ဧရာမြစ်ကမ်း ငြိမ်းချမ်းဆိတ်ငြိမ်

 

အိမ်ကလေးတွေနဲ့ လွမ်းရခဲ့တာ ကျနော့်ရွာ

 

အဲဒီနေရာမှာ အင်တာနက်ဆိုတာမရှိ အွန်လိုင်းဆိုတာဝေး

 

ဖုန်းကလေးများကလိုင်းမမိ ဧရိယာ၏အပြင်ဘက်

 

စကိုင်းနက်ဆိုတာလည်းမသိ

 

ဒါပေမယ့်ရှိနေတာ ရိုးသားမှုများစွာနဲ့အတူ

 

လူတိုင်းကဖော်ရွေ ဆွေမျိုးတွေလိုနေခဲ့ကြ

 

ဘဝတိုင်းကိုလည်း မဆန်းပြားပဲဖြတ်သန်း

 

ဆိပ်ကမ်းမှာသင်္ဘောမကပ် ပဲ့ထောင်သာရပ်ပေမယ့်

 

ခက်သဟဲ့လို့ဘယ်သူမှမတွေး

 

ငါးကလေးတွေရှာသူရှာ တောင်ယာလုပ်သူကလုပ်

 

ဗရုတ်သုတ်ခမရှိ ပီဘိအေးချမ်း အဲဒီကမ်းကို

 

ပြန်ရောက်လိုလှပေမယ့် ရှုပ်ထွေးတဲ့မြို့ပြကမခွာနိုင်

 

ချုပ်ကိုင်မှုများစွာကြား အမေ့သားရယ်ဖြင့်လွမ်းလှပြီ ၊

 

20

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..