အေသင်ဇာဂီနဲ့ ကိုကိုမာတို့ရဲ့ ငရုပ်ကျည်ပွေ့ဇာတ်လမ်း

alinsettSeptember 7, 20134min34440

ဖြစ်ပုံက ဒီလို ။

 

ကနာစီးဂီ ဆိုတဲ့မာမီဂီ က သူငယ်တစ်ယောက်ကို ကောက်ယူပြထည့်လိုက်တာ ။

 

မိန်းမလျှာလောကတစ်ခုလုံး

အုန်းအုန်းထ သွားတာပေါ့ ။

မာမီဂီ က တခြားမိန်းမလျှာအပေါင်းသူတော်ကောင်းတွေကို မဲ့ကာရွဲ့ကာနဲ ့ပြောနေသေးတာ ။

 

” ကျွန်မက . . . . . .ယောကျာ်းတစ်ယောက်ကို တင့်တောင်းတင့်တယ် လုပ်ကျွေးနိုင်တယ်တော့်။

ဒါကို….. ကိုယ်တော်ကြီးကိုယ်တော်လေးတို့ ့အသိ ။ ”

 

အဲသလို ကြွေးကြော်သံတွေ

ပွက်ပွက် ညံပြီး . . . . . .

သူယူလိုက်တဲ့ သူငယ် ကို

ပလစ်ထအောင် ချစ်ပြနေလိုက်တာများ ဝက်ဝက်ကိုကွဲနေတော့တာ။

 

သူ ယူလိုက်တဲ ့သူငယ်ဆိုတာလည်း ကြည့်ဦးလေ ။

 

နာမည်က ” မောင်မာဂ ‘‘ တဲ ့။

ဂီက ”ကိုကိုမာ ” လို့ ခေါ်တာ ။

 

မောင်မာဂဆိုတာ . . . . . . .

ငါးခူလိုလို ငါးစင်ရိုင်းလိုလို နှုတ်ခမ်းမွှေးနဲ ့။ ဖားပြုတ်မျက်နှာ . . .ငါးမွေထိုးကိုယ်လုံးနဲ ့။

အသားကလည်း . . . . . ချောကလက်ရင့်ရောင်လေး ။

ဒါပေမယ့် . . . . .

စိတ်ရင်းလေးတော့ ကောင်းမယ့်ပုံ ။

 

စိတ်အရင်း ကောင်းတယ်ဆိုတော့ စိတ်အဖျားကတော့ . .. . စဉ်းစားသာကြည် ့။ အဟိ ။

 

——————————————————————–

 

ကနားစီးဂီဆိုတာကလည်း . . . . .ဒမြရုပ်နဲ့ အခြောက်လုပ်နေတာ ဆိုတော့ . . . . . . . . . . . . . . . . . . . .. . . .. . . .

အခြောက်ရုပ်နဲ့ ဒမြ လုပ်နေတဲ ့    …မောင်မာဂ နဲ ့ ရှေ့သွားနောက်စိ ……အဲ . . . ရှေ့သွား နောက်လိုက်ညီတယ်ဆိုပါစို ့။

 

အမှန်တော့ . . . . .

ဒမြရုပ်နဲ ့အချော်တကောက်လုပ်နေတဲ့  ဂီ ဆ်ိုတာက . . . . .

ရုပ်ကလေးက ချောချင်တယ် ။   မျက်နှာက ဖျက်နေလို ့။

ကလက်တာကတော . . . .မသတီစရာကောင်းလောက်အောင်ပဲ ဆိုပါတော့ . . . ။

 

ဒါပေမယ့် . . . . . .

ဂီ က . နို့ဆီခွက်စုတ်ကို ကားကြိတ်ထားတဲ့ ရုပ်မျိုးလေးဆိုတော့ . . . . . . . . . မောင်မာဂ က အသည်းစွဲသွားတာနေမှာပေါ့ ။

 

မောင်မာဂ မသိတာက . . . .

အဲဒီ ကနားစီးဂီဆိုတာ. . . . မိန်းမလျှာလောကမှာ . . . . .

” ရေတက် ငါးပူတင်းမ” ဆိုပြီး. . . .. . . နာမည်ထွက်နေတာပဲ ။

 

ဂီတို့ အကျင့်မကောင်းချက်များ . . . .

က ကြီး ကနေ အ အထိ သိရင် . . . .

မောင်မာဂ ဘယ်လိုနေမယ်မသိ ။ အဟိ ။

 

🙂

 

ဂီ ဆိုတာက . . . . .

အရင်ကတည်းက . . . . .

