ ဇရစ် ဟင်းချဉ်ရည်
    ၆။ စိန ငံပြာရေ ငရုတ်သီး ကြော်
    ၇။ စွယ်တော်ရွက်နု ၊ သီဟို ရွက်နု (တို့စရာ )

    အပိုင်း-၃ နိဂုံး

    ၈။ သဘောင်္ဖျော်ရည်
    ၉။ စွံပလွန်ယို
    ၁၀။ ဇယန်း လက်ဘက်သုပ်
    ၁၁။ စံပယ် ရေနွေးကြမ်း

    ဒီ နေ့ အဂါင်္ နေ့ အစီအစဉ်ပါ ခင် ဗျား…
    ကေကေ ဆိုင် ထက် မဟာ ဆိုင် က ဒစ်စကောင့် ရှိပါသည်
    ကိုယ်တိုင် ချက်ပြုတ်ပါသည်။ သူတစ်ပါး မချက်ခိုင်း ပါ။

    ရွာသား များ ဆင်ခြင် သုံးသပ် လော့…
    ဟိ..မားကက် လု လိုက်ဦး မယ်..မြန်မာ ပီပီ..

    ခင်တဲ့
    မဟာမြန်မာ

    • KZ

      September 10, 2013 at 9:49 am

      မဟာလေးးးး
      ခဏလေးးးး
      မပြန်နဲ့ဦးးးး
      ဟိဟိ။
      အစားရော အသောက်ရော တော်လွန်းလို့ အမူး သင်တန်းပြီးပြီလို့ ယုံပါပြီ။
      အဲလို တော်ရင် တစ်ပတ်လောက် ဆိုင်မှာ လာချက်ပေးပါ။
      တောင်းဆိုပါရစေ။

      😀

      • Mahar Myanmar

        September 10, 2013 at 2:50 pm

        တစ်ပါတ် က ဟုတ်ပါပြီ..လစာ က ဘယ်လို ကြိုပို့ က ဘယ်လို
        နေထိုင် ဖို့ ကဘယ်လို.. ပြောဦး မှ ပေါ့..

        ကဲ . ကဲ နက်ဖြန် ဗုဒ္ဓဟူး နေ့ အတွက် စားစရာ က ဒီလို ဗျာ…

        အပိုင်း -၁ အင်ထရို

        ၁။ ဝီစကီ ( တစ်ဖာ )
        ၂။ ယုန်သား ကင် ငရုတ်ကောင်းဖြူး
        ၃။ ရစ် တောက်တောက် ပွ ကြော်
        ၄။ ဝက်နံ ကင် ငရုတ် ကောင်းဖြူး

        အပိုင်း-၂ အပီတွယ်

        ၅။ ဝက်သားနီ ( ရမ်နှပ် ) သုံးထပ်သား ချက်
        ၆။ ဝါးရောင်းချဉ် သုပ်
        ၇။ ရှောက်သီးအစပ်သုပ်
        ၈။ ဝေလငါးတောင်ပံ ဟင်းချို
        ၉။ ရေး ငပိ သုပ်
        ၁၀။ ရှစ်ရှားရွက်နု ၊ ဝ ဥ ၊ ရင်ကန်းသီးချဉ် ( တို့စရာ)

        အပိုင်း-၃ အစာပိတ်

        ၁၁။ ဝိုင် ( အလုံအလောက် )
        ၁၂။ လက်ဖက် လူကြီး ( သို့ ) သူကြီး သုပ်
        ၁၃။ ဝင်ကစွပ် မီးဖုတ်
        ၁၄။ ရူဘီ ဆေးလိပ်
        ၁၅။ ရက်ပ် တေးသီချင်း

        ဟုတ်ကဲ့ ယခု အစီအစဉ် ကတော့ နက်ဖြန် ဗုဒ္ဓဟူး နေ့ အတွက်
        ကေ ကေ ရဲ့

        ပုဇွန်ဆိတ်သေးသေးလေးတွေကို ငရုတ်သီးနဲ့ အစပ်ကြော် ( ကြက်သွန်နီ နိုင်းခြင်း ပုဖွန်ဆိတ်ဘုရားစူး တစ်ကောင် )

