Singapore Visa & Stay စင်ကာပူ ပြည်ဝင်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်း အကြောင်းသိကောင်းစရာ – Copyright © H + M

ဇီဇီOctober 9, 20132min28275

 
စင်ကာပူနိုင်ငံသို့လာရောက်လည်ပတ်ရန်(မြန်မာနိုင်ငံသားများ)အတွက် Visa (ဗီဇာ ပြည်ဝင်ခွင့်)လုပ်ရန်လိုအပ်သည်။ ဗီဇာကို ၂မျိုးလျှောက်ထား နိုင်သည်။
(၁) မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးသို့ သွားရောက်လျှောက်ထားခြင်း
(၂) အွန်လိုင်းမှလျှောက်ထားခြင်း

 

(၁) သံရုံးတွင် လူကိုယ်တိုင်သွားရောက်လျှောက်ထားမည်ဆိုလျှင်

 (i) သက်တမ်းခြောက်လကျော်ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် Passport

 (ii) စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာနှင့် I.C (Identification Card) မိတ္တူ

(iii) လေယာဉ်လက်မှတ် အသွားအပြန် (နှစ်လ နေမည်ဆိုလျှင် ၃လ လက်မှတ်ဝယ်ပါ၊ လေးငါးရက် နေမည်ဆိုလျှင် နှစ်ပတ်လက်မှတ်ဝယ်ပါ)

 (iv) Application Form for a Visa (Form IMM 14A)

 (v) Letter of Introduction for Visa Application (Form V39A) .. ထို ၂ဖောင်လုံးကို သံရုံးမှပေးပါမည်။ အွန်လိုင်းတွင်လဲ ဒေါင်းလုပ်လုပ်၍ ကြိုတင်ဖြည့်သွားနိုင်သည်။

(vi) ပတ်စ်ပို့ရှိဓာတ်ပုံအရွယ် ဓာတ်ပုံ ၁ပုံ (နောက်ခံအဖြူ) တို့ကိုဖြည့်စွက်ပြီး တင်ပြရပါမည်။ ဗီဇာလျှောက်ထားပြီး ၄ရက်အတွင်း လာရောက်ထုတ်ယူနိုင်မည့်နေ့ရက် အချိန်တို့ကို သံရုံးမှ Receipt ပြန်ပေး ပါမည်။ ဗီဇာကြေးမှာ SGD 30 , စင်ကာပူဒေါ်လာ ၃ဝ ဖြစ်ပါသည်။

 ကိုယ်ဝန်ခြောက်လအထက် ကိုယ်ဝန်ဆောင်များ စင်ကာပူပြည်ဝင်ခွင့်ကို သီးသန့်လျှောက်ထားရမည်ဖြစ်ပြီး ဗီဇာရရှိရန် ၂ပတ်မှ ၄ပတ်အထိကြာ မည်ဖြစ်သည်။

 စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာမရှိပါက စင်ကာပူသံရုံးတွင် USD 648 ဒေါ်လာကို Depositစပေါ်တင်၍ လျှောက် ထားနိုင်ပါသည်။

 သံရုံး ဗီဇာမှာ Single Entry, Multiple Entry ရှိပါသည်။ ပထမအခေါက် ဆိုလျှင် Single Entry သာရပါသည်။ ဗီဇာသက်တမ်းသည် ထုတ်ပေး သည့်နေ့မှစ၍ ရက် ၉ဝ (၃လ) အတွင်း သက်တမ်းရှိပါသည်။ စင်ကာပူသို့ ပထမတစ်ခေါက်မဟုတ်ဘဲ သွားဖူးထားလျှင် ရက် ၁၈ဝ (၆လ) Multiple Entry ပေးလေ့ရှိသည်။ (Stay စင်ကာပူနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း မဟုတ်ပါ။)

Stay နေထိုင်ခွင့်သက်တမ်းသည် စင်ကာပူနိုင်ငံဝင်မှ လေဆိပ်တွင် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးအရာရှိ မှ တုံးထုပေးပါသည်။ အလည်အပတ်သမားများအတွက် ပုံမှန်မှာ ရက် ၃ဝ နေထိုင်နိုင်ပါသည်။ နောက်ထပ် ရက် ၃ဝ သက်တမ်းထပ်တိုးနိုင်ပါသည်။
အွန်လိုင်းမှ သက်တမ်းတိုးရုံသာဖြစ်သည်။ Singapore Immigration Checkpoint & Authority (လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန) ICA ဟု အတိုကောက်ခေါ်သည်။ ICA ဝဘ်ဆိုက်မှတဆင့် မိမိဘာသာ သက်တမ်း တိုးနိုင်သည်။