” လင်းဆက် ” ဆိုတဲ့. . . . . . . ”လူပျိူနုနုထွေးထွေး  ဥဥဖွေးဖွေးလေး” ကို ကြိတ်ခိုက်နေတာ။

 

တစ်ဖက်သက်ရော နှစ်ဖက်သက်ရော ကြိုက်တာများ တစ်ခြမ်းကိုသေ လို ့။

 

ဟို လင်းဆက်ဆိုတဲ့ .. . . . နုဖက်ဥအက်နေတဲ့ကောင်လေး ကလည်း သူ ့လို ကနားစီး ကို ဘယ်ကြိုက်လိမ့်မတုန်း ။

 

ချစ်သုဝေတို ့မိုးယုစံတို့ကိုပဲ . . . . . ရှလူးရှလူးချင်တာပေါ့။

 

လင်းဆက်ကိုယ်တိုင်ကလည်း. . . . . အောင်ရဲလင်းနဲ့ စွတ်ချွတ် . . . . . .

အဲ ချွတ်စွတ် တူတာဆိုတော့ . . . . .လင်းဆက် ရှလူးမှာကို ပဲ မျှော်လင့်နေတဲ့ အပျိုချော အစစ်မတွေ တပုံကြီး ။

 

လင်းဆက်တို့က မိန်းမလျှာလောက ဘက် နှာခေါင်းဦးတောင် မလှည့် အား ဘူး။

 

ဒါကို အရိပ်အကဲမသိတဲ့ ကနားစီးက

လင်းဆက်ဆိုတဲ့ သူငယ်လေးကိုမှ မရရင် ပြန်ကျားရေး ပဲ လုပ်တော့မလိုလို. . . . . .

စစ်ထဲပဲ ဝင် …သာယာတော့မလိုလို . . . .ဘာလိုလိုထိ သတင်းတွေ ပြန့်ခဲ့သေးတာ။

 

လင်းဆက်က. . . . . . .

ဂီ ့ထက် အစစ်မလေးတွေကို ပိုအာရုံခံစားနေလေတော့

လင်းဆက်ကလေးကိုချော်တကစ်တဲ့ စိတ်နဲ ့

ကနားလည်း မစီးနိုင် . . . . . . . .

မအိပ်နိုင် . . . . .

မစားနိုင်နဲ ့ . . .

ဖင်ဦးတည့်ရာ  တွေ

လျှောက်သွားလိုသွား နဲ့ပေါ့။ဖြူဖြူကျော်သိန်းရဲ့ မိန်ကလေးတစ်ယောက်အသည်းကွဲနေတယ် ဆိုတဲ့သီချင်းကို ဆိုကာဆိုကာပေါ့။

 

 

ဟိုတလောကတောင် . . . . . . . . . . . . . .

မန်းလေးဘက်မှာ မိန်းမလျှာအပေါင်း ကို ရဲတွေ ဖမ်းတာ ဝက်ဝက်ကွဲသွားတဲ့အထဲ ကနားစီးလည်း ပါသွားသေးတယ် ။

 

အမှန်က ကနားစီးဂီက

သူငယ်ဖမ်းဖို ့ အဲဒီကို . . . .ရောက်တာမဟုတ်ဘူး။

 

လင်းဆက်ကြောင့် အသဲတွေကွဲ . . . .

မဲမဲပြဲပြဲ ဖြစ်ပြီးး . . . . . . . . . . . .

အေသင်ချိုဆွေရဲ ့ ”တင်းတယ် ” သီချင်းနဲ ့ ခံစားချက်ကို ဖော်ထုတ်မိရုံလေး။

 

ဒီမှာ တင်းးးတယ် တင်းးးတယ်

တင်းတယ် တင်းတယ်ဟေ့ လို ့အော်ပြီး အမဲခြောက်ဖုတ်ကို ဓါတ်လိုက်သလိုအက နဲ ့ဒွန် ့ နေတာ ။

 

အဲဒါ ကို ရဲတွေက. . . . . . . အော့ကြောလန်ပြီး ဖမ်းသွားတာ ။

 

ရဲတွေက  ခီညားနာမည် ဘူလဲ   လို့မေးတော့ ဂီ ဆိုဂီ မပြောဘူး။

 

” အေသင်ဇာဂီ ပါ . . ရဲ ကိုကိုတို့ရယ်” ဆိုပြီး ကလက်တက်တက် သွားပြောလို့ ့နှစ်ကျော့ပြန် အော့နှလုံးနာပြီး….

မီးသတ်ရဲဘော် အစိတ်နဲ ့ပေးတွေ့ ့လိုက်သေးတာ ။

 

ရဲတွေ လက်ထဲက . . . . (မီးသတ်ရဲဘော်အစိတ် လက်ထဲက )

လွတ် ဗျွတ် ဆိုတဲ့နေက စပြီး . . . . . .

လင်းဆက်ကို စိတ်အနာကြီးနာပြီး လင်းဆက် အကြောင်း မှိုချို ့ မျှစ်ချိုး တွေ ပြော…

လျှောက်ဖွပါလေရော ။

 

နောက်ဆုံးတော့. . . . .