        သရက်သီးစိမ်းကို မျှင်မျှင်ခြစ်ပြီး ချဉ်ချဉ်သုပ်ပလိုက်မယ်။ (လမ်း က ကောက်လာ သောသရက်သီး )

        အရည်သောက်က…… အင်း……… ဘူးသီးဟင်းခါးတည်ပလိုက်မယ်။ ( ဗူးသီး ပြုတ် ဆီဆား မပါ )

        အအေးက သခွါးမွှေးဖျော်ရည်

        စတဲ့ ဟင်းလျာ များ ကို အပြိုင် ကျဲ ရောင်းချ ပေးသွား မှာ ဖြစ်ပါ တယ်….
        ကဲ ရွာသား များ ဒစ်စကောင့် ရှိတယ် နော်…
        ရက်ပ် သီချင်း နဲ့ အတူ ဝိုင်းစု နဲ့ ခိုင်သိန်း ရဲ့ ဖျော်ဖြေ မှု ပါ ထည့် သွင်း ပေး
        ထား ပါတယ်။

        ( မဟာ ကို ခန့် ရင် စောစော ခန့် နော်…
        ပညာ က ကုန် တော့ မယ်… )

        ခင်တဲ့
        မဟာမြန်မာ

        • KZ

          September 10, 2013 at 2:59 pm

          အန်။
          ခန့်မယ်။
          ဟိုးထားးးးးးး
          ပညာတွေ ထပ်မထုတ်နဲ့တော့။
          စားချင် စိတ် သောက်ချင်စိတ်တွေ ပေါ်နေလို့။ 😀

          တစ်ပတ်စာကို ဒီ မေး(လ) ကို ပို့ပေးပါ မဟာလေးးးး khaingzw@gmail.com

          လစာကတော့ အဲမှ ညှိပါ။

          ပဂိုးဒါးးးးးးး
          နာ့ စီးပွါးပျက်တော့မှာပဲ။
          :mrgreen:

        • Mahar Myanmar

          September 10, 2013 at 2:59 pm

          အော် မေ့ လို့ ဗုဒ္ဓဟူး နေ့ မို့
          ဗုဒ္ဓဟူး သား ဖရော်စီး အစီအစဉ် ပါရှိကြောင်း
          ပါခင်ဗျား.. ဗုဒ္ဓဟူး သား ဖြစ်ကြောင်း ထောက်ခံ ချက်
          ကို တော့ သက်ဆိုင် ရာ တိုင်း ပြည်နယ် အုပ်ချုပ်ရေးမှူး
          ( ဝံကြီးချုပ် ) ရဲ့ လက်မှတ် လိုပါ မယ့် ခင်ဗျာ..

          ခင်တဲ့
          မဟာမြန်မာ

        • Mahar Myanmar

          September 10, 2013 at 3:03 pm

          ဟုတ်ပါပြီ
          တစ်ပါတ် အလုပ် ဆင်း ပါ့ မယ်..
          မန်းဒေး မှာ စချက် ပေး မယ်
          ဆန်းဒေး အထိ…
          ဖျော်ဖြေ ပွဲ တွေ ပါ ငှား လာ မယ်…
          လစာ နောက်မှ ညှိ ဟိဟိ..

        • KZ

          September 10, 2013 at 3:08 pm

          ခွိ။
          ကျေးဇူး အကြီးကြီးးးးး
          😀

          ပို့(စ) ကို ကိုယ်တိုင် တင်ချင်သလားးးး
          မေးကို ပို့မှာလားးးး

          ကိုယ်တိုင်တင်မယ်ဆို ဘယ်နေ့တုန်း ပြောလို့။
          နို့မို့ တခြား စားဖိုမှူးတွေနဲ့ တိုက်မစိုးလို့။
          :mrgreen:

        • Mahar Myanmar

          September 10, 2013 at 3:31 pm

          တား လို့ သာ ကွာ နို့မိုက ဆို ကြာသပတေး အတွက်
          ကြာသပတေး နံ တွေ မနည်း စုရဦး မယ်
          ကလကက ဉာဏ် နဲ့ မှ ဖြစ်မယ် လေ…
          မသိရင်မေး မစင်ရေး ဆေး တဲ့..