 သံရုံးတွင် ဗီဇာလျှောက်ထားလိုပါက
 တနင်္လာနေ့မှ သောကြာနေ့စဉ် နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲအတွင်း သွားရောက်ရန်လိုအပ်သည်။ ဗီဇာပြန်လာထုတ်ချိန်မှာ နေ့လည် ၂နာရီခွဲမှ ၄နာရီ အထိဖြစ်သည်။
 စနေ၊ တနင်္ဂနွေနှင့် စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အများပြည်သူ ရုံးပိတ်ရက်များတွင် သံရုံးပိတ်ပါသည်။

 မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးမှာ
၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ် (ရွှေဂုံတိုင်အနီး) တွင်တည်ရှိသည်။
Embassy of the Republic of Singapore Yangon
238 Dhamazedi Road, Bahan Township, Yangon, Myanmar.

Tel: (95) 1 559001

Fax: (95) 1 559002

Visa Fax: (95) 1 559921

 Email: singemb_ygn@sgmfa.gov.sg

 Operating Hours:
 Monday to Friday
 8:30 am to 1:00 pm
 2:00 pm to 5:00 pm

 Visa Hours:
 Monday to Friday
 9:30 am to 11:30 am
 (Visa application)
 2:30 pm to 4:00 pm
 (Visa collection)

 The Embassy is closed on Sat, Sun and Public Holidays

 

အွန်လိုင်းမှလျှောက်ထားမည်ဆိုလျှင် အလွန်လွယ်ကူသည်။
စင်ကာပူနိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ကုမ္ပဏီ (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR က လျှောက်ထားပေးနိုင်သည်။

 အမည်၊ ပညာအရည်အချင်း၊ အိမ်ထောင်ရှိ/မရှိ၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ ကိုးကွယ်သည့်ဘာသာ၊ ရန်ကုန်တွင်နေထိုင်သည့် လိပ်စာ၊ စင်ကာပူတွင်နေမည့်လိပ်စာ (ဟိုတယ်တစ်ခုခုလိပ်စာ)၊ စင်ကာပူတွင်နေထိုင်မည့်ရက် (ရရက်ဟုသာရေးပါ)။ Passport ပတ်စ်ပို့ရှေ့ဆုံးဓာတ်ပုံပါသည့်မျက်နှာကို scan တစ်ရွက်နှင့် ဓာတ်ပုံတစ်ပုံသာလိုအပ်သည်။

 ၂ရက်မှ ရရက်အတွင်း e-Visa ရရှိသည်။

Immigration Checkpoint & Authority (လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဋ္ဌာန) ICA ဟုအတိုကောက်ခေါ်သည်။ ICA ဝဘ်ဆိုက်မှတဆင့် အွန်လိုင်းမှ လျှောက်ထားပြီး နောက်တစ်ရက်တွင် Approve or Reject သိရသည်။ ICA ဝဘ်ဆိုက်တွင်ပင် ဝင်ရောက်ကြည့်ရူနိုင်သည်။ ပုံမှန် အမြဲ Approve ဖြစ်ပါသည်။ Approve ဖြစ်ပါက ယင်းကို Print ထုတ်ပြီး စင်ကာပူနိုင်ငံ သို့လာရောက်ရုံသာဖြစ်သည်။ လူကိုယ်တိုင်သွားထုတ်ယူရန်မလို၊ ပတ်စ်ပို့ တွင်ကပ်ရုံမလို၊ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးကို ယင်းစာရွက် ပြပြီး ပြည်ဝင်နိုင်သည်။ Reject ဖြစ်ပါကလည်း ထပ်မံလျှောက်ထားနိုင်သည်။
(Visa fees ဗီဇာကြေး Not refund ဆုံးရှုံးမည်ဖြစ်သည်။)

e-ဗီဇာသက်တမ်းသည် ထုတ်ပေးသည့်နေ့မှစ၍ ရက် ၉ဝ (၃လ)အတွင်း သက်တမ်းရှိပါသည်။ (Stay စင်ကာပူနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်း မဟုတ်ပါ။) စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်သာဖြစ်ပါသည်။ e-ဗီဇာသည် Multiple Entry ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသို့ စတင်ထုတ်ပေးသည့်နေ့မှရက် ၉ဝအတွင်း အကြိမ်ကြိမ် ဝင်ထွက်နိုင်သည်။ ဥပမာ- ရန်ကုန် – စင်ကာပူ၊ စင်ကာပူ – မလေးရှား၊ မလေးရှား – စင်ကာပူ၊ စင်ကာပူ – ရန်ကုန် လည်ပတ်မည့်သူများ အဆင်ပြေပါသည်။ ထိုသို့ လည်ပတ်မည် ဆိုပါက စင်ကာပူသို့ ၂ကြိမ်ဝင်ရောက်ရန် လိုအပ်မည်ဖြစ်ရာ Multiple Entry ဖြစ်မှအဆင်ပြေပါမည်။