လင်းဆက်ထက် သာ တာကို ယူပြမယ်ဆိုပြီး

မောင်မာဂကို ယူလိုက်တာ ။

—————————————————————

 

မောင်မာဂ က….. လင်းဆက်ထက်

သာ မသာတော့မသိ ။

ပုံစံက ကုတ်ကွကုတ်ကွ နဲ ့။

 

ဒါပေမယ့် . . . . .

မောင်မာဂ က ကုတ်ကွကုတ်ကွ . . . . . . ဂီဂီက ကော့ပက်ကော့ပက်ဆိုတော့ . . .

သူတို ့နှစ်ယောက်များ  လမ်း ပေါ် တွဲထွက်လာလို့ကတော့ . . . . .

မသတီစရာကြီးကို ဖြစ်လို ့။

:mrgreen:

 

ဂီဂီက သူ ့ကိုယ်သူ

အေသင်ဇာဂီ ဆိုပြီး

မိန်းမအစစ်ကြီးလို

မျက်နှာကို ပြာနေအောင် ပြင်ပြီး

မိုးမမြင် မြေမမြင် ။

မိုးရော မြေရော မမြင်ဘူးဆိုမှတော့ . . . . .သူလိုက်ကြည့်နေတာ ဘယ်နေရာလောက်ဖြစ်မလဲ စဉ်းစားသာကြည့်။

 

:kwi:

 

မောင်မာဂ ကတော့ . . . . .

မိန်းမအစစ်ကို မရနိုင်တဲ့ ကံဇာတာခေသူ လိင်တူချစ်သူဘဝ ရောက်သွားသော်ငြားလည်း . . . . . . . . . .

လင့်ဝတ္တရား နဲ့ အညီတော့ နေရှာသားပဲ ။

 

သူ ့အရင်အလုပ်ဖြစ်တဲ့ ့ရေစည်တွန်းလှည်းတွန်းတဲ့ အလုပ်ကလေးကိုပဲ . . . . . . . . . ဝဲတကုတ်ကုတ်နဲ ့လုပ်ကျွေးနေတာပါ။

 

အေသင်ဇာဂီနဲ ့ရ ပြီးမှ . . . . . မောင်မာဂလည်း ချုံးချုံးကျ . . . အားအင်ပြတ်လပ် မတ်တပ်တောင်ကောင်းကောင်း မရပ်နိုင်ပဲ . . . . . . . .

.ဂေါက်ဂက်ဂေါက်ဂက် ဖြစ်နေပါပေါ့ ။

 

အေသင်ဇာဂီ က. . . . . .

ကိုကိုမာ ရယ် ကိုကိုမာ ရယ်ဆိုပြီးး ချွဲတတ်လွန်း. . . . . . .

ပြုဇုတတ်လွန်းတော့လည်း . . . . .

သူ့ ့ဘဝလေးသူ ကျေနပ်နေတော့တာပဲ။

 

===========———————————————

 

ဂီဂီက သုံးဆယ့်ခုနှစ်မင်းရော

အခြား ဘာညာ ကွိကွနတ်တွေရော. . . . . .

အကုန်ကိုးကွယ် တဲ့အပြင် .. . . . . . . . . .အခုနောက်ဆုံးပေါ်

အင်တာ နတ် ပေါ်ထိ တက်ပြီး

ချက်တင်ထိုင် . . . . .

သူငယ်ချိုင်နေ ပေမယ့် . . . .

မောင်မာဂ လေးကတော့

နောင်ဘဝ မှာ လိင်တူချစ်သူဂီ လို သတိ္တိရှိရှိ မတ်စိဖြစ်နေတဲ့ ဟာမျိုးနဲ့မညားပဲ ပွင့်လို မင်းသမီးမျိုးနဲ့ညားဖို ့အတွက် ့

ကုသိုလ်ကောင်းမှုလေးတွေ လုပ်ရှာပါတယ် ။

=====================================================

 

လွန်ခဲ့တဲ့ဆယ်ရက်လောက်က . . . . . . . ကိုရင်လေးတစ်ပါးကို မနက်တိုင်း ဆွမ်းခံကြွဖို ့ပင့်ဖိတ်လိုက်တာ ။

 

အဲဒီ ကိုရင်လေးကို မနက်စောစော

ဆွမ်း ကပ်လှူဖို ့ ထမင်းတွေ ဟင်းတွေ

ထ ချက်ရတာက အေသင်ဇာဂီ ။

 

မနက်စောစော TV က လွှင့်တဲ့

ကိုရီးယား ဇာတ်လမ်းတွဲတွေ ထဲက ကိုရီးယားမင်းသားချောချောလေးတွေကို ငမ်းဖို ့သာ မပျင်းတာ ။

ဆွမ်း ထမင်းဟင်းချက်ဖို့တော့ အေသင်ဇာဂီ တို ့ပျင်းချက်က ဗျန်းဗျန်းကွဲနေတာ ။

 

မနက်တိုင်း . . . . . . . . .

