ကျွန်တော်နားလည်မိသော လောကဇာတ်ခုံ

Ko out of...September 8, 20131min2079

– ဓမ္မဝိဟာရီဆရာတော်တရားကို မနာကြားရခင် တချိန်တုံးက……

ကျွန်တော်နာလည်းမိသော လောကသုံးပါးကဒီလိုပါ…

ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောက…စသည့်ဖြင့်…..ဖြစ်ပျက်သမျှအရာတွေကို ဒုက္ခသစ္စာလို့မှတ်ခဲ့ပါတယ်…

အဲဒီလောကက သုံးပါးကိုလည်း လောကဇာတ်ခုံပမာလို့လည်း နားလည်ခဲ့မိပါတယ်……..ကျွန်တော်တို့ဟာ အဲဒီလောကဇာတ်ခုံပေါ်မှာ မွေး၊အို၊နာ၊သေ..ရီလိုက်…ငိုလိုက်….လွမ်းလိုက်…ဆွေးလိုက် စသည်ဖြင့် အမျိုးမျိုးကပြရသည့် ဇာတ်ကောင်ပမာ အဖြင့်နားလည်မိခဲ့ပါတယ်…အဲဒီလိုနားလည်းခဲ့မိလို့လည်း လောကသုံးပါးကနေ မထွက်နိုင်ခဲ့ပါဘူး….

အခုတော့….ဆရာတော်၏ ကျေးဇူးကြောင့်….ကျွန်တော်ဒီလိုမျိုး နားလည်သဘောပေါက်မိတယ်…သမုတိနဲ့ ပရမတ်သဘောတွေနဲ့…တည်ဆောက်ထားသည့်… ဩကာသလောက…သတ္တလောကတွေဟာ…သဘာဝတရားတွေဘဲ…ဒီသဘာဝ တရားကနေထွက်ဖို့မလိုပါဘူး…ထွက်လို့လည်းမရပါဘူး…ဘာဖြစ်လည်းဆိုတော့ ကျွန်တော်တို့က ဒီသမုတိ…ဒီပရမတ်နဲ့ဖွဲ့စည်း

တည်ဆောက်ထားလို့ဘဲ…သမုတိဆိုတဲ့ သမုတ်မှန်ဟာလည်းသူ့နေရာနဲ့သူ..သူတန်ဖိုးနဲ့သူရှိရမည့်အရာပါ…ပရမတ်လည်း လောကမှာ

ရှိရှိသမျှ အရာတွေဟာ. ဓါတ်ကြီးလေးပါးဖြစ်တဲ့…ပထဝီ၊အာပေါ၊ဝါယော၊တေဇော စသည့်ဓါတ်တွေနဲ့ ကင်းလို့မရပါ..သဘာဝတရားတွေဟာ လိုအပ်လို့သူနေရာနဲ့သူ အစီစဉ်တကျ..ဟန်ချက်ညီညီ ဇီဝစက်အဖြစ်လည်ပတ် နေခြင်းဟာ မရှိမဖြစ် သူ့သဘာဝတရားအရ…. မွေး၊အို၊နာ၊သေ …ဥပါဒ်၊ဋိ၊ဘင် ဖြစ်တည်ပျက်ဆိုသည့် သူ့အလုပ်ကိုတော့ ….သူလုပ်နေရမှာ ဖြစ်ပါတယ်….

ဒါဖြင့်ရင် ဘုရားဟောသည့်လောက သုံးပါးဆိုတာ ဘယ်ဟာကိုယူရမလဲ?…

ဓမ္မဝိဟာရီဆရာတော်ကတော့ …တကယ်ထွက်ရမည့်လောက သုံးပါးဆိုတာ ဒီလိုပါတဲ့….

(၁) ကာမလောက….. သတ်၊ခိုး၊လိမ်၊လွန်ကျူးဖေါက်ပြန်စသည့်…ကာမအကုသိုလ်…အမျှော်အကြောက်နှင့်ပေးကမ်းလှူဒါန်းခြင်းစသည့် ကာမကုသိုလ်….( ကာမသင်္ခါရ)…

(၂) ရူပလောက….အသိမဲ့နေခြင်း (ရူပသင်္ခါရ)…

(၃) အရူပလောက…အရှိမဲ့ နေခြင်း (အရူပသင်္ခါရ)….စသည့်လောက ကနေထွက်ရမှာဖြစ်ပါတယ်….