        • Mahar Myanmar

          September 10, 2013 at 4:40 pm

          ကိုယ်တိုင် မတင် ပါ လေ…ဒီ ဂွင် က
          ကေကေ ဂွင် ဖြစ် တာ ကြောင့် ဇာတ်ပဲ ပို့ ပါရစေ တော့..
          ……အချိန် ပေးဥိး နော်…
          ကလကက ဉာဏ် ထုတ် ရဦး မယ် လေ

    • kai

      September 10, 2013 at 2:27 pm

      ဆီပူစိမ်၊ ဖုတ်မွဆီဆမ်းလို့.. စကားလုံးသုံးလို့ရမှန်း..အခုမှသိတော့တယ်..
      တော်ပေစွ…။ :mrgreen:

    • Swal Taw Ywet

      September 13, 2013 at 3:23 pm

      ဗုဒေါ
      စွယ်တော်ရွက်နု ကို တို့စရာလုပ်မယ်ဆိုပါလားးး
      တော်ပါသေးရဲ့ ကိုယ်က အရွက်ရင့်ဖြစ်နေလို့။
      စကားမစပ်….ရေနွေးစိမ်ရသေးလား၊ ဒီတိုင်း အစိမ်းတို့လို့ရလား။
      With respect,
      Swal Taw Ywet.

      • sorrow weaver

        September 13, 2013 at 3:50 pm

        စွယ်တော်ရွက်နု ဆိုတာထက်…မမKZ ပြောတာက စွယ်တော်ညွန့်အနုလေးတွေဖြစ်ပုံပဲ….အတော်အရသာရှိတာကလား….ပြင်ဦးလွင်အိမ်ရှေ့မှာ စွယ်တော်ပင်ကြီးရှိတယ်ဗျ…အမေဆို အားတိုင်း အဲ့အပင်ကို ရန်လုပ်နေတာ…အညွန့်ကလဲ တစ်နှစ်ပတ်လုံးထွက်သဗျ….

  • kyeemite

    September 10, 2013 at 3:14 pm

    ဒီနေ့အင်္ဂါနေ့ဆိုတော့ ကျုပ်အကြိုက်ပဲဟင်းရယ် ဆိတ်သားဆီပြန်
    နဲ့တစ်ပွဲပေးပါဗျို့…အကြွေးစားမှာနော် 😀

    • KZ

      September 10, 2013 at 3:18 pm

      ဟိ။
      ရပါတယ်။
      တခြားဖောက်သည်တွေပါ ခေါ်ခဲ့ပါဦးနော်။

      😀

    • Mahar Myanmar

      September 10, 2013 at 4:30 pm

      အော် ကိုကြီး မိုက် ..
      ကျုပ်ဆီ မှာ အဂါင်္ နံ စည်ဘီယာ အကြိုက် ထည့် ထား တာ ကို
      မှ လာ အား မပေး… … ကေကေ ကို ပဲ အား ေ ပး တာ..
      မဟာ ပွဲကြမ်း မယ်…ဆိုင် တွေ ဈေးကောက် မပေး ပဲ ရောင်း ကြောင်း
      ဖွမယ်… အကြွေး မကင်း ကြောင်း ဖွမယ်…
      သူကြီး တိုင်မယ်…ကျုပ် က လိုင်စင် နဲ့ ပါ နော်..
      အရက်အတွက် လည်း စား ဖျော် လက်မှတ် ရှိတယ်..ခွင့်ပြုမိန့်..
      ဒါပဲ…ကမ်စတမ်မာ လုတဲ့

