အီတလီက ရိုးရာအလှနဲ ့မောင်နှမ

ရိုးရာအလှ

 

ဒီပန်းချီကားလေးကတော့ အမှတ်တယပါ….

ပန်းချီကျော်တွေများလှတဲ ့ အီတလီကနေ တစ်ကူးတစ်က ပုံတူလာအပ်တာပါ..။

ချစ်စရာကောင်းတဲ့ ရိုးရာဝတ်စုံလေးနဲ ့ပါ..။ အထွေအထူး သိပ်မရှိပါဘူး..ဆွဲရတာက ။

ဆီဆေးနဲ ့ ရေးဆွဲခဲ့ပါတယ်။

 

ကျော်စွာခေါင်

 

18 comments

  • အလင်းဆက်

    September 7, 2013 at 7:47 pm

    အပြုံးလေးတွေက အသက်ဝင်ပြီး..
    ပန်းချီကားလေးက ပို လို ့..
    ချစ်စရာကောင်းသွားတယ်..နော် ။

    :kwi:

    • ကျော်စွာခေါင်

      September 8, 2013 at 10:04 pm

      ကျေးဇူးပါ အလင်းဆက်ရေ..။

  • မဟာရာဇာ အံစာတုံး

    September 8, 2013 at 12:02 am

    ဒီဘဂျီကား တစ်ချပ်ကို
    ခညား ဘီလောက် ရဒဒုန်းဂျ …
    ရိုးရိုးအမြင်နဲ့ ပေါကျိရရင်
    အပြုံးကိုယ်စီနဲ့ ဒီမောင်နှကို ကြည့်ရတာ ကြည်နူးမိပါသဗျား …
    ဒါ့ထက် …
    ဟိုခလေးမလေး လက်က ကျိရဒါ ဘိုဂျီးဒုန်း သိဝူးးဂျ …
    အိုက်ဒါ ဘာဂျောင့်ဒုန်းဟင်င်င်င် .. 🙄

    • ကျော်စွာခေါင်

      September 8, 2013 at 10:09 pm

      အံစာမိုးဝင်း
      ဈေးကတော့ အမျိုးမျိုးပေါ့..။ သူ ့နိုင်ငံကိုယ့်နိုင်ငံ ငွေကြေး ချိန်ဆပြီး ယူကြပေးကြတာပါ..။
      အပြုံးလေးတွေ ချစ်စရာ ကောင်းတာကတော့ အမှန်ပါဘဲ..။
      လက်ကလေးက ကောင်လေး လက်ထဲကို ကောင်မလေး လက်က မှောက်ထည့်ထားတာပါ…ပန်းချီကားကြည့်သူဘက်ကနေဆိုဒီဘက်ခြမ်းလက်ဖမိူဒ လက်ဖဝါးလေးက ကောင်မလေး လက်သန်းနဲ ့တစ်ဆက်တည်းပါ…။နောက်ဖက်နားက အောက်ဖက်ကို ဆင်းနေတာက လက်မအရင်း သောကြာဂြိုလ်ခုံပေါ့..။

      • မဟာရာဇာ အံစာတုံး

        September 10, 2013 at 1:32 am

        ခုလို အိတ်စ်ပလိန်းပေးဒါ
        သန်းဂျူး ရှဲရှဲ
        သာဒု .. သာဒု .. ပါဗျားးး

  • surmi

    September 8, 2013 at 10:09 am

    ပန်​းချီကို အ​တော်​​လေး ဝါသနာပါသဗျ
    ကိုယ်​ကမဖြစ်​နိုင်​​တော့ သူများဆွဲတာအားကျရင်​းးးး 🙂

  • Ma Ma

    September 8, 2013 at 11:19 am

    ပန်းချီကျော်တွေများလှတဲ ့ အီတလီကနေ တစ်ကူးတစ်က ပုံတူလာအပ်တယ်ဆိုတော့ ဂုဏ်ယူစရာပဲ။

    မောင်နှမမို့ထင်တယ် မျက်နှာကျပုံလေးတွေက ဆင်တယ်။
    ဒါ့ထက် ပန်းချီပုံအရ မျက်နှာကြည့်ရတာ မိန်းကလေးက အကြီးဖြစ်မယ်ထင်တယ်။

    ချစ်စရာကောင်းတဲ့ ရိုးရာဝတ်စုံလေးနဲ့ ဆိုတော့ သူတို့လူမျိုးရဲ့ ရိုးရာပွဲလမ်းသဘင်သွားတာလား။
    အလှူမင်္ဂလာပွဲတက်တာလား မသိဘူးနော်။