ဒါဖြင့်ရင် …..တချိန်တုံးကနားလည်ခဲ့သော…လောကဇာတ်ခုံနဲ့အခုနားလည်သည့်လောကဇာတ်ခုံခြင်းမတူတော့ပါ…

အခုနားလည်သောလောကဇာတ်ခုံမှာ….သမုတိ၊ပရမတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားသည့်ကျွန်တော်တို့ကိုယ်ကောင်ဟာ….

လောကဇာတ်ခုံနဲ့တူပြီး….ကျွန်တော်တို့၏ကိုယ်ကောင်ပေါ်ကို…ဧည့်သည့်သဖွယ်…. လာရောက်ပူးကပ်နေသည့် လောဘ၊ဒေါသ တရား

တွေဟာ..လောကဇာတ်ကောင်တွေဘဲ…ကျွန်တော်တို့ကို….ကိလေသာ၊ကံ၊ဝိပါက်စသည့်သံသရာ(မွေး၊အို၊နာ၊သေ) ဖြစ်အောင်

ရီအောင်…ငိုအောင်…လွမ်းအောင်…ဆွေးအောင်…အမျိုးမျိုးကပြခိုင်းနေတာ

…အပ….ပယောဂကောင်(အဘိဇ္ဖျာ၊ဒေါမနဿ)ကောင်တွေ….ပါလားဆိုတာ …အခုတော့ အဲဒီလိုနားလည်လိုက်ရပြီ….ဒါကြောင့် အခု

တော့….ကျွန်တော်ဟာ လောက သုံးပါးကနေဘယ်လို ထွက်ရမယ်ဆိုတာ ဓမ္မဝိဟာရီဆရာတော်၏ ကျေးဇူးကြောင့် သဲသဲကွဲကွဲ မြင်

လိုက်ရပါပြီ….

ဆရာတော်သည် ….မလွတ်မလပ် မပေါ့မပါး ခိုင်းနွားပမာ သူများစီမံရာနောက်ကို တကောက်ကောက်လိုက်နေရသည့်

ကျွန်စိတ်ပေါက်နေသည့်..ကျွန်တော်တို့၏အဖြစ်ကိုမြင်လို့ ကျွန်စိတ်ကနေ..သခင်စိတ်ဖြစ်အောင်…

သူများစီမံအုပ်ချုပ်ရာကနေ…မိမိကိုယ်ကို မိမိစီမံ အုပ်ချုပ်ပိုင်ခွင့်ရှိအောင်…. မိမိသာလျှင်ဘုရင်…..မိမိသာလျှင် အရှင်သခင်ဖြစ်အောင်

မွေးထုတ်ပေးသော ဘုရား၏ သားတပည့်အစစ် ဆရာတဆူဖြစ်ပါသည်…

ထို့ကြောင့် ဆရာသခင်ကျေးဇူးရှင်အား….ဆရာတော်ပေးသောအသိမှ…”ကျွန်တော်နားလည်မိသော လောကသုံးပါး” အကြောင်း

အဆုံးသတ်ရင်း…အကျည်းကျနေသောဆရာတော်အား….ဂရဝပြုရှိခိုးလိုက်ရပါသည်…..'05 Nov20th dawn at Ngwesong'05 Nov20th dawn at Ngwesong

9 comments

  • au kyein

    September 8, 2013 at 7:56 am

    ကျနော်တို့က
    ဒီဘဝမှာတော့ရုန်းထွက်ဖို့ မဖြစ်နိူင်တော့ပါဘူး….သံသရာသမုဒ္ဒရာကြီးကကူးလို့ ခတ်လို့ ဝမှမဝနိူင်သေးတာ…
    နောင်ဘဝ အတွက်လမ်းပြပေးလို့ကျေးဇူးတင်ပါတယ်။