      မဟာ

  • အရီးခင်

    September 10, 2013 at 3:42 pm

    မနေ့ ညနေ က ဒီစာဖတ်ပြီး ဒီနေ့ ပြောလို့ရအောင်
    အာလူးပြုတ် ရယ်၊ ငါးသေတ္တာဘူး ကို ခရမ်းချဉ်သီး ရောချက်ရယ်၊ ထမင်းပူပူရယ် ရောနယ်ပြီး ငါးထမင်းနယ် လုပ်စားတယ်။ 😉

    ဒီကလေးမတော့ ကျုပ်ကို ကဘာ မစပ်စပ် အောင် ခေါ်တယ်၊ ဟင်းမချက်ချက် အောင် ဆွယ်ပြန်ပြီ။
    စိမ်ခေါ်ရင် တိမ်ပေါ်ထိ လိုက်မယ်ဟေ့။
    မြစာကလေး
    အနာဂါတ် Master Chef 😛

    • KZ

      September 10, 2013 at 3:46 pm

      ဟေးဟေးဟေးးးးးး
      အရီး အီးစီးကွတ် ပညာတွေ ထွက်လာပြီ။
      ကျနော် အဲဒီ နည်းလုပ်စားကြည့်ဦးမယ်။

      အရီး တစ်ပတ်စာ စားဖိုမှူးလုပ်မားဟင်?
      ဟိ။
      ဒါမှ မာစတာ ချက် မြစာကလေးလို့ တွင်သွားအောင်။

      :mrgreen:

    • Mahar Myanmar

      September 10, 2013 at 4:37 pm

      ဟာ ပြိုင် ဘက် တွေ မနည်း ဘူး ဟ…
      ဒီရွာ မလွယ် ဘူး…
      ကြီးကြီး ငယ်ငယ် အစွယ် ကိုယ်စီ နဲ့ ပါလား

  • အရီးခင်

    September 10, 2013 at 3:52 pm

    နေဦးအေ။ ရယ်ဒီ ဖြစ်ရင်ပြောမယ်။
    လက်တက်အောင် အရင်စမ်းဦးမယ်။ 😉

  • marblecommet

    September 11, 2013 at 2:17 pm

    တကယ်ဆိုင်ဖွင့်လိုက်ပြီကိုး…….

    • KZ

      September 11, 2013 at 2:22 pm

      ကိုကမ်းးး ကြီးးးးး ဆီ က ရစရာ ရှိသော အကြွေးစောင့်နေသည်။

      😀

  • ခင် ခ

    September 11, 2013 at 3:19 pm

    ပိုမိုရှင်း မှတ်တမ်းဝင် (၅၆)ပါ။ ( ညနေ ၃း၁၆ )

  • awra-cho

    September 13, 2013 at 2:21 pm

    ကောင်းပါ့ ဒါပေမယ့် နည်းသလားလို့ အရေအတွက် ပြောတာပါ။ လူကြီးတွေက (သိတယ်မဟုတ်လား) ၃၀ဝ လောက်ပါမှ စားကြတာလေ။

    • KZ

      September 13, 2013 at 2:25 pm

      ဟိ။
      ၃၀ဝပြည့်မှ စားတတ်တဲ့ ဘီလူးဝင်စားတွေ တွက် ဟုတ်ဘူးးးး
      ရွာသူရွာသားတွေတွက်ပဲ။ 😀

      အဟွတ်!
      အဲဒီ ဟင်း ၃၀ဝ ပြည့်အောင်စားတဲ့ ဘုရင်က ဘီလူးဝင်စားလို့ အစားကြီးတယ်ပြောကိုးးးးးး

      နောက်တစ်ပတ်လည်း လာခဲ့ဦးနော်။ 🙂

  • awra-cho

    September 13, 2013 at 3:27 pm

    လာမယ်စိတ်ချ ဟို ငပိတွေ မသုံးဘူးမဟုတ်လား ဓါတ်မြေဩဇာ ပါတဲ့ဟာတွေလေ

Leave a Reply