Singapore နိုင်ငံသို့ ဝင်ဝင်လာခြင်း ပုံမှန်အားဖြင့် နေထိုင်ခွင့် ရက် ၃ဝ သက်တမ်း ရပါသည်။ နောက်ထပ်တစ်လ သက်တမ်းထပ်တိုးနိုင်သည်။ (တချို့မရတတ်ပါ) ထို့ကြောင့် အလည်အပတ်လာသူများ စင်ကာပူတွင် အများဆုံး ရက် ၆ဝ (၂လ) နေထိုင်နိုင်သည်။ ထို့သို့လာရောက်ပြီး အလုပ်ရှာကြခြင်းဖြစ်သည်။

 ဝင်ဝင်ခြင်း ရက် ၃ဝ နေထိုင်ခွင့် တုံးထုပေးပါသည်။ (တချို့ ၂ပတ်သာ ရပါသည်) နောက်ထပ် ရက် ၃ဝ သက်တမ်းထပ်တိုးလိုပါက အွန်လိုင်းမှတိုးရပါသည်။ Immigration Checkpoint & Authority (လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန) ICA ဟုအတိုကောက်ခေါ်သည်။ ICA ဝဘ်ဆိုက်မှတဆင့် မိမိဘာသာ သက်တမ်းတိုးနိုင်သည်။ အွန်လိုင်းမှ သက်တမ်းတိုးပြီး နောက် တစ်ရက်တွင် Approve or Reject သိရသည်။ ICA ဝဘ်ဆိုက်တွင်ပင် ဝင်ရောက်ကြည့်ရူနိုင်သည်။ Approve ဖြစ်ပါက နောက်ထပ် ရက် ၃ဝထပ်ရပြီး သက်တမ်းတိုးပေးကြောင်း ICA မှစာတစ်စောင်ကို Print ထုတ်ရသည်။
ယင်းစာရွက်ကို စင်ကာပူမှပြန်အထွက်တွင် ပြသရန်လိုအပ်သည်။ Reject ဖြစ်ပါက နောက်တစ်ကြိမ်ထပ် သက်တမ်းတိုး၍ မရနိုင်ပါ။

 ထိုသို့ သက်တမ်းတိုးခြင်းသည် ရက်မနာပါ။ မိမိရောက်ရှိပြီး လေးငါးရက် နေပြီးနောက် တိုးနိုင်သည်။ သက်တမ်းတိုးပေးခြင်းသည် မိမိ ရက်၃ဝ နေထိုင်ခွင့်ပြည့်သည့်ရက်မှစ၍ နောက်ထပ် ရက်၃ဝထပ်တိုးပေးခြင်းဖြစ်ရာ ပြည့်ကာနီးမှ တိုးစရာမလိုဘဲ ကြိုတင်တိုးထားနိုင်ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံသား (သို့) PR ပီအာ၊ ဆွေမျိုးသားချင်းရှိပါက ယင်းတို့က ICA လူဝင်မှုကြီးကြပ်ရေးရုံးတွင် မိမိနှင့်အတူ သွားရောက်ထောက်ခံ ပေးပါက နောက်ထပ် ရက် ၃ဝ နေထိုင်ခွင့် ထပ်ရသည်။ ထိုသို့သောသူ များသည် စုစုပေါင်း ရက် ၉ဝ (၃လ)နေထိုင်နိုင်သည်။

 စင်ကာပူနိုင်ငံသို့လာရောက်လျှင် အခြားနိုင်ငံများနည်းတူ Passport, Visa, Show Money (USD 500) တစ်ခါတစ်ရံပြခိုင်းတတ်သည်၊ လေယာဉ်လက်မှတ် အသွားအပြန် (SilkAir, Singapore Airline တို့ဆိုလျှင် မရစ်ဆိုသည်မှာ လုံးဝမဟုတ်ပါ၊ မည်သည့်လေကြောင်း စီးစီး ရစ်ခြင်းမရစ်ခြင်းသည် လေယာဉ်လက်မှတ်နှင့် မသက်ဆိုင်ပါ) တို့လိုအပ် ပါသည်။