    • San Hla Gyi

      September 8, 2013 at 2:40 pm

      မိတ်ဆွေကြီး au kyein ကလဲဗျာ ဒီဆောင်းပါးရှင်က မိုးပြာဂိုဏ်းဆရာပဲ။ အခုလည်း ထောင်ကျနေတဲ့ သူတို့ ဂိုဏ်းချုပ်ကြီးအကြောင်း ရေးထားတာ။ မိုးပြာဂိုဏ်းက ရေးထားတဲ့ တရားကို နောက်ဘဝအတွက် လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ်လို့ သွားပြောတော့ မူဆလင်ဆိုင်ကို သွားပြီး ဝက်သားဟင်း စားချင်တယ် မရောင်းဘူးလားလို့ မေးသလို ဖြစ်နေပြီ။
      ဆောင်းပါးရှင် ကြုံလို့ ပြောခဲ့ရဦးမယ်။ ခင်ဗျားရေးတာ မှားနေတယ်။ စာရိုက်တာ မှားတာလားတော့ မသိဘူး။ ခင်ဗျားက ထောင်ကျနေတဲ့ ခင်ဗျားတို့ ဆရာကို ဂါရဝပြုရှိခိုးတယ်လို့ ရေးထားတယ်။ ခင်ဗျားတို့ ဂိုဏ်းက လူလူချင်း ရှိခိုးတာကို လက်မှမခံတာပဲဗျာ။ ဘာလို့ ရှိခိုးနေတာလည်း။ ခင်ဗျားဆရာ ထောင်ထဲက သိလည်း ဝမ်းသာမယ် မထင်ဘူး။ ခင်ဗျား ဂိုဏ်းတူညီအကိုတွေ သိလို့ကတော့ ဝိုင်းတောင် သတ်ဦးမလား မသိဘူး။ မိုးပြာဂိုဏ်းက ဘုရားတောင် ရှိခိုးတာမှ မဟုတ်တာ။
      ခင်ဗျားကိုယ်တိုင်လည်း ခင်ဗျားရေးတဲ့ “ဆေးပေါ့လိပ်နဲ့ တူသော ဘာသာရေးလုပ်ငန်းများ” ဆိုတဲ့ ပို့စ်ထဲမှာ ကြည်ညိုတယ်ဆိုတာ ဒူးထောက်ပြီး ရှိခိုးဖို့ မဟုတ်ဘူးလို့ ရေးထားတယ်လေ။ မေ့နေပြီလား။ မြန်မာဘာသာမှာ ရှိခိုးတယ် ဆိုတာတော့ စုံဆယ်ဖြာ ဦးထိပ်ထားပြီး ကန်တော့တာပဲ။ ခင်ဗျားတို့ဂိုဏ်းက ရှိခိုးတဲ့ အပြုအမူကို ဘယ်လို အဓိပ္ပါယ်သစ် ဖွင့်ထားလည်းတော့ မသိဘူး။ မပြောနိုင်ဘူး ခင်ဗျားတို့က အမြဲတမ်း ပြောင်းပြန်သမားတွေ။ ခင်ဗျားတို့ ဂိုဏ်းက ခြေထောက်နဲ့ ထကန်တာကို ရှိခိုးတာလို့ ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒါဆိုရင်တော့ ကိုယ့်ဆရာနဲ့ ကိုယ့်တပည့်ပဲဗျာ ရှိခိုးကြပေါ့။

      • Ko out of...

        September 9, 2013 at 7:42 am

        မင်္ဂလာပါကိုစံလှကြီး….

        – ကိုစံလှကြီးက ကျွန်တော်စာကိုတွေ့လိုက်တာနဲ့ ဘာဖြစ်လို့ဒီလောက်တောင်မတည်မငြိမ်ဖြစ်ရတာလဲ? ကျွန်တော်တို့က လူလူချင်းလေးစားစရာမလို..ရှိခိုးစရာမလို့ မပြောပါဘူး….ဘုရားဆီက အသိတရား၊ ဆရာ့ဆီက အသိတရားကို ကိုယ့်ဆီကို ကူးပေး copy လုပ်တာကိုရှိခိုးတယ်လို့ဘဲဖွင့်ဆိုပါတယ်…
        ထိခြင်း ငါးပါးကို ဘယ်သူတွေသတ်မှတ်တယ်ဆိုတာ ကျွန်တော်သံသယဖြစ်မိတယ်ဗျာ…

