လွမ်းတဲ့ ရွာ

တောင်ပေါ်သားSeptember 6, 20131min24015

 

ဧရာမြစ်ကမ်း ငြိမ်းချမ်းဆိတ်ငြိမ်

 

အိမ်ကလေးတွေနဲ့ လွမ်းရခဲ့တာ ကျနော့်ရွာ

 

အဲဒီနေရာမှာ အင်တာနက်ဆိုတာမရှိ အွန်လိုင်းဆိုတာဝေး

 

ဖုန်းကလေးများကလိုင်းမမိ ဧရိယာ၏အပြင်ဘက်

 

စကိုင်းနက်ဆိုတာလည်းမသိ

 

ဒါပေမယ့်ရှိနေတာ ရိုးသားမှုများစွာနဲ့အတူ

 

လူတိုင်းကဖော်ရွေ ဆွေမျိုးတွေလိုနေခဲ့ကြ

 

ဘဝတိုင်းကိုလည်း မဆန်းပြားပဲဖြတ်သန်း

 

ဆိပ်ကမ်းမှာသင်္ဘောမကပ် ပဲ့ထောင်သာရပ်ပေမယ့်

 

ခက်သဟဲ့လို့ဘယ်သူမှမတွေး

 

ငါးကလေးတွေရှာသူရှာ တောင်ယာလုပ်သူကလုပ်

 

ဗရုတ်သုတ်ခမရှိ ပီဘိအေးချမ်း အဲဒီကမ်းကို

 

ပြန်ရောက်လိုလှပေမယ့် ရှုပ်ထွေးတဲ့မြို့ပြကမခွာနိူင်

 

ချုပ်ကိုင်မှုများစွာကြား အမေ့သားရယ်ဖြင့်လွမ်းလှပြီ ၊

 

20

15 comments

  • ခင် ခ

    September 6, 2013 at 2:45 pm

    ဆင်သေကောင်သားနားဝဲ တဝဲလည်လည်
    လိုက်ပါလို့သွားတော့တယ်
    တောင်နဲ့ကမ်းခြေမှ ဝေးခဲ့ရတယ်
    ပြန်လမ်းမသိတဲ့ ဌက်ကြေးပုံသိနယ် ………. သီချင်းထဲကလိုပေါ့ ဆရာမျိုးရေ။

  • kyeemite

    September 6, 2013 at 3:06 pm

    ကိုမျိုးပုံထဲက ရွာလေးက သာယာလိုက်တာဗျာ..
    နေချင်စရာလေးပါလား..အဲဒါဘယ်နားက ဘာရွာလဲသိချင်သား 🙄

    • Myo Thant

      September 6, 2013 at 3:12 pm

      ဧရာဝတီ ဒုတိယမြစ်ကျဉ်းနား

      ရွှေကူ နဲ့ ဗန်းမော်ကြားပါ ကိုမိုက်ရေ

      • sorrow weaver

        September 13, 2013 at 1:00 pm

        အင်မတန်သာယာပါလားဗျ…ဦးဦးမျိုးသန့်…ငါးကလေးမျှား ..လေညှင်းကလေးခံ .နေသာလိုက်မယ့်ပုံများ…

  • kyeemite

    September 6, 2013 at 3:56 pm

    အော်..အဲလိုမြို့ကြီးပြကြီးနဲ့ဝေး
    သဘာဝအတိုင်းလေးနေကြတော့
    တော်တော်အေးချမ်းမှာပဲဗျာ…

