အင်တာနက်ပေါ်တွင် ငွေ ရှာနည်း

========================

ဟုတ်ကဲ့ ….။

အင်တာနက်ပေါ်ကနေ ငွေ ရှာတဲ့ နည်းလမ်းလေး တစ်ခုကို ပြန်လည် မျှဝေချင်ပါတယ်။

ဒီနည်းလမ်းက လျှို့ဝှက် နည်းလမ်းတစ်ခုလည်း ဖြစ်သလို၊ အရမ်း ရိုးစင်းလှတဲ့ နည်းလမ်းတစ်ခုလို့လည်း ပြောလို့ရနိုင်ပါတယ်။

ကျနော်တို့တတွေ အင်တာနက် ပေါ်ကနေ ပိုက်ဆံ၊ တစ်နည်းအားဖြင့် ငွေ ဘယ်လိုရှာမလဲ ????

ဟဲဟဲ …. ငပိ ဖုတ်ရင်တောင်မှ ဆရာ မပြရင် နည်းမကျဘူးလို့ ကြားဖူးကြတယ် မဟုတ်လား။

အခုလည်း နည်းလမ်း ရှိတယ်။ ဆရာ …. ပြပါ့မယ်။ ( အဟွတ် ….. )

:mrgreen: :mrgreen:

 

“…………………..

ဒီမန်းတလေးဂဇက် ဝက်ဘ်ဆိုက်မှာ ရီဂျစ်စတာ လုပ်ပြီး ဝင်ရေးရင် …..

ပို့စ်တစ်ပုဒ်ချင်း အလိုက်၊ ကွန်မန့် အလိုက် ပိုက်ဆံ (ငွေ) ပေးတယ်ဆိုတာ သိကြပါတယ်နော်။

(လောလောဆယ် ရီဂျစ်စတာ လုပ်တာ ပိတ်ထားတယ်။)

တစ်သိန်းပြည့်တဲ့အခါမှာ အမေဒိကန်မှာ နေတဲ့ ဝက်ဘ်ဆိုက် ပိုင်ရှင်ကြီးကနေပြီး မြန်မာပြည်ကို လှမ်းပို့ပေးတယ်။

……………………”

 

ဒါက ကြုံတုန်း ပြောလိုက်တာ။

ကျတော် ပြောမယ့် အင်တာနက်ပေါ်က ငွေရှာနည်း က ဒါ မဟုတ်ဘူး။ ဒီထက် လွယ်တယ်။

ဒါပေမယ့် လူတွေက ရေတောင် အလကား သောက်ရရင် တန်ဖိုး မထားတတ်ကြဘူးရယ်။

ပိုက်ဆံ ပေးပြီး ဝယ်သုံးရမှ တန်ဖိုး ရှိတယ် ထင်ကြတာကလား။

ဒါကြောင့်လည်း ရှေးရှေးကဝိ တွေက “စေတနာ သည် လူတိုင်းနှင့် မထိုက်တန်” လို့ ဆိုခဲ့တာ နေကြမှာ။

ဒါမယ့် … ဒီလူတွေကို ကျနော် ယုံပါတယ်။ သူတို့က ဒီလိုမျိုးတွေ မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား။

:mrgreen: :mrgreen:

 

ကိုင်းးး ကိုင်းးး

လျှာရှည်နေလို့ မပြီးသေးဘူး။ တော်ကြာနေ ကမ္ဘာ့ လျှာအရှည်ဆုံး မိန်းမ ပါ မျက်နှာငယ်သွားဦးမယ်။

အင်မတိ အင်မတန်မှ လွယ်ကူ ရိုးစင်းလှပါသော အင်တာနက်ပေါ်မှ ငွေရှာသည့် နည်းလမ်းအား ဖတ်ရှုလိုပါလျှင် …..

ပို့စ် အောက်နားမှာ ရှိတဲ့ (pages : 2) ဆိုတာလေးကို နှိပ်ပြီး ကြည့်လိုက်ပါဗျို့။ (ဒါကိုနှိပ်လည်း အတူတူပဲ)


    Pages: 1
  • 2

16 comments

  • Ko chogyi

    September 10, 2013 at 6:52 am

    လူဇိုး!
    ငွေရှာနည်းကမခက်ပါဘူး၊
    ငါ့မှာရွှေတူးနည်းတောင်ရှိတယ်၊
    ယူဦးမလား။