        ဘာဖြစ်လဲဆိုတော့….ဘုရားနဲ့သောဏသဏ္ဍ ဆိုရင် သဘောတူညီမှုတခု လုပ်ထားကြတာ ကိုစံလှအသိပါ….သောဏကဘာပြောလဲဆိုတော့ တပည့်တော် ယခင်ကိုးကွယ်ခဲ့တဲ့မိရိုးဖလာ လူအုပ်ကြားမှာ အရှင်ဘုရားကို လက်အုပ်ချီပြီးရှိခိုးရင် တမျိုးမြင်မှာစိုးလို့ မြင်းနှင့်တံကို မြှောက်ချီတယ်ဆိုရင် အရှင်ဘုရားကို အရိုအသေပေးတယ်
        လို့ မှတ်ယူပါဘုရား …မြင်းနှင်တံအောက်ကိုချရင် အရှင်ဘုရားကို ရှိခိုးဦးချတယ်လို့ယူဆပါဘုရား အဲလို သဘောတူ understood လုပ်ကြတယ်…ရတယ် သောဏ ဘာမှမဖြစ်ဘူး အဲလိုဘုရားပြောတယ်…ဒါဆိုရှိခိုးတာ ဘယ်လိုဘာညာ ဘုရားတောင်သတ်မှတ်ပုံမပေါ်ဘူး….ဘုရားလည်း မိရိုးဖလာတွေကို ရန်ဖြစ်ဖို့မသင်ပေးခဲ့ပါဘူး…အခုလည်း ဓမ္မဝိဟာရီဆရာတော်က ရန်ဖြစ်ဖို့ လမ်းမညွှန်ခဲ့ပါဘူး…ကျွန်တော်လည်း ကိုစံလှကြီးကို ရန်မဖြစ်ပါဘူး…ဒါပေမဲ့ လက်တွေ့မကျ သဘာဝမကျကိုတော့ လူသားတွေသိရှိအောင် ဆက်လက်ဖေါ်ပြရနေဦးမှာဖြစ်ပါတယ်….see you ……