ကိုရင်လေး မလာခင် ဆောင့်ကာအောင့်ကာ တဗျစ်တောက်တောက် ပြောရင်း

ချက်ရ ပြုတ်ရ ။

 

လော်ဒကင် မောင်မာဂကိုလည်း

သူ ့ထုံးစံအတိုင်း မျက်စောင်းတခဲခဲ ဟိုဒင်းတဖြဲဖြဲပေါ့။

အဲ. . . .ဟိုဒင်းတဖြဲဖြဲ ဆိုတာက သွားဖြဲတာကိုပြောတာပါ ။

 

မောင်မာဂကတော့

အေသင်ဇာဂီ က . .ကိုက်စားမယ့်ပုံနဲ ့ ဖြဲပြတာတောင် ( မွှန်နေတော့ )သူ ့ကို ချစ်လို့ ့မြှူနေတယ်ပဲ ထင်ပြီး အေသင်ဇာဂီ ့ကို ချစ်ပြီးရင်းချစ်နေတာ။

 

အေသင်ဇာဂီ ဆိုတာ ကလည်းး ရေတက်ငါးပူတင်း လို ့ နာမည်ထွား ခဲ့တာဆိုတော့

သူ ့ထုံးစံအတိုင်း အစကတုန်းကသာ

”ကိုကိုမာ. . . . . . . က   ကိုရင်လေးကိုမှ ဆွမ်း ကပ်ချင်သပ ဆိုတော့လည်း သများက ချက်ပေးရမှာပေါ့ ကျေနပ်တယ် ”

ဆိုပြီး ချက်ပေး ခဲ့ပေမယ့်

တစ်ရက်က နှစ်ရက် ဖြစ်လာတော့လည်း ရေတက်ငါးပူတင်း ပီသစွာပဲ ဆောင့်အောင့်လာတာပေါ့လေ ။

တစ်နေ ့မှာ တော့ . . . . . .

 

===============================================

 

ကိုရင်လေး ဆွမ်းခံကြွလာတော့ လော်တကင် ကိုကိုမာ ကို မကျေနပ်တာနဲ့ပဲ

ကတုံးးကတိုက်လုပ်ဖို့ ့ကြံစည်ပါလေရော ။

 

ကိုရင်လေးကို ဟန်နဲ့ပန်နဲ ့ပြောတော့တာပေါ့ ။

 

((( အဲဒီ ကိုရင်လေးဆိုတာရဲ့ အကြောင်းကလည်း ခပ်ရှုပ်ရှုပ်ရယ် ။

အတိုချုပ်ပြောရ ရင်တော့  အဲဒီ ကိုရင်လေးကလည်း ကိုရင်ဝတ်တာမကြာသေးပါဘူး။

လူ ဘဝတုန်းက

အံဇာဒုန်း ဆိုတဲ ့နာမည် နဲ့

လှည်းတန်း နားက အပျိုကြီးဖြစ်မယ့်ဇာတာနဲ့ ့ကောင်မလေးတစ်ယောက်ကို သွားကြိုက်တာ ။

သူနဲ့လင်းဆက် စကားပြောဖြစ်ရင်းးးးကနေ ….

လင်းဆက်ဆိုတဲ့ ကောင်လေး ထက် …..

သူက သေးသတဲ့ ဆိုတဲ့ အချက် ((ဘာသေးတာလည်းတော့ သေချာမသိရ ))

တစ်ချက်နဲ့တင်  သူ ့ကိုယ်သူ ခုတ်ဖြတ်မယ် ….ဆိုပြီး

မချိတင်ကဲ ဖြစ်နေတုန်းမှာ ……

ကုလားနာမည်နဲ့ ့တရုတ်ကြီးတစ်ယောက်က အတင်းဆွဲပြီး ကိုရင်ဝတ်ပေးလိုက်လို ့ ကိုရင်ဖြစ်လာတာ ။

သက်ကြီး့ပု လူကောင်သေးလေးဆိုတော့ ဘယ်လောက်အိုစာအိုစာ ငါးနှစ်သား ထက် ပို ထွားမလာဘူး။

အာပြဲခြောက်ဖုတ်ကို ဆေးသုတ်ထားတဲ့ရုပ်မျိုး )))))

 

😀 😀

 

=========================================

 

အဲဒီနေ ့က အေသင်ဇာဂီက

ကိုရင်လေးကို ဟန်နဲ့ပန်နဲ ့အေသင်ချိုဆွေ လို စတိုင်ဖမ်းပြီး ပြောပါလေရော ။

 

အေသင်ဇာဂီ ။ ။

အန်းမလေး းးးးး ကိုယ်ရင်လေးရယ် . . . . သများ ရဲ ့  ယောကျာ်းကလေ….  သိပ် ကြီးတာ သိလားးးးး

 

ကိုရင်လေး ။ ။

ဟင်င်င် !!!! ဘာ . . ဘာကြီးတာလဲ ဟင်. . .