    တစ်ခုတွေးမိတာက ဒီလောက်တောင် ဓာတ်သေပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ တကူးတက ပုံတူအပ်တယ်ဆိုတာ…..
    ကြွယ်ဝမှုကြောင့်လား
    အနုပညာကို တန်ဖိုးထားတာလား
    ဓာတ်ပုံထက် ပန်းချီက နှစ်ပေါင်းများစွာ တာရှည်ခံလို့လား။ 🙂

    • ကျော်စွာခေါင်

      September 8, 2013 at 10:15 pm

      မမ
      ကျနော်လည်းနည်းနည်းလေးတော့ ကိုယ့်ကိုကိုယ် အမှတ်တယစိတ်လေးဖြစ်မိပါတယ်..။ အီတလီကတောင် ဆိုတော့လေ..။
      သူတို ့တွေက အနုပညာကို တန်ဘိုးထားတာပါ..။ ပန်းချီကို တော်တော် အလေးထားကြတယ်..။
      မွေးနေ ့ပွဲတွေမှာ ပုံတူ တပုံလောက်ပေးလိုက်ရင် အဲဒီလက်ဆောင်ကို ပွဲမှာ တန်ဘိုးအရှိဆုံးလက်ဆောင်ရတယ်လို ့
      သဘောထားကြတာပါ..။
      ဒီဂျစ်တယ်လ် ခေတ်မှာ ကလေးကအစ …ဖုန်းတလုံးရှိရင် ဓါတ်ပုံရိုက်နေကြတာလေ…
      ပန်းချီကြတော့ ဘုရားသခင်က လက်ဆောင်ပေးထားတဲ့ အနုပညာလက်လို့ မြင်ကြတာပါ..။
      တာရှည်ခံတာလည်းပါတော့ပါပါလိမ့်မယ်..။

      • Ma Ma

        September 10, 2013 at 7:31 am

        သတ်ပုံ မမ ရာထူး ပျောက်သွားမှာစိုးလို့ န ငယ်ကို အမြီးတပ်ချင်ပါတယ်။ 😉

        ပန်းချီကြတော့ ဆိုရာမှာ … ကြ အစား ကျ ကို သုံးရပါတယ်။

        မြန်မာစာမှာ ကျ နဲ့ ကြ အသုံးတွေ လွဲတတ်ပါတယ်။

        ကျ ကို ချ ၍ ကျ တယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့၊ စားနေကျ သွားနေကျ ဆိုတဲ့ အလေ့အကျင့် ဖြစ်နေတဲ့နေရာတွေမှာ၊ ကျသင့်ငွေ ဆိုတာတွေမှာ သုံးပါတယ်။ ကျရောက် တဲ့ အနေနဲ့လည်း သုံးပါတယ်။

        ကြ ကိုတော့ အများကိန်းတွေမှာ သုံးလေ့ရှိပါတယ်။ သွားကြလာကြ၊ ကြောင့်ကြ ဆိုတာတွေမှာ သုံးပါတယ်။

        စာလုံးပေါင်းသတ်ပုံ စစ်ချင်ရင် Do & Don’t (Rules) နံပါတ် ၃ မှာ ပေးထားတဲ့ လင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

        ကိုယ်တိုင်လည်း သတ်ပုံမကြာခဏမှားတတ်လွန်းလို့ အဲဒီလင့်ခ်ကို ဖွင့်ပြီးမှ စာရေးပိုစ့်တင်ဖြစ်တာများပါတယ်။

        ဒါတောင် အမှားမကင်းတတ်ပါဘူး။

        ရင်ဘောင်တန်း လို့ သတ်ပုံမစစ်ပဲ ရေးမိလို့ ရင်ပေါင်တန်း မှ အမှန်ဆိုတာ ကမ်းကြီး ပြောလို့ သတ်ပုံအမှန်ကို သိပြီး မှတ်မိသွားတော့တယ်။ 🙂

  • Mr. MarGa

    September 8, 2013 at 6:42 pm

    အန်တီမမနောက်က လိုက်ပါတယ်။
    ပန်းချီကျော်တွေကို ကျော်ပြီး တကူးတက လာအပ်တယ်လို့ သိရလို့ တကယ် ဂုဏ်ယူမိပါတယ်ဗျာ။
    ပုံကိုကြည့်ပြီး တကယ်လဲ ကြည်နူးမိ၊ ကြည်နူးစိတ်ကလေးတွေ ဝင်မိပါတယ် လို့