        • San Hla Gyi

          September 9, 2013 at 8:23 pm

          ဒီလိုဗျ ko out of ရ
          ခင်ဗျား ပြောတာ မှားနေတယ်။ ခင်ဗျားစာကို တွေ့တာ ကျနော်က မတည်မငြိမ် ဖြစ်တာ မဟုတ်ဘူးဗျ။ အမှန်က အားရဝမ်းသာ ဖြစ်တာ။ ဘာလို့ အားရဝမ်းသာ ဖြစ်တာလည်း သိလား။ ခင်ဗျားတို့ ဂိုဏ်းမှာ အခု ရေးနေတာ ခင်ဗျားတယောက်တည်း ကျန်တော့တယ်။ ဟိုတုန်းကတော့ အများကြီးပဲ။ တကယ်က ကျနော်က ကိုယ့်ကိုကိုယ် မိုးပြာဆိုလည်း မိုးပြာလို့ ရဲရဲတင်းတင်း ဝန်ခံရဲတဲ့လူမှ လိုချင်တာ။ ဘာလို့လည်း ဆိုတော့ အဲဒီလို ဒေါင်ဒေါင်မြည် မိုးပြာဆိုရင် မေးစရာလေးတွေ ရှိလို့ပါ။ ကျနော်က မင်းမိုးပြာလားလို့ မေးလိုက်ရင် အဲဒီလိုတော့ မဟုတ်ပါဘူး အမှန်တရားကို လေ့လာတာပါတို့ ဘာတို့ ထမင်းရည်ပူလာ လျှာလွှဲတာမျိုးဆို အလကားပဲ။ ကွန်မန့်ကို ပြန်မဖြေဝံ့ပဲ လင့်ခ်တွေ လျှောက်ပေးနေလည်း အလကားပဲ။
          ဟိုတုန်းကတော့ မောင်မိုးပြာနဲ့ ရှင်အရိယဆိုတဲ့ လူတွေဟာ သူတို့ကိုယ်သူတို့ မိုးပြာလို့ ရဲရဲတင်းတင်း ဝန်ခံကြတယ်။ ဘယ်လိုဖြစ်တယ် မသိဘူး။ သူတို့ကို မေးမယ်လည်း ပြောလိုက်ရော ပေါ်မလာတော့ဘူး သေသွားကြသလား မသိဘူး။
          ဟော အခုပဲ ခင်ဗျားကိုယ် ခင်ဗျားကြည့်လေ။ ရှိခိုးတယ်ဆိုတာ ဆရာ့ဆီက အသိတရားကို ကိုယ့်ဆီကို ကူးပေးတာကို ရှိခိုးတယ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ် ဖြစ်လာပြီ။ တခါမှကို မကြားဖူးဘူး။ အဲဒီလိုဆိုလည်း ခင်ဗျားစာထဲမှာ ကျနော့်ဆရာ ဦးညာနရဲ့ အသိတရားတွေကို ကျနော့်ဆီကို copy and paste လုပ်လိုက်ပါပြီလို့ ရေးပေါ့ဗျာ။ ကျန်တဲ့လူတွေ ရှင်းသွားအောင်ပေါ့။
          နောက်ပြီး ခင်ဗျားပြောတာက မပြည့်စုံသေးဘူး။ ခင်ဗျားပြောတဲ့လူဟာ ပြတ်ပြတ်သားသား သူ့ခမျာ မကြည်ညိုဝံ့ဘူး။ သူက ကျတ်တီးကုန်းလယ်မြေလို လူမျိုးပဲ။ အဲဒီတော့ သူ့ခမျာ ရသင့်သလောက်ကလေး ရပါစေဆိုပြီး ဘုရားက ခွင့်ပေးတာ။ ဥပမာဗျာ ခင်ဗျားတို့ မိုးပြာဂိုဏ်းက လူတွေလိုပေါ့။ သေရင် ခင်ဗျားတို့ မယုံတဲ့ ငရဲရောက်မယ်ဆိုတာမျိုး။
          ဒါဆို ဗြဟ္မာယုပုဏ္ဏားကြီးက ရှိခိုးတာကို ဘုရားခြေဖမျက်တော်ကို သူ့နဖူးနဲ့ တိုက်ပြီးမှ ရှိခိုးတာ။ အဲဒါလည်း ဘုရားက ခွင့်ပြုတာပဲလေ။ အဲဒါ ထိခြင်းငါးပါးရဲ့ အစပေါ့။
          ခင်ဗျားတို့ ဆရာ ဦးညာနက ရန်ဖြစ်ဖို့ လမ်းညွှန်သလား လမ်းမညွန်ဘူးလားတော့ ကျနော်မသိဘူး။ ဒါပေမယ့် သူလုပ်တာက ရန်ဖြစ်ရမယ့် အလုပ်ပဲ။ ဘာလို့လည်းဆိုတော့ ခင်ဗျားတို့ မိုးပြာဂိုဏ်းက စပြီး ထေရဝါဒ ဗုဒ္ဓဘာသာဘက်က လူတွေကို စော်ကားတာ။ ဒီမှာ အမြဲတမ်း ဖတ်နေကျလူတွေ သိလိမ့်မယ်ဗျ။
          ဟိုတုန်းက ခင်ဗျားတို့ ဝေဖန်ရင် ထေရဝါဒဘက်က မင်းကွန်းဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးလောက် အနည်းဆုံး ထားပြီး ဝေဖန်တာ။ ပဌာန်းတရားလည်း မချန်ဘူး။ တရားရိပ်သာတွေလည်း ပါတယ်။ အဲဒါ ခင်ဗျားတို့ကစတာ။ အဲဒါကြောင့် ခင်ဗျားတို့ကို လူတွေက ရန်လုပ်တာလေ။
          ထေရဝါဒဘက်က ပြန်ပြောမှာပေါ့ဗျာ။ မင်းကွန်းဆရာတော်ကြီးနဲ့ မဟာစည်ဆရာတော်ကြီးကို ဝေဖန်ရအောင် ဦးညာနနဲ့ တူသလား တန်သလားဗျာ။ တန်းမတူပါဘူးဗျာ။ ရုပ်ရည်ရဲ့ တည်ငြိမ်ပုံချင်း ယှဉ်လိုက်ရင် သိပါတယ်။
          လူသားတွေ သိရှိအောင် လုပ်မယ်ဆိုလည်း ကိုယ့်တာဝန် ကိုယ်ယူနိုင်မှ လုပ်စမ်းပါဗျာ။

  • အလင်းဆက်

    September 8, 2013 at 2:05 pm

    ကျွန်တော်က တော့
    ဘာသာရေးနဲ ့ဝေးနေဆဲ မို ့
    ဖတ် မှတ်သွားပါတယ်

    အင်းးး
    ဖတ်မှတ် ရုံ အဆင့်ထက် ကျော်ပြီး
    လိုက်နာ ကျင့်သုံးအားထုတ်ခြင်း အဆင့်ကို ရောက်ဖို ့
    . . . . . . .

    . . . . . . . .

