ဆရာကြီး ဦးဂိုအင်ကါ၏ ဝိပဿနာ ကမ္မဋ္ဌာန်း စခန်း

kaiNovember 4, 20091min1601

Will you please publish the following information in your Gazette?
ဓမ္မမိတ်ဆွေများ ခင်ဗျား၊
အမေရိကန် အရှေ့ကမ်းရိုးတန်း (East Coast) နှင့် ပတ်ဝန်းကျင် ပြည်နယ်များ နေ မြန်မာများအတွက် ဝိပဿနာရှုရေး ပိုမို အဆင်ပြေနိုင်ကြစေရန် ရည်ရွယ်ချက်ဖြင့် လက်ရှိ မက်ဆာချူးဆက် (Massachusetts) ပြည်နယ် ရှဲလ်ဘန်း မြို့ (Shelburne) ဆရာကြီး ဦးဂိုအင်ကါ Dhamma Dharā (http://www.dhara.dhamma.org/) တရားစခန်းတွင် အင်္ဂလိပ်-မြန်မာ ဘာသာနှစ်ရပ်ဖြင့် သင်ကြားပို့ချမည့် ဝိပဿနာ ကမ္မဋ္ဌာန်း ၁၀-ရက် တရား စခန်းကို ဖွင့်လှစ်နိုင်ရန် ဆရာကြီး ဦးဂိုအင်ကါ၏ မြန်မာ လက်ထောက်ဆရာ ဆရာမ နှင့် သင်တန်းသားဟောင်းများက ကြိုးစားလျက် ရှိပါသည်။
တရားစခန်းများ ဖွင့်ရက် အချိန်စာရင်းကို သာမန်အားဖြင့် ၁-နှစ်ကြိုတင် စီစဉ်ပြီးဖြစ်ပါသည်။ သို့သော် ၂၀၁ဝ ခုနှစ် နွေ အကုန် ကာလပိုင်း တွင် အင်္ဂလိပ်-မြန်မာ ဘာသာနှစ်ရပ်ဖြင့် သင်ကြားပို့ချမည့် ဝိပဿနာ ကမ္မဋ္ဌာန်း ၁၀-ရက် တရား စခန်းကို ဖွင့်လှစ်ပေးနိုင်ရန် ကြိုးစားလျက် ရှိပါသည်။ ထိုအချိန်တွင် ဖွင့်ဖြစ်မည် မဖွင့်ဖြစ်မည် ဆိုသည်မှာ လက်ထောက် ဆရာ ဆရာမ တို့၏ အချိန်စာရင်းတွင် အားလပ်မှု၊ စခန်း အစီအစဉ် အရ အဆင်ပြေမှု တို့အပေါ်တွင် မူတည်ပါသည်။
ဆရာကြီး ဦးဂိုအင်ကါ ၏ အင်္ဂလိပ် မြန်မာ ဘာသာနှစ်ရပ်ဖြင့် သင်ကြားပို့ချမည့် ဝိပဿနာ ကမ္မဋ္ဌာန်း စခန်း၏ အားသာချက်များကို ပြောရမည်ဆိုလျှင် (၁) နေရာထိုင်ခင်း အဆင်ပြေခြင်း၊ (၂) ဝစီပိတ် စခန်းဖြစ်သဖြင့် အာရုံ ပျံ့မှု နည်းခြင်း၊ (၃) မြန်မာ စကားဖြင့် တရားပြဆရာ ဆရာမ များနှင့် အားရပါးရ ဆွေးနွေးနိုင်ခြင်း၊ (၄) မြန်မာ အစားအစာများ ပါဝင်သဖြင့် စားရေး သောက်ရေး ပိုမို အဆင်ပြေခြင်း၊ တို့ဖြစ်ပါသည်။ စနစ်တကျ သင်ပြခြင်း၊ စနစ်တကျ နေထိုင်ကျင့်ကြံရခြင်း တို့ကြောင့် တရားအတက် မြန်နိုင်သော စခန်းတခုဖြစ်ပါသည်။
ဆရာကြီး ဦးဂိုအင်ကါ ၏ အင်္ဂလိပ် မြန်မာ ဘာသာနှစ်ရပ်ဖြင့် သင်ကြားပို့ချမည့် ဝိပဿနာ ကမ္မဋ္ဌာန်း စခန်းကို စိတ်ဝင်စားမှုရှိပါက ဆက်သွယ်နိုင်ရန် ယောဂီ၏ အမည်နှင့် တယ်လီဖုန်း သို့မဟုတ် အီးမေး ကို ၉၁၄ ၂၆၉ ၈၈၈၄ (သို့) ec.dhamma@gmail.com သို့ (ဖြစ်နိုင်ပါက) ၂၀၀၉ နိုဝင်ဘာလ အတွင်း ဆက်သွယ် ပေးပို့ ပါရန် မေတ္တာ ရပ်ခံပါသည်။
မိမိကိုယ်တိုင် အကြောင်း အမျိုးမျိုးကြောင့် မဝင်နိုင်ပါကလည်း ဤသတင်း အချက် အလက်များကို မိမိတို့၏ မိသားစု ဆွေမျိုးများ နှင့် စိတ်ဝင်စားနိုင်မည့် ဓမ္မမိတ်ဆွေများထံ လက်ဆင့်ကမ်း မျှဝေစေလိုပါသည်။

Htun Aung Kyaw 6:52 am on November 1, 2009

One comment

  • mipukay

    November 5, 2009 at 7:31 pm

    ကြားဖူးတာတော့ကြာပါပြီ ဘယ်လို အနေအထားမျိုးလဲဆိုတာ၊ ဘာလဲဆိုတာထိထိမိမိရေးပေးလို ့ကျေးဇူး တင်ပါတယ်။

Leave a Reply