 လေယာဉ်ပေါ်တွင်ဖြည့်ရသော White Card ခေါ် DE (Disembarkation / Embarkation) Card ကို သေချာစွာသိမ်းထားရန် လိုအပ်သည်။ ယင်းကတ်သည် စင်ကာပူအဝင်တွင် စင်ကာပူ

လူဝင်မှုကြီးကြပ်ရေး အရာရှိမှ တုံးထုပေးမည်ဖြစ်သလို အထွက်တွင်လည်း ပြန်ပေးခဲ့ရန် လိုသည်။ ဗီဇာသက်တမ်း တိုးသည့်အခါတွင်လည်း ယင်းကတ်နံပါတ် ဖြည့်ရန်လိုအပ်သည်။

e-Visa လျှောက်ချင်သူများကို ဆောင်ရွက်ပေးပါသည်။ အသေးစိတ်ကို hplusmguide@gmail.com သို့ email ပို့၍လည်းကောင်း၊
HP: +65 8480 6010 သို့လည်းကောင်း စုံစမ်းနိုင်ပါသည်။
visa extension တိုးလိုသူများကိုလည်း ဆောင်ရွက်ပေးပါသည်။

5 comments

  • Wow

    October 9, 2013 at 3:39 pm

    ချင်ကျားပူမှာ အခြေချတော့မို့လားဟင်င်င်… :kwi:

  • padonmar

    October 9, 2013 at 8:46 pm

    ခုတလော အွန်လိုင်းကလျှောက်တာတွေ ရီဂျက်ခဏခဏဖြစ်နေတယ်လို့ ကြားတယ်။
    ဗီယက်နမ်နဲ့တော့ ဗီဇာမလိုတော့တဲ့။
    ဘယ်တော့များ ဗီဇာမယူရတဲ့ တိုင်းပြည်ဖြစ်လာမလဲလို့ မျှော်လင့်ရင်း။။။

  • ဦးဦးပါလေရာ

    October 10, 2013 at 5:05 am

    ချင်ကျားပူ အီးဗီဇာကတော့ …..
    သုံးရက်နဲ့ ကျတယ်ဆိုလို့ လိုရမယ်ရ နှစ်ပတ်ကြိုလျှောက်တာ pending ဖြစ်ပြီး
    လေယာဉ်လက်မှတ်တွေဆုံး၊ အချိန်းအချက်တွေပျက်၊ ဟိုတယ်ခတွေ မတန်တဆပေးရ …. နဲ့
    စိတ်နာ တယ်…။
    ဒါကြောင့် နောက်ထပ်မသွားဖို့ ဆုံးဖြတ်ပြီး
    ပိုတဲ့ စလုံးပိုက်ဆံတွေကို ဂျူတီဖရီးမှာ ချောကလက်ဝယ်ပစ်တယ်…
    လေဆိပ်ထဲက ဂျူတီဖရီးက ချောကလက်က မြို့ထဲက အခွန်ဆောင်ရတဲ့ဆိုင်တွေထက် နှစ်ဆနီးပါးဈေးများနေတယ်..
    အံ့ဩကုန်နိုင်ဖွယ် ………
    🙁

  • kai

    October 10, 2013 at 5:45 am

    ယူအက်စ်နဲံ စင်္ကာပူ ဗီဇာဝေဗာပရိုဂရမ်Visa Waiver Programရှိတာမို့.. အပြန်အလှန်..ဗီဇာမလိုဘူးထင်တာပဲ..

    မြန်မာတွေလည်း.. စင်္ကာပူနဲ့..တခုခုအပြန်အလှန် လက်မှတ်ထိုးလုပ်ထားရမှာပေါ့…
    သာမန်အားဖြင့် လူတယောက်ကြွယ်ဝမှုကို တန်းသိနိုင်တာပဲဟာ..
    ဦးဦးပါလိုလူကို ပင်န်ဒင်းလုပ်တာ.. မတရားတာပဲလို့ထင်မိကြောင်း… :mrgreen:

  • ဦးကြောင်ကြီး

    October 10, 2013 at 8:13 am

    စလုံးမတွေ စကပ်တိုတာဒေါ့ သိဒယ်… ကျန်ဒါ အသိဝူး…

Leave a Reply