  • kai

    September 8, 2013 at 3:21 pm

    တရားအတွက်.. သာဓုပါဗျာ…

    ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့.. မိုးပြာဆရာတော့်အဖြစ်ကို ကြားရတိုင်း.. မြန်မာပြည်အစိုးရဟာ.. ဒီမိုကရေစီနဲ့တကယ်တန်ရဲ့လား.. ဒီမိုကရေစီကိုနားလည်လို့လားလို့.. သံသယကြီးစွာဖြစ်ပါတယ်..

    စစ်အာဏာရှင်တွေဟာ.. သူတို့နဲ့.. ယုံကြည်ချက်ခြင်းမတူသူတွေကို.. ထောင်ချအပြစ်ပေးခဲ့တယ်..
    အခုမှားမှန်းသိလို့.. တော်တော်များများလွတ်ပေးခဲ့ပြီ…
    ဆိုတော့…
    ဘာသာရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူကို.. လွတ်ပေးဖို့မပြောနဲ့.. အဃာတတပုံတပင်နဲ့.. အကုသိုလ်စိတ်ထပ်ပွားနေကြသူများကို.. ဒီမိုကရေစီသာမဟုတ်.. ဗုဒ္ဓတရား.. ဗုဒ္ဓသာသနာနဲ့နဲ့တန်ပါ့မလားလို့.. သံသယအပြည့်နဲ့ပါ…။

    ဆိုတော့…
    တနေ့နေ့မှာ…
    မိုးပြာဆရာတော်နဲ့.. တရားနဲ့ဆိုင်ရာ ..မေးခွန်းများ.. ထုတ်ချင်.. မေးချင်.. မိပါကြောင်း…

    • ဦးကြောင်ကြီး

      September 10, 2013 at 10:06 am

      ကိုစံလှဂျီးက မိုးပြာဂိုဏ်းအုပ် ကိုအောက်အော့ဂို နှိပ်ကွပ်နေဒေါ့ အနော်ကြောင်ကြီး မိုးဗျာဂုဏ်းစုတ် အယာတိုလာ မာမွတ်ခိုမ်ဂို နှိပ်ကွပ်တော်မူမည်။ ဒီမယ် သဂျီး.. ဗျား… မသိရင် ပါးစပ်ပိတ်နေ.. မနေနိုင် လိင်တူချသူ ဖြိုးခြစ်သူကိုခေါ် မှုတ်ခိုင်း..။ သိပ်သိ သိပ်တတ် သိပ်တော်နေရင် ဂေါင်းဂျင်းပြိုင်တိုက်မလား…။ မာမွတ်ယောင်ယောင် မိုးဗျာယောင်ယောင် မာမီယောင်ယောင် မာ့စ်ဝါဒီယောင်ယောင် ဟိုယောင်ယောင် ဒီယောင် ‘မ’လေးလုံး ယောင်ခြောက်ဆယ် လာမလုပ်နဲ့….။
      မောက်မာမို့
      မီးမှောင်မဲ
      မှောင်မိုက်မှာ
      မုန်းမောမိမယ်
      မှိုမဲ့မူးမတ်
      မျောက်မြင်းမ
      မူမဲ့မွန်း..။

      မိုးမြေ

  • ခင် ခ

    September 10, 2013 at 3:23 pm

    ပိုမိုရှင်း အတွက်ဝင်ကြည့်တာပါ ( ညနေ ၃း၂ဝ )
    မှတ်တမ်းဝင်(၁)

  • ရွှေ ကြည်

    September 10, 2013 at 6:44 pm

    ကိုစံလှကြီးနဲ့ အူးကြောင်ကို အားဖြည့်ထောက်ခံပါတယ်ဗျို့ ကပ်ပါးလုပ်တာကိုအမုန်းဆုံး
    ချက်ကျလက်ကျပြောနေတဲ့ ကိုစံလှကြီးကိုလည်းလေးစားပါ့ဗျာ
    ရွှေကြည်ကအဲလိုမပြောတတ်လို့ မိုးပြာက စကားလုံးတွေနဲ့ရှုပ်ထွေးနေပြီး မလည်ရှုပ်လုပ်နေတာ
    ရှင်းရှင်းလေးကို ရှုပ်အောင်ပြောပြီး ဟုတ်နိုးနိုးဖြစ်အောင်လုပ်နေတာ

Leave a Reply