 

အေသင်ဇာဂီ ။ ။

အော် ဒေါသကြီးတာ ပြောပါတယ် . . . . .တခြားဟာကတော့..အားရစရာမရှိပါဘူး..တော် ။

ကိုကိုမာ တို့ ဒေါသ ထွက်လာရင်လေ . . .

မယားသော ဘာသော နားလည်တာ မဟုတ်ဘူး ။ ငရုပ်ကျည်ပွေ ့နဲ ့ကို လိုက်ထုတာ ချည်းပဲ ။

 

ကိုရင်လေး ။ ။

ဟင်!!! ဒဂါကြီး မာဂပုံက အေးဆေးမယ့်ပုံပါပဲ ။ ငရုပ်ကျည်ပွေ ့နဲ့ လိုက်ထုတတ်တယ်ဆိုတာ ဟုတ်လို ့လား ဒဂမဂျီးး အဲ . . . ဒဂမလျှာကြီးရယ်. . . . .

 

အေသင်ဇာဂီ ။ ။

တကယ်ဒေါသကြီးတာာာာကိုရင်လေးရဲ ့။

မယားသော ဘာသော တင်မဟုတ်ဘူး။  ကိုရင်သော ဘာသောလည်း နားလည်တာ မဟုတ်ဘူးး။

ငရုပ်ကျည်ပွေ့တကိုင်ကိုင်နဲ့။

အိမ်က ငရုပ်ကျည်ပွေ ့ကလည်း. . . အကိတ်ကြီးဆိုတော့ . . . . ဖျားသခင်ကို ပဲတ နေရတာ ။

တောင်တော်ရှင်မတို ့အသိပါတော် ။

ဒါနဲ ့. . . .ဒီနေ ့ ဟင်းချက်တာ လည်း မကျက်သေးဘူးတော် . . .

ကိုရင်လေး ခဏစောင့်ပါဦးးး ဟင်းချက်လိုက်ဦးမယ် . .

 

ကိုရင်လေး ။ ။

ဟိုဒင်းလေ ……ဒီဒင်းလေ . . …..မစောင့်. . . . မစောင့်တော့ပါဘူး……ဒဂမလျှာကြီးရယ် ပြန်ကြွပါတော့မယ်. . . .

 

((((( ကိုရင်လေး လည်း မောင်မာဂ ဒေါသကြီးကြောင်း ငရုပ်ကျည်ပွေ့နဲ့ လိုက်ထုတတ်ကြောင်း ကြားပြီး လန့်ပြေးပါလေရော ။

 

ကိုယ်ရင်လေး ထွက်သွားပြီး မကြာခင်ပဲ မောင်မာဂ ပြန်ရောက်လာတယ်လေ။ ))))

 

မောင်မာဂ။ ။

ဟေ့ အေသင်ဇာဂီ . . . .

ခုဏ ကိုရင်လေး တွေ့လိုက်ပါတယ်။ ခပ်သုတ်သုတ်နဲ့ ့ပြေးထွက်သွားတာ မြင်လိုက်တယ် ။

ဘာဖြစ်သွားတာလဲ ကွ ။

 

အေသင်ဇာဂီ ။ ။

အန်မလေးးးး ကိုကိုမာရယ်. . .

ပြော မပြောချင်ပါဘူး တော် ။

တော့် ကိုရင်လေးက ကြံကြံဖန်ဖန်တွေ အလှူခံလို ့ မလှူပါရစေနဲ့

ပြောလိုက်လို ့စိတ်ဆိုးပြီး ထွက်သွားလေရဲ့။ အံ့ပါ့ အံ့ပါ့

 

မောင်မာဂ ။ ။

ဟေ. . . ဘာများအလှူခံလို့တုန်း

 

အေသင်ဇာဂီ ။ ။

အံ့ပါ့တော်. . .

ငရုပ်ကျည်ပွေ ့ ကို လှူပါတဲ့။

တော့်ကိုရင်က. . . . . လူ ဘဝတုန်းကမိန်းမလျှာလောက ကပဲထင်ပါရဲ ့။

သများ က . . . . . .

ငရုပ်ကျည်ပွေ ့က ကျွန်မသုံးနေတဲ့ ….ဒီတစ်ချောင်းပဲရှိလို့ပါ ။

နောက်မှ အသစ်ဝယ် လှူပါ့မယ်ဆိုတာကို အခုပဲ လိုချင်တာ ပါ ဆိုပြီး စ်ိတ်ဆိုးသွားလေရဲ ့တော်. . . .

 

မောင်မာဂ ။ ။

အာာာာ ဒီ မိန်းမ နှယ် ။

သူ လိုချင်တာ လှူလိုက် ပြီးရောကိုများးး။

တော်တော် အသုံးမကျတဲ့ မာမီဂီ . . . ပေးဇမ်း ……

ခညား သုံးနေတဲ့ငရုပ်ကျည်ပွေ ့ ။

အခုနေ လိုက်ပေးရင် မှီသေးတယ် . . . . . .

