“အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်း အဖွင့်

 

အခုတလောရွာထဲမှာ လူသွားလူလာနည်းပြီး နည်းနည်းခြောက်နေသလိုမို့ ပိုစ့်လေးများရေးတင်ကြဖို့ ကွန်မန့် လေးများဝင်ကာပေးကြဖို့နဲ့ ရွာထဲဝင်ရောက်ပိုစ့်တင်နေသူတွေကိုလည်း ကျေးဇူးတင်လက်ဆောင်လေး ပေးချင် တဲ့အတွက် ရည်ရွယ်ပြီး“အနီချင်းပြိုင် နိုင်မတဲ့လား´´ ဆိုပြီး ခင်ခ ၏ ပျော်ပျော်ပါးပါး ဟေးလားဝါးလား ပိုမိုရှင်း အစီအစဉ်လေးကို အသိပေးရေးတင်ခဲ့ပါတယ်ဗျ။ ( အကျယ်ပြန်ဖတ်ချင်ရင် လင့်က ဒီမှာပါ http://myanmargazette.net/184741 )

အဲဒီထဲမှာ အခုလိုအချက်လေးတွေသတ်မှတ်ပြီး ဒီပိုမိုးရှင်းကိုပြုလုပ်တာပါ။

၁။ ပိုစ့်တင်ပြီး ၃ ရက်မြောက် မြန်မာစံတော်ချိန် ၃ နာရီ နောက်ပိုင်းမှာ ပိုစ့်တစ်ခုရဲ့ ကွန်မန်တွေမှာ ဘယ်လောက်အနီလွှမ်းသလဲ(အနုတ်အနီတွေကိုပြောတာ) ခင်ခ ဖွင့်ကြည့်ပြီးရေတွက်ပါ့မယ်။

၂။ ထို ၃ ရက်မြောက် ၃ နာရီ မတိုင်မှီ ဖြစ်ပျက်နေသည် နီလိုက် မနီလိုက်(ပေါင်းနုတ်)များကိုတော့ ထည့်သွင်း စဉ်စားမည်မဟုတ်ဘဲ ရေတွက်စဉ်နောက်ဆုံးမြင်ရတဲ့အနီကိုသာ ရေတွက်မည်။

၃။ ခင်ခ ရေတွက်ပြီးရင် သက်ဆိုင်ရာပိုစ့်ကွန်မန့်မှာ ထိုပိုစ့်ပိုင်ရှင်က အနီရောင်ဘယ်နှစ်ခုရကြောင်း အတည်ပြုကွန်မန့်ရေးကာပြောပါမယ်။

၎။ အဲလိုရေတွက်ခြင်းကို ပိုစ့်ပိုင်ရှင်အမည်တူရာနောက်ပိုစ့်တွင် ဆက်ပေါင်း၍ပြုသွားမည်။

၅။ ထိုသို့သောအနီရောင်(အနုတ်)ရေတွက်မှုအား ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) မှ စတင်သော ပိုစ့်များမှအကျုံးဝင်စတင်ကာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ တင်သောပိုစ့်များ နှင့် ကြားကာလပိုစ့်များအားလုံး အကျုံးဝင်မှုရှိစေရမည်။

၆။ အများဆုံးအနီရရှိသော ပိုစ့်ပိုင်ရှင်ရွာသူားအမည်အား ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ထက်နောက်မကျဘဲ ကြေငြာပေးမည်။

၇။ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ၂၁ ရက် ပိုမိုရှင်းအစီအစဉ်တွင် အများဆုံးရရှိသွားသည့် ရွာသူားအား နောက်လာမည့် ရွာမန်ဘာများတွေ့ဆုံပွဲတွင် ခင်ခ ၏ အမှတ်တရ လက်ဆောင်အား ပေးပို့ပေးသွား ပါမည်။

၈။ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်းအစီအစဉ်နှင့်ပက်သက်၍ အငြင်းပွားမှုတစ်စုံတရာ ရှိခဲ့လျှင် ခင်ခ ၏ အဆုံးအဖြတ်သည်သာ အတည်ဖြစ်ပါမည်။