    • မဟာရာဇာ အံစာတုံး

      September 10, 2013 at 2:30 pm

      တော်ဘာဘီ …
      လိုဂျင်ဒေါ့ဘာဝူးးးး
      ဂလောက်ငွေဒွေ သုံးလို့တောင် ကုန်နိုင်ဝူးးးး
      :mrgreen:

  • Ma Ma

    September 10, 2013 at 7:30 am

    မှန်လိုက်တဲ့ ငွေရှာနည်း 🙂
    လုံးဝအလိမ်အညာမပါဘူး။ :harr:

    • မဟာရာဇာ အံစာတုံး

      September 10, 2013 at 2:58 pm

      ကိုယ့်လူဒွေဂို လိမ်စယာလား ..
      လိမ်ဘာဘူးးး
      အဟုတ်ဂျီးကို ထုတ်ပြထားဒါ …
      :mrgreen:

  • kyeemite

    September 10, 2013 at 8:40 am

    ငွေတွေ အမျာဒဂျီးတွေ့ပီဟေ့…. 😀

  • ခင် ခ

    September 10, 2013 at 9:55 am

    ငွေဘယ်လိုရှာနည်းလည်း လိုက်ဖတ်တော့မှ သိလိုက်တယ်။
    မောင်အံစာတုံးရဲ့ ဒီနည်းနဲ့ ငွေရှာရမယ်။

  • ဦးကျောက်ခဲ

    September 10, 2013 at 10:15 am

    ဒီလိုအပျော်ကြံမယ်ဆိုတာသိလို့… လင့်တွေကို မနှိပ်ဘူး… ဟီ ဟိ
    မောင်ရင်အံ… ငွေလိုရင် ချက်ရေးပေးလိုက်မယ်လေ…
    ထုတ်ရတာ မရတာ ကျောက်စ်နဲ့ မဆိုင်… အား ဟိ
    😀

  • ရွှေ ကြည်

    September 10, 2013 at 6:22 pm

    ငါ့မောင်အံစာခြောက်မျက်နှာ အရမ်းတော်လို့ နိုင်ငံတကာကစီးပွားရေးပညာရှင်တွေက ဆွေးနွေးပါရစေတဲ့

  • ဦးကြောင်ကြီး

    September 11, 2013 at 10:20 am

    ငွေရှာနည်း
    ဆွေသဟာဖြီး
    ဝေဖြာမီး
    ရေဆာသီး
    လေဟာရွှီး
    သေနာဂျီး
    ထွေပြာဟီး
    ဂွေတခါတီး..။

  • မောင်မိုဗိုင်း(သလ်ဠာဝဒီ)

    September 12, 2013 at 1:02 pm

    ဘကြီးအံချာ နောက်တိနောက်တောက်နဲ့ ယခုလို ပြောင်ချော်ချော် လုပ်မယ်လို့ထင်သားဗဲ…
    ငွေရှာနည်းကို စိတ်မဝင်စားပေမယ့် ဘယ်လိုလိမ်မယ်ဆိုတာလေး စိတ်ဝင်စားလို့
    ဝင်ကြည့်မိတယ်……..

  • Mahar Myanmar

    September 12, 2013 at 3:24 pm

    ကတောက် ..
    လူလိမ်.. ဘယ်မှာ လဲ ငွေ..
    မတွေ့ဘူး.. မန်းနီး ပဲ တွေ့ တယ်..

    တရားစွဲ ခံ မလား ငွေ လျော် မလား..
    နှစ်ခုလုံး ရွေး…ဒါဗြဲ..
    အဲဒါ မှ..ငွေရှာနည်း ခင်ဗျ..
    ပိုက်ဆံ လက်မခံဘူး ေ နာ်

  • ဦး ဂျစ်

    September 12, 2013 at 3:28 pm

    မရိုးနိုင်တာက အနီရောင်အုပ်စု … ဒီပို့စ်ဖတ်ပြီး ပိုက်ပိုက်ရနို်င် မရနို်င်တာ အသာထား…
    အနီရောင်ရဖို့တော့ လွယ်မှလွယ်ဗျို့ .. ဝှစ်…….

  • ခင် ခ

    September 12, 2013 at 3:45 pm

    ၁၆ ခု ညနေ ၃း၄၃ မှာတွေ့၏

  • awra-cho

    September 16, 2013 at 12:44 pm

    အရင် ကော်မန့်တွေ လိုက်ဖတ်တာ မှန်သွားတယ် ။

  • manawphyulay

    September 20, 2013 at 2:58 pm

    ဒီငွေရှာနည်းနဲ့ လုပ်စားလာတာ ကြာပြီထင်တယ်။
    ဟုတ်တယ်မလား။

Leave a Reply