  • အလင်းဆက်

    September 6, 2013 at 5:56 pm

    ပုံထဲ က မြင်ကွင်မျိုးပဲလား လေးမျိုးသန် ့ရေ
    နေချင့်စရာ ပုံလေး

    ကျွနိတော်လည်း
    ရွာ ဆိုတာကို လွမ်းသွားပြီဗျာ

  • အရီးခင်

    September 6, 2013 at 6:03 pm

    ငယ်ကထဲက စိတ်ထဲမယ် အဲလို တောရွာလေး လိုမျိုးမှာ ပကာသနမရှိ အေးအေးလေး နေရတာ ကို တကယ်ဘဲ နှစ်သက်ခဲ့ဘူးတာပါ ကိုမျိုးရေ။
    အဲလို ရောင့်ရဲတတ်တာ ကို ပျင်းတာ၊ မကြိုးစားတာ နဲ့ တွဲမြင်နေတတ်တဲ့ သီအိုရီ ကောက်ချက်တွေ ထဲ မှာ ကျွန်မ လဲ မြုပ်နေခဲ့တာပါဘဲ။
    😥

  • ukyein

    September 6, 2013 at 6:47 pm

    ကျနော်တို့လည်း……..ရွာကိုလွမ်းနေပါတယ်ကိုမျိုးသန့်ရေ……..
    ခုတော့အဝေးမှာပေါ့….။

  • Crystalline

    September 6, 2013 at 7:36 pm

    အဲဒီဖက်က မြစ်ရေတွေဘာတွေတက်လေ့မရှိဘူးလား.. တဲပုပုလေးတွေမို့လို့.. ဒါမှမဟုတ်ယာယီတဲလေးတွေလားမသိ.. အဲဒီလိုမျိုးနေရာမျိုးမှာနေရလို့ကတော့ ချောင်းသာဘာသွားလုပ်မှာလဲ.. 🙂

    • Myo Thant

      September 9, 2013 at 2:53 pm

      မြစ်ရေတိုးလည်း အဲဒီအိမ်တွေအထိ မရောက်ပါဘူး ၊
      တကယ့်ကိုတိတ်ဆိတ်အေးချမ်းတဲ့ရွာကလေးပါ ၊

    • ဦးကြောင်ကြီး

      September 11, 2013 at 10:25 am

      ခရစ်စတယ်လေးနဲ့ တူတူ ချောင်းထဲ ရေချိုးမယ်နော်….။ ပီးရင် တဲပုပုလေးဆီသွားပီး……….. …………. ………… ခြစ်ကျဇို့ ခြစ်ကျဇို့ဟေ့… လှယာဂျီးနဲ့ လှယာဂျီးနဲ့…

  • YE YINT HLAING

    September 6, 2013 at 7:44 pm

    တော တောင်သဘာဝ ကို အမှီပြုပြီး အေးအေးချမ်းချမ်းနဲ့ ဘဝ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခွင့်ရတာကလည်း ကုသိုလ်တမျိုးထူးသလိုပါပဲ။

  • Atom

    September 7, 2013 at 5:50 pm

    တစ်ယောက်တစ်လမ်းး
    လှမ်းလေဝေးလေ့
    ဝေးလေ ဆွေးလေ ့
    ဧရာ မြစ်ရေ ့
    ဘယ်ဝယ်မခန်းး
    မေ့ချစ်ပန်း လည်း လန်းဆဲ မွှေးပျံ့
    ချစ်ခွန်းချိုချို ဝတီ ပျိုမှတဆင့် စကားလက်ဆောင် ပါးခဲ့ပါသည်။
    လှပတဲ့သဘာဝပတ် ဝန်းကျင် နဲ့ ဧရာဝတီမြစ်ကမ်းဘေးက ရွှာလေးကို လွမ်းသွားပါတယ့်

  • ခင် ခ

    September 8, 2013 at 3:11 pm

    ပိုမိုရှင်းအတွက်ဝင်ကြည့်ချိန် ညနေ ၃း၁၁
    မှတ်တမ်းဝင် ၄

  • ရွှေ ကြည်

    September 9, 2013 at 7:36 pm

    ခံစားဖတ်ရှု ရင်း ရင်နှင့်အမျှတွေးစရာတွေရသွားတယ်
    အေးချမ်းတာနဲ့ မတိုးတက်တာ
    အရီးပြောတဲ့ ရောင့်ရဲတတ်တာနဲ့ ပျင်းတာ
    အင်းးးးးးးးးးးး တွေးရင်း တွေးရင်း

Leave a Reply