အဲဒီသတ်မှတ်ချက်အရ စက်တင်ဘာလ(၃)ရက်နေ့ တင်ခဲ့တဲ့ ပိုစ့်တွေအနေနဲ့ စက်တင်ဘာလ(၅)ရက် မနေ့က (၃) ရက်ပြည့်လို့ ညနေ ၃ နာရီနောက်ပိုင်းမှာ ခင်ခ လိုက်ကြည့်ကာ အနီလေးများကို ရေတွက်ခဲ့ပါတယ်။ အဲဒီမှာ တစ်ခုပြောချင်တာက ပိုစ့်တင်တဲ့အချိန်ကို ပိုစ့်မှာဖော်ပြတဲ့ ရက်ကိုဘဲသတ်မှတ်ယူပြီး တစ်ရက်လို့ စတင်ရေတွက်တာပါ။ ဥပမာ – စက်တင်ဘာလ(၃)ရက်နေ့ မနက်ပိုင်းပိုစ့်တင်တင် ညနေပိုင်းပိုစ့်တင်တင် ညသန်းကောင် ၁၂ နာရီမထိုးမှီလေးဘဲတင်တင် စက်တင်ဘာလ(၃)ရက် တစ်နေ့ဟုသာယူဆပါ၏။ ထိုကြောင့် မနေ့က စပြီး ပိုမိုးရှင်း ၂၁ ရက် သတ်မှတ်ထားတဲ့ “အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်း အဖွင့်မှာ အခုလို မျိုးတွေ့ရလို့ ပိုမိုရှင်းမှတ်တမ်းလေး စတင်ဖွင့်ပါပြီခင်ဗျ။

စက်တင်ဘာလ (၃) ရက်နေ့တင်ခဲ့သော ပိုစ့်များကတော့ –

ကျောက်နဲ့ စကားစမြည် KZ http://myanmargazette.net/184722

ရှိစေကောင်း၏ ……………မကောင်း၏”ကိုပေါက်(မန္တလေး) http://myanmargazette.net/184725

Edward Joseph Snowden (Part-1)မောင်ခိုင်မာ (စမ်းချောင်း) http://myanmargazette.net/184707

အောင်မြ၄ သမဒဂျီးယဲ့.. grievingဦးကြောင်ကြီး http://myanmargazette.net/184706

အမြင်မတော်တာလေးတွေပြောချင်လို့ cobra http://myanmargazette.net/184727

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများKZ http://myanmargazette.net/184729

မျဉ်းပြိုင် Conny Kim http://myanmargazette.net/184743

ဆယ်ကျော်သက် feeling Conny Kim http://myanmargazette.net/184745

တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း) YE YINT HLAING http://myanmargazette.net/184760

စသည်ဖြင့် ( ၉ )ပုဒ်တွေ့ပါတယ်။ အဲဒီထဲမှာ ပိုမိုရှင်းနဲ့ သက်ဆိုင်သော အနီရောင်လေးတွေကို အခုလိုပိုစ့်တွေ မှာ တွေ့ရကာ မှတ်ထားပါကြောင်း။

ကျောက်နဲ့ စကားစမြည် KZ  – ( ၁၁ ) ခု တွေ့ရှိ။

ကေဇီရဲ့ ဆယ်လစ်ဗျစ်တီ အလွဲများKZ – (၃) ခုတွေ့ရှိ။

ဆယ်ကျော်သက် feeling Conny Kim – (၄) ခုတွေ့ရှိ။

တောနက်တွင်းက မိန်းမလှများ ( ဇတ်သိမ်း) YE YINT HLAING  – (၁၂ ) ခုတွေ့ရှိ။

နောက်ရက် တွေလည်း ဆက်လက်ရေတွက်သွားပါ့မယ်။

 

အဲဒီမှာ ကိုရဲရင့်လှိုင် ကွန်မန့်နဲ့ ဒီလိုမေးလာတယ်ဗျ

ခင် ခ says:

5.9.13 – 3:44 PM မှတ်တမ်းထား (၁၂) ခု။

YE YINT HLAING says:

ဒါဆို အနီရောင်ချစ်သူများ ဆုလက်ဆောင် ရနိုင်တာပေါ့နော —

 

ပိုစ့်တင်သူ မည်သူမဆို ရနိုင်ပါတယ်၊ ခင်ခ ပိုမိုရှင်းက ၂၁ ရက် သတ်မှတ်ထားတဲ့အတွက် အဲဒီလို သတ်မှတ်ထားတဲ့ ၂၁ ရက်အတွင်း မန်ဘာ တစ်ယောက်တင်ခဲ့တဲ့ပိုစ့်တွေ ဘယ်နှစ်ခုရှိသလဲ အဲဒီရှိတဲ့ပိုစ့်တွေ အားလုံးမှာ တွေ့ရတဲ့ အနီရောင်(အနုတ်) တွေအားလုံးကို ပေါင်းပြီး အများဆုံး အနီရောင်ရရှိတဲ့ မန်ဘာဝင် ရွာသူ သို့မဟုတ် ရွာသား တစ်ဦးကို အမှတ်တရ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါပေသည့် အဲလို ၂၁ ရက်ကြာမှ လိုက်ပြီးတော့ ပိုစ့် တွေကိုလိုက်ဖွင့် အနီရောင်တွေလိုက်ရေတွက်မယ်ဆိုရင် ခင်ခ က နည်းပညာပိုင်းဆိုင်ရာ အဲဒီလောက် မကျွမ်း လေတော့ ခင်ခ အတွက်အဆင်မပြေနိုင်သလို ၂၁ ရက် ကြာမှဆိုရင်လည်း ပိုစ့်တွေက လွန်စွာများနေမှာမို့ ကွန်နက်ရှင် ကလည်း အဲဒီအချိန် မကောင်းရင် ခင်ခ တစ်ယောက်ရွာလည်မယ့်ကိန်းဆိုက်မှာကို တွေးကာပူပြီး စာရေးသူတို့ ပိုစ့်တင်ပြီး (၃) ရက်အကြာမှာ ၀င်ဝင်ကြည့်ပြီး အနီရောင်လေးတွေကို ရေတွက်ကာ မှတ်တမ်း ထားလိုက်တဲ့ သဘောပါ။ အဲဒီရေတွက်မှုဟာ နောက်ဆုံးအဆုံးအဖြတ်မဟုတ်သေးပါသဖြင့် ပိုစ့်တွေကို စာရေး သူတို့ ဆက်ပြီး ရေးတင်နေဖို့ လိုပါလိမ့်အုံးမယ်။

ဘာလို့လဲဆိုတော့ အခု “အနီချင်းပြိုင် နိုင်မတဲ့လား´´ ပိုမိုရှင်းအစီအစဉ်လေးက ကံ ဥာဏ် ၀ိရိယ (၃)မျိုး ညီမျှပါမှ အမှတ်တရလက်ဆောင်ဆုကို ရနိုင်တဲ့အခွင့်အရေးပါ။ ဒီလိုရှိတာပါ –

ဥာဏ် – ပိုစ့်တစ်ပုဒ်ရေးဖို့ဆိုတာ ကျွန်တော်ကိုယ်တိုင်လည်း ရေးနေသူဆိုတော့ ကိုယ်ချင်းစာမိတယ် လွယ်လွယ်ကူကူဖြစ်တည်တာတော့မဟုတ်ပါဘူး ရေးဖို့ရန်အတွက် အတွေးတွေ စိတ်ကူးနဲ့ပုံဖော်မှုတွေ အမြင် တွေ အကြားတွေ ဖတ်နိုင်စွမ်းတွေ ဒါတွေရှိမှဖြစ်လာတာပါ ဒါဟာ မိမိ ဥာဏ် ကို အသုံးချရလို့ ဥာဏ် ရှိမှဖြစ် တယ်လို့ ယူဆပါတယ်။