 

ဆိုပြီးးးးးးးးး

 

” ကိုရင်လေး းးး းးး ”

 

ဆိုပြီး လှမ်းခေါ်တော့ ကိုရင်လေးက လှည့်ကြည့်တယ်။

 

ကိုရင်လေး လှည့်ကြည့်တော့ မောင်မာဂက ပြေးလိုက်နေရာကနေ

” ဒီမှာ ဒီမှာ ”

ဆိုပြီး ငရုပ်ကျည်ပွေ ့ကို ထောင်ပြတယ်။

 

အမှန်က…..   ဂီ ကတုံးကတိုက်ပြောလိုက်တဲ့စကားကို အဟုတ်ထင်ပြီး

ကိုရင်လေးလိုချင်တယ်ထင်တဲ့

ငရုပ်ကျည်ပွေ ့ ထောင်ပြတာ ။

 

ဒါကို ကိုရင်လေးက လည်း ခပ်လှမ်းလှမ်းကနေ မြင်တော့ တွေးတာပေါ့ ။

 

အင်း ဟို မလျှာမ အဲ ဒဂမကြီး ပြောသလိုတော့ ချက်ချင်းဖြစ်ပြီ ။

ကြည့်စမ်း ငါ့ ကို ငရုပ်ကျည်ပွေ ့နဲ ့ထု ဖို့ ့ပြေးလိုက်လာပြီ . . . . .

ပြေးးမှ…….

 

ပြေးမှ . . . . ဆိုပြီး……………….

ကိုရင်လေးက ပြေးးးးးတုန်းးးးးးးး

 

ကိုကိုမာခေါ် … မောင်မာဂ က . . . ငရုပ်ကျည်ပွေ ့ကြီး ထောင်ပြ ပြီး လိုက်. . . . . တုန်းးးးး

 

============================

 

ကိုဂီ ။ ဦးမာဂ ။ အံစာတို ့ရေ . . . .

ချစ်လို ့ စတာပါနော် ။

🙂

 

 

(((((((( ကြာနီကန်ဆရာတော်ရဲ့ တရားတစ်ပုဒ်ထဲက ဇာတ်လမ်းတိုလေး ကို

အခြေခံပြီး ရေးဖွဲ့တဲ့ အပျော်သက်သက် ပိုစ့်လေးပါ )))))))

 

 

===================

 

လေးစားချစ်ခင်လျက်

 

အလင်းဆက်

 

 

 

 

 

 

40 comments

  • amatmin

    September 7, 2013 at 9:41 am

    အလုံးကြီးဒွေရော..အသေးလတ်ပေါင်းစုံရော..
    ရှိရှိသမျှ နဲ့ကို ပြန်ကျွေးထားတာပါလား ကိုရင်အောင်လင်းဆက် ရယ်..
    ”လူပျိူနုနုထွေးထွေးဥဥဖွေးဖွေးလေး” .. အဲ့ဇဂါး ကြားပီး..
    နဲနဲတော့ သီးသွားဒယ် ကိုယ့်ဆြာရယ်..
    အသာလုပ်ကြပါ နော့..။ 😛

    • အလင်းဆက်

      September 7, 2013 at 11:35 am

      နုနုထွေးထွေးရဲ့ ကာရန် ကို ဥဥဖွေးဖွေးလို ့ယူပစ်လိုက်တာလေ
      အဟိ

      🙂

      အဟဲ ဘယ်ရမလဲ
      ကိုဂီ သားသားကို ကျွေးထားတာ များဘီ ။
      ဒီတစ်ခါတော့ သားသားအလှည့်။

      ဒါမယ့် ဂီက စကားလုံးကြွယ်ဝ တော့
      သူ ့ကိုနိုင်ဖို ့မလွယ်

      :kwi:

  • Atom

    September 7, 2013 at 10:23 am

    တော်ပါသေးရဲ့ ချစ်လို့စတာနော် တဲ့
    မချစ်ပဲနဲ့ စ များးစလိုက် မိရင် ဘိုများဖြစ်မလဲ နော်
    အင်းးးး
    အလင်းဆက် က သူရေးသလို ဆို
    သူ့ရုပ်က တကယ့် အပုန်း အ၆ ကြိုက်တဲ့ ရုပ်လေးပဲ
    လမ်းသွားရင် သတိထားသွားနော်
    ရန်ကုန်မှာ ပထမ အများဆုံးက ကားး ဒါမယ့်ကြည့်ရှောင် လို့ရတယ်
    ဒုတိယ အများဆုံးက စုံတွဲ အဲ့တာလဲ သူတို့ဘာသူတို့ လူတွေကိုရှောင်ပြီးသားးး
    တတိယ အများဆုုံးးက အ၆ အဟီ အဲ့တာလဲ သိမြင်နိုင်တော့ ရှောင် ရတာ လွယ်မယ် ကြောက် ရမှာက အပုန်းး
    အလင်းဆက် ရယ် ခင်လို့ စတာပါနော်