    • ကျော်စွာခေါင်

      September 8, 2013 at 10:21 pm

      ကျေးဇူးပါ သိကြားမင်းကြီးရေ..
      ကျနော်လည်း မြန်မာပြည်သားတယောက်အနေနဲ ့ဘဲ ဂုဏ်ယူမိပါတယ်..။
      ကျနော် အလုပ်တွေ ပင်ပန်းတဲ့ ကြားထဲက ပန်းချီသင်တန်းပေးပါတယ်.. ဒီက အနုပညာ ခန်းမကြီးမှာပါ…။
      ကျနော့်ကို ဘယ်နိုင်ငံက လာတာလည်းမေးတိုင်း ဘားမား…မြန်မာ ဆိုပြီး ပြောလိုက်တိုင်း ကျနော့်ကို ကျနော် မာနသံတွေ
      ပါနေမှန်းလည်း သိနေခဲ့ပါတယ်..။
      ကျနော့်နိုင်ငံအတွက် ကျနော် နိုင်သလောက်တော့ လုပ်ပြနေတာပါဘဲ..။
      ကျနော် ပိုက်ဆံ မချမ်းသာပါ။

  • ဦးကျောက်ခဲ

    September 9, 2013 at 12:08 am

    ဒီပုံလေးကို မြင်ဖူးတာ ၅နှစ်တင်းတင်းပြည့်တော့မယ်…
    အခုမှပဲ ရာဇဝင်ကို သိတော့တယ်…
    ဗရာဗိုပါ အကိုကြီးရေ… ဂုဏ်ယူပါတယ်ခင်ဗျာ…

  • kyeemite

    September 9, 2013 at 10:47 am

    အူးကျောက်စ် ကမြင်ဖူးတယ်ဆိုပါလား..ဘယ်မှာပါလိမ့်.. 🙄
    ပုံလေးကအသက်ဝင်လှပါတယ်…
    ကလေးမလေး ဂါဝန်အဆင်က ပါတိတ်ဆင်လိုပဲနော…
    လည်ပင်းကပုတီးကလည်း ပုလပုတီးလည်းမဟုတ်…ဗမာစိတ်ပုတီးအတိုင်းပဲ
    ဧကန္တ ကိုကျော်စွာခေါင်စတ်နေကျ ပုတီးများဆွဲပေးထားတာလား… 😀

    • ဦးကျောက်ခဲ

      September 9, 2013 at 11:02 am

      ဟီး ဟီး… ပုံတူပန်းချီ ဆိုတဲ့ ပြခန်းမှာ အကိုမိုက်…
      😀

  • ခင် ခ

    September 9, 2013 at 3:07 pm

    ပိုမိုရှင်းအတွက် ဝင်ရောက်ကြည့်တာပါ ( ညနေ ၃းဝ၃)

  • ရွှေ ကြည်

    September 9, 2013 at 7:15 pm

    ပန်းချီအကြောင်းကိုနားမလည်ဘူးရယ် ဒါပေမယ့် ကိုယ့်စိတ်နဲ့ ကြည့်လို့ အဆင်ပြေသွားရင် သဘောကျသွားရင်တော့ လှတယ် ကောင်းတယ်လို့ သတ်မှတ်မိတယ်
    အခုလည်း ကြည့်ပြီးတော့ သဘောကျသွားတယ် ချစ်စရာကောင်းတယ်ဗျို့
    ဆွဲတတ်တဲ့သူတွေကိုလေးစားပါ၏

  • kai

    September 9, 2013 at 11:58 pm

    လူသား၂ယောက်က.. တစက်ရုံထဲကထွက်ကြမှန်းသိသာတယ်ဗျ..
    အဲဒါလေးပုံထဲ.. ဖမ်းမိထားတာ.. ပန်းချီအပ်တဲ့သူတွေ.. သိပ်ကြိုက်သွားမယ်ထင်မိတယ်..။

    ဆိုတော့..
    စကားအတင်းစပ်..
    ဗင်ဂိုးပန်းချီကားသတင်းလေးဖတ်ပြီးပြီလားလို့..

    Sunset at Montmajour,’ Long-Lost Vincent Van Gogh Painting, Unveiled

    AP | By By TOBY STERLING Posted: 09/09/2013 4:45 am EDT | Updated: 09/09/2013 1:10 pm EDT
    AMSTERDAM (AP) — The first full-size Vincent Van Gogh painting to be discovered in 85 years has been authenticated as a genuine long-lost work of the Dutch master after an odyssey that included lingering for six decades in the attic of a Norwegian industrialist who had been told it was a fake.

    “Sunset at Montmajour” depicts a dry landscape of twisting oak trees, bushes and sky, and it was done during the period when Van Gogh was increasingly adopting the thick brush strokes that became typical of his work in the final years of his short life, experts at the Van Gogh Museum in Amsterdam said Monday.

  • ဦးကြောင်ကြီး

    September 10, 2013 at 8:59 am

    ကျော်စွာခေါင်
    ဘော်ဒါကြောင်
    ဒေါ်လာဆောင်
    အောင်ပါညောင်..

Leave a Reply