ဝိရိယ – ခုန ဥာဏ်နဲ့ အတွေးတွေ စိတ်ကူးပုံဖော်မှုတွေ ဖြစ်တည်လာရုံနဲ့ ပိုစ့်ဖြစ်ရောလား အဲလိုမဟုတ်ဘူးနော် ပိုစ့်ဖြစ်ဖို့ ရေးရအုံးမယ် ရေးဖို့အတွက် အားစိုက်ထုတ်ရအုံးမယ် ရေးဖို့အချိန်ပေးရအုံးမယ် ပြီးရင်ပိုစ့်အဖြစ် တင်ပေးရမယ် အဲဒီလိုတွေလုပ်ရပြီမို့ ၀ိရိယ ဆိုတဲ့ အားစိုက်မှုပါလာပြီလေ။

ကံ – အဲဒါကတော့ စာရေးသူအနေနဲ့ ပိုစ့်တစ်ပုဒ်တင်လိုက်တိုင်း အဲဒီမှာ ၀င်ပြီးအခြားမန်ဘာတွေမန့်ကြတယ် ဆိုပေသည့်တိုင် အနီရောင်က ရတာမဟုတ်ဘူးလေ အနီရောင်က စာရေးသူအနေနဲ့ ရစေချင်တိုင်း ပေးသည့် သူကပေးဖြစ်အုံးမှ ပေးပြီးပြန်တော့လည်း ကျွန်တော်ရေတွက်ချိန်ထိ နီနေအုံး တစ်ချို့အနီတွေက နီလိုက် စိမ်းလိုက်မငြိမ်လေဘူးလဲ ခုန ဥာဏ် နဲ့ ၀ိရိယ က စာရေးသူကိုယ်တိုင်လုပ်ရပေမယ့် အခု အနီပေးခြင်းက တော့ဖြင့် ကံ လို့ဘဲ လွယ်လွယ်ပြောရမယ်ထင်ပါတယ်။

ဒါပေမယ့် ကွန်မန့်ဆိုတာ ပိုစ့်ဖြစ်တည်မှုမရှိဘဲနှင့် ဖြစ်လာစရာမရှိနိုင်သလို အနီရောင်(အနုတ်)ဟာလည်း ကွန်မန့်မရှိဘဲနဲ့တော့ ပေါ်ထွန်းလာစရာမရှိနိုင်တာမို့ အနီရောင်ရရှိနိုင်ဖွယ်၏ အရင်းအမြစ်ဖြစ်တဲ့ ပိုစ့်တွေကို ထပ်ကာထပ်ကာများစွာ ဒီ ပိုမိုရှင်း ၂၁ ရက်အတွင်း စာရေးသူတို့ ရေးတင်ပါမှ ခင်ခ၏ အနီရောင်အမှတ်တရ လက်ဆောင်ရနိုင်တဲ့ အခွင့်အရေးပါလို့ ………………….။

ခင်ခရဲ့ဒီပိုမိုရှင်းက ကွန်မန့်တွေမှာ လွယ်လွယ်နဲ့လက်ကမြင်းပြီး ပေးနေတဲ့ အနီရောင်တိုက်ခိုက်ရေး ပပျောက် ရေး ရည်ရွယ်ချက်မဟုတ်ပါဘူး။ အနီရောင်ဖော်ကျုးခွင့်ကို ဒီဂဇက်ရဲ့အက်တမင်တွေက ခွင့်ပြုကာပြုလုပ်ထား တာမို့ ထိုအနီရောင်(အနုတ်)နဲ့ပက်သက်ပြီး မည်သို့မှမပြောလိုတော့ပါ။ ဒီပိုမိုရှင်းလုပ်တဲ့ ခင်ခ၏ ရည်ရွယ်ချက် က ကျုပ်တို့ဂဇက်ရွာ တိတ်ဆိတ်ခြင်းမှ ပြန်လည်နိုးထကာ ပိုစ့်လေးတွေ စီကာရီကာ များများပြန်လည်ရရှိရေး မျှော်ကာတွေးပြီး ဆောင်ရွက်မိတာပါဗျ။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..