    • အလင်းဆက်

      September 7, 2013 at 11:37 am

      တိန်
      သားသားက
      အ၆ ကြိုက်မယ့် ရုပ်ဒဲ့
      တေဘီဆရာ

      ချစ်ရင် ဝင် စ သွားကြပါနော့်
      🙂

      ချစ်ခင်လေးစားလျက်

  • Crystalline

    September 7, 2013 at 11:47 am

    Bravo… :mrgreen:
    အားပေးပါ၏။

  • TNA

    September 7, 2013 at 12:21 pm

    ရေးလဲရေးတတ်ပါ့အလက်ဆင်းရေ။ ရီလိုက်ရတာ။ မယ်ဂိလဲ အိကနဲ့ထိကရော။ ဟီဟိအေးဒါဘဲ။

    • အလင်းဆက်

      September 7, 2013 at 1:04 pm

      အန်တီသဲ ရေ
      အားရပါးရရေးပစ်လိုက်တာ
      အဟိ
      မယ်ဂီ ့ကို ချစ်လို ့စတာပါ
      သူလည်း သားသားကို ချစ်လို့စပေါင်းများပြီလေ
      :kwi:

      • TNA

        September 7, 2013 at 4:12 pm

        တူဂလူတကာကိုအရမ်းချစ်တာလေအေ။ ညီးရေးသလိုပဲလို့နာလဲထင်ဒယ်။ ဖြစ်နိုင်ဒယ်။ ဒါလဲချစ်လို့ပြောဒါဘာ မယ်ဂိ့ရေ။ အာဟိ

        • အလင်းဆက်

          September 7, 2013 at 5:31 pm

          ဂီ တစ်ယောက် အခုထိ မတွေ့သေးဘူး
          ဒီလို ချစ်လို ့ပြန်စ ထားတာတွေ ့ရင်
          ကွိကွိ ခုန် နေမှာ မြင်ယောင်သေး

          အဲ ဖြုံတောင် ဖြုံပါ့မလား

          :kwi:

  • Myo Thant

    September 7, 2013 at 12:24 pm

    အဲဒီ ဂီကို တွယ်သာတွယ်ပစ် ၊

    အားပေးနေတယ် ထရီဇာ့ကောင်လေးရယ် ၊

    မာဂကလည်း မနေ့က မျက်နှာချင်းဆိုင်တွေ့တာတောင်

    ငါ့ဘေးကလူကိုပဲ ငေးပြီး ငါ့မမြင်ဘူး ၊ ဒင်းလည်း တွယ်ပစ် ၊ 🙂

      • alinsett

        November 26, 2013 at 9:36 pm

        အမ်းးးးမလေးးးးး
        အနှုတ် 15 တဲ ့…
        လက်လန်တယ်..ကွာ…..

        :kwi:

        ဟိုလူဂျီးကို တွယ်မယ်..ပြောတာနဲ ့….

        အဟိ

  • kyeemite

    September 7, 2013 at 1:27 pm

    အလက်ဆင်းကဒါမျိုးလည်းရသကိုးကွ…ကောင်းသကွာ 🙂

    • အလင်းဆက်

      September 7, 2013 at 3:19 pm

      ဦးကြီး မိုက်ရေ

      အားပေးတဲ့ အတွက် ကျေးကျေးပါဂျ

      တကယ်တော့ သားက
      ဟာသ သိပ်မရေးတတ်ဘူး
      ကိုဂီကို စချင် နောက်ချင် လွန်း လို့သာ

      :kwi:

  • ခင် ခ

    September 7, 2013 at 2:06 pm

    “လူပျိူနုနုထွေးထွေးဥဥဖွေးဖွေးလေး ´´ မှာ
    လူပျိုနုနုထွေးဌွေး ဆိုတာတော့ သိပါ၏။
    “ဥဥဖွေးဖွေးလေး´´ ဆိုတာကတော့ …..? မရှင်းမရှင်းနော်။

    • အလင်းဆက်

      September 7, 2013 at 3:23 pm

      အဟိ

      🙂

      လေး ခ ရေ
      ဥဥဖွေးဖွေး ဆိုတာက လေ
      ဖွေးဖွေး ဥဥ လေး လို ့ပြောတာပါ
      ကာရန် အတိုင်းဆိုတော့
      နုနုထွေးထွေး ဥဥဖွေးဖွေး ပေါ့

      အဟိ

      🙂

  • အဘ ဖားသက်ပြင်း

    September 7, 2013 at 11:00 pm

    အေး. စောင့်နေ
    ငကရင်ကောင်ဝတုတ်နိကို
    လာ ဒချိဒချိတော့မယ်
    ဟွန့်

    • အလင်းဆက်

      September 8, 2013 at 7:47 am

      ဟွင်းဟွင်းးး
      ဒါမျိုး မကြောက်လို ့ရွာရိုး လျှောက်နေတာပါတွာာာ

      :kwi:

  • Shee

    September 7, 2013 at 11:11 pm

    ဘူလဲ….နာ့သဲလေးကို ဒမြရုပ်နဲ့အခြောက်လို့ပြောတာ…..ဟို……ဒညင်းဝှက် ကိုလှည်းကြိတ်တဲ့မျက်နာ..ဘီလူးသံပရာသီးစားတဲ့ရုပ်ပေါက်နေတဲ့….အလက်ဇင်း လားးးး

  • Ma Ma

    September 8, 2013 at 11:26 am

    ကြောက်တဲ့သူကတော့ အောင်လင်းဆက်လို့တောင် ခေါ်နေပြီ။
    မောင်ဂီက သူကိုယ်တိုင်တောင် ပြောစရာမလိုဘူး။
    တွေ့တယ် မဟုတ်လား။
    ဒါမျိုးကြောက်ရင် ကိုယ်တိုင်လည်း ပစ်ကာလေး ဘာလေးရှာထားပြီးမှ ရန်စလေ။ :loll:

    • အလင်းဆက်

      September 8, 2013 at 11:39 am

      အန်တီမမ ပြောမှ သတိရတယ်

      သားသားရဲ့
      သနပ်ခါးလိမ်းထားတဲ့ ပန်းပွင့်လေးကိုလည်းဒီထဲ ခေါ်ထားဦးမယ်

      :kwi:

  • Mr. MarGa

    September 8, 2013 at 6:36 pm

    နတ်ပြည် လွှတ်တော်
    ကြေညာချက်အမှတ် ဝ၀၀/၂၀၁၃
    အကြောင်းအရာ။ ။ ရှင်းလင်းဖြေကြားခြင်း
    ယခု အထက်ဖော်ပြပါ ဒညင်းဝက် ၏ ပို့စ် တွင် ပါရှိသော မောင်မာဂ သည်

    နတ်ပြည် လွတ်တော် ဥက္ကဋ္ဌ၊ နတ်ပြည် သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ အောင်ဆန်းသူရိယ ဦးမာဃ

    နှင့်
    လုံးဝ (လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်း
    ်အသိပေး ကြေညာလိုက်သည်။
    :mrgreen: :mrgreen:

    • အလင်းဆက်

      September 9, 2013 at 7:47 am

      အခု ကွန်မန် ့ လာပေးသွားတဲ့
      ဦးမာဂ ကို
      ပြောထားတာပါ

      :kwi:

  • KZ

    September 9, 2013 at 9:31 am

    နောက်ခါ ရေးရင် အလုံးတွေ နည်းနည်းလျှော့ပါအေ။

    🙂

    • အလင်းဆက်

      September 9, 2013 at 2:45 pm

      အပျိုကြီး ဖြစ်မယ့် ဇာတာနဲ့ မွန်မွန်
      အဟိ
      ချိတ်ချိုးရဘူးနော်

      :kwi:

  • ခင် ခ

    September 9, 2013 at 3:12 pm

    ပိုမိုရှင်းအတွက် ဝင်ကြည့်ပေမယ့် ကန့်ကွက်သူမရှိပါဗျ။ ( ညနေ ၃း၁ဝ )

  • မဟာရာဇာ အံစာတုံး

    September 10, 2013 at 1:16 am

    ငါ့ကို ဘယ်လိုပဲ ရေးရေး အေးဆေးဘာ
    စိတ်ဆိုးစရာမှ မရှိတာနော့
    ဟုတ်တယ် မဟုတ်လား
    ဒါမယ့် အောင်မဲလင်းနဲ့ တူတဲ့ နင့်ကို တစ်ခုတော့ ပြောရဦးမယ်
    ဠီးဘဲ ဟက်ကောင် …..
    :mrgreen:

    • အလင်းဆက်

      September 10, 2013 at 12:52 pm

      တိန်

      စိတ်မဆိုးဘူး ဒဲ့
      ဆဲတော့ ဆဲတွားဒယ်

      အော် နာ့ ဘဝ နာ့ဘဝ
      တူဒို ့ဂို ဂျစ်လို ့ စ တာ
      အဆဲခံရဒယ်

      တေဒါပဲအေးတယ်
      ချစ်သုဝေကို ဖက်ပြီး တေဒါပဲအေးတယ်

      🙁

  • ဦးကြောင်ကြီး

    September 10, 2013 at 8:51 am

    ငရုတ်ဆီပွေ့
    တလုပ်ရီဗေ့
    ဖားပြုတ်မြည်စေ့
    အဟုတ်ဒီနေ့..။

    • အလင်းဆက်

      September 10, 2013 at 12:56 pm

      အဟုတ် ဒီနေ ့ လုပ်မနေနဲ့ဥကြောင်

      ကဗျာ လိုချင်တယ်
      ကဗျာပေးပါဦး

      🙂